Vous êtes sur la page 1sur 51

.

သန်းရွှေ ညောင်းလိုက် - Justin ပါပီ (Canada)

Sunday, January 16, 2011

Object 2

.
သန်းရွှေ ညောင်းလိုက် by yeyintanada

Justin ပါပီ (Canada)ရေးဖွဲ့ သီဆိုသည်. . . .


အိုဝူ ၀ါးးးးးးးးး အိုဝူ ၀ါးးးးးးးးး
အိုဝူ ၀ါးးးးးးးးးဟိုးးးးးးးး
အကုန်လုံးလဲကုန်ပ~
ီ ~~~တနိုင်ငံလုံးလဲမွဲပီ
သူရှောက်လုပ်နေတာ ဘာတခုမှဖြစ်မလာ
စစ်သားကြီးတွေလ~
ဲ ~ဖွတ်ကြားဖြစ်သွားပီ
တကယ်ဆိုဗိုလ်ချုပ်တွေဘဲ အကုန်သူဌေးဖြစ်သွားတယ်
လေကတော့ ကျယ်တယ်~~နယူကလီးယားလုပ်မတဲ့ 
လောက်လေးဂွတောင်မ~
ှ ~အလုံအလောက်မရှိတာ
ဗမာပြည်စစ်သားတွေလဲ ပဲဟင်းတွေဘဲစား
ဒီကမ္ဘာမှာအတော်ဆုံး ကလိမ်ကကျစ်အကျဆုံးလူ
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ညောင်းတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာ ညောင်းတော့ 

အာနာတကယ်ရူး အာနာအရမ်းမက်တဲ့ သူ


အရာရာကို သေနပ် ကိုင်ပီးဘဲ ဖြေရှင်းတတ်သူ
ဘယ်သူဘာပြောပြော မမှုဘူး အရှက်မရှိတဲ့ မျက်နှာရူး
ဒီကမ္ဘာမှာ တယောက်ထဲဘဲရှိတယ် ပြိုင်လာရင်အရှုံးပေးရမယ်
အာနာတည်မြဲဘို့  ဘာကိုပင် လုပ်ရလုပ်ရ
သူသာလျှင် အမြဲတမ်းဘဲဆရာကြီးလုပ်ချင် ခက်တယ်
အမြန်သာ ညောင်း ညောင်း ညောင်း~~~
ဒီကမ္ဘာ လောကတခုလုံး စိတ်ချမ်းသားသွားရအောင်
ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ညောင်းတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 

Rap..
၈၈မှာအာနာသိမ်းတယ်~~စစ်တပ်ကိုအိတ်ထဲထဲ့ ခါ~~ကြံ့ ဖွန့် ကိုပါတီဖွဲ့ ပီး
နာဂစ်မုန်တိုင်းမှာအခွင့် အရေးယူတယ်~~~အခြေခံဥပဒေကိုဝါးရင်းဒုတ်ကိုင်ပီး
ဂီရိရွေးကောင်ပွဲကို တရားမ၀င်လုပ်တယ်~~တကမ္ဘာလုံးမှာပထမဆုံးသော
ကြိုတင်မဲတွေကို အိတ်နဲ့ ထဲထဲ့ ပီးတော ~
့ ~အနိုင်ရအောင်သူအတင်းလုပ်တယ်
အကြံပက်စက်တဲ့ နေရာမျိုးမှာ~~ ဒေ၀ဒတ် တောင်ဆရာတင်ရမယ်
ဒီတသက်မှာအာနာမရရင်~~ကိုယ့် ကိုယ်ကို သတ်သေပလိုက်မယ်
သူလုပ်သမျှ~~So amazing~~and now my heart is Breaking

ကျနော်ပြောမယ်~~~~
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံးမေတ္တာပို့ တယ် ဒိုးတော့ 
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ညောင်းလိုက်
သန်းရွှေ သန်းရွှေ သန်းရွှေ ဒိုးလိုက်
တတိုင်းပြည်လုံး တောင်းဆိုကြပီ မြန်မြန်သာညောင်းတော့ 
ရေးရေးရေး~~~~ရေးရေးရေး~~~အာနာရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~ရှင်ဘုရင်ရူးကြီး
ရေးရေးရေး~~~~ရေးရေးရေး~~~မင်္ဂလာချုပ်ကြီး
အမြန်သာ ညောင်းတော့ 

အသံဖိုင်ရယူရန်

http://www.yeyintnge.com/2011/01/justin-canada.html
Written on January 17, 2011 at 8:08 am by Arakan Review

လိုင်စင်ရ ဓါးပြအဖွဲ့ ခေါင်းဆောင်အား နှိမ်နင်းပေးပါ။

Filed under ပေးစာ no comments

လိုင်စင်ရ ဓါးပြအဖွဲ့ခေါင်းဆောင် (သို့မဟုတ)် ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ မယက ဥက္ကဋ္ဌ ဦးအောင်မျိုးမြင့်သည် -

၁။ (၄၊ ၁၁၊ ၂၀၁၀) နေ့တွင် မီးညိုထောင့် ကျေးရွာမှ လစ်လပ်လျက်ရှိသော ရယက စာရေးဝန်ထမ်း နေရာအား သိန်း (၂၀) တောင်းခံ ခန့်အပ်ခြင်း။

၂။ စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ တရားဝင် အရောင်းအ၀ယ် ပြုလုပ်ရန် ရပ်တန့်ထားသော မောင်သန်းဝင်းပိုင် မော်တော် စက်လှေမှ မယက ဥက္ကဋ္ဌ၊ ထွေအုပ် ဒုဦးစီး၊ စရဖတို့
ပူးပေါင်းပြီး ငွေကျပ် သိန်း (၅၀) အဓမ္မ တောင်းခံခြင်း။

၃။ အကာတောင် ကျေးရွာမှ မူဆလင် လူမျိုး နုရ်ဆလင်ထံမှ ငွေကျပ် သိန်း (၃) သိန်းအား ရိုက်နှက် သတ်ပုတ်ကာ အတင်းအဓမ္မ လုယူခြင်း။

၎။ (၂၈၊ ၁၂၊ ၂၀၁၀) နေ့ ည သန်းခေါင် (၁၂း ၃၀) ချိန်တွင် မယက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၂) ဦးတို့သည် ကူတောင် ကျေးရွာနေ လယ်သမား တစ်ဦးထံမှ ငွေကျပ် (၇) သိန်းနှင့် ဓါတ်ဆီ (၃)
ဂါလံအား အမျိုးမျိုး ခြိမ်းခြောက် တောင်းယူကာ ယင်းကျေးရွာမှ တဆင့် အပေါက်ချေ ကျေးရွာသို့ သွားကာ ပုဇွန်ကန် ပိုင်ရှင်များထံမှ ငွေတောင်းခံခြင်း၊ ယင်းမှ တဆင့် ကိုးတန်ကောက်
ကျေးရွာသို့ သွားရောက်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင် ရောက်နေသော မူဆလင်များထံမှ ငွေတောင်းခံခြင်း။

၅။ မြောက်ဦးမြို့မှ ရသေ့တောင်မြို့သို့ ရောင်းဝယ်ရန် ရောက်ရှိလာသော ငါးဖောင် တစင်းအား အဓမ္မသိမ်းယူကာ ၎င်းငါးဖောင်အား ရောင်းစားခြင်း။

၆။ (၅၀၀၀) ကျပ်တန် ငွေစက္ကူအတု ကိစ္စနှင့် ပတ်သက်၍ မိမိတို့ ကိစ္စမပေါ်ပေါက်စေရန် မတရားသဖြင့် တရားခံ လိုက်ရှာပြီး ပြည်သူလူထုအား ဖမ်းဆီးခြင်း။

ယခုကဲ့သို့ နေ့စဉ် ခရီးသွားကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် ထွက်ခွါနေသော မော်တော် စက်လှေများနှင့် အဆက်အသွယ် ပြုလုပ်ကာ တောင်းယူ ရမ်းကားနေသော မယက ဥက္ကဋ္ဌ
ဦးအောင်မျိုးမြင့်၊ ထွေအုပ် ဒု ဦးစီး ဦးထွန်းသာလှနှင့် အဖွဲ့အား အထက်ဖော်ပြပါ ကိစ္စများနှင့်အတူ သူတို့ပိုင်ဆိုင်သော ငွေစက္ကူ (၅၀၀၀) ကျပ်တန်များကို စစ်ဆေးသင့်ပါကြောင်း။

သိစေရန် -

• စစ်တွေခရိုင် ခယက ဥက္ကဋ္ဌ


• ရခိုင်ပြည်နယ် ပယက ဥက္ကဋ္ဌ
• ပြည်ထဲရေးဝန်ကြီး
• နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သက်ဆိုင်ရာ နိုင်ငံ အကြီးအကဲများ

သိရှိစေရန် တင်ပြလိုက်ပါသည်။

အေးချမ်းသာယာရေး လိုလားသူ

ရသေ့တောင်သားhttp://arakanreview.net/?p=2703

အာဏာရှင်စနစ်အောက်က လွတ်မြောက်လာတဲ့ တူနီးရှား

-မြတ်စိုး-
၁.၁၅.၂၀၁၁
တူနီးရှားနိုင်ငံရေးနောက်ခံသမိုင်း

လစ်ဗျား နှင့် အယ်လ်ဂျီးရီးယား နှစ်နိုင်ငံအကြားမှာ တည်ရှိတဲ့ တူနီးရှားနိုင်ငံဟာ ၁၉၅၆ ခုနှစ် ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးက တည်းက သမ္မတနှစ်ဦး သာ တိုင်းပြည်ကို
အုပ်ချုပ်ခဲ့တယ်။ လွတ်လပ်ရေးရရှိပြီး ၁၉၅၇ ခုနစ်မှာ ပထမဦးဆုံး သမ္မတ ဖြစ်လာတဲ့ ဟာဘစ် ဘော်ဂူအီဘာ (Habib Bourguiba) က ဆယ်စုနှစ် ၃ စု၊ နှစ်ပေါင်း ၃၁ နှစ် တိုင်းပြည်ကို
တစ်ပါတီ အာဏာရှင် စံနစ်ဖြင့်အုပ်ချုပ် ခဲ့သည်။ သမ္မတ ဟာဘစ် ဘော်ဂူအီဘာ (Habib Bourguiba) ဟာ အစွန်းရောက် အစ္စလာမ္မစ် အခြေခံဝါဒီများကို နှိပ်ကွပ်ပြီး အမျိုး
သမီးအခွင့်အရေးများကို ပြဌာန်းခဲ့သဖြင့် အခြားအာရပ်နိုင်ငံများနှင့်မတူတစ်မူထူးခြားခဲ့သည်။

၁၉၈၁ ခုနှစ်မှာ ရာသက်ပန် သမ္မတ ထမ်းဆောင်ခွင့် ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ၁၉၈၇ ခုနှစ်မှာ ဟာဘစ် ဘော်ဂူအီဘာ Habib Bourguiba ဟာ
သမ္မတ အဖြစ် အုပ်ချုပ်ဖို့ မစွမ်းဆောင်နိုင်တော့ဘူး လို့စွပ်စွဲခံရပြီး သူ့ရဲ့ ၀န်ကြီးချုပ် ဘင်အလီ က သွေးထွက်သံယို ကင်းစွာ အာဏာ ကို သိမ်းယူခဲ့ကာ သမ္မတ အဖြစ်ကြေညာခဲ့တယ်။
ဒုတိယမြောက် သမ္မတ ဘင်အလီဟာ တိုင်းပြည်ကို ၂၃ နှစ်ကြာ အာဏာရှင်ဆန်ဆန် ဆက်လက် အုပ်ချုပ်ခဲ့တယ်။ ၅ နှစ်တကြိမ်ရွေးကောက်ပွဲ ကျင်းပခဲ့ပေမဲ့၊ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့
အာဏာရှင် ဘင်အလီ ဟာ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော် ဖြင့် အမြဲအနိုင်ရလိမ့် ရှိခဲ့တယ်။ ၂၀၀၉ခုနှစ် ရွေးကောက်ပွဲမှာတော့ မဲအရေအတွက်ဟာ ၈၉.၆၂ ရာခိုင်နှုန်းရခဲ့လို့ သူ့ရဲ့
သက်တမ်း တလျှောက် မှာ အနိမ့်ဆုံးရရှိခဲ့ တဲ့ မဲရလာဒ်ဖြစ်ခဲ့တယ်။ သမ္မတ သားမတ်တော် သူ Sakher al-Materi ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရှိကြောင်း
နိုင်ငံရေးအကဲခတ်များက သုံးသပ်ထားခဲ့ကြတယ်။ အာဏာရှင် ဘင်အလီ ဟာ အစွန်းရောက် အစ္စလာမ္မစ် အခြေခံဝါဒီများ ကို နှိမ်နင်းရေး နှင့် အကြမ်းဖက် တိုက်ဖျက်ရေးမှာ နိုင်ငံတကာ
နှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့လို့ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်းခဲ့တယ်။ ဘာသာရေးအစွန်းရောက်များကြီးစိုးသည့် အိမ်နီးချင်းနိုင်ငံများကြောင့် ကာလကြာရှည်စွာပင်
၎င်း၏အိမ်နီးချင်းနိုင်ငံများ အဆက်အဆံမပြုခဲ့ပေ။ ပွင့်လင်းပြီး လွတ်လပ်တဲ့ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲဖို့ အကြိမ်ကြိမ်ဂတိပေးခဲ့ပေမဲ့၊ ဆွေမျိုးမိသားစုဝင်များ၊ နီးစပ်သူများ သာ
စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံရေးအခွင့်အလမ်းများရရှိစေခဲ့ကြတယ်။ အာဏာရှင် ဘင်အလီဟာ လာမဲ့ ၂၀၁၄ မှာ ကျင်းပမဲ့ ရွေးကောက်ပွဲ ကို ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့
ဂတိပေးခဲ့ပေမဲ့၊ သူဟာ နောက်ကွယ်ကနေ အာဏာကို ဆက်လက်ချုပ်ကိုင်မယ်လို့ ယူဆထားတာကြောင့်၊ ပြည်သူတွေရဲ့ ယုံကြည်မှု ကို လုံဝမရရှိခဲ့တော့ပါ။ လူထုအုံကြွမှု ကို
နိုမ်နှင်းပစ်ခတ်ရာတွင် စစ်တပ်ကို ကျည်ဆံ အစစ်များဖြင့် အသုံးမပြုဖို့ အမိန့်ပေးခဲ့ပြီး၊ အာဏာ ကို စွန့်လွှတ်ကာ မိသားစုဖြင့် တိုင်းပြည်က ထွက်ခွာသွားခဲ့သည်။

တူနီးရှား စီးပွားရေး

လူဦးရေ ၁၀.၄ သန်း သာ ရှိပြီး၊ အာဖရိက တိုက် မှာ စီးပွားရေးဖွံ့ဖြိုးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်တယ်။ World Economic Forum's 2009/2010 Global Competitiveness Report, အရ နိုင်ငံ
၁၃၃ နိုင်ငံ အနက် အဆင့် ၄၀ နေရာ ရှိခဲ့ပြီး ပေါ်တူကီ၊ အီတလီနိုင်ငံတွေရဲ့ အရှေ့မှာ နေရာယူခဲ့တယ်။ တိုင်းပြည်အတွင်း ကုန်ထုတ်လုပ်မှု နှစ်စဉ် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အရှေ့
နှင့် မြောက်ဘက်မှာ မယ်ဒီထရေးနီးယန်း ပင်လယ် နဲ့ ဆက်စပ်ထားတာကြောင့် အလွန်သာယာတဲ့ ပင်လယ်အပန်းဖြေနေရာများတည်ရှိပြီး၊ ကမ္ဘာလှည့်ခရီးသည်များ နှစ်စဉ် လာရောက်
အပန်းဖြေ လည်ပတ်ကြသည်။ တိုင်းပြည်မှာ အလုပ်လက်မဲ့ ၁၄ ရာခိုင်နှုန်းကျော်ရှိသည်။

တိုင်းပြည်၏ သံယာဇာတများရောင်းချခြင်း၊ နိုင်ငံခြားပို့ကုန်သွင်းကုန်များ ကို အာဏာရှင် သမ္မတ ဘင်အလီ၊ ထိပ်တန်းအစိုးရ အဖွဲ့ဝင်များ၊ သူတို့မိသားစုဝင်ဆွေမျိုးများ နှင့် နီးစပ်သူများ
က လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြသည်။ ပြည်သူများ စားဝတ်နေရေး အကြပ်အတည်းများနဲ့ ရင်ဆိုင်နေကြရပေမဲ့၊ သမ္မတ ကတော်ဟာ ဘိုးရင်း ၇၃၇ ကို အသုံးပြုပြီး
ဥရောပနိုင်ငံများသို့ မကြာခဏဈေးဝယ်ထွက် လေ့ရှိတယ်။ အစိုးရအဖွဲ့ဝင်များအတွင်း လာဘ်ပေးလာဘ်ယူ အကျင့်ပျက် ခြစားမှုများ ရှိနေပြီး၊ အာဏာရှင် ဘင်အလီနဲ့နီးစပ်တဲ့ လူနည်းစု
က သာ ဒေါ်လာ သန်းချီ စီးပွားရေးလုပ်ပိုင်ခွင့်များ ရရှိနေကြသည်။

စီးပွားရေးဆိုင်ရာ အချက်အလက်များ

စိုက်ပျိုးရေး - ၁၁.၆ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)


စက်မှုလုပ်ငန်း - ၅.၇ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)
ဝန်ဆောင်မှုလုပ်ငန်း - ၆၂.၈ ရာခိုင်နှုန်း (ကုန်ထုတ်လုပ်မှု၏)

ကုန်ထုတ်လုပ်မှု - ၄၁ ဘီလီယံ ဒေါ်လာ (၂၀၀၉)


ကုန်သွယ်မှုနိုင်ငံ - ဥရောပနိုင်ငံများ သွင်းကုန် ၇၂.၅ ရာခိုင်နှုန်း၊ ပို့ကုန် ၇၅ ရာခိုင်နှုန်း
အလုပ်သမား - ၃.၄၆ မီလီယံ ( ၂၀၀၄ ခန့်မှန်းခြေစာရင်း)- စိုက်ပျိုးရေး ၂၂ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်း
၂၃ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုလုပ်ငန်း ၅၅ ရာခိုင်နှုန်း ( ၁၉၉၅ ခန့်မှန်းခြေ)

Object 1

တူနီးရှား လက်ရှိနိုင်ငံရးအခြေအနေ

အာဖရိကနိုင်ငံတွေမှာ အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ဇင်ဘာဘွေ အာဏာရှင်ကြီး မူဂါဘီ အရင် ကျဆုံးတော့မယ်လို့ အများက ခန့်မှန်းထားကြပေမဲ့ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ တူနီးရှား
အာဏာရှင် ဘင်အလီ ဟာ အာဏာ ကိုတော့ လက်လွှတ်လိုက်ရပါပြီ။

