Vous êtes sur la page 1sur 1

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ အမြဲတမ်းဗဟိုကော်မတီဝင်ဗိုလ်ချုပ်မန်းအောင်သန်းလေး

ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး


(ကျောင်းသားတပ်မတော်)မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

၀ှဿှ ခုနှစ်၊ မေလ (၁ဿ)ရက်နေ့ နံနက်(၅)နာရီခွဲ အချိန်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သော ကရင်နီအမျိုးသား


တိုးတက်ရေးပါတီ (KNPP)၏ အမြဲတမ်းဗဟိုကော်မတီဝင် ဗိုလ်ချုပ်မန်းအောင်သန်းလေး အသက် (၈ဿ)နှစ် ကွယ်လွန်
သွားရခြင်းအပေါ် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)မှ
ကရင်နီအမျိုးသားများနှင့်ထပ်တူ အထူးဝမ်းနည်းရပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေးနှင့်


ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် စွမ်းစွမ်းတမံ ရပ်တည်တိုက်ပွဲဝင်ခဲ့သော လေးစားအပ်သည့် ကရင်နီအမျိုးသား
ခေါင်းဆောင်ကြီး တစ်ဦးပင်ဖြစ်ပါသည်။

ဗိုလ်ချုပ်မန်းအောင်သန်းလေးသည် ကရင်နီတော်လှန်ရေးအတွင်း သူ့ဘဝ၏ နောက်ဆုံးကွယ်လွန်ချိန်အထိ မလျှော့


သော တော်လှန်ရေး ဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့် ရပ်တည်ချက်ခိုင်မာစွာ တော်လှန်ရေး၏ ဒုက္ခလောကဓံ အဝဝကို
ရင်ဆိုင်ရင်း စစ်အာဏာရှင်စံနစ်အား မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သော ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီးတစ်ဦး
အဖြစ် မိမိတို့ ကျောင်းသားတပ်မတော်မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ယနေ့ နအဖ စစ်အုပ်စု၊ စစ်အာဏာရှင်စံနစ်သည် လူမျိုးကြီးဝါဒကို စွဲကိုင်လျှက် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးစု


အားလုံးအပေါ် သပ်လျှိုသွေးခွဲကာ စစ်အာဏာရှင်စံနစ်တည်မြဲရေးအတွက် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများ
အရေးကို မျက်ကွယ်ပြုသော ၀ှဿှ ရွေးကောက်ပွဲအား ဘက်ပေါင်းစုံ ဖိနှိပ်၊ ကောက်ကျစ်၊ ယုတ်မာစွာ အကောင်
အထည်ဖော်လျှက်ရှိရာ ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်မန်းအောင်သန်းလေး ကွယ်လွန် ဆုံးပါးသွား
ရခြင်းသည် ကရင်နီတော်လှန်ရေးအတွက်သော်လည်းကောင်း၊ ကရင်နီအမျိုးသားများအတွက်သော်လည်းကောင်း
ကြီးမားသည့် ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည့်အပြင် အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် နစ်နာဆုံးရှုံးမှုတရပ်ဟု
မိမိတို့ ကျောင်းသားတပ်မတော်မှ ခံယူသည်။

ထို့ကြောင့် မိမိတို့ ကျောင်းသားတပ်မတော်သည် မပြီးဆုံးသေးသည့် စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး၊ ဒီမို


ကရေစီရေး၊ အမျိုးသားတန်းတူညီမျှရေး တော်လှန်ရေးတိုက်ပွဲစဉ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊
ကရင်နီပြည်တပ်မတော် တို့နှင့်အတူ အဆုံးသတ်အောင်ပွဲရရှိသည်အထိ ပူးပေါင်း တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း
ကွယ်လွန်သူ ကရင်နီတော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်မန်းအောင်သန်းလေး နှင့်တကွ ကရင်နီအမျိုးသား
အပေါင်းအား လေးနက်စွာ ကတိပြုရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့ အပ်ပါသည်။

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော် )
ရက်စွဲ။ ၀ှဿှ ခုနှစ်၊ မေလ (၁ဿ)ရက်

Website: www.absdf8888.org, E-mail: absdfhq@csloxinfo.com

Vous aimerez peut-être aussi