Académique Documents
Professionnel Documents
Culture Documents
တပ်ထမ
ှဲ ဈေးသို့လာခဲ့ရသည့် ရည်ရယ
ွ်ချက်မှာ သူ ငွေလိုစဉ်က
ရရာဈေးဖြင့်ရောင်းခဲ့သော ကျည်ကပ်ဘူးကို ပြန်ဝယ်ဖြည့်ရန် ဖြစ်သည်။
တပ်ထရ
ှဲိ ငွေလသ
ိုများက မတ်ခက
ွ်၊ ရေဘူး၊ ခါးပတ်ကအစ ကျည်ဆန်၊
ကျည်ကပ်ပါမကျန် သူ့အဆက်အသွယ်နှင့်သူ ရောင်းချ လိုက်ကြ၊ ငွေလက်ထဲ
ပြန်ရလာသည့်အခါ ထိုဆိုင်များတွင်ပင် ပြန်ဝယ်ဖြည့်လိုက်ကြနှင့် သံသရာ
လည်နေကြသည်။
လွန်ခဲ့သော ၆ လခန့်က ငွေလိုသည့်အတွက် ကျည်ကပ်ဘူးတဘူးကို တပ်ကြပ်ကြီးအောင်ကို ထုတ်ရောင်းခဲ့သည်။ ထိုစဉ်က ကျပ် ၈ ထောင်ဈေး ရခဲ့ပြီး ယခုပြန်ဝယ်ဖြည့်မည်
ဆိုသောအခါ ကျပ် ၁ သောင်းခွဲ ဈေးဖြစ်နေပြီ။ ဖောက်သည်ဆိုင် ဖြစ်သောကြောင့် ကျပ် ၁ သောင်း ၂ ထောင့် ၅ ရာ နှင့်ပြန်ရောင်းပေးမည်ဟု ဆိုင်ရှင်က ပြောသော်လည်း
ပြန်ဝယ်ဖြည့်ရန် လက်တွန့်သွားခဲ့သည်။
ဒီကြားထဲ ကံဆိုးပြီး စစ်လျှင်တော့ သူပြစ်ဒဏ်ခံရမည်။ ထောင်ချမည်ဆိုလျှင်လည်း အချခံလိုက်တော့မည်။ ရာထူးချမည် ဆိုလျှင် လည်း ချပါစေတော့ဟု သူစိတ်ဆုံးဖြတ်ခဲ့ပြီးပြီ
ဖြစ်ကြောင်း တပ်ကြပ်ကြီးအောင်ကိုက ပြောပြသည်။
“အရပ်သားတွေ ဆင်းရဲတယ်ဆိုတာ ကျနော်တို့ စစ်သားတွေကို မမီပါဘူးဗျာ၊ ကျနော်တို့ တတွေက ရှေ့တန်းမှာတင် ဆင်းရဲကြတာ မဟုတ်ဘူး၊ နောက်တန်းမှာလည်း
ငတ်နေကြတာပါပဲ၊ ပိုက်ဆံဆိုတာကတော့ ကိုင်စရာကို မရှိတာပါ” ဟု သူက ညည်းညူသည်။
သို့သော်လည်း ထိဝ
ု င်ငွေသည် ယနေ့ခေတ်တင
ွ် မိသားစုဝင် ၄ ဦးမျှသာ ရှိသော သူတို့ကို မငတ်ရုံတမယ်ပင် မနည်း စားသောက် နေရကြောင်း၊ ထိဝ
ု င်ငွေ အနည်းငယ်ဖြင့် သူတို့
မိသားစုသည် ဆင်းရဲပင်ပန်းမှု ဒဏ်ကို ခါးစည်းပြီး ခံလာခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း တပ်ကြပ်ကြီး အောင်ကိုက ဆက်လက် ပြောပြသည်။
၂၀၀၇ ခုနှစ်နောက်ပိုင်းကတည်းက သူရသည့် လစာငွေနှင့် မည်သို့မှပင် မလောက်ငတော့ဘဲ လိုငွေ အမြဲပြနေခဲ့ကြောင်း၊ မိသားစုဝင်များ သည်လည်း ခြိုးခြံချွေတာရ
လွန်းသောကြောင့် ကျန်းမာရေးချွတ်ယင
ွ်းမှုများလည်း ရှိလာကြောင်း၊ ၎င်းတို့ မိသားစု ၀င်များအနေနှင့် ဈေးအပေါဆုံး သွားပွတ်တံ၊ သွားတိုက်ဆေး စသည့် အခြေခံ
အသုံးအဆောင်များကိုပင် ၀ယ်ယူ မသုံးစွဲ နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေကြောင်း ပြောဆိုသည်။
သူယခု စီးထားသော ရော်ဘာဖိနပ်၏ သည်းကြိုး အကြိမ်မည်မျှ လဲတပ်ထားရသည်ကိုပင် မမှတ်မိတော့ဘဲ အစေးများပင် ပေါက်ကာ စီးလိုက်တိုင်း သူ့ခြေထောက်တင
ွ်
ကပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
“ရတဲ့ လခ၊ သက်စွန့်ဆံဖျားကြေး၊ ထောက်ပံ့ကြေးအပါအ၀င် အားလုံးပေါင်းရင် တလကို ငွေ ကျပ်လေးသောင်းတောင် မပြည့်ဘူး။ အဲဒီလောက်ငွေနဲ့ ကျနော်တို့ ဘယ်လိုမှ
မရပ်တည်နိုင်တော့ဘူး၊ ရှိသမျှတွေ ထုတ်ရောင်းစားတာလည်း ကုန်ပြီ၊ နောက်ဆုံး ကလေးကျောင်း စရိတ်တောင် မတက်နိုင်တော့လို့ မိန်းမဘက်က အမျိုးတွေဆီပို့ပြီး