အာဏာရှင် ဘင်အလီ ဟာ ပြင်သစ်နိုင်ငံကို ထွက်ပြေးခိုလှုံဖို့ကြိုးစားခဲ့ပေမဲ့ ပြင်သစ်အစိုးရက လက်မခံတာကြောင့် သမ္မတ ဘင်အလီနှင့် မိသားစု ဟာ ဆော်ဒီအာရေဗီယျ နိုင်ငံကို
ထွက်ပြေးခိုလှုံခဲ့ရတယ်။ သမ္မတ ဘင်အလီနှင့် မိသားစု ဟာ ဆော်ဒီအာရေဗီယျ သို့ ထွက်ပြေးရာမှာ တိုင်းပြည်က ပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလီယံ နဲ့ချီ ငွေကြေးများ သယ်ဆောင်သွားခဲ့
ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ အာဏာရှင် ဘင်အလီ ထွက်ပြေးသွားပြီးနောက် ၀န်ကြီးချုပ် မိုဟာမက် ဂန်နောချီ (Ghannouchi) က ယာယီကြားဖြတ်အစိုးရတာဝန်
ယူမယ်လို့ မနေ့က ကြေညာခဲ့ပေမဲ့၊ တူနီးရှားနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြားဖြတ်အစိုးရရဲ့ ယာယီသမ္မတဟာ အောက်လွှတ်တော်ဥက္ကဌ ဖြစ်ပြီး ၀န်ကြီးချုပ်ဟာ
ယာယီသမ္မတ လုပ်လို့မရဘူးလို့ တူနီးရှားရဲ့ အဆင့်မြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကောင်စီက အစိုးရပိုင် ရုပ်မြင်သံကြားဌာနကနေ
ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်ဥက္ကဌ Fouad Mebazaa ဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါပြီ။ သူတို့ နှစ်ယောက်စလုံးဟာ အာဏာရှင် ဘင်အလီ လက်အောက်မှာ
တာဝန်ထမ်းဆောင် ခဲ့ကြသူများမို့၊ အတိုက်အခံအဖွဲ့အစည်းများက ယုံကြည်မှုမရှိကြပါဘူး။ ဒါပေမဲ့ တူနီးရှား ဖွဲ့ စည်းပုံအခြေခံဥပဒေအရ၊ ကြားဖြတ်အစိုးရက ၂ လ အတွင်း
ရွေးကောက်ပွဲလုပ်ဖို့ ဂတိပြုခဲ့တယ်။

လူထုအုံကြွမှု အရင်းခံ

၂၀၁၀ ဒီဇင်ဘာလ က အလုပ်လက်မဲ့ ဘွဲ့ရပြီးစ တက္ကသိုလ် ကျောင်းသားလေးရဲ့ သစ်သီးတွန်းလှည်းကို ဈေးရောင်းခွင့် လိုင်စင်မရှိဘူးဟုဆိုကာ ရဲက သိမ်းလိုက်ပြီးနောက်၊
ထိုကျောင်းသားလေးမှ သူ့ကိုယ်သူ မီးရှို့သတ်သေသွားခြင်းကို မခံမရပ်နိုင် ဖြစ်ရာက ဆန္ဒပြမှုများ နိုင်ငံအ၀ှန်း စတင်ခဲ့ခြင်း ဖြစ်သည်။

တူနီးရှား အနာဂတ်နှင့် ဒီမိုကရေစီ

တူနီးရှားနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိဖို့ရာမှာ ကြားဖြတ်အစိုးရ က ၂ လ အတွင်း ကျင်းပ ပေးမယ်လို့ဂတိပြုထားတဲ့ ရွေးကောက်ပွဲပေါ် မှုတည်လျှက်ရှိနေပါတယ်။
ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ နဲ့ လွတ်လပ်စွာစည်းရုံး ပြောဆိုခွင့်များရှိဖို့ လိုပါတယ်။ တူနီးရှားမှာ အာဏာရှင် ဘင်အလီ ပြုတ်ကျသွားပေမဲ့၊
နှစ်ပေါင်းများဖိနှိပ်ထားခြင်းခံခဲ့ရတဲ့ အဓိက အတိုက်အခံအဖွဲ့အစည်းများ အနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့စည်းနိုင်တဲ့ အရည်အချင်းရှိနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း
ပေါ်ထွက်နေပါတယ်။ အတိုက်အခံ အဖွဲ့အစည်းများမှာ ပြည်သူက ယုံကြည်စိတ်ချရပြီး၊ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်များ ၂ လ အတွင်း အဆင်သင့် ပြင်ဆင်ဖို့
အမြန်လိုအပ်နေပြီလို့ နိုင်ငံတကာ အကဲခတ်သူများက သုံးသပ်ထားကြတယ်။ နောင်တက်လာမဲ့ အစိုးရသစ်ဟာ တိုင်းပြည် မှာရင်ဆိုင်နေရတဲ့ ဆင်းရဲ၊ချမ်းသာ မညီမျှမှုတွေ၊
အလုပ်လက်မဲ့ပြဿနာတွေ၊ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်နေမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ ကို အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးရမှာ ဖြစ်ပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိအောင် စိမ်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ကြရလိမ့်မှာဖြစ်ကြောင်း တူနီးရှားနိုင်ငံရေးကို လေ့လာနေကြတဲ့ ကျွမ်းကျင်သူများက
သုံးသပ်ထားကြတယ်။

လူသား အရင်းအမြစ်ဆိုင်ရာ အချက်အလက်များ

လူဦးရေ။ ၁၀ ၄၈၆ ၃၃၉ (၂၀၀၉)


ပျမ်းမျှအသက်။ ကျား = ၇၃.၉၈ နှစ်
မ = ၇၇.၇ နှစ်
စုစုပေါင်း = ၇၅.၇၈ နှစ် (၂၀၀၉)
လူမျိုး။ တူနီးရှား
တိုင်းရင်းသားလူမျိုး။ အာရပ် ၉၈%။ ဥရောပ ၁%။ ဂျူးနှင့် အခြား ၁ %
ကိုးကွယ်မှု။ မွတ်စလင် ၉၈ %။ ခရစ်ယာန် ၁ %။ ဂျူးနှင့် အခြား ၁ %
ဘာသာစကား။ အာရပ်၊ ပြင်သစ်
မြို့တော်။ တျူးနစ် ( Tunis)
http://komoethee.blogspot.com/2011/01/blog-post_1830.html

မြန်မာစစ်တပ် ကမ္ဘာ တည်မည်လော

Monday, January 17, 2011

စစ်အစိုးရက အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းလိုက်တယ်လို့ သိရပါတယ်။ ဘယ်အချိန်မှာ ဘယ်သူတွေတိုင်ပင်ပြီး ဘယ်လိုအမိန့်စာနဲ့
ထုတ်ပြန်ခဲ့သလဲတော့ တိတိကျကျ မသိရပါဘူး။ ဘာမဆို ပြည်သူလူထုကို မတိုင်ပင်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်လေ့ရှိတဲ့စစ်အစိုးရဟာ အများပြည်သူ နိုင်ငံသားတိုင်းနဲ့
သက်ဆိုင်တဲ့အကြောင်းခြင်းရာ ဥပဒေတခုကို ဒီလို လက်လွတ်စပယ် ထုတ်တယ်ဆိုတာကတော့ ယုံရခက် မယုံရခက်ပါဘဲ။ တကယ်သာ ထုတ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ
လုပ်ထုံးလုပ်နည်း နားမလည်လို့ လုပ်လိုက်တဲ့ မယဉ်ကျေးတဲ့လုပ်ရပ်လို့ဘဲ ပထမအဆင့် အသက်ညှာဆုံး စကားနဲ့ အပြစ်တင် ဝေဖန်ချင်ပါတယ်။

တကယ်တော့ ဒီလိုတနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာဆိုတာ သက်ဆိုင်သူ နိုင်ငံသားတိုင်းကို နားလည် သိရှိအောင် ချပြ၊ တိုင်ပင်ညှိနှိုင်းမှုတွေ အဆင့်ဆင့်ကို အချိန်တွေယူပြီး
လုပ်ရမယ်။ လွတ်တော်မှာ ထောက်ခံသူရော ကန့်ကွက်သူတွေပါ အခြေအတင် ဆွေးနွေးမှုတွေ အကြိမ်ကြိမ်အခါအခါ လုပ်ရမယ်။ ပြီးတော့ မဲခွဲဆုံးဖြတ်ပြီး လွတ်တော်ကသာ
ထုတ်ပြန်ရမှာပါ။ အခုတော့ နိုင်ငံသားအများစုက သဘောမတူဘဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကလာတဲ့၊ ပြည်သူအများက မဲမပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတုကြီးရဲ့
လွတ်တော်အတုကြီးတောင် မခေါ်ရသေးပါဘူး။ အခု ထုတ်လိုက်တယ်ဆိုတဲ့ စစ်မှုထမ်း ဥပဒေဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုသူတဦးထဲ ထင်ရာမြင်ရာ စိတ်ကူးနဲ့ ထုတ်ခဲ့တယ်ဆိုရင် ဒါဟာ
နဲနဲရူးတာ မဟုတ်တော့ဘူး။ တကယ်ကို စိတ္တဇဆေးရုံ ပို့လောက်အောင် ရူးနေလို့သာ လုပ်လိုက်တဲ့ အပြုအမူလို့ ပြောရလိမ့်မယ်။

လူတချို့က စစ်အာဏာပိုင်တွေကို အတော်အထင်ကြီးလေ့ရှိကြတယ်။ စစ်အစိုးရက မလုပ်သင့် မလုပ်ထိုက်တာ တခုခု လုပ်လိုက်တိုင်း (ဒီကောင်တွေက သိသိနဲ့ လုပ်နေတာ) ဆိုတဲ့
စကားကို ပြောဆိုလေ့ ရှိကြတယ်။ ဟင့်အင်း။ ဒီလို မထင်မိဘူး။

သူတို့လုပ်သမျှ သိသိနဲ့ လုပ်နေတာလို့ မထင်မိပါ။ အာဏာရှင် ဦးနေ၀င်းလက်ထက်က ဆင်းသက်လာတဲ့ စစ်အာဏာရှင် အဆက်ဆက်ဟာ အုပ်ချုပ်သူတို့ ကျင့်သုံးလိုက်နာအပ်တဲ့
ဓလေ့ထုံးတမ်းတွေကို သိရှိနားလည်တယ်လို့ မထင်မိပါ။ ဦးနေ၀င်းဟာ သူအာဏာတည်မြဲရေးအတွက် သစ္စာခံပြီး မိုက်ရဲသူနဲ့ သတ်ရဲသူတွေ၊ အပိုးကျိုးသူတွေကို နေရာပေးပြီး
တဘက်မှာတော့ အုပ်ချုပ်သူအနေနဲ့ ပြည်သူကို တန်ဘိုးထားပြီး ပြည်သူ့မျက်နှာ ငဲ့ကြည့် စဉ်းစားသူတွေကို ဖယ်ရှားတတ်ခဲ့တယ် မဟုတ်လား။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးနေ့က
ကျောင်းသားနဲ့လူထုကို နှိမ်နင်းရာမှာ ရက်စက်ခဲ့၊ လက်သံပြောင်ခဲ့တဲ့ ဗိုလ်စိန်လွင်ကို အာဏာလွဲပေးခဲ့တာ နမူနာတခု။ အောက်လက်ငယ်သားကို တန်ဘိုးထားပြီး တိုင်းသူပြည်သားကို
ချစ်မြတ်နိုးတတ်တဲ့ ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်ဦးကို စစ်တပ်က ဖယ်ရှားခဲ့တာက ဥပမာတခု။

စစ်အစိုးရ အာဏာတည်မြဲနေတာ သိပ်တော်လို့ တတ်လို့ မဟုတ်ပါ။ အများပြောဆိုနေတဲ့ ဗိုလ်သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်ရေး နည်းပရိယာယ်တွေက သိပ်ကောင်းနေလို့လဲ မဟုတ်ပါ။
အဓိကကတော့ လူ့ယဉ်ကျေးမှုနဲ့ အလှမ်းဝေးနေတဲ့ မသိမှုအ၀ိဇ္ဇာနဲ့ (မိုက်သွေး) ကြောင့်ပါဘဲ။ ဒါကြောင့် စစ်အစိုးရလုပ်နေသမျှဟာ တိုင်းပြည်အုပ်ချုပ်ရေး နားလည်လို့လုပ်တာ
ကျင့်ဝတ်ကျင့်ထုံးတွေ နားလည်လို့လုပ်တာ မရှိသလောက်ပါဘဲ။

သူတို့ အလုပ်လုပ်တယ်ဆိုတဲ့ တိုင်းရေးပြည်ရာ စီမံခန့်ခွဲမှုတွေက တိရိစ္ဆာန်ရုံထဲက လူဝံကြီး အလုပ်လုပ်နေသလိုပါဘဲ။ ရန်ကုန်တိရိစ္ဆာန်ရုံထဲက လူဝံကြီးဟာ သူ့ကိုချုပ်လှောင်ထားတဲ့
လှောင်အိမ်ထဲမှာရှိတဲ့ ချိုချဉ်ခွံတွေ၊ ပဲလှော်ခွံတွေ၊ မြေပဲခွံတွေ၊ ကွာစေ့ခွံတွေကို လိမ္မော်ခွံခွက်ကလေးထဲ ထည့်လိုက်။ လိမ္မော်ခွံထဲ ပြည့်သွားတော့ ပြန်မှောက် သွန်ချလိုက်။
ပြန်ထည့်လိုက်။ ပြည့်ပြန်တော့ ပြန်မှောက်ချလိုက်နဲ့ တနေကုန်တာဘဲ။ ဒီလိုဘဲ။ စစ်အစိုးရလဲ သူတို့ရဲ့ အတ္တကျဉ်းကျဉ်းလေးထဲမှာပြည်သူ့လူထုနဲ့တိုင်းပြည်ထဲက လုပ်ငန်းကိုင်ငန်းတွေကို
မှောက်လိုက်၊ သွန်လိုက် လုပ်နေတာနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ ကုန်နေတာဘဲ။ လူဝံကြီးကတော့ လူတွေကို ရန်ပြုတာ မကြားမိဘူး။ သူတို့ကတော့ သူတို့ကို မလုပ်တတ်လို့
မလုပ်တတ်ဘူးပြောတဲ့ ပြည်သူတွေကို ရန်လုပ်တယ်။

ဒီတော့ သူတို့က တိုင်းသူပြည်သားအတွက် အန္တရာယ်ရှိတယ်။ ဒါဘဲကွာတယ်။ ကျန်တာတော့ သူတို့ဟာ တိရိစ္ဆာန်ရုံထဲက လူဝံကြီးထက် အသိဥာဏ်သာတယ်
-သိတယ်လို့ မထင်မိဘူး။

အခု ထုတ်ပြန်တယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေကို ကြားရသူ ပြည်သူပြည်သားတိုင်းက ဒေါသထွက်ကြတယ်။ ပြည်ပ ကျူးကျော်စစ်မရှိဘဲ တိုင်းရင်းသားတွေနဲ့ တိုက်နေတဲ့စစ်ကို
အားပေးအားမြှောက် စစ်ထဲဝင်ဘို့ဆိုတာ ဘယ်ပြည်သူကမှ စိတ်မဝင်စားပါ။

စစ်အစိုးရရဲ့ စစ်မှုထမ်းဥပဒေဆိုတာ ကြားရတော့

ကုန်သည်လုပ်နေတဲ့ လူတယောက်က ပြောတယ်။ (လက်နက် မကိုင်ချင်လို့ ကောင်းရောင်းကောင်းဝယ် လုပ်စားနေတာ။ လက်နက်ကိုင်ခြင်းကိုင် သူတို့လက်နက် ဘာလို့ ကိုင်မလဲ။
ကိုယ့်လက်နက် ကိုယ်ကိုင်မှာပေါ့) တဲ့။

တက္ကသိုလ်ဆရာတယောက်ကတော့ (စစ်မှုထမ်းဥပေဒကို မထုတ်ခင် တိုင်းရင်းသားနဲ့ တိုက်နေတဲ့ စစ်ပွဲတွေကို အရင်ရပ်ရမယ်) တဲ့။

ဆိုက္ကားဆရာတယောက်ကတော့ (အကြိုက်ပါဘဲဗျာ။ လက်နက်သာ ကိုင်ရလို့ကတော့ သူတို့ကို ပြန်ပြစ်လိုက်ယုံဘဲ) တဲ့။

စစ်သားဟောင်းတယောက်ကတော့ အခုရှိတဲ့ တပ်ကိုတောင် ဝအောင်မကြွေးနိုင်ဘဲ နောက်တိုးတွေကို ဘာနဲ့သွားကြွေးမှာလဲ) တဲ့။

အမျိုးသမီးငယ်တယောက်ကတော့ (ဒို့ကတော့ သီလရှင်ဘဲ ဝတ်တော့မယ်) တဲ့။

အဲဒါ ပြည်သူတွေရဲ့ အသံပါ။

စစ်အာဏာရှင်တွေသာ စစ်ကို လိုလားနေတာ။ ပြည်သူလူထုကတော့ ပြည်ပကျူးကျော်စစ်ကို တိုက်ဘို့ ၀န်မလေးပေမဲ့ ကိုယ်အချင်းချင်း တိုက်ရမဲ့စစ်ပွဲတွေကို ငြီးငွေ့နေပါပြီ။ စစ်အစိုးရက
စစ်ကိုလိုလားနေသ၍လည်း တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးတွေက နှောင့်နှေးနေဦးမှာ ဖြစ်ပါတယ်။ ပြည်သူတွေက အနဲဆုံး အိမ်နီးခြင်း တိုင်းပြည်တွေထက်တော့ အောက်မကျတဲ့ ပညာရေး၊
ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေမျိုးကို ရယူပိုင်ဆိုင်ချင်နေကြပါပြီ။ လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊
ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူမှုလူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုး ရှင်သန်ရေး အစရှိတဲ့ ခေါင်းစဉ်တွေကို စစ်ဗိုလ်အခွင့်အရေးနဲ့ စစ်တပ်ပထမ မူဝါဒထက် စိတ်ဝင်စားနေကြပြီ။
ကိုယ့်ပြည်သူလူထုရဲ့ သဘောထားကို နားမလည်ရင် ကျဆုံးခန်းကို ရောက်ဖို့က ဒီနေ့နဲ့ မနက်ဖန်သာ ရှိမယ်။ အချိန်တခုခုမှာ ကျဆုံးဘို့က အသေအချာပါဘဲ။

ဒီနေရာမှာ နီးစပ်တဲ့ ဥပမာတခုကို ပြောပြချင်ပါတယ်။ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်တဲ့ဘုရင့်နောင်ဟာ သူအုပ်ချုပ်တဲ့ (၂၈) နှစ်လုံးလုံး စစ်တိုက်ပြီး နယ်မြေထူထောင် နေခဲ့တာပါ။
သူ့ရဲ့သားတော် နန္ဒဘုရင်လက်ထက်မှာလဲ စစ်ပွဲတွေကို မရပ်မနားတိုက်နေခဲ့လို့ ပြည်သူတွေ ပင်ပန်းနွမ်းနယ်ကုန်ခဲ့ကြရတယ်။ ယောက်ျားမှန်သမျှ စစ်မတိုက်ချင်တော့လို့ ရဟန်းပြု
ကြတယ်။ ပြည်သူတွေအလုံးအရင်းနဲ့ ယိုးဒယားနယ်ကို ၀င်ရောက်တိမ်းရှောင်ကြတယ်လို့ ရာဇ၀င်က ဆိုပါတယ်။ အဲဒီနောက် ဘုရင့်နောင်ရဲ့ စစ်သည် တသန်းခွဲနီးပါး (တသောင်းစုပေါင်း
တရာ့ငါးဆယ်ခန်)့ ရှိတဲ့ စစ်တပ်ကြီးဟာ သားနန္ဒဘုရင်ရဲ့ လက်ထက်မှာ ပျက်တော့တာပါဘဲ။ နန္ဒဘုရင်ကိုယ်တိုင်ကတော့ ခရစ်သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်မှာ တောင်ငူစား
နတ်သျှင်နောင်ရဲ့ သုတ်သင်မှုနဲ့ ဇာတ်သိမ်းသွားရတယ်။ တပ်လဲပျက် အာဏာလဲပျက် ဘ၀လဲ လမ်းဆုံးလို့ ပြောရမယ်။

အခု စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ စစ်တပ် ပထမမူဝါဒ ၂၀၀၈ ဖွဲ့စည်းပုံကို အားဖြည့်တဲ့ သဘောလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်တဲ့ နောက်တကြောင်းက ၁၉၈၈
နောက်ပိုင်း စစ်တပ်ကို လူမုန်းများလို့ အသက် (၁၈) နှစ်ပြည့်တဲ့ ပြည်သား (ပြည်သူမပါ) တွေက စစ်တပ်ထဲ အ၀င်နဲသွားလို့ စစ်တပ်မှာ စစ်အင်အား နဲပါးသွားတာကလဲ
အကြောင်းတကြောင်း ဖြစ်နိုင်တယ်။

များမကြာမီ ကာလကလေးကမှ မိတ်ဆွေ ဗိုလ်မှူးကြီးတဦးက ပြောပြပါတယ်။ တပ်ရင်းတရင်းမှာ တပ်သားအင်အား ၅၀၀ ဝန်းကျင်ရှိရမှာ ဖြစ်ပေမဲ့အခု တပ်ရင်းတရင်းကို စစ်သားဦးရေ
၁၀၀၊ ၁၅၀ ဘဲ ရှိတယ်။ ရှေ့တန်းကို မနက်ဖန် သဘက် ထွက်ရတော့မယ်ဆိုရင် စစ်သားတွေ အကုန်လုံး တာဝန်ပျက်ကွက်နဲ့ ပျောက်ကုန်ကြရော။ အဲဒါနဲ့ ရှိတဲ့ စစ်သား ၄-၅ ဆယ်နဲ့
စစ်ထွက်ဟေ့… ထွက်ဟေ့… ဆိုရင်လည်း စစ်သားတွေက လမ်းမှာတင် ပျောက်ကုန်ကြပြန်ရောတဲ့။ သူ့အလုပ်က တပ်က ခွင့်မဲ့တာဝန်ပျက်ကွက်တဲ့ စစ်သားတွေ ပြန်လာရင် ကွာတားချတဲ့
အလုပ်ဘဲ ရှိပါတော့သတဲ့။ သူ့အပြောအရတော့ စစ်တပ်က ပျက်နေပြီတဲ့။ တပ်ပျက်မှာ ဗိုလ်လုပ်နေရတဲ့ သူ့ဘဝကို စိတ်ကုန်လို့ တပ်က ထွက်တော့မယ်တဲ့။
သေသေချာချာဆန်းစစ်ကြည့်ရင် ဗိုလ်သန်းရွှေတို့ ဗိုလ်မောင်အေးတို့ အနားလေးဘက်ထောက်-၀မ်းလျားထိုးပြီး မော်ဖူးနေကြသူတွေဟာ သူတို့သားမယားတွေလုပ်ကြွေးဘို့
အခွင့်အရေးအတွက် ဒူးထောက်ခစားပြီး ခံတွင်းနံ့ ခံနေတာပါဘဲ။ ပြောကြည့်ပါလား။ ငါ့အတွက် အသက်ပေးပြီး မင်းတို့ကိုယ်တိုင် ရှေ့တန်းစစ်မျက်နှာ ထွက်တိုက်ကြ။
မင်းတို့သားသမီးကလေးတွေ ရှေ့တန်းလွှတ်ကြဆိုရင် ဘယ်လိုနေမလဲ။ ဝေးစွ-ခြောက်ပါး။ အခု သင်းနေတဲ့ ဗိုလ်သန်းရွှေရဲ့ အာခံတွင်းဟာ ချက်ခြင်းကိုဘဲ အပုန်နံ့ ထောင်းထောင်းထ
သွားမယ်။ သက်ဦးဆံပိုင် အာဏာရှင် သီပေါ ဘုရင်နန်းကျတော့ တသက်လုံး မော်ဖူးဆိုမှ မော်ဖူးကြရတဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ ဘုရင်နဲ့မိဖုရားကို ဂေါဝိန်ဆိပ်ခေါ်မသွားခင်
နန်းတော်ထဲ တညတာ စံရချိန်မှာ ဘုရင်နဲ့ မိဖုရားပိုင် ပစ္စည်းတွေ သယ်ကြ။ ယူကြ။ ငါတို့ အရှင်သခင်နှစ်ပါး စိတ်ဆင်းရဲနေကြပါလားလို့ လားလားမှ မမှု။ ခေါင်းရင်းက ခြေရင်းက။
မရိုမသေ။ မလေး မခန့်။ သူတို့နိုင်သလောက် ပစ္စည်းသယ်ဘို့လောက်သာ အာရုဏ်ရောက်ကြပါသတဲ့။ ဗိုလ်သန်းရွှေတို့မှာလဲ ကိုးကန့်ကို ခြိမ်းခြောက်လိုက်။ ကချင်ကို ခြိမ်းခြောက်လိုက်။
ကရင်ကို ခြိမ်းခြောက်လိုက်နဲ့။ လက်တွေ့ကျတော့ ထွက်မတိုက်ပါဘူး။ တကယ်တော့ သစ္စာခံပြီး တပ်ထွက်မဲ့သူရှိပုံ မပေါ်ပါဘူး။

ဒီလို အကြောင်းတွေကြောင့် စစ်မှု မထမ်းမနေရ ဥပဒေကို ထုတ်ကြည့်တာ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် နောက်ဆက်တွဲပြဿနာတွေက အများကြီး ဖြစ်လာမှာပါ။ စစ်အစိုးရက
သူပုန်လို့သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်မှာ အင်အားတွေ တိုးလာနိုင်ပါတယ်။ လက်နက်ကိုင်ခြင်းကိုင် သူတို့နဲ့အတူ မကိုင်ဘူး။ သူတို့ကို ချရမဲ့လက်နက်ကို
ကိုင်မယ်ဆိုသူတွေ ရှိနေတယ်လေ။ ပြီးတော့ ပြည်သူလူထုက စစ်မှုမထမ်းချင်လို့ ပြည်ပကို တရားဝင်ကော တရားမ၀င်ကော နည်းမျိုးစုံနဲ့ ထွက်ခွာကြပါလိမ့်မယ်။ သာသနာ့ဘောင်မှာ
ရဟန်းပြုသူ သီလရှင်ဝတ်သူတွေ တိုးလာပါလိမ့်မယ်။ သာသနာ့ဘောင်ကို ဝင်ချင်လို့ဝင်တာ မဟုတ်ဘဲ စစ်မှုထမ်းရှောင်ချင်လို့ ဝင်သူတွေ တိုးလာတာလဲ သာသနာ့တော်အတွက်
မကောင်းလှပါ။ ဒီလိုနဲ့ တိုင်းပြည်ထူထောင်ရေး လုပ်အားတွေ လေလွင့်ဘို့ ရှိပါတယ်။

ဒါတွေအပြင် စစ်ဗိုလ်တွေ လုပ်သမျှက ဘက်လိုက်မှုတွေ ရှိစမြဲမို့ စစ်ထဲ မ၀င်ရတဲ့ အထူးလူတန်းစားတရပ်လဲ ပေါ်လာဦးမယ်။ အထူးလူတန်းစားအဖြစ် စစ်ထဲမ၀င်ရဘို့
လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေကလဲ များလာပါဦးမယ်။ စစ်သားစုဆောင်းဘို့ အောက်ခြေ ရပ်ကွက်ကျေးရွာတွေက အာဏာပိုင်အဆင့်ဆင့်ထိ ပါဝင်လာဦးမှာမို့
ကျေးလက်တွေမှာ အနိုင်ကျင့်မှု ပြဿနာတွေ တိုးလာမယ်။ အခုတောင် ရန်ကုန်မြို့ကနေ ၅ မိုင်လောက် ထွက်တာနဲ့ ပြည်သူလူထုကို ယူနီဖေါင်းဝတ်မှန်သမျှက (သစ်သားအတို
တချောင်းနဲ့လည်း ဖမ်းမယ်- ဆီးမယ်။ ဒီဇယ် တစ်ဂါလံနဲ့လဲ ဖမ်းမယ်- ဆီးမယ် လုပ်နေကြတာ။

ပြီးတော့ အကြောင်းတစုံတရာနဲ့ ကောင်စီရုံးကို မရောက်နဲ့။ ရဲစခန်းကို မရောက်နဲ့။ ရောက်များ ရောက်လို့ကတော့ ငါမသားခြင်း မိုးမွန်အောင် ဆဲရေးတိုင်းထွာ၊ ကိုယ့်အမေကို
သူတို့မယားအဖြစ်ဆဲရေးမယ်။ သူတို့ရဲ့ မိဘအမွေ မွေးရာပါပစ္စည်းနဲ့ တိုင်းထွာ၊ ညစ်ညစ်ညမ်းညမ်း အော်ဟစ်ဆဲဆို ခံရမယ်။ ထိုးမယ် ကျိတ်မယ်။ ကံမကောင်းရင် ကိုယ်လက်အင်္ဂါ
ထိခိုက်မယ်။ ကံဆိုးရင် အသက်ပါ ပါသွားမယ်။ ဒီလို အနိုင်ကျင့်နေကြတာ။ အခု ပြဌာန်းတယ်ဆိုတဲ့ စစ်မှုထမ်း ဥပဒေကတော့ အနိုင်ကျင့်စရာ ရမယ်ရှာလို့ရတဲ့ အကြောင်းသစ်တခု
ဖြစ်လာပါလိမ့်မယ်။

တိုင်းရင်းသားဒေသတွေမှာတော့ ပြည်မမှာထက် ပိုဆိုးရွားပါလိမ့်မယ်။ စစ်တပ်အဘို့ ပေါ်တာကိုတရားဝင်ဆွဲခွင့် လုပ်နိုင်တော့မယ်။ အဓမ္မလုပ်အားပေး မဟုတ်တော့ဘဲ တရားဝင်


စစ်သားလုပ်အားပေးတွေပေါ့။ ဒီလိုနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုကို တရားဝင်ဖြစ်အောင် လုပ်တော့မှာလား။ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ ဥပဒေကို နှစ်ပတ်ရိုက်မှာလား။

အမျိုးသမီးလေးတွေကိုရော ရှေ့တန်းစစ်မျက်နှာတွေကိုခေါ်ပြီး ဘာတွေခိုင်းစေမှာလဲ။ စစ်ဗိုလ်တွေက ဘယ်လောက် စည်းကမ်းရှိလို့လဲ။ လက်အောက်ငယ်သား စစ်သားတွေကို


ဘယ်လောက် ထိန်းသိမ်းနိုင်လို့လဲ။ သူတို့ရဲ့ကိုယ်ကျင့်တရားက ဘယ်လောက် စိတ်ချရလို့ ပြည်သူတွေက မိမိတို့ရဲ့ သမီးပျိုလေးတွေကို အပ်နှံရမှာလဲ။

အခုတောင် စစ်တပ်ထဲမှာ လင်ယောက်ျား အန္တရာယ်ရှိတဲ့ ရှေ့တန်းစစ်မျက်နှာ အမြန်ပြန်လာရဘို့ ဇနီးမယား ငယ်ငယ်ချောချောလေးတွေ အထက်အရာရှိကြီးတွေကို ဖေါ်လံဖားကြရရင်း
အသုံတော်ခံဘဝ ရောက်ကြရတဲ့ သတင်းတွေ ထွက်နေတာ လူတိုင်းသိတယ်။ နေပြည်တော် ကြပ်ပြေးက အဘကြီးတွေရဲ့ အမှောင်ခန်းကြီးတွေထဲ တပည့်တပန်းတွေက
မိန်းမပျိုလေးတွေကို (အပျို၊ အသက်၊ အတိုင်းအထွာ) နဲ့ ပို့ပေးနေကြရတဲ့ သတင်းတွေရှိတယ်။

သတင်းလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမို့ ဟုတ်တာတွေ၊ ပုတ်တာတွေ၊ ယုတ်တာတွေ မပေါ်တာ။ အမေရိကန်လိုသာ သတင်းလွတ်လပ်ခွင့်ရှိခဲ့ရင် မြာပွေလှတယ်ဆိုတဲ့ သမ္မတ
ကလင်တန်က အဘ-အဘခေါ်၊ သြချရတဲ့ အကြောင်းခြင်းရာ ဇာတ်လမ်းတွေ ထွက်လာမယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသမီးငယ်လေးတွေကို အဓမ္မဥပဒေထုတ်၊ စစ်ထဲသွင်းပြီး
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအခြေအနေတွေက မတွေးရဲစရာပါဘဲ။ မေးခွန်းထုတ်ချင်တာက တိုင်းရင်းသားဒေသတွေမှာ စစ်ဗိုလ်စစ်သားအချို့ ကျူးလွန်တဲ့ မုဒိန်းမှုတွေကို တရားဝင်
လိင်ကျွန်စနစ်နဲ့ အစားထိုးပြောင်းလဲမယ်လို့ ကြံရွယ်နေလေ သလား ဆိုတာပါဘဲ။

ပြီးတော့ သူတို့ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးမြေးတွေက စစ်မှုထမ်းရာမှာ ဘယ်ကဏ္ဍက နေမှာလဲ။ အပေါ်ဆုံးအဆင့်က လား။ အောက်ခြေကလား။ ဗိုလ်ချုပ်လား။ တပ်သားလား။
ဗိုလ်သန်းရွှေရဲ့ မြေးကို ဒု-ဗိုလ်လောက်ကနေ ဒိုင်း-ဒိုင်း-ဒိုင်းဆို အရှင်မွေး-ညကြီး ဗိုလ်ချုပ်မှူးကြီးရာထူး ပေးမှာလား။ သတ္တိရှိရင်တော့ အခုဘဲ သူတို့သားသမီတွေကို စစ်ထဲဝင်စေပြီး
ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွေးနဲ့ တိုက်ခိုင်းလိုက်ပါ။ ဗိုလ်နှုတ်ခမ်းမွေးက စောင့်နေမှာ အသေအချာဘဲ။

Saw Hla Pwal

ပြည်သူလူထုဟာ ဒါတွေအားလုံးကို တွေးရပါမယ်။ ထည့်သွင်း စဉ်းစားရပါမယ်။ ကန့်ကွက်တန်ရင် ကန့်ကွက်ကြရပါမယ်။ လမ်းထွက်တန်ရင် လမ်းထွက်ဆန္ဒပြကြရပါလိမ့်မယ်။

ဒီလို စစ်မှုမထမ်း မနေရ ဥပဒေမျိုးကို ဦးနုရဲ့ဖဆပလ အစိုးရလက်ထက်က ဦးနုအနေနဲ့ အင်အားကြီးထွားလာတဲ့ စစ်တပ်ရဲ့ပါဝါကို လျော့ချဘို့ ကြိုးစားခဲ့ဘူးပါသတဲ့။ အဲဒီအချိန်မှာ
ဦးနေဝင်းက ပြည်သူတွေ စစ်ပညာတတ်မှာ မလိုလားတာကတကြောင်း စစ်တပ်ကိုသူပိုင်အဖြစ် သီးသန့် မွေးမြူလိုတာက တကြောင်းကြောင့် လက်မခံခဲ့ဘူးလို့ မှတ်သားဘူးပါတယ်။
ထိုခေတ် ထိုအခါက စစ်တပ်နဲ့ ယနေ့စစ်တပ် မတူပါဘူး။ အဲဒီတုံးက စစ်တပ်ဟာ ဒီကနေ့ စစ်တပ်လောက် မပျက်စီးသေးပါ။ကိုယ်ကျင့်တရားတွေလဲ ဒီနေ့ခေတ်လောက်တော့ ဗလုံးဗထွေး
မဖြစ်သေးပါ။ အားလုံးကို မဆိုလိုပေမဲ့ ဒီကနေ့ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကတော့ လူထုနဲ့အလှမ်းကွာဝေးနေတဲ့ ယုံကြည်ကိုးစားလောက်သူတွေ မဟုတ်တော့တာ သေချာတယ်။

စစ်တပ်ကို ပြည်သူတွေက အသိအမှတ် ပြုခဲ့ပေမဲ့ စစ်တပ်က ပြည်သူကို အသိအမှတ် မပြုခဲ့လို့ ပြည်သူတွေ လိုလားထောက်ခံမှု လျော့ကျခဲ့ရတာကို ပြန်လည်အဖတ်ဆည်ဘို့တောင်
မလွယ်တော့ဘူး ထင်ပါတယ်။
မကြာမီ သတင်းတပတ်တခုက ပြည်တွင်းထုတ် ဂျာနယ်တခုမှာ စစ်တပ်ကို စစ်တပ်လို့ မခေါ်ကြဘို့။ တပ်မတော်လို့ ခေါ်ဝေါ်သုံးစွဲသင့်တယ်လို့ ရေးသားထားတဲ့ ဆောင်းပါးတပုဒ်တွေ့
လိုက်ရပြီး သူ့အဆိုအရ တပ်မတော်ဟာ ကမ္ဘာတည်မဲ့ အဖွဲ့အစည်းလို့လည်း ဆိုထားပြန်ပါတယ်။ စစ်တပ်ထဲ ဝင်မယ်။ စစ်တပ်က ထွက်မယ်။ စစ်တပ်ထဲ သွားမယ်။ စစ်တပ်ထဲက
လာတယ်ဆိုတာ လူအများသုံးတဲ့ အရပ်သုံးစကားပါ။ တပ်မတော်ထဲ ဝင်မယ်။ တပ်မတော်ထဲက ထွက်မယ်။ တပ်မတော်ထဲ သွားမယ်။ တပ်မတော်ထဲက လာတယ်လို့
စာဖွဲ့ပြောလောက်အောင် ပြည်သူလူထုက ရှည်ရှည်ဝေးဝေး မပြောအားပါဘူး။ ပြီးတော့ သာမန်အားဖြင့် နားလည်သိရှိထားတာက သီလ၊ သမာဓိ၊ ပညာကို အခြေခံတဲ့
အဖွဲ့အစည်းတွေသာ ရေရှည်ခံတတ်ပါတယ်။ ဒါတောင် ကမ္ဘာတော့ တည်မယ်တော့ မဟုတ်ပါဘူး။

Soldiers arrest three men along a street in Yangon, Myanmar in a continuing crackdown against pro-democracy protesters on Saturday Sept. 29, 2007. (AP
Photo)
မြတ်စွာဘုရားထားရှိခဲ့တဲ့ သာသနာတော်ကြီး သီလ၊ သမာဓိ၊ ပညာကို အခြေခံတာတောင် သာသနာ ငါးထောင်ဘဲ တည်တံ့မယ်လို့ အကြမ်းဖျင်း တွက်ဆထားကြတာပါ။ အမိန့်အာဏာကို
အခြေခံတဲ့ အဖွဲ့အစည်းတွေကတော့ ရေရှည်တည်တံ့ခိုင်မြဲတာ မကြားမိခဲ့ဘူးပါ။ မြန်မာစစ်အာဏာပိုင်တွေရဲ့ စစ်တပ်ဟာ ကမ္ဘာတည်မဲ့ အဖွဲ့အစည်းဆိုတော့ (တယ်ဆိုတဲ့ စာပါလား) လို့
အောက်မေ့မိတယ်။ ပြီးတော့ အာဏာနဲ့ တည်ဆောက်တဲ့ ဘယ်အုပ်ချုပ်သူရဲ့ ဘယ်စစ်တပ်များ ကမ္ဘာတည်သလဲ ပြန်ဆန်းစစ် ကြည့်မိပါတယ်။