ကျောင်းထားပေးဖို့ ပြောရတယ်” ဟု အဆိုပါ ဒုတပ်ကြပ်က ပြောပြသည်။
တပ်ထဲတင
ွ် ကျောင်းသားရှိသော တပ်မိသားစုများအတွက် ကျောင်းသားတဦးလျှင် ပညာသင်ထောက်ပံ့ကြေးအဖြစ် တနှစ်လျှင် ကျပ် ၃ ထောင်နှုန်းနှင့် ပေးကြောင်း၊ သို့သော်လည်း
ထိုငွေကျပ် ၃ ထောင်နှင့် ယနေ့ခေတ် ပညာသင်စရိတ်မှာ မကာမိ လှသောကြောင့် အဆင်မပြေကြောင်း သူက ဆိုသည်။
စစ်သားများအနေနှင့် ပြင်ပ စီးပွားရေး မလုပ်နိုင်သော်လည်း စစ်သားမိန်းမများ ရှာဖွေတတ်ပါက မိသားစု စီးပွားရေးမှာ အနည်းငယ် ပြေလည်နိုင်သော်လည်း ယခုအခါတွင် သူတို့၏
ဇနီးသည်များကိုပင် စစ်သမီးအဖြစ် ခိုင်းစေလျက်ရှိသောကြောင့် စီးပွားရေး လုပ်ရန် အချိန် အခက်အခဲများ ဖြစ်လာကြောင်း၊ ထို့ပြင် မိသားတစုလုံးမှာ တပ်တင
ွ်းလုပ်ငန်းများတွင်
အချိန်ပြည့် နီးပါး
“ကျွန်ဝယ်ရာ အဆစ်ပါတယ်ဆိုတာက တပ်မတော်သားတွေရဲ့ မိသားစု ၀င်တွေပ။ဲ ကျနော်တို့ တွေသာ တာဝန် ထမ်းဆောင် နေရတာ မဟုတ်ဘူး။၊ ကျနော်တို့ မိန်းမတွေနဲ့
ကလေးတွေလည်း ဝင်ပြီး တာဝန်ထမ်းဆောင် ပေးနေရပါတယ်” ဟု သူက ပြောပြသည်။
တပ်များတွင် ကြက်မွေး၊ ၀က်မွေးသည့်လုပ်ငန်းမှာ တပ်များအတွက် အပြကောင်းသော လုပ်ငန်းတခုဖြစ်ပြီး အပြမကောင်းသော တခြားလုပ်ငန်းများလည်း ရှိသေးကြောင်း သိရသည်။
တပ်ထဲတင
ွ် လက်ဖက်ရည်ဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင်၊ ကုန်ခြောက်ဆိုင်၊ ကုန်စုံဆိုင်ကအစ လိုင်စင်မဲ့ အရက်ဆိုင်များပင် ရှိကြောင်း၊ တချို့ကလည်း နီးစပ်ရာ ဆိုင်ကယ်စီးခွင့်ရသော
မြို့နယ်များအတွင်း ဆိုင်ကယ်တက္ကစေ
ီ ပြးဆွဲကြကြောင်း သိရသည်။
၂၀၀၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ အောက်ဆုံးအဆင့် တပ်သား တယောက်၏ လစမှာ ကျပ် ၁၆၀၀၀ ခန့်သာရှိပြီး ဗိုလ်ချုပ်ကြီး တဦး၏ လစာမှာ ကျပ် ၈
သိန်းခန့်သတ်မှတ်ထားသည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်နေရသော တပ်ရင်းတခုအတွက် လိုအပ်သော တပ်စရိတ်များကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ရှာဖွေရမည်ဟု တိုင်းမှူးက နှုတ်မိန့်ပေးခဲ့ရာ
တပ်အခြေစိုက်ရာ ဒေသရှိ သစ်တောများကို ခုတ်ယူရောင်းစား နေကြရကြောင်း အဆိုပါတပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ တပ်တင်မကဘူး ဒီက တပ်တွေအားလုံး သစ်ခုတ်ပြီး စားကြရတာပဲ။ လစာနဲ့ ရိက္ခာတချို့ပဲ ရတော့ အဆင်မပြေ ကြဘူး။ ဒီနယ်တ၀ိုက်က သစ်တွေကုန်ရင်တော့
ဘယ်လိုလုပ်ကြမလဲ မသိဘူး” ဟု အဆိုပါ ဗိုလ်ကြီးက ဆိုသည်။
“ကျနော်တို့ စစ်ဗိုလ်တွေဆိုရင် ပညာတတ်တဲ့မိန်းမ၊ ချမ်းသာတဲ့မိန်းမကိုပဲ ယူရမယ်ဆိုတာ စည်းကမ်းတခုလိုကို ဖြစ်နေပြီ” ဟု အဆိုပါ ဗိုလ်ကြီးက ပြောသည်။
သန်လျင်အခြေစိုက် တပ်ရင်းတခုမှ ဒုတပ်ကြပ်တဦးကမူ “တပ်ကထွက်ပြီး သူတို့လို တောင်းစားတာကမှ ခုထက်ပိုပြီး စားဝတ်နေရေး ပြေလည်နိုင်ဦးမယ်၊ ပြီးတော့ ပိုက်ဆံလည်း
မြင်ရမယ်” ဟု ပြောဆိုသည်။
http://www.irrawaddy.org