ခေါမတပ်လဲ ပျက်။ ရောမတပ်လဲ ပျက်။ ဂျင်ဂျစ်ခန်ရဲ့ မွန်ဂို တပ်ကြီးလဲ ပျက်။ နာဇီိတပ်လဲ ပျက်။ ဖက်ဆစ်တပ်လဲ ပျက်။ အနော်ရထာရဲ့ တပ်လဲ ပျက်။ ဘုရင်နောင်ရဲ့ တပ်လဲ ပျက်။
အလောင်းဘုရားရဲ့ တပ်လဲ ပျက်။

ကမ္ဘာ့သမိုင်း၊ မြန်မာ့ သမိုင်းတွေထဲက ကျော်ကြားလှတဲ့ စစ်တပ်ကြီးတွေတောင် ပျက်ကြပါလျက် ဗိုလ်နေဝင်းတို့ ဗိုလ်စောမောင်တို့ ဗိုလ်သန်းရွှေတို့ရဲ့ စစ်တပ်ကျမှ ကမ္ဘာတည်မဲ့
အဖွဲ့အစည်းဆိုတော့ လူတွေကြားရင် ရယ်ချင်ပြီး ခွေးတွေကြား တကယ်ထင်ကုန်ပါ့မယ်။

သူပြောသလို တကယ်သာ ကမ္ဘာတည်ခဲ့ရင်တော့ ကမ္ဘာတည်မယ်လို့ ဟောကိန်းထုတ်ပြောဆိုခဲ့တဲ့ ဆောင်းပါးရှင်ကို ကမ္ဘာလဆန်း တရက်နေ့အထိ စောင့်ပြီး တော်လွန်းလိ
(၅၀ု့ ကျပ်တန်
တုံတုံ ငပိထောင်း တဘူး) အပြင် အပိုဆုအဖြစ် လေမျိုးရှစ်ဆယ် လျက်ဆားတထုတ်ပါ ဆုချလိုက်ဦးမယ်။

ငပိထောင်းက စစ်အစိုးရနံ့ ထောင်းထောင်းထနေတဲ့ သူ့ဆောင်းပါးတွေကို ပြည်သူတွေ စားနေရတဲ့ ငပိနံ့လေး သင်းလာစေချင်လို့။ လေမျိုးရှစ်ဆယ် လျက်ဆားကတော့ ဆောင်းပါးတွေ
လေကျယ်ကျယ်နဲ့ ဆက်ရေးနိုင်အောင်လို့ပါ။ မေတ္တာနဲ့။

မေတ္တာနဲ့။ တခုတော့ ရှိတယ်။ ဆောင်းပါးရှင်ရဲ့အဆိုဟာ အမေရိကတိုက်က မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်နဲ့ တိုက်ပြီး ပြောတာဆိုရင်တော့ ဖြစ်နိုင်တယ်။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်က
၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ် ဆိုထားတာကိုး။ ဒီလိုဆိုရင်တော့ စစ်အစိုးရရဲ့ ကမ္ဘာကျဉ်းကျဉ်းကလေး ၂၀၁၂ ခုနှစ်မှာ ပျက်မယ်ဆိုတာ ဖြစ်နိုင်တယ်။

တကယ်ကတော့ မြန်မာစစ်တပ်ဟာ ပြည်သူကို ခိုင်ခိုင်မြဲမြဲ အမြစ်ကုပ် တွယ်ထားနိုင်တာ မရှိတော့လို့ ဟန်သာရှိပြီး မြေကုပ်အားမရှိတဲ့ ဧရာမညောင်ပင်ကြီးတွေ ပြိုလဲသလို
လေပြင်းတချက် ရမ်းတာနဲ့ ပြိုတော့မယ်။ နာဂစ်တုံးက ယောက်ျားကြီး ၃-၄ ယောက်လောက်ဖက်လုံးရှိတဲ့ ညောင်ပင်ကြီးတွေ အပေါ်ပိုင်းက အကိုင်းတွေ စည်လေလေ အရွက်တွေ
ဝေလေလေ။ တခြားတခြား အပင်တွေထက် ပျိုလဲလေလေ ဖြစ်သွားကြတာ မှတ်မိကြမယ် ထင်ပါတယ်။

အခု မြန်မာစစ်တပ်ကြီးကလဲ ဗိုလ်ချုပ်ကြီးတွေ ဒေါ်လာသန်းထောင်ချီ ချမ်းသာပြီး အကိုင်းတွေ ဝေပါရဲ့။ သူတို့နဲ့ အဆွေအမျိုးတွေ လုပ်ပိုင်ခွင့်တွေနဲ့ အရွက်တွေ ဝေပါရဲ့။ အောက်ခြေက
ဆွေးပြီး ပြည်သူဆိုတဲ့ မြေကြီးကို ကုပ်တွယ်မထားနိုင်တော့လို့ ပြိုတော့မယ်။ ပျက်တော့မယ်။ ဗိုလ်သန်းရွှေတို့အဖွဲ့ ဇာတ်ကျောရှည်လေလေ၊ ဇာတ်ဆွဲလေလေ စစ်တပ်က တအိအိပြိုဆင်း
ပျက်ယွင်းလေလေ ဖြစ်တော့မယ်။
ပြည်သူတွေက စစ်တပ်အပျက်ကို ဘယ်လိုလက်ခံကြမလဲ။ ခေါင်းပိုင်းကို ဘယ်လိုကိုင်မလဲ။ အောက်ခြေကို ဘယ်လို စုစည်းမလဲ။ အခုနေတော့ တပိုင်းတစ ပျက်ထွက်လာတဲ့
စစ်တပ်အောက်ခြေက စစ်ပြေးကလေးတွေကို နယ်စပ်တွေမှာ စခန်းဖွင့်လက်ခံတာမျိုး ဆောင်ရွက်နိုင်ရင် ကောင်းမယ်။ လုံးဝ လုံးဝ ပျက်ပြီဆိုချိန်မှာ အောက်ခြေက လက်နက်ကိုင် စစ်သား
အဆင့်ဆင့်ကို ဓားပြတွေ သူခိုးတွေ ဂျပိုးတွေ ဖြစ်မသွားအောင် ဘယ်လို စုစည်းလက်ခံကြမလဲ။
နေစရာ၊ စားစရာ၊ အသက်မွေးမှု ကောင်းရောင်းကောင်းဝယ် အတတ်ပညာတွေ ဘယ်လို စီမံပေးကြမလဲဆိုတာ အဆင်သင့်ကို စဉ်းစားထားသင့်ပြီ။ ပြည်သူတွေ တည်ဆောက်မဲ့
နိုင်ငံသစ်မှာ သူတို့လဲ သူ့နေရာနဲ့ သူတော့ ပါဝင်သင့်တယ် မဟုတ်ပါလား။

မမခင်
12.1.11 (5.00 pm)

http://www.yoma3.org/?p=1837

Posted in ဆောင်းပါး by ရဲရင့်(ကနေဒါ)

စစ်ခေါင်းဆောင်များအား ပစ်မှတ်ထား ပိတ်ဆို့မှုNLD ဆက်လက်ထောက်ခံ

ခင်ဦးသာ Monday, 17 January 2011 17:26

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက် ဆောင်ရွက်ရန် ထောက်ခံသော်လည်း စီးပွားရေးနှင့် သက်ဆိုင်သည့်
တခြားပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် တောင်းဆိုရန် ပြန်လည် စဉ်းစားနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြောသည်။

“ကျနော်တို့ NLD အနေနဲ့လည်း စုံစမ်းဖို့ ပြင်ဆင်နေပါတယ်။


ပြည်သူတွေကို တကယ် ထိခိုက်တာတွေရှိရင် ပိတ်ဆို့မှုတွေကို
ရုပ်သိမ်းပေးဖို့ ကိစ္စကို ကျနော်တို့လည်းပဲ တောင်းဆိုရမယ်” ဟု NLD
ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန်


အာဆီယံအဖွဲ့၏ တောင်းဆိုမှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု
ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ


လိုက်ပြီးတော့ တောင်းဆိုတာသာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ ကျင်းပနေသော အာဆီယံနိုင်ငံခြားရေး


ဝန်ကြီးများ အစည်းအဝေးအပြီးတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ
တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa
နှင့်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက မြန်မာနိုင်ငံအပေါ်
အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု
ရုပ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဝ ( -)
အာဆီယံ၏ တောင်းဆိုမှုသည် အခြေအမြစ်မရှိသော
လုပ်ရပ်သာဖြစ်ကြောင်း၊ အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများအား ထိခိုက်မှု မရှိဘဲ စစ်အစိုးရနှင့် အပေါင်းပါများကိုသာ ထိခိုက်ကြောင်း၊ စီးပွားရေး
ပိတ်ဆို့မှုသည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လိုအပ်သော အရာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

စီးပွားရေးပိတ်ဆို့ထားမှုသည် လူ့အခွင့်ရေးချိုးဖောက်ခြင်း၊ ပြည်သူများအား ဖိနှိပ်ခြင်း စသည့်အကြောင်းအရာများကြောင့် ကမ္ဘာ့ထုံးစံအတိုင်း လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊


၎င်းတို့အနေဖြင့် ဖိတ်ခေါ်ထားခြင်း မဟုတ်ကြောင်း၊ စစ်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေးကို လက်တွေ့ကျကျ အပြောင်းအလဲ လုပ်ဆောင်ပါက စီးပွားရေး ပိတ်ဆို့မှုသည် တောင်းဆိုစရာ
မလိုဘဲ ကွယ်ပျောက်သွားမည့် အရာသာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိတ်ဆို့မှုတွေကြောင့် ဒီမိုကရေစီနဲ့ ပတ်သက်လို့ ထိရောက်တာတွေရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်ခံတာပါ” ဟုလည်း ဦးဝင်းတင်က ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လုပ်ဆောင်နေသည့်အပြင် နိုင်ငံရေး အခြေအနေ ပြောင်းလဲ တိုးတက်မှု များရှိလာ၍ စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားရေး၊
လျှော့ပေါ့ရေး တို့ကို လုပ်ဆောင်ပေးရန် အမေရိကန်အစိုးရနှင့် အနောက်နိုင်ငံများကို အာဆီယံအဖွဲ့က တောင်းဆိုခဲ့သည်။

အာဆီယံအဖွဲ့က မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်များ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အဓိကထား


လုပ်ဆောင်ရန်အတွက် နအဖ စစ်အစိုးရအားတောင်းဆို ထားသည်။

အာဆီယံအဖွဲ့ကဲ့သို့ပင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများကလည်း ကြေညာချက်တခု ထုတ်၍ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရေးအတွက် ဇန်န၀ါရီလ ၁၅
ရက်နေ့က တောင်းဆိုခဲ့သည်။

“ပိတ်ဆို့ထားတဲ့ အထဲက စီးပွားရေးနဲ့ ပတ်သက်တာတွေကို ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်တာပါ။ စီးပွားရေး ရင်းနှီးမြှုပ်နှံတာတွေက ပြည်သူတွေကို ထိခိုက်လို့ တောင်းဆိုတာပါ” ဟု
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ က ဧရာဝတီကို ပြောသည်။
တောင်းဆိုခဲ့ကြသည့် တိုင်းရင်းသားပါတီများမှာ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် SNDP၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊
ဖလုံ-စဝေါ်ပါတီ နှင့် ချင်းအမျိုးသားပါတီ တို့ဖြစ်သည်။

စီးပွားရေးပိတ်ဆို့ထားမှု ဖယ်ရှားရေးသည် စစ်အစိုးရ အပေါ်၌ အဓိကမူတည်နေကြောင်း၊ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် ဒီမိုကရေစီကျသော လမ်းစဉ်ကို လက်တွေ့ကျင့်သုံးရန် လိုကြောင်း၊
လာမည့်လွှတ်တော်သည် ယူနီဖောင်းချွတ် စစ်ဗိုလ်များ၏ အမိန့်အတိုင်း မဖြစ်သင့်တော့ကြောင်း၊ ဒီမိုကရေစီ လမ်းစဉ်ကို လိုက်နာသော လွှတ်တော်သာ ဖြစ်သင့်ကြောင်း မွန် ဒေသလုံး
ဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုသည်။

ရွေးကောက်ပွဲအနိုင်ရ ပါတီများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုကြောင့် မည့်သည့်အရာများက ပြည်သူများအား တိုက်ရိုက်ထိခိုက် နစ်နာစေသည် ဆိုသည့် အချက်ကို ဦးစွာ
လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှု များရှိပါက အချက်အလက်များကို စနစ်တကျ ပြုစု၍ တောင်းဆိုသင့်ကြောင်း ဦးဝင်းတင်က ပြောသည်။

လွှတ်တော်အတွင်း လွတ်လပ်စွာ ပြောဆိုခွင့် ဥပဒေဖြင့် ပိတ်ပင်ထား

ဧရာဝတီ Monday, 17 January 2011 16:51

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်များကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး
လွှတ်တော်အတွင်း လွတ်လပ်စွာပြောဆိုခွင့်၊ ဆွေးနွေးခွင့်များကို ပိတ်ပင်ထားကြောင်း သိရှိရသည်။

စစ်အစိုးရ၏ လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄ တွင် လွှတ်တော်


ကိုယ်စားလှယ်များဆိုင်ရာ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ကျင့်ဝတ်နှင့်
စည်းကမ်းများ၊ ရပိုင်ခွင့်နှင့် အခွင့်အရေး စုစုပေါင်း အချက် ၂၃ ချက်ကို
ပြဋ္ဌာန်းထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တို့တာဝန် အရေးသုံးပါးကို
စောင့်ရှောက် ရမည်ဆိုသော အချက်ကိုအဓိက ပြဋ္ဌာန်းထားသည်။

“အခုထွက်လာတဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို


ဖတ်လိုက်ပြီးတဲ့ အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့
လွှတ်တော်ထဲမှာ သိပ်လုပ်နိုင်ဖို့ လမ်းမမြင်ဘူး။ ကြီးကြီးမားမား ထင်သာ
မြင်သာတဲ့ အပြောင်း အလဲကြီးတွေကို ဖော်ဆောင်ခွင့် ရဖို့ တကယ့်ကို
မလွယ်ဘူး” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်များတွင် ဖွဲ့စည်းပုံ


အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း၊
ပြည်ထောင်စု အကျိုးစီးပွားကိုသာ အဓိကထားပြီး လွှတ်တော်သို့
ဥပဒေကြမ်းများ၊ အဆိုများ တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံသားများ၏
မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊
နိုင်ငံတော်နှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်များကို
( -) ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှတ်တော်က ပေးအပ်သော
တခြားတာဝန်များကို ထမ်းဆောင်ခြင်း ဟူသော အချက် ၅
ချက်ပါဝင်ကြောင်း လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၉ တွင် ဖော်ပြထားသည်။

စစ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်များကို တင်းကျပ်သော ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး ထိန်းချုပ်ထားသောကြောင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း
အတွက် လွှတ်တော်အတွင်းမှ အဖြေရှာရန် မျှော်လင့်ချက် နည်းသွားပြီဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀န်းက ဝေဖန်နေကြသည်။

“တိုင်းပြည်နဲ့ လူမျိုးအတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းက လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ အခုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်မှ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်
ရှိမယ်ဆိုတာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ ပြဋ္ဌာန်းချက်ပဲ။ ပြည်သူ့မျက်နှာကိုပဲကြည့်ပြီး အလုပ်လုပ်မယ်ဆိုရင် ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စတွေရှိလာနိုင်တယ်။ ဥပမာ- စစ်မှုမထမ်း
မနေရ ဥပဒေလိုဟာမျိုးတွေပေါ့။ လက်ရှိအခြေအနေက ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင်တွေတောင်မှ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် မရဘူး။
လုပ်ပိုင်ခွင့်မရှိဘူး” ဟု အဆိုပါ ၀ါရင့် နိုင်ငံရေးသမားကြီးက ထောက်ပြသည်။

လွှတ်တော် ကိုယ်စားလှယ်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများတွင်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးတို့ကို လိုက်နာစောင့်ထိန်းရမည်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဥပဒေနှင့် တည်ဆဲ ဥပေဒများပါ ပြဋ္ဌာန်းချက်များကို လိုက်နာ စောင့်ထိန်းရမည်ဆိုသော အချက်များကို
ထပ်မံထည့် သွင်းဖော်ပြထားသည်။

“ဥပဒေရဲ့ ပုဒ်မတိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ပါမယ်၊ ဥပဒေကို စောင့်ရှောက်ပါမယ်ဆိုတဲ့ အချက်က ထပ်ခါထပ်ခါ ပါနေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ
လွှတ်တော်အတွင်းမှာ မေးခွန်း ထုတ်မယ်ဆိုရင်တောင်မှ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေမယ့်
မေးခွန်း မဟုတ်ရဘူး ဆိုပြီး ပုဒ်မ ၁၁၃ (က) မှာ ပြဋ္ဌာန်းထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်ညှိုးထောင် ခေါင်းညိတ် လုပ်ဖို့ပဲရှိတော့တယ်” ဟု ရန်ကုန်တရားရုံးချုပ်
ရှေ့နေတဦးက သုံးသပ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ အပါအ၀င် မည်သူမဆို သတ်မှတ်ထားသော လွှတ်တော်ပရ၀ဏ်အတွင်း ဆန္ဒပြခြင်း သို့မဟုတ် တနည်းနည်းဖြင့် ဆူပူနှောင့်ယှက်ခြင်း၊ လွှတ်တော်
အစည်းအဝေး ခန်းမတွင် အနှောင့်အယှက်ပေးခြင်း၊
လျှို့ဝှက် ထိန်းသိမ်းရမည့် လွှတ်တော်ဆိုင်ရာ အချက်အလက်များ ပြင်ပသို့ပေါက်ကြားခြင်း အပါအ၀င် တားမြစ်ချက်များ ဖောက်ဖျက်ပါက အနည်းဆုံးထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ်
ကျပ်တသိန်းဖြစ်စေ၊ အများဆုံးထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ် ကျပ် ၂ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပုဒ်မ ၅၂ နှင့် ၅၃ တွင်ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော် အစည်းအဝေးများ၌လည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်သော၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိခိုက်သော
စကားပြောဆိုခြင်းမပြုရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်၏ အစဉ်အလာများ၊ ထုံးတမ်းများကို ဖောက်ဖျက် ကျူးလွန်ခြင်းများမပြုရ၊ ကြိုတင်ပြုစုလာသော
စာတမ်းကို ဖတ်ကြား တင်သွင်းခြင်း မပြုရ ဆိုသော အချက်များ အပါအ၀င် စည်းကမ်းချက် စုစုပေါင်း ၁၃ ချက်ကို ဖောက်ဖျက်ပါက ဖောက်ဖျက် သော လွှတ်တော်ကိုယ်စားလှယ်ကို
သတိပေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အစည်းအဝေး တက်ခွင့်ပိတ်ခြင်း အပြင် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားပါက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အရလည်းကောင်း၊
ပြစ်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေအရ လည်းကောင်း အရေးယူမည်ဖြစ်ကြောင်း လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ ပုဒ်မ ၂၈၊ ၂၉ တို့တွင် ဖော်ပြထားသည်။

ဝါရင့် သတင်းစာဆရာ တဦးကမူ စစ်အစိုးရက လမ်းပြမြေပုံအရ ဖြစ်ပေါ်လာသော အစိုးရသစ်နှင့် လွှတ်တော်စနစ်သည် အတုအယောင် ဒီမိုကရေစီအစိုးရနှင့် လွှတ်တော်စနစ်သာ
ဖြစ်သည်ဟု ပြောသည်။

“ရွေးကောက်ပွဲမှာလည်း မဲလိမ်မဲခိုးမှုတွေ အများကြီးဖြစ်ခဲ့တယ်။ ဥပေဒကလည်း ဗိုလ်ချုပ်တွေ စိတ်ကြိုက် ရေးထားတဲ့ဥပဒေ။ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရလည်း
ပေါ်ထွန်းမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက လွှတ်တော်အမတ်နေရာ ၁၁၅၄ နေရာရှိသည့်အနက် ၈၈၂ နေရာ အနိုင်ရရှိခဲ့ သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။

ကရင်ပြည်နယ် တိုက်ပွဲ နအဖ လက်နက်ကြီးများ ဆက်သုံး

ဧရာဝတီ Monday, 17 January 2011 19:06


ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသော တပတ်ကျော်ရှိ တိုက်ပွဲများတွင် နအဖ တပ်များက လက်နက်ကြီးများကို အသုံးပြု၍ ဆက်လက်
ပစ်ခတ်နေကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်မဟာ ၅ နှင့် ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်ဖွဲ့ဝင်များက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း KNU ဌာနချုပ် အဟောင်းဖြစ်သည့်


ကရင်ပြည်နယ် မာနယ်ပလော ဒေသ အပါအ၀င် ကစောဝါးလေး၊ နုဒေး၊
ဝေါ်လေနှင့် ဖလူး ဒေသများ၌ နအဖ တပ်များနှင့် တိုက်ပွဲများ
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု DKBA အရာရှိ တဦးက ပြောပြသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ


မယ်လဦး ဒုက္ခသည် စခန်းအနီးသို့ လက်နက်ကြီး ကျည်များ
ကျရောက်သည့် အတွက် စခန်းတွင်းရှိ ဒုက္ခသည်များ အထိတ်တလန့်
ဖြစ်ကြရကြောင်း သိရသည်။

“မနေ့ ညက ၉ နာရီ ခွဲလောက်ကနေ ၁၀ နာရီ ခွဲလောက်အထိ


လက်နက်ကြီး ကျည်တွေ ဒုက္ခသည် စခန်းအနီးကို ကျပြီး ပေါက်ကွဲတယ်၊
ဒါပေမယ့် ဒဏ်ရာရတဲ့လူတော့ မကြားဘူး၊ ဒုက္ခသည်တွေကတော့ အဲဒီ
ကျည်တွေ ပေါက်ကွဲရင် ရှောင်ဖို့ အဆင်သင့် ထုပ်ပိုး ထားကြတယ်”ဟု
DKBA အရာရှိက ဆိုသည်။

DKBA က ၎င်းတို့ကို စစ်ကူပေးရန် တောင်းသည့်အတွက် KNLA


တပ်မဟာ ၅ ကို စစ်ကူပို့ပေးမည် ဟုလည်း KNU က ပြောသည်။
- ( -၀ )
လက်နက်ကြီးကျည် ပေါက်ပွဲမှုကြောင့် ဒဏ်ရာရ သေဆုံးစာရင်းကို
အတည်ပြု၍ မရသေးကြောင်း၊ နအဖ ဘက်က ဒဏ်ရာရသူများကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သယ်ယူသည်ဟု သိရကြောင်း KNU က ဆိုသည်။

တချိန်တည်းတွင်ပင် ယမန်နေ့က ကော့ကရိတ်မြို့နယ် ဖလူး ဒေသကို ဖြတ်သွားသည့် ရှေ့တန်းသို့ ပို့ရန် စစ်လက်နက် ပစ္စည်းများနှင့် အထောက်အပံ့များ သယ်ဆောင်လာသော နအဖ
တပ်မှ ကား၂ စီးကို DKBA က မိုင်းခွဲ တိုက်ခိုက်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်း စစ်မျက်နှာသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်၍ နအဖ တပ်များ ထပ်မံ ပို့ဆောင်နေကြောင်း လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူ တဦးက
ဆိုသည်။

“ကား အစီး ၅၀ လောက်ရှိမယ်၊ ကြာသပတေးနေ့ကတည်းက ကော့ကရိတ်ကို ပို့တာ၊ ရခိုင်ဘက်က တပ်တွေလို့ သိရတယ်၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေတဲ့”ဟု ၎င်းက ဆိုသည်။

နအဖ က တပ်များကို ယခုကဲ့သို့ ရွှေ့ပြောင်းမှု ပြုလုပ်နေခြင်းအား နားမလည်နိုင်ကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“အခုလို နအဖ ဘက်က စစ်ကူတပ်တွေပို့နေတာဟာ DKBA တပ်တွေကို အပြီးသတ်ရှင်းလင်းဖို့လား၊ ဒါမှ မဟုတ် လုပ်ရိုး လုပ်စဉ် အတိုင်း တပ်တွေအပြောင်းအလဲ လုပ်တာလား ဆိုတာ
စောင့်ကြည့်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း
လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည့်အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာ အင်းဆိပ်ကြီး မြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA
တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွားများကို ခြင်းလုံးဖြင့် ဆွဲဆောင်မည်

ဟိန်းဇော် Monday, 17 January 2011 14:03

ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် အနေဖြင့် ပထမဆုံးအကြိမ် မြန်မာ့ရိုးရာ ခြင်းလုံး အားကစား ပြိုင်ပွဲကို မန္တလေးတိုင်း ပုဂံ - ညောင်ဦး ၌ ဇန်န၀ါရီလ ၂၆ ရက်မှ ၃၀ ရက်အထိ
ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က ပြောသည်။

“ပုဂ-ံ ညောင်ဦးဒေသမှာ ကျင်းပမယ်။ နောက်ပြီး လာမယ့် ၂၀၁၃ မှာ


မြန်မာက လက်ခံ ကျင်းပမယ့် ဆီဂိမ်းမှာလည်း
ထည့်သွင်းဖို့စီစဉ်နေတယ်”ဟု မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်
အတွင်းရေးမှူး ဦးရဲအောင်က ပြောပြသည်။

ကမ္ဘာလှည့် ခရီးသွား အများအပြား လာရောက်လေ့ရှိသော ပုဂ-ံ ညောင်ဦး


ဒေသ ရွှေစည်းခုံဘုရား အနီးရှိ ဘောလုံးကွင်း အတွင်း ယင်း
ခြင်းခတ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ
ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ် ကြောင်း
သိရသည်။

“နိုင်ငံတကာကို မြန်မာခြင်းလုံး ရိုးရာအားကစားနည်းကို ချပြခြင်တာလည်း


ပါတာပေါ့နော်။ နောက်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း
တမျိုးဖြစ်တာကြောင့်ပါ”ဟု ဟိုတယ် လုပ်ငန်းရှင်တဦးက ဆိုသည်။

မြန်မာနိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်သော လာမည့် ၂၀၁၃ ခုနှစ်


ဆီဂိမ်းပြိုင်ပွဲတွင်လည်း မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းကို
ထည့်သွင်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။
၀၀၀၀ ၀ စစစစစစစစစစစစစစစစ စစစစစစစစ ဝြ
မြန်မာ့ ရိုးရာ ခြင်းခတ်ပြိုင်ပွဲကို မန္တလေးမြို့ မဟာမြတ်မုနိဘုရား
( - nge-naing.blogspot.com)
မြောက်ဘက်မုခ်ရှိ ခြင်းလုံး အားကစားရုံတွင် နှစ်စဉ် ဝါဆိုလ တိုင်း
ပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့်၂၀၁၀ ပြည့်နှစ်အတွင်းက ရွှေဘိုမြို့၌လည်း မြို့အလိုက် ကျင်းပခဲ့သည်။

“မြန်မာ့ရိုးရာခြင်းလုံးကို အခုဆို တော်တော်လေးစိတ်ဝင်စားမှုရှိလာတယ်။ အဖွဲ့ချုပ် တခုတည်းသာမဟုတ်ဘူး အာကစားဝန်ကြီး ဌာန အနေနဲ့လည်း ဒီကစားနည်းကို အားပေးသင့်တယ်။
ဒီကစားနည်းက အပေးအယူ မျှမျှတတနဲ့ ကစားရတာဆိုတော့ ဒီမို ကရေစီ ဆန်တယ်” ဟု ရိုးရာခြင်းလုံးကစားခြင်းကို လေ့လာလိုက်စားသူတဦးက ပြောသည်။

ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ငြင်းခုန်မှုများ ရှိနေကြပြီး တချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ကြောင်း၊ တချို့က ပို၍
နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်း လက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေ မင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုကြောင်း
သမိုင်းမှတ်တမ်း တချို့တွင်ဖော်ပြ ထားသည်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစားမှာ ၀ိုင်းဖွဲ့ကစားခြင်းဖြစ်သည်။ ကစားနည်းအနေနှင့် ခြင်းကြီး ၁၀ မျိုးရှိရာ မဟာ၊ မဟာဒူး(ဂုမ္ဘာဏ)် ၊ ၀ိုက်ကြီး၊ စလွယ်ကြီး၊ တည့် ဖ၀ါး၊ တည့် ဖနောင့်၊ မဟာ
ညွန့်၊ ညွန့်ဒူး၊ နဂါးပတ်ဖ၀ါး၊ နဂါးပတ်ဖနောင့်တို့ ဖြစ်ကြောင်း၊ အသစ်ပြန် လည် တီထွင်ထားသော ကစားနည်း ခြင်းပေါက်များမှာ သမင်လည်ပြန်ဖနောင့်၊ မြင်းစီးဖနောင့်၊ လျှပ်ဒူး၊
မန္တလာခြေဖျား၊ လေ၀ဲ စသည်တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တဦးချင်းအနေဖြင့် ခြင်းလုံး အလှပြ ကစားခြင်းလည်း ရှိသေးသည်။

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ(၁၈၈၅-၁၉၄၈)က ခြင်းလုံး ကစားနည်းကိုလည်း အမျိုးသားရေး လက္ခဏာ တရပ်အဖြစ် အားပေးမြှင့်တင်ခဲ့ကြကြောင်း၊ ၁၉၁၈
ခုနှစ်တွင် ခြင်းလုံးဆရာဖြစ် သင်တန်းများစတင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြား၌ လည်း ခြင်းလုံးအသင်းများပေါ်ပေါက် လာခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

NGO များ ငွေသုံးစွဲမှု စစ်ဆေး အရေးယူရန် ပြင်ဆင်

နရီလင်းလက် Monday, 17 January 2011 17:05

ပြည်တွင်းရှိ မြန်မာနိုင်ငံသားများ တည်ထောင်ထားသည့် အစိုးရမဟုတ်သော NGO အဖွဲ့များ၏ ငွေကြေး သုံးစွဲမှုများနှင့် ပတ်သက်၍ အာဏာပိုင်များက စစ်ဆေး အရေးယူသွားရန်
ပြင်ဆင်နေ သည်ဟု သိရသည်။

ယင်းကဲ့သို့ စစ်ဆေး အရေးယူမှုများကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲမှူးကြီး စစ်အေး ဦး ဆောင်သည့်အဖွဲ့က ကိုင်တွယ် ဆောင်ရွက်သွားမည်
ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိ တဦးက ဧရာဝတီကို ပြော သည်။

၎င်းက“အာဏာပိုင်တွေ က တရားမ၀င် ငွေကြေးကိုင်တွယ် သုံးစွဲတဲ့ ဥပဒေနဲ့ ငြိမငြိ စစ်မှာဆိုတော့ လူမှုရေးအဖွဲ့အစည်းတွေ က စာရင်းရှင်းတမ်းမပြနိုင်ရင် ထောင်ထားတဲ့
ကိုယ့်အဖွဲ့အစည်း အဖျက်ခံရမှာပေါ့။ အဓိက ပြည်တွင်းမှာ ကိုယ့်ဟာကိုယ် ထောင်ပြီး ဖွဲ့ထားတဲ့ NGO အသေးစားလေးတွေကို ရည်ရွယ်ချင်တာ”ဟု ဆက်ပြောသည်။

NGO တခုမှ ၀န်ထမ်းတဦးကလည်း“NGO နဲ့ INGO လို့ ခေါင်းစဉ်တပ်ပေမယ့် World vision တို့လို နိုင်ငံတကာ အဖွဲ့တွေကို တော့ ဒီလို သွားလုပ်လို့မရဘူး။ ပြည်တွင်းက ကိုယ့်
မြန်မာနိုင်ငံသားတွေ ဦးဆောင်ပြီးထောင်ထားတဲ့ဟာမျိုးတွေကိုပဲ ကျပ်ချင် ကျပ်လို့ရမယ်”ဟု ပြောဆိုသည်။

“ဘယ်လောက် ငွေကြေးပမာဏ ထောက်ပံ့လဲ။ ဘယ်လိုနည်းနဲ့ ငွေကြေးကို လက်ခံထားတာလဲ။ ဥပမာ- နိုင်ငံခြားငွေကြေး ကို လက်ခံတဲ့ ဘဏ်စာရင်း ဖွင့်ထားပြီး
တရားဝင်ငွေလွှဲပြောင်းတာ မဟုတ်ဘဲ တခြားတနေရာကနေ ရောက်လာတဲ့ ငွေကြေး ဆို အာဏာပိုင်တွေဘက် က အရေးယူလို့ရတဲ့ အပိုင်းတွေရှိတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

လူမှုရေး အဖွဲ့အစည်းများဘက်မှ စာရင်းရှင်းတမ်းများ မပြနိုင်ပါက အဖွဲ့အစည်းကို ဖျက်သိမ်းခိုင်းရန် နှင့် အဖွဲ့ အစည်းခေါင်း ဆောင်အား တရားမ၀င် ငွေကြေး အက်ဥပဒေနှင့်
အရေးယူသွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ လုပ်ရပ်သည် ရွေးကောက်ပွဲကာလက နိုင်ငံရေးပါတီများအား ငွေကြေးထောက်ပံ့ခဲ့သည့် NGO အဖွဲ့များကို ပစ်မှတ် ထား ပြုလုပ်ရန် ပေါ်ပေါက်လာသည့် အစီအစဉ်တခု
ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နီးစပ်သူ တဦးက ပြောသည်။

“နိုင်ငံရေးအမြင်တွေ ဘာမှ မပြောချင်ပေမယ့် လူမှုရေးအဖွဲ့အစည်းကို ဘယ်သူက ဦးဆောင်ဦးဆောင်၊ ဘယ်လိုနည်းနဲ့ ရ လာ တဲ့ ပိုက်ဆံနဲ့ လုပ်လုပ် ကောင်းတဲ့လုပ်ရပ်လေ။ ဒီအတွက်
အာဏာပိုင်တွေဘက်က ကိုယ်မလုပ်ပေးနိုင်ရင်တောင် အားပေးဖို့ တော့လိုတယ်။ အခုဟာက လူမှုရေးအဖွဲ့တွေ နည်းပါးပြီး ကူညီတဲ့သူတွေ လျော့အောင် လုပ်နေသလိုဖြစ် နေတယ်”ဟု
လူမှုရေး အဖွဲ့ တည်ထောင်ထားသည့် လူငယ်တဦးက ပြောသည်။

ပြည်တွင်း NGO တခုဖြစ်သည့် Myanmar Egress အဖွဲ့သည် ရွေးကောက်ပွဲကာလက NDF ပါတီကို ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး လူမှုကူညီရေး အသင်းအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ယခုအခါ တရားဝင် NGO အဆင့် မရောက်ရှိသေးသည့် လူထုအခြေပြု လူမှုရေး အဖွဲ့
များစွာရှိနေပြီး ထိုအဖွဲ့များသည် INGO များ၊ အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ်သံရုံးများတွင် ငွေကြေးထောက်ပံ့ရေး သဘောတူညီချက်များ ရယူခြင်း၊ ဈေးပွဲတော်များ ကျင်းပ၍
ရန်ပုံငွေရှာခြင်း၊ ပြည်ပရောက် မြန်မာများ၏ လှူဒါန်းငွေများ လက်ခံခြင်းတို့ဖြင့် ရပ်တည်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် မသက်ဆိုင်သည့်၊ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသည့် နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ က ဦးစီး တည်ထောင်ခဲ့သည်။

နာရေးကူညီမှု အသင်းကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ရန်ကုန်မြို့ ဈာပနလုပ်ငန်းများကို အခမဲ့ ကူညီ လျက်ရှိပြီး ၎င်းတို့ကဲ့သို့ ရပ်တည်လှုတ်ရှားကူညီနေသည့် NGO
အဖွဲ့ များစွာရှိနေသည်။

မလေးရှားရှိ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ

ဟိန်းသူ Monday, 17 January 2011 17:03

မလေးရှားနိုင်ငံ မာလာကာမြို့ရှိ တာမန်မာလင်ပါမိုင်း ရပ်ကွက်တွင် မြန်မာ အမျိုးသမီး ၂ ဦး ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ က အသတ်ခံရကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ် မညွန့်ညွန့် ဆိုသော မီလာကာဆင်ထရယ်ရှိ စားသောက်ဆိုင်ပိုင်ရှင်နှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် ၃၁ နှစ်ရှိ မသော်သော်ညို ဟု ဆိုသည့် အမျိုးသမီး၂
ဦး အသတ်ခံရခြင်းဖြစ်ကြောင်း မလေးရှားစတား သတင်းစာတွင် ဖော် ပြထားသည်။

ပြည်နယ် မှုခင်းရေးရာ စုံစမ်းစစ်ဆေးရေး လက်ထောက်ညွှန်ကြားရေးမှူး ရာဂျာအဒူလတ်(Raja Abdullah)က မိမိတို့ ရဲတပ်ဖွဲ့မှ မှုခင်းဖြစ်သည့်နေရာအား စစ်ဆေးရာ လက်နက်အဖြစ်
အသုံးပြုခဲ့သော ဓားတလက်နှင့် တူတချောင်းတွေ့ ရှိသည်ဟု ပြောသည်။

မညွန့်ညွန့်၏ ရုပ်အလောင်းကို နေအိမ်၏ ဧည့်ခန်းတွင် တွေ့ရခြင်းဖြစ်ပြီး အလုပ်သမားဖြစ်သူ၏ ရုပ်အလောင်းအား မီးဖိုချောင် အတွင်း တွေ့ရှိခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အသက် ၅ လသားအရွယ် သမီးငယ်လေးတဦးကို နေအိမ်၏ ပထမထပ်တွင် တွေ့ရှိသော်လည်း မည်သည့်ဒဏ်ရာမှ မတွေ့ရှိရကြောင်း၊ မည်သည့် အဖိုးတန် ပစ္စည်းကိုမျှ ယူသွားခြင်း
မရှိကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များ အရသိရသည်။

အသတ်ခံရသူ မညွန့်ညွန့်၏ ခင်ပွန်း အသက် ၃၅ နှစ်ရှိ ကိုစည်သူသည် နေအိမ်သို့ ပြန်ရောက်လာပြီး အိမ်တံခါးပိတ်ထားသည်ကို တွေ့ရှိသည့်အတွက် ယောက်ဖဖြစ်သူ ကိုနန္ဒအား
ဖုန်းဆက်ခေါ်ကာ မီးဖိုခန်းတံခါးမှ ကြိုးပမ်းဝင်ရောက်ခဲ့ပြီးနောက် အဆိုပါရုပ် အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မညွန့်ညွန့်နှင့် ကိုစည်သူတို့မှာ လွန်ခဲ့သည့် ၆ နှစ်ကတည်းက အဆိုပါနေအိမ်အား ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ စားသောက်ဆိုင် တဆိုင်ဖွင့်လှစ်ထားသကဲ့သို့


မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် အေးဂျင့်အဖြစ် လုပ်ကိုင်နေသူများဖြစ် သည်။

“အိမ်ထဲမှာ ဆူညံပြီး စကားများသံတွေကြားရတယ်။ နောက်ထပ် တနာရီလောက်ကြာတော့ ယောက်ျား၂ ယောက် အိမ်ထဲကနေ အေးအေး ဆေးဆေး လမ်းလျှောက် ထွက်သွားတာ
တွေ့လိုက်တယ်”ဟု အိမ်နီးချင်းတဦးက မလေးရှားစတား သတင်းစာသို့ ပြော ထားသည်။
အဆိုပါမှုခင်းတွင် ပါဝင်ပတ်သတ်နိုင်သည်ဟု သံသယဖြစ်ဖွယ် မြန်မာနိုင်ငံသား အသက် ၁၉ နှစ်မှ ၃၄ နှစ်အတွင်း လူ ၄ ဦးအား ဖမ်းဆီးထားကြောင်း မှုခင်းရေးရာ စုံစမ်းစစ်ဆေးရေး
အဖွဲ့က ကြေညာထားသည်။

အဆိုပါ သံသယဖြစ်ဖွယ် လူ ၄ ဦးအား အမှုကိစ္စ စစ်ဆေးမေးမြန်းရန်အတွက် ၇ ရက်ခန့် ဖမ်းဆီးထားမည်ဟုလည်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

နယ်ခြားမျဉ်းများ ကျိုးပျက်ခြင်း

ထက်အောင် Monday, 17 January 2011 17:31 သူ့အတွေး သူ့အမြင်

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၂ နှစ်လုံးလုံး နိုင်ငံရေး စနစ်မရှိ စစ်အုပ်ချုပ်ရေးသာ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆိုရင် ပြည်သူတွေ အကြားမှာ မပတ်သက် မဆက်ဆံအပ်တဲ့ အန္တရာယ်
နယ်မြေတခု ဖြစ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးဆိုတာ ဒီမိုကရေစီအရေး လှုပ်ရှားမှု၊ နိုင်ငံရေးသမားဆိုတာ ဒီမိုကရေစီအရေး ကြိုးပမ်းသူလို့ အနက်အဓိပ္ပါယ် ထွက်ခဲ့ပါတယ်။ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေသာတွေ့ရတဲ့ နိုင်ငံရေးနယ်ပယ်ဟာ တခြား စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အနုပညာ စတဲ့ နယ်ပယ်တွေနဲ့ ခြားထားခဲ့တဲ့ နယ်ခြားမျဉ်းတွေက ထူထူကဲကဲ
မြင့်မြင့်မားမားရှိခဲ့တယ်။

နိုင်ငံဝန်ထမ်းက နိုင်ငံရေးစကား မပြောရ၊ စီးပွားရေးသမားက နိုင်ငံရေးဆို တို့နဲ့မဆိုင်၊ လူငယ်ကျောင်းသားတွေ နိုင်ငံရေးလုပ်မိရင် အယုံသွင်းခံရသူတွေ၊


နိုင်ငံရေးမှိုင်းမိနေကြသူတွေအဖြစ် စွပ်စွဲခံခဲ့ရပြီး ဗုဒ္ဓဘာသာရဟန်းတော်နဲ့ နိုင်ငံရေးဟာ မစပ်အပ်တဲ့အရာ၊ နိုင်ငံရေးလုပ်သူတွေကို ရာဇ၀တ်မှု ကျူးလွန်သူတွေအဖြစ် ဖမ်းဆီးအရေးယူတာ
စတဲ့ ဖြစ်ရပ်တွေသာ လွှမ်းမိုးထားခဲ့ပါတယ်။

နိစ္စဓူဝ ဆင်းရဲကျပ်တည်းမှုကနေ ရုန်းထွက်ဖို့ကြိုးစားရင်း ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်မိခဲ့တဲ့ သာမန်ပြည်သူတွေလည်း သွေးထွက်သံယိုမှုတွေနဲ့ အဆုံးသတ်ကာ


ပိုမိုဒုက္ခဆင်းရဲ တွေ့ကြရတယ်။ ဒါကြောင့် နိုင်ငံရေးဆို ဝေးဝေးရှောင်၊ မဟုတ်ရင် ဘ၀ပျက်၊ အသက်ဆုံးရတဲ့အထိ ကြုံကြရတာကိုလည်း ပြည်သူတွေ ကိုယ်တွေ့ခံစား သိရှိခဲ့ကြတယ်။

ဒါတွေက လွန်ခဲ့တဲ့ ၂၂ နှစ်အတွင်း မြန်မာပြည် အပြောင်းအလဲကို လိုချင်ကြသူတွေ ကြုံတွေခဲ့ရတာတွေပါ။ တနည်းပြောရရင် စည်းတဖက်က လူတွေပါ။

စည်းရဲ့အခြားတဖက်မှာ ဆန့်ကျင်ဖက်တွေဟာ ကွဲကွဲပြားပြား ဖြစ်ထွန်းခဲ့ပါတယ်။ မျိုးချစ်စိတ်ဆိုတာကို အာဏာနဲ့ ယှဉ်တွဲ အဓိပ္ပာယ်ဖော်ခဲ့ကြတဲ့ အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ခေတ်လွန်
တပ်မတော် ခေါင်းဆောင်တွေ၊ ဆိုရှယ်လစ်ခေတ်လွန် ဈေးကွက် စီးပွားရေးက မွေးထုတ်ပေးလိုက်တဲ့ စီးပွားရေး အခွင့်အလမ်းသစ်မျိုးစုံ ရရှိခံစားရင်း နိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့ကြတဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ နယ်ပယ်အသီးသီးက ပညာတတ် လူနည်းစုတွေပဲ ဖြစ်တယ်။

သူတို့ဟာ ရရှိထားတဲ့ အာဏာ၊ စည်းစိမ်တွေနဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးနယ်တွင်မက ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါနတွေပြုပြီး လူမှုရေးနဲ့ ဘာသာရေးမျက်နှာစာမှာ
နေရာယူလာကြတဲ့ အီလစ် (Elite) လူတန်းစား တရပ်အဖြစ် ပေါ်ထွန်းလာပါတယ်။

၂၀၁၀ ရွေးကောက်ပွဲက ထူးခြားတဲ့အပြောင်းအလဲကို ပြောပါဆိုရင် အာဏာနဲ့ စည်းစိမ်ကို တလျှောက်လုံးထူထောင်ခဲ့ပြီး နိုင်ငံရေးဆိုရင် ပြည်ဖျက်လုပ်ရပ်အဖြစ် ရုပ်လုံးဖော်ခဲ့တဲ့
စစ်အစိုးရ၊ သူတို့နဲ့ဆက်နွယ်ပြီး စီးပွားရေးအင်ပါယာတွေ ထူထောင်ခဲ့ကြ သူတွေသာမက အရင်ကနိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့ကြတဲ့ နယ်ပယ်အသီးသီးက သူများလည်း သူနည်းသူ့ဟန်နဲ့
နိုင်ငံရေးနယ်ထဲ ပါဝင်လာခြင်းပါပဲ။ အစဉ်အလာက ခြားထားခဲ့တဲ့ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာတဲ့သဘောကို မြင်တွေ့ရပါတယ်။

ဒါတွေအားလုံး အစီအစဉ်မဲ့ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေးကနေ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းခံ နိုင်ငံရေး သဏ္ဍာန်သစ်ကို စစ်အစိုးရက ကူးပြောင်းကျင့်သုံးဖို့ ကြိုးပမ်းရာမှ
ဖြစ်ပေါ်လာခဲ့တာတွေပါ။ ဖြစ်ပေါ်တိုးတက်မှုတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုး ယှဉ်တွဲတတ်တဲ့ သဘာဝအရ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာတာမှာလည်း ကောင်းကျိုးရော ဆိုးကျိုးပါ
တွဲလျက်ရှိနေမှာပါ။

တိုင်းပြည်ကာကွယ်ရေးနဲ့ တိုင်းပြုပြည်ပြု ဥပဒေရေးဆွဲပြဌာန်းရေးဆိုတဲ့ မတူညီတဲ့ နယ်ပယ်နှစ်ခုကသူတွေနဲ့ ပေါင်းစပ်ထားတဲ့ စစ်ဖက်၊ အရပ်ဖက် လွှတ်တော်နိုင်ငံရေးကြောင့်


နယ်ပယ်နှစ်ခုရဲ့ နယ်နိမိတ်ကျိုးပျက်ပြီး စစ်ယူနီဖောင်းဝတ် ဥပဒေပြုသူတွေ ပေါ်ထွက်လာမှာပါ။ ထို့အတူ နိုင်ငံရေးကို အန္တရာယ်ကြီးတဲ့ နယ်ပယ်တခုအဖြစ် ရှောင်ရှားခဲ့ကြတဲ့
စီးပွားရေးလုပ်ငန်းရှင်ကြီး တချို့ဟာ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အမတ်တွေအဖြစ်နဲ့ လာမယ့် ပါလီမန်ကတဆင့် နိုင်ငံရေးနယ်ထဲ ၀င်ရောက်လာကြပြီး သူတို့ရဲ့ ဓနအင်အားကို
အာဏာနဲ့ လက်တွေ့ကျကျ ပေါင်းစပ်ကြတော့မှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့်ကြည့်ရင် အရင်နိုင်ငံရေးပါတီတွေနဲ့မတူ အခုအသစ်ပေါ်ပေါက်လာတဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကိုလည်း ကုမ္ပဏီထောင်ပြီး စီးပွားရေးနယ်ထဲ


ဝင်ရောက်ခွင့်ပြုခဲ့တာကြောင့် နိုင်ငံရေးသမားတွေ ပါတီစီးပွားရေးလုပ်ဖို့ ပြင်ဆင်လာပါတယ်။ မြန်မာ့စီးပွားရေးဟာ အစိုးရပိုင် (အများပြည်သူပိုင)် စီးပွားရေး၊ စစ်တပ်ပိုင် စီးပွားရေး၊
နိုင်ငံရေးပါတီပိုင် စီးပွားရေးနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေး စသဖြင့် ရောင်စုံရောယှက်လာပါတယ်။

ဒါတင်မက လူမှုရေးနဲ့ စာပေအနုပညာ နယ်ပယ်မှာပဲ လှုပ်ရှားတက်ကြွသူတွေက သူတို့နဲ့ နယ်ပယ်မတူဘူးလို့ သတ်မှတ်ထားခဲ့တဲ့ နိုင်ငံရေးနယ်ထဲ ခြေဆန့်လာသူတွေ ရှိနေပါပြီ။ ဥပမာ
အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်း (NGO) ထူထောင်သူတွေ၊ စာရေးဆရာတွေ ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးနယ်ထဲ တိုးဝင်လာကြတယ်။

မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲကို တဖက်တလမ်းက ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုကူညီရေး လှုပ်ရှားမှုတွေထဲ အစိုးရရော အတိုက်အခံ ဒီမိုကရေစီအဖွဲ့တွေပါ
ပါဝင်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံတကာရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို နိုင်ငံရေးစွက်ဖက်မှု
(Politicizing) ကင်းကင်း ကူညီနိုင်အောင်ကြိုးပမ်းခဲ့ပေမယ့် ပြည်တွင်းနိုင်ငံရေး ၀ဲဂယက်ထဲက ရုန်းမထွက်နိုင်ခဲ့ပါဘူး။

အကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေလက်ထဲ ရောက်ဖို့၊ ပွင့်လင်းမြင်သာဖို့၊ တာဝန်ယူမှုရှိဖို့ လိုတယ်။ ဒါတွေက ဒီမိုကရေစီလိုလားသူတွေ တောင်းဆိုတဲ့ အချက်တွေပါ။
တဖက်မှာ အထောက်အပံ့တွေအားလုံးကို အစိုးရ သို့မဟုတ် အစိုးရက ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေကိုပဲ ပေးတာကို စစ်ဗိုလ်ချုပ်တွေက လိုချင်ခဲ့တာပါ။ နှစ်ဖက်စလုံးက
အပြန်အလှန်စွပ်စွဲ နေကြပေမယ့် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေကို စစ်အစိုးရရော ဒီမိုကရေစီရေး လှုပ်ရှားသူ နှစ်ဖက်စလုံးက နိုင်ငံရေးအရ ရှုမြင်ခဲ့ကြပါတယ်။

ဒီလိုနဲ့ အလှူရှင်နိုင်ငံတွေက အကူအညီပေးတဲ့နေရာမှာ နှစ်ဖက်စလုံးနဲ့ ညှိနှိုင်းသဘောတူညီမှု ရယူဖို့ ကြိုးစားလာကြတယ်။ ဒီအချက်က နိုင်ငံရေးအရ စေ့စပ်မရတဲ့ စစ်အစိုးရနဲ့
ဒီမိုကရေစီ အတိုက်အခံတွေအကြား စေ့စပ်ညှိနှိုင်းမှုတွေ ဖြစ်ပေါ်စေမယ့် အခြေအနေတခုကို ဖန်တီးဖို့ ၎င်းတို့ဖက်က ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒီနယ်ခြားစည်းကတော့ အကြီးမားဆုံးလို့
ပြောရပါလိမ့်မယ်။

ဒါပေမယ့် တချိန်မှာ စစ်အစိုးရက ပြည်တွင်းက နိုင်ငံတကာအေဂျင်စီတွေကို ပိုမို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတော့ အခြေအနေတွေက ပိုခက်ခဲလာပြီး နောက်ဆုံး Global Fund
မြန်မာပြည်က ထွက်သွားခဲ့ရတယ်၊ နိုင်ငံတကာကြက်ခြေနီအဖွဲ့၊ သူတို့ရဲ့ နယ်ရုံးခွဲတွေပိတ်ခဲ့ရပြီး အကူအညီပေးရေး လုပ်ငန်းတွေ လျှော့ချခဲ့ရတယ်။

၂၀၀၈ ခုနှစ်မှာ တိုက်ခက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း သိန်းချီ သေကြေပျက်ဆီးခဲ့ရတဲ့ ကပ်ဆိုးကြီးကို မျက်ဝါးထင်ထင် မြင်တွေခဲ့ရရာက ပြည်တွင်းပြည်ပ
လူမှုအဖွဲ့အစည်းတွေရဲ့ တက်ကြွလှုပ်ရှားမှု ပြန်လည်မြင့်မားလာတယ်။ မကြာခင်ကပဲ Global Fund ဟာ အထောက်အပံ့တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံရေးအရ မတူညီမှုအပေါ်မှာ နိုင်ငံရေးအရ အဖြေမရှာဘဲ အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှာသူတွေရဲ့ လူမှုဘ၀တခုလုံးကို စစ်အစိုးရဟာ နှစ်ပေါင်း ၂၀ လုံးလုံး စနစ်တကျ
ဖြိုလှဲခဲ့ပေမယ့် မပြိုလဲခဲ့ပါဘူး။ နမူနာပြစရာ အကောင်းဆုံးသူက ဒေါ်အောင်ဆန်းစုကြည်ပါပဲ။

ဒီတကြိမ် ရွေးကောက်ပွဲအပြီး လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေးဆိုတာ အားလုံးနဲ့သက်ဆိုင်တယ်၊ ပြည်သူတွေနိုင်ငံရေးကို နားလည်အောင်လုပ်ရမယ်၊


ဘာပဲလုပ်လုပ် နိုင်ငံရေးပဲ၊ ပြည်သူတွေမပါဘဲ ဘာကိစ္စမှ မအောင်မြင်နိုင်ဘူး” လို့ ပြောခဲ့တယ်။

သူလွတ်မြောက်လာချိန်မှာ ရွေးကောက်ပွဲပြီးသွားပါပြီ။ သူပြောခဲ့သလို နိုင်ငံရေးက အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်က လက်တွေ့ ဖြစ်ထွန်းနေပါပြီ။ စစ်တပ်က
နိုင်ငံရေးပါတီထောင်၊ ပေါ်ပေါက်လာမယ့် လွှတ်တော်နဲ့ အစိုးရကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်တော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေ လိုချင်တဲ့
နိုင်ငံရေးမျိုးတော့ မဟုတ်ပါဘူး။

စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က လွှတ်တော်နိုင်ငံရေးမှာရော၊ လွှတ်တော်ပြင်ပနိုင်ငံရေးမှာရော တချိန်က နိုင်ငံရေးကို လှည့်မကြည့်ခဲ့တဲ့ လူအမျိုးအစားတွေ ရည်ရွယ်ချက်အမျိုးမျိုး


ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပါဝင်လာတာပါပဲ။ နယ်ခြားမျဉ်းတွေ ကျိုးပျက်လာနေတာ တွေ့ရပါတယ်။ အဲဒီထဲမှာ ထူးခြားတဲ့ နောက်တချက်က တိုးတက်လာတဲ့ ဆက်သွယ်ရေး ကိရိယာတွေက
အဲဒီအတားအဆီး ကျိုးပျက်လာတာကို အထောက်အကူ ပေးနေတာပါပဲ။

အရင်က ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ အလွန်ခက်ခဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတခေါက် ပြန်လွတ်လာချိန်မှာ ဒီနယ်ခြားမျဉ်းကို ကျော်ဖြတ်နိုင်ပြီး နိုင်ငံခေါင်းဆောင်တွေ၊
သံတမန်တွေ၊ မီဒီယာတွေနဲ့ နိုင်ငံခြားတက္ကသိုလ်က ကျောင်းသားတွေပါမကျန် တိုက်ရိုက်စကား ပြောဆိုလာနိုင်တယ်။

ဒီလိုအပြောင်းအလဲတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိနေပေမယ့် မကျိုးမပျက် ကျန်ရှိနေသေးတဲ့ နယ်ခြားမျဉ်းတခုကတော့ စစ်အစိုးရနဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေအကြား


တွေ့ဆုံဆွေးနွေးဖို့ မျက်နှာချင်းဆိုင်လို့ မရသေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ။

http://www.bur.irrawaddy.org/

Monday, January 17, 2011

အာရှခေါင်းဆောင်များရဲ့အဆင့်အတန်း

သြော်..ဖြစ်မှ၊ ဖြစ်ရလေ

မွန်ဇော်နိုင်၊ ဇန်နဝါရီ ၁၇၊ ၂၀၁၁

အာဖရိကတိုက်၊ အိုင်ဗရီကို့စ် နိုင်ငံသမ္မတ ရွေးကောက်ပွဲနဲ့ ယှက်နွှယ်ပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာတွေကို ဖတ်ရှုကြားသိနေရတယ်ခင်ဗျ။ ဒီတော့မှ ကျနော်တို့ အာရှတိုက်က
နိုင်ငံခေါင်းဆောင်ကြီးတွေရဲ့ အဆင့်အတန်းကို သတိပြုမိပြီး “သြော် .. ဖြစ်မှဖြစ်ရလေ” လို့ အားမလိုအားမရ၊ မအီမလည် ဖြစ်ရပါတော့တယ်ဗျာ။

ဇာတ်လမ်းက ဟောဒီလိုပါဗျ။ အိုင်ဗရီကို့စ်နိုင်ငံ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက ရှုံးသွားပြီး အတိုက်အခံသမ္မတလောင်းက နိုင်သွားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကရော


ရွေးကောက်ပွဲ စောင့်ကြည့်နေကြတဲ့ အာဖရိကနိုင်ငံများအပါအ၀င် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ အင်္ဂလန်တို့ကပါ အတိုက်အခံ သမ္မတလောင်း အနိုင်ရရှိကြောင်း
အသိအမှတ်ပြုခဲ့ကြပါတယ်ခင်ဗျာ။

ဒါပေမယ့် လက်ရှိသမ္မတက သူရှုံးနိမ့်ကြောင်း လက်မခံဘဲ အာဏာ လွှဲပြောင်းပေးရမှာကို ငြင်းဆန်နေတယ်ခင်ဗျ။

ဒါကြောင့် အိုင်ဗရီကို့စ်နိုင်ငံရဲ့ အိမ်နီးချင်း သုံးနိုင်ငံက သမ္မတသုံးဦးဟာ ရှုံးနိမ့်သွားတဲ့သမ္မတက အနိုင်ရတဲ့သမ္မတလောင်းအား အာဏာလွှဲပြောင်းပေးဖို့ အိုင်ဗရီကို့စ်နိုင်ငံကို သွားရောက်
တိုက်တွန်းပါတယ်။တိုက်တွန်းတာကို လက်မခံရင် သုံးနိုင်ငံစစ်တပ်ရဲ့ အင်အားကိုသုံးပြီး လက်ရှိသမ္မတကို ဖြုတ်ချမယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

အနောက်အာဖရိက နိုင်ငံများအဖွဲ့ ECOWAS ကလည်း အနိုင်ရအတိုက်အခံ ခေါင်းဆောင်သမ္မတလောင်းကို


အာဏာလွှဲပြောင်းပေးဖို့ တိုက်တွန်းနေပါတယ်။ လောလောဆယ် အိုင်ဗရီကို့စ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ယာယီ ဖြတ်တောက်ထားပါတယ်။

ဓမ္မနဲ့အဓမ္မအပေါ် ပြတ်ပြတ်သားသား ခွဲခြားရပ်တည်ပြီး ဆုံးဖြတ်၊ အရေးယူ၊ ကူညီကြတဲ့ အာဖရိက ခေါင်းဆောင်များနဲ့ အာဖရိကပြည်သူများကို တွေ့ရတော့ ကျနော်တို့ အာရှတိုက်၊
အာရှနိုင်ငံ၊ အာရှခေါင်းဆောင်များနဲ့ မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပါဘူးခင်ဗျာ။

ကြည့်ကြပါဦးဗျာ။ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ NLD က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်အစိုးရက NLD ကို
အာဏာလွှဲပြောင်း ပေးအပ်ခြင်း မပြုခဲ့ပါဘူး။ဒါ့အပြင် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကိုရော NLD ခေါင်းဆောင်တွေ အခြားအခြားသော
နိုင်ငံရေးအင်အားစုများက နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကိုပါ ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်တဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဘုန်းကြီး ရဟန်းကိုတောင်မရှောင် ရက်ရက်စက်စက် မောင်းပြန်သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွဲခဲ့ပါတယ်။


ယနေ့ထက်တိုင် စစ်အာဏာရှင် ဗိုလ်ချုပ်တစုက နိုင်ငံ့အာဏာကို မတရား သိမ်းပိုက်ထားဆဲ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော်ကို ဖမ်းဆီးအကျဉ်းချထားဆဲဆိုတာ တကမ္ဘာလုံး
အသိပါခင်ဗျာ။

သို့ပေမယ့် ကျနော်တို့ရဲ့ အိမ်နီးချင်းများဖြစ်ကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အိန္ဒိယနိုင်ငံ၊ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူတွေရဲ့တပ်ဦးပါတီပါလို့ ရင်ကော့ပြီး ကြီးစိုးအုပ်ချုပ်တဲ့
တရုတ်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် အိမ်နီးချင်း ၉ နိုင်ငံနဲ့ အခြားအာရှနိုင်ငံများဟာ မြန်မာနိုင်ငံက တရားမ၀င်တဲ့စစ်အစိုးရကို ယနေ့အထိ ဘယ်လိုတုန့်ပြန်ခဲ့ပါသလဲ။
ယနေ့အထိဘယ်လိုဆက်ဆံနေပါသလဲ။

ဒီနေရာမှာ ရွေးကောက်ပွဲရှုံးနိမ့်ပါလျက် အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်နေတဲ့ လက်ရှိ အိုင်ဗရီကို့စ် သမ္မတကို အိမ်နီးချင်းနိုင်ငံများနဲ့ အာဖရိကတိုက်နိုင်ငံများက ဘယ်လိုတုန့်ပြန်
အရးယူနေကြသလဲဆိုတဲ့ အချက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်တော့ ကွာခြားလွန်းလှပါပကော ရပ်ကတို့။

တကယ်တော့ မြန်မာနိုင်ငံရဲ့ ပတ်ခြာလည်က နိုင်ငံ့ခေါင်းဆောင်တွေကို ကြည့်လိုက်တော့ လား..လား.. မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာက မဟတ္တမဂန္ဒီ နေရူး။ မြောက်ပိုင်းမှာက
မော်စီတုန်း၊ ချူအင်လိုင်း၊ တိန်ရှောက်ပင်။ အရှေ့ဘက်မှာက ဟိုချီမင်း။ အရှေ့တောင်ဘက်မှာက ဆူကာနို၊ လီကွမ်းယု၊ မဟာသီယာ။“ဒိတ်” ဆိုတဲ့ခေတ်ပြိုင်ခေါင်း ဆောင်ကြီးတွေပါ။ ဟိုး
ခေတ်နှောင်း ကမ္ဘာ့ အကျော်အမော်ကြီးတွေကလည်း မနည်းလှဘူးဗျ။ သို့ကလို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများ ဦးဆောင်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အလယ်ခေါင်မှာ တည်ရှိတာက
မြန်မာနိုင်ငံပါနော်။

ဒါပေမယ်.့ .. ဒါပေမယ့်.. အဲ…။

ယနေ့တိုင် ဖြေရှင်းမရသေးတဲ့ မြန်မာ့အရေးအခင်းမှာ အိမ်နီးချင်းနိုင်ငံများရဲ့ လက်ရှိနိုင်ငံ့ခေါင်းဆောင်များဟာ ဓမ္မနဲ့အဓမ္မတရားအပေါ် ခွဲခြားရပ်တည်ခြင်း မပြုနိုင်သေးတာ.. အံ့ပါ့ဗျာ။


နိုင်ငံ့အာဏာကို မတရားသိမ်းထားတဲ့ စစ်အစိုးရ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ပြည်သူတွေကို မတရားဖမ်းဆီး အကျဉ်းချ သတ်ဖြတ်နေတာ။ ဗိုလ်ချုပ်တွေခြစား လာဘ်စားလို့
နိုင်ငံစီးပွားရေးပျက်ပြီး ပြည်သူတွေ ဒုက္ခဆင်းရဲရောက်ရတာ။ ဒါတွေကို သူတို့ကမြန်မာ့ပြည်တွင်းရေးပါ..တဲ့။ သူတို့ရဲ့တရားက “တနိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတနိုင်ငံက
ဝင်မစွက်ရ”ပါ.. တဲ့။ ထားပါတော့..။ ထားလိုက်ပါတော့..။

အခြားတဘက်မှာကျပြန်တော့ အနောက်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်က အိမ်နီးချင်းကောင်းတွေပါဆိုတဲ့


နိုင်ငံတွေဟာ စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို လူမိုက်အားပေး ပုလင်းတူဘူးဆို့ လုပ်ပြီး မြန်မာ့ရေမြေတောတောင် သယံဇာတတွေကို “သူ့ထက်ငါဦး” သယ်ထုတ်နေကြတာ
မမြင်ချင့်အဆုံး၊ မကြားချင့်အဆုံး၊ မသိချင့်အဆုံးပါဗျ။ ယခုထက်တိုင် သယ်လို့ကို မ၀နိုင်၊ မဆုံးနိုင်သေးပါကလားဗျာ။

ဒီတော့ “ပြည်တွင်းရေး”၊ “ပြည်တွင်းရေး၊ ၀င်မစွတ်ရေး” ဆိုတာကို အရင်းစစ်ကြည့်လိုက်တော့ တရားတာ၊ မတရားတာ၊ အသာထား။ဓမ္မ၊ အဓမ္မဆိုတာ၊ ဘေးချိတ်။
ကိုယ်ကျိုးစီးပွားချမ်းသာဖို့သာ၊ အဓိက။ဘယ်သူသေသေ၊ ငတေမာပြီးရော..။ ဒါမျိုးတွေချည့်ဖြစ်နေလေတော့ ကျနော်တို့ အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အတွေး၊ အမြင်
စိတ်နေသဘောထား ကိုယ်ကျင့်သိက္ခာ သီလ သမာဓိဆိုတာတွေဟာ မွန်မြတ်၊ သန့်စင်၊ မြင့်မားတယ်လို့ ဆိုနိုင်ပါ့မလားဗျာ။
လောလောလတ်လတ်မှာ အိုင်ဗရီကို့စ်နိုင်ငံရဲ့ အရေးအခင်းကို တွေ့နေရတော့ စစ်အာဏာရှင် စစ်ဖိနပ်အောက်မှာ ပြားပြားဝပ် ဒုက္ခခံစားနေရတဲ့ မြန်မာပြည်သား တယောက်အနေနဲ့
အဆင့်အတန်းမြင့်မားပါတယ်ဆိုတဲ့ သဘောနဲ့ အာရှယဉ်ကျေးမှု Asia Value လို့ အသံလွှင့် ၀င့်ကြွားနေကြကုန်သော အာရှတိုက် နိုင်ငံ့ခေါင်းဆောင်များရဲ့ အဆင့်အတန်းဆိုတာ
“သြော်..ဖြစ်မှ၊ ဖြစ်ရလေ” လို့ ဝေဖန်သုံးသပ်သမှု ပြုရကြောင်းပါခင်ဗျား။ ကျနော်တို့ မြန်မာတွေရဲ့နေရာမှာ ကိုယ်ချင်းစာစိတ်နဲ့ ခဏကလေးမျှ ၀င်ရောက်နေရာယူ ကြည့်ကြပါလို့လည်း
မေတ္တာရပ်ခံ တိုက်တွန်းရကြောင်းပါခင်ဗျား။ ။

ကိုစောဝေရဲ့ Performance Poetry

ချင်းမိုင်မှာ ယခင် သီတင်းပတ်က ပြုလုပ်သွားတဲ့ ကဗျာဆရာ ကိုစောဝေရဲ့ Performance Poetry ပွဲပါ။ ပထမပိုင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ Performance တခု
ပြုလုပ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂီတနောက်ခံနဲ့ ကဗျာရွတ်ဆိုမှုပါ။ “လူထူထူဆိုရင် ကဗျာရွတ်ချင်တယ်” လို့ ပြောတဲ့ ကိုစောဝေရဲ့ အနုပညာ အခင်းအကျင်းကို ချင်းမိုင်ရောက်
မြန်မာများနဲ့ ခရီးကြုံကြိုက်တဲ့ နိုင်ငံခြားသားများလည်း အားပေးခဲ့ကြပါတယ်။
Posted by Admin at 4:00 PM 0 comments

စိတ်ဝေဒနာရှင်ဦးလေးက တူဖြစ်သူကိုသတ်၍ ၆ ထပ်တိုက်ပေါ်မှ ခုန်ချ

စိတ်ဝေဒနာရှင် ခုန်ချခဲ့သော နေရာနှင့် အခင်းဖြစ်ပွားသည့် တိုက်ခန်း (ဓာတ်ပုံ - ကျော်ကျော်ဦး)

စမ်းချောင်းမြို့နယ် မြေနီကုန်းဈေးလမ်းအတွင်း စိတ်ရောဂါခံစားနေရ နေသူတဦးက အသက် ၄ နှစ်အရွယ် ၎င်း၏ တူဖြစ်သူကို ဓားဖြင့် လည်ပင်းလှီးဖြတ်သတ်ကာ ခြောက်ထပ်တိုက်ပေါ်မှ
ခုန်ချခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်ဟု ယင်းမိသားစုဝင်များက ပြောသည်။

“ကျွန်မသားက မြေးရဲ့ လည်ပင်းကို ဓားနဲ့လှီးနေတာ ကြည့်ပြီး ပတ်ဝန်းကျင်ကို အော်ခေါ်ပြီး အကူအညီ တောင်းရတယ်။ ကလေး လည်ပင်းလဲပြတ်သွားရော ကျမကို ဓားနဲ့
လိုက်ထိုးတယ်” ဟု စိတ်ဝေဒနာရှင်၏ မိခင်ဖြစ်သူက ဆိုသည်။

ဇန်န၀ါရီ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဦးလေးဖြစ်သူ စိတ်ရောဂါဝေဒနာရှင်သည် စိတ်ဖောက်ပြန်ကာ တူဖြစ်သူ၏ လည်ပင်းကို အသီးအရွက်လှီး ဓားဖြင့် ပိုင်းဖြတ်ပြီး
ခြောက်ထပ်တိုက် နောက်ဖေးပြူတင်းပေါက်မှ ခုန်ချခဲ့သဖြင့် အောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိ သေဆုံးသွားခဲ့ကြောင်း စမ်းချောင်း ရဲစခန်းမှ စုံစမ်းသိရသည်။

“တိုက်ပေါ်က ကျကျခြင်း မသေသေဘူး။ အရိုးတွေကျိုးပြီး ဒဏ်ရာအပြင်းအထန်ရနေတယ်။ ၁၀ မိနစ်လောက်နေမှ သေသွားတယ်။ ကလေးကတော့ ခေါင်းတခြား ကိုယ်တခြားပဲ” ဟု
အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ တဦးက ပြောသည်။

အခင်းမဖြစ်ပွားခင် အသက် ၃၀ ၀န်းကျင်ရှိ စိတ်ဝေဒနာရှင်သည် ရုပ်ရှင်ထိုင်ကြည့်နေပြီး ၎င်း ဘေးတွင် အသက် ၄ နှစ်အရွယ် တူဖြစ်သူသည် ဆော့ကစားနေကြောင်း၊ ဦးမြင့်သိန်း
မိခင်သည် နောက်ဖေးတွင် ဟင်းချက်နေကြောင်း သိရသည်။

သေဆုံးသူ ဝေဒနာရှင်သည် စိတ်ရောဂါ ခံစားနေရသောကြောင့် စိတ်ရောဂါကု ဆေးရုံတွင် ထားရှိထားပြီး ၎င်းကို နေအိမ်သို့ ပြန်ခေါ်ထားသည်မှာ တလခန့်သာရှိကြောင်း၊ စိတ်ရောဂါကု
ဆေးရုံက စိတ်ဝေဒနာရှင် ဖြစ်ကြောင်း လက်မှတ် ထုတ်ပေးထားသူဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူကပြောသည်။

၎င်း စိတ်ဝေဒနာရှင်သည် ပထမတခါလည်း စိတ်ဖောက်ပြန်၍ အိမ်ပေါ်မှ ခုန်ချခဲ့ဖူးသေးကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် နေအိမ် ၆ လွှာတွင် ၎င်းမိသားစု ငှားရမ်းနေထိုင်သည်မှာ ၂ လခန့်သာ ရှိသေးကြောင်း၊ ကလေးသုံးဦးနှင့် ၎င်းတို့၏မိခင်၊ အဘွားဖြစ်သူ၊ စိတ်ဝေဒနာရှင် စုစုပေါင်း
မိသားစု ၆ ဦးနေထိုင်ကြကြောင်း သိရသည်။ သေဆုံးသူ ကလေး၏ မိခင်နှင့် စိတ်ဝေဒနာရှင်မှာ မောင်နှမ အရင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး စမ်းချောင်းရဲစခန်းမှ ဥပဒေပုဒ်မ ပ/ ၂၅၊ ၁/၂၀၁၁ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မိုးယံ
http://www.irrawaddyblog.com/

ဒေါ်စု ညွှန်ကြားချက်ဖြင့် အခမဲ့ကျောင်း ဖွင့်

အောင်မြတ်စိုး | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်


မဇ္ဈိမ (ဘန်ကောက်) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း
လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။

အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ရှိ ကျောင်းအား လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တဦး၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ဖွင့်လှစ်ရာ
ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“လှိုင်သာယာမှာက ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊


ကျောင်းအတန်း ရှိပေမယ့် စာရေးစာဖတ် ကောင်းကောင်း မရသေးတဲ့ ကလေးတွေအတွက် ပညာဒါန
အခမဲ့ လှူတဲ့ သဘောပါ။ တကယ်လိုအပ်တဲ့ နေရာတွေအတွက် လုပ်ဖို့ လိုအပ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို မှာကြားခဲ့လို့ပါ” ဟု ကျောင်းဖြစ်မြောက်ရေး
စီစဉ်သူများထဲတွင် ပါဝင်သည့် ကိုဖြိုးမင်းသိမ်းက မဇ္ဈိမကို ပြောသည်။

အမေ့အိမ်တွင် တက်ရောက်ရန် ငွေကြေးချို့တဲ့သဖြင့် ကျောင်းမနေနိုင်သူနှင့်


အစိုးရမူလတန်းကျောင်းတွင် တက်ရောက်နေသူ ဒေသတွင်းရှိ ကလေးငယ် ၁၀၀ ကျော်
စာရင်းပေးသွင်းပြီး ဖြစ်သည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များကို အစိုးရကျောင်းသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ရာ


ကျောင်းဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်သည့် လှိုင်သာယာ အန်အယ်ဒီ ပါတီဝင် ကိုအေးဗိုလ်နှင့်အတူ
ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူနှင့် မမြင့်မြင့်အေး စသည့်
လူငယ်တစုက တာဝန်ယူ ပို့ချသွားမည်။

“ကျန်းမာရေးပိုင်း
နဲ့ဆိုင်လို့ HIV
NLD ( -)
လူနာစောင့်ရှောက်ရေးကို မဖြူဖြူသင်းတို့ လုပ်နေသလို၊ တခြားဘက်က ပညာရေးပိုင်းအနေနဲ့ NLD
အဖွဲ့ဝင်တွေကော ဖြန့်ကျက်ပြီးတော့ ပြင်ဆင်နေတဲ့ ကွန်ယက်အဖွဲ့ဝင်တွေလည်း ပါပါတယ်။
ဒီကွန်ယက်က လူငယ်ဆိုလည်း လူငယ်ကွန်ယက် အနေနဲ့ ပါမယ်။ တခြား civil society
အုပ်စုတွေလည်း ပါမယ်။ ပြီးတော့ ဝါရင့်နိုင်ငံရေးသမားကြီးတွေ၊ ပြီးတော့ ၇၄-၇၅ တွေ၊ အဲလို
ဖြန့်ကျက်ပြီး လုပ်နေတာပါ။ အလုပ်သမား၊ လယ်သမား ကွန်ယက်တွေလည်း ပါမယ်ပေါ့ဗျာ’’ ဟု
ယခင်က ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ကိုဖြိုးမင်းသိမ်းက ဆိုသည်။

မနက် ၉ နာရီတွင် အစိုးရကျောင်း၌ ညနေပိုင်းတက်သူ ကျောင်းသားများနှင့် နေ့လည်တွင်


အစိုးရကျောင်း၌ မနက်ပိုင်းတက်သူ ကျောင်းသားများကို သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် ၁ဝ တန်း ကျောင်းသားများအတွက်ပါ အနီးကပ် သင်ကြားပေးမည်ဖြစ်ကာ၊


နွေရာသီကာလတွင် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။
() စစစစစစစစစစစ စစစစစစစစစစစစစစစစစ (
-) လှိုင်သာယာမြို့သည် ရန်ကုန်ဧရိယာကို ခွဲခြားသတ်မှတ်ထားသော လှိုင်မြစ်တဖက်ကမ်း၌ တည်ရှိပြီး၊
ဆင်းရဲချို့တဲ့သူ အများအပြား နေထိုင်ကာ ကျောင်းမနေနိုင်သည့် ကလေးဦးရေ များစွာ ရှိနေသည်။

၂၀၁၁ အာဖဂန်တွင် ပထမဆုံးကျသည့် ကမ်းတက်တပ်သား မြန်မာလူငယ်

သောမတ်စ်မောင်ရွှေ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၀၀ နာရီ ၅၁ မိနစ်

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ မောင် ပီထိပ် (Maung P. Htaik)သည် ၂၀၁၁ အတွင်း အာဖဂန် နစ္စတန်တွင် အမေရိကန် ရေတပ်မှ ပထမဆုံး ကျဆုံးခဲ့သည့် တပ်သား ဖြစ်ခဲ့ရသည်။

သူငယ်ချင်းများက ဆမ် (Sam) ဟု ရင်းနှီးစွာ ခေါ်ဝေါ်ကြသည့် အသက် ၂၀ အရွယ် မောင်ထိပ်သည် Helmund ပြည်နယ်အတွင်း ဇန်နဝါရီလ ၁ ရက်က တာဝန်ထမ်းဆောင်နေစဉ်အတွင်း
သေဆုံးခဲ့သည်။

မောင်ထိပ်သည် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်ရှိ Hagerstown တွင် မိဘများနှင့် အတူနေထိုင်ခဲ့ပြီး ၂၀၀၈ တွင် Smithsburg အထက်တန်းကျောင်းမှ
အထက်တန်းအောင်မြင်ခဲ့သည်။

သူ့ကို ၁၉၉၀ ဇူလိုင် ၁၂ တွင် ရန်ကုန်၌ မွေးဖွားသည်။ သူမွေးသည့် ၁၉၉၀ က ရွေးကောက်ပွဲတွင် အပြတ်အသတ် နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
စစ်အစိုးရက အာဏာလွှဲမပေးခဲ့ပေ။

မောင်ထိပ် ဆယ်ကျော်သက်တွင် မိသားစုနှင့် အမေရိကန် ပြည်ထောင်စုသို့ ရွှေ့ပြောင်းအခြေချခဲ့သည်။

မောင်ထိပ်သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှိ Camp Lejeune မှ နိုင်ငံရပ်ခြားစစ်ဆင်ရေး ရေတပ် တပ်မ (၂)၊ စစ်တိုင်း (၂) ၏ တပ်ရင်းကြီး (၉)၊ တပ်ရင်း (၂) တွင်
တာဝန်ပေးအပ်ခံခဲ့ရသည်။ သူသည် အမေရိကန် ရေတပ်၌ မနှစ် ဧပြီက စတာဝန်ထမ်းခဲ့ပြီး ဒုတပ်ကြပ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ မနှစ် ဇူလိုင်က တာလီဘန်တို့နှင့် စစ်ဆင်နွှဲနေရသည့်
အာဖဂန် နစ္စတန်သို့ မောင်ထိပ်တို့တပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။

ဇန်နဝါရီ ၈ရက်က ကျင်းပသော သူ့ အသုဘအခမ်းအနားတွင် အမေရိကန် တပ်မတော်၌ တိုက်ပွဲတွင် ကျဆုံးသူနှင့် ဒဏ်ရာရသူများအား ချီးမြှင့်လေ့ရှိသည့် ခရမ်းရောင်နှလုံးသား (Purple
Heart) ဆုတံဆိပ်ကို သူ့မိခင် ဒေါ် ဖလော်ရီရွှေနှင့် ဖခင် ဦးလှရွှေတို့က လက်ခံခဲ့ကြသည်။ အသုဘသို့ မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O’Malley လည်း တက်ရောက်သည်။

အသုဘတွင် မောင်ထိပ်၏ အကို Dan Yar နှင့် သူငယ်ချင်း ဂျိုးဇက်နိုင်တို့က မောင်ထိပ်ကို ချီးကျူးဂုဏ်ပြုစကား ပြောခဲ့ကာ မြန်မာအဆိုအဖွဲ့မှလည်း ဓမ္မသီချင်း သီဆိုခဲ့ကြသည်။

မောင်ထိပ်၏ ရုပ်အလောင်းကို ဝါရှင်တန်ဒီစီရှိ အာလင်တန်အမျိုးသားသုသာန် ၌ ဇန်နဝါရီ ၁၈ တွင် မြှုပ်နှံမည် ဖြစ်သည်။

တိုင်းလွှတ်တော် ဆောက်ရန် မုံရွာတွင် အိမ်ယာရွှေ့ခိုင်း

ကိုပေါက် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း တိုင်းဒေသကြီးလွှတ်တော် အဆောက်အဦး တည်ဆောက်ရန် မုံရွာမြို့တွင် မိသားစု ၂၆ စု နေထိုင်သည့် နေအိမ်များကို အာဏာပိုင်များက
ပြောင်းရွှေ့ခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
မုံရွာမြို့အနောက်ဘက် အိုးဘိုတောင်မြို့သစ်မှ မြို့နယ်နှင့် ရပ်ကွက် တာဝန်ရှိသူများက မြေ ၄၂ ဧကပေါ်ရှိ မိသားစု ၂၆ စု (လူဦးရေ ၇ဝ ခန်)့ ကို နှုတ်မိန့်ဖြင့် ပြီးခဲ့သည့် နိုဝင်္ဘာလ ၁၃
ရက်နေ့ကတည်းက ရွှေ့ပြောင်းစေခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

“ဂရန်လည်း ရှိပေမယ့် မုံရွာမှာ အဲလိုမျိုး အသိမ်းခံလိုက်ရတာတွေက အများကြီးဗျ။ ချင်းတွင်းတံတားနားက အကွက်တွေတုန်းကလည်း ရောင်းပြီးသားပဲ။ အဲလိုပဲ ပြန်သိမ်းသွားတာပဲ။
လက်ထဲမှာ ဂရန်တွေပဲ ကျန်ခဲ့တာ။ အကုန် ဆုံးကုန်ကြတာ” ဟု မုံရွာမြို့ရှိ ရှေ့နေ ဦးစောထွန်းက မဇ္ဈိမကို ပြောသည်။

မုံရွာမြို့ခံ တဦးကလည်း “ရွှေ့ပြောင်းတဲ့ အခါတုန်းက ဆည်မြောင်းကား နှစ်စီး၊ စစ်ကား နှစ်စီးနဲ့ ပို့ပေးတယ်။ လျှပ်စစ်မီး မရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယင်းမြေနေရာများမှာ ယခင်က တပ်မတော်သားများအတွက် ချပေးခဲ့ပြီးနောက် အရပ်သားများက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဆုံးရှုံးသွားသည့် လူနေအိမ်တလုံးအတွက်


အောင်ချမ်းသာရပ်ကွက် တောင်ဘက်ပိုင်းရှိ ဇာတ်ရုံအနီးတွင် ပေ ၄ဝ x ၈ဝ အကျယ်ရှိ မြေတဝင်းစီ အစားထိုးပေးခဲ့သည်။

အရွှေ့ခံရသည့် အိမ်များမှာ ကပ်အိမ်များ ဖြစ်သော်လည်း ပြန်လည်နေရာချထားပေးသည့် နေရာတွင် မြေသားသာ ရရှိပြီး၊ အိမ်များကိုမူ ပြန်ဆောက်ပေးခြင်းနှင့် လျော်ကြေးပေးခြင်း
မရှိကြောင်း ဒေသခံများက ဆိုသည်။

ရွှေ့ပြောင်းခံ မြေများထဲတွင် ဂျုံနှင့် ပဲ စိုက်ပျိုးသော မြေယာအချို့ ပါဝင်ရာ၊ မြေပိုင်ရှင် ဦးသာမြင့်၊ ဦးကျော်သန်းနှင့် ဦးငှက်ကြီး အပါအဝင် ၇ ဦး၏ ဆုံးရှုံးမြေအတွက် တဧကလျှင် ပေ ၈ဝ
ပတ်လည် မြေတဝင်းစီ အစားပြန်ပေးသည်။ သို့သော် ၎င်းမြေများပေါ်တွင် စိုက်ပျိုးရန် မဟုတ်ဘဲ လူနေရန်အတွက်သာ ဖြစ်သည်။

အလားတူ အိမ်ထောင် ၁၈ စုကိုလည်း လမ်းဧရိယာနှင့် မလွတ်ဟုဆိုကာ ပြီးခဲ့သည့် လလယ်ကတည်းက ရွှေ့ခိုင်းခဲ့သော်လည်း ၎င်းတို့အတွက် မြေစားနေရာ ရ/မရ မသေချာသေးသဖြင့်
မရွှေ့ပြောင်းသေးဘဲ မူလနေရာ၌ပင် ဆက်လက်ရှိနေကြသည်။

“ရေမြေအားလုံး နိုင်ငံတော်က ပိုင်တယ်ဆိုပြီး သိမ်းချင်သလို သိမ်းနေတဲ့ ခေတ်ပဲဗျာ။ တိုင်ကြားတာတွေ ဘာတွေကတော့ မကြားမိသေးဘူး” ဟု ရှေ့နေ ဦးစောထွန်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းရှိ အစိုးရရုံးများကို တိုင်းမြို့တော် စစ်ကိုင်းမှ မုံရွာသို့ လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကတည်းက ရုံးစိုက်စေခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုပါ မုံရွာတွင်
တည်ဆောက်လာခြင်း ဖြစ်သည်။

လွှတ်တော်ဆောက်လုပ်မှု အခြေအနေမှာ မြေညှိမြေထိုးအဆင့်သာ ရှိသေးပြီး၊ ယခုလ ၃၁ ရက်နေ့တွင် ခေါ်ယူမည့် လွှတ်တော်ကိုမူ မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင်
ယာယီခေါ်နိုင်ကြောင်း ဦးစောထွန်းက ခန့်မှန်းသည်။

စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်တွင် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၇၄ ဦး၊ တပ်မတော်မှ ၂၅ ဦးနှင့် လူမျိုးစုကိုယ်စားလှယ်တဦး စုစုပေါင်း ကိုယ်စားလှယ် ၁ဝဝ
တက်ရောက်မည် ဖြစ်သည်။

အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များတွင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီမှ ၆၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ၁၁ ဦး၊ ချင်းတိုးတက်ရေးပါတီမှ
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးနှင့် လူမျိုးစုကိုယ်စားလှယ်တဦး ပါဝင်သည်။

စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်သည် မြန်မာနိုင်ငံ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် ၁၄ ခုအနက် တတိယ ကိုယ်စားလှယ် အများဆုံး ဖြစ်သည်။

မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ခေါ်ယူကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကို ယခုလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များနှင့် တပြိုင်တည်း
ကျင်းပသွားမှာဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော် ကူညီသူလိုနေသေး

ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေး အကျဉ်းသားများ ကူညီနိုင်ရေး အစီအစဉ်မှ နိုင်ငံရေးအကျဉ်းသား ၂၅ဝ ကျော်အတွက် စေတနာ့ဝန်ထမ်းများ
လိုနေသေးကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။

၆၃ နှစ်ပြည့် လွတ်လပ်ရေးနေ့မှ စလိုက်သည့် NLD စာရင်းပေါက် နိုင်ငံရေးအကျဉ်းသား ၆၂ဝ မှ တဦးစီအတွက် စေတနာ့ဝန်ထမ်း တဦးကျ ကူညီရန် မဲနှိုက်ရွေးချယ်ရေးအတွက်
စေတနာ့ဝန်ထမ်းများ လိုနေသေးသည်။

“အစုံမနှိုက်ရသေးဘူးခင်ဗျ။ ၂ဝဝ ကျော် ကျန်သေးတယ်။ လွတ်လပ်ရေးနေ့က တက်လာတဲ့ လူကလဲ ၂ဝဝ ကျော်လောက် ရှိတယ်။ အဲဒီလူတွေ နှိုက်ကြတာပဲ။ လူတွေကို
ဖြန့်ဝေပေးတာမျိုး မလုပ်ချင်ဘူးလေ။ ဒါက ကိုယ့်ဖာသာ တာဝန်ယူမှုကိုး” ဟု ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင် က မဇ္ဈိမကို ပြောသည်။

NLD အမျိုးသမီးလုပ်ငန်း တာဝန်ခံ ဒေါ်မေဝင်းမြင့်ကလည်း “တဖြေးဖြေး လက်လီစိတ်ပြီး လာနှိုက်နေတာလဲ ရှိသေးတယ်။ ၂၅ဝ ကျော်လောက် ကျန်သေးတယ်။ ဒီနေ့လဲ လာနှိုက်
နေတာပဲ။ တချို့က ရုံးမလာရဲဘူးလေ။ ကိုယ်စားနှိုက်ခိုင်းတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

သံဃာတော်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ကျောင်းသားများ၊ အမျိုးသမီးများ အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ရှိသော်လည်း အားလုံးအတွက် မလုပ်နိုင်သဖြင့် NLD
သို့ စာရင်းသွင်းထားသူများအတွက်သာ ဆောင်ရွက်ရသည်ဟု သိရသည်။

မဲနှိုက်သူသည် သူတာဝန်ယူရမည့် ပုဂ္ဂိုလ်၏ မိသားစုများကို “ချိတ်ဆက်” ပြီး နှုတ်၏ ဆောင်မခြင်း၊ အခက်အခဲများကို နိုင်သလောက် ကူညီဖြေရှင်းပေးရန်ဖြစ်ပြီး ငွေကုန်ခံကူညီရမည်ဟု
မသတ်မှတ်ထားကြောင်း ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူတာဝန်ယူ ကူညီရမည့် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ ကိုစိုးမင်းမင်း၏ မိသားစုနှင့် ယနေ့တွေ့ဆုံကြောင်း၊ ဆွေးနွေးသည့် အကြောင်းအရာကိုမူ မသိရ
ကြောင်း ဦးဝင်းတင်က ပြောသည်။

ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ပူတာအိုထောင်၌ ၇ နှစ်ကျနေသည့် မန္တလေးတိုင်းစည်း အစ္စလာမ် ဘာသာဝင် ဒေါ်ဝင်းမြမြကို ကူညီရန် မဲပေါက်သဖြင့် မန္တလေးမှ မိတ်ဆွေများ
အကူအညီဖြင့် ကိုရမ်ကျမ်း၊ အစ္စလာမ်ဘာသာအရ ဘုရားရှိခိုးလျှင်သုံးသည့် ဝတ်ရုံ၊ အခင်း၊ ကော်ဇောနှင့် စားသောက်စရာများ ပို့ခိုင်းလိုက်သည်ဟု သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပဏ္ဍိတ်ထွန်း၊ အရှင်ဂမ္ဘီရ၊ ကိုပြုံးချို တို့ ၁၁ ဦးကို NLD သွေးလှူရှင်လူငယ်များအဖွဲ့က တာဝန်ယူထားသည် ဟု ကိုပဏ္ဍိတ်ထွန်း
မိခင် ဒေါ်ညွန့်ညွန့်ဦးက မဇ္ဈိမကို ပြောသည်။

စီးပွားရေး အဆင်မပြေကြသဖြင့် ထောင်ဝင်စာ သွားမတွေ့နိုင်သူများကို နိုင်ငံတကာ၌ “နိုင်ငံရေးခိုလှုံခွင့်” ရနေသူများက တတ်နိုင်သလောက် စုပေါင်းကူညီပါက ပိုအဆင်ပြေမည်ဟု
ဆိုသည်။

“ဒီနေ့တောင် ကိုယ်လို နိုင်ငံရေး မိသားစုတယောက်က ပြောသေးတယ်။ နိုင်ငံရေး ခိုလှုံခွင့်နဲ့ တိုင်းတပါးမှာ ရှိနေတဲ့ လူတွေသာ ထောင်ကျနေတဲ့လူတွေအပေါ်မှာ အနည်းအကျဉ်း
သိတတ်မယ်ဆိုရင် ထောင်ဝင်စာတွေဟာ အချိန်မရွေး ရှိနေမှာပေါ့တဲ့” ဟု ဒေါ်ညွန့်ညွန့်ဦးက ပြောသည်။

NLD က နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်အတွက် လစဉ် သိန်း ၄ဝ ခန့် အသုံးပြုနေသကဲ့သို့ ရာဂဏန်းရှိသည့် နိုင်ငံရေးအကျဉ်းသား သားသမီးများအတွက် ပညာသင်ဆုကိုလည်း
စီစဉ်နေသည်ဟု ဦးဝင်းတင်ထံမှ သိရသည်။

“ICRC က ခရီးစရိတ်ပေးတယ်။ သို့သော် ဟိုရောက်တဲ့ အခါကျတော့ သောင်တင်နေတတ်တယ်ဗျာ။ လေယာဉ်ပျံ မရတာတို့ ဘာတို့။ အဲဒီတော့ ကျနော်တို့က ထပ်ဆောင်းပေးရတယ်။
လိုတဲ့လူပဲ ပေါ့ဗျာ။ အကြောင်းပြချက်နဲ့ ထုတ်ပေးတာပေါ့” ဟု သူက ပြောသည်။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၈၉ ဦးရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း -မြန်မာနိုင်ငံက ထုတ်ပြန်ထားသည်။

ညှဉ်းပမ်းနှိပ်စက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှုကြောင့် ထောင်များနှင့် စစ်ကြောရေး စခန်းများတွင် သေဆုံးရသည့် နိုင်ငံရေးအကျဉ်းသား ၁၄ဝ


ကျော်ရှိသည်ဟုလည်းဆိုသည်။

တိုင်းရင်းသားအမတ်များ ပိတ်ဆို့မှု ရုတ်သိမ်းရေး တောင်းဆို

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်

ချင်းမိုင(် မဇ္စျိမ)။ ။ တိုင်းရင်းသား ဒေသများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသဖြင့် နိုင်ငံတကာက မြန်မာစစ် အစိုးရ အပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ရုတ်သိမ်းပေးရန်
ရွေးကောက်ပွဲဝင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလံ-စဝေါ်
ု စသည့် တိုင်းရင်းသားပါတီတို့က တောင်းဆိုလိုက်သည်။

ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ စဝေါ်
ဒီမိုကရက်တစ် ပါတီများက အနိုင်ရ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ဝ ကျော်က ယခုလ ၁၅ ရက်တွင် ဆုံးဖြတ်တောင်းဆိုခဲ့ကြသည်။

“ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့် ကျနော်တို့ဆီမှာ တရုတ်နဲ့ ထိုင်းပစ္စည်းတွေဘဲရှိတယ်၊ ပစ္စည်းကောင်းတွေ မရှိဘူး။ quality ကောင်းတဲ့ ကွန်ပျူတာ၊ Calculator ၊ နာရီကအစ မရှိဘူး။
အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အထိနာတယ်။...ဒီ ပိတ်ဆို့မှုက နိုင်ငံရေးကစားတာဘဲ။ တိုင်းရင်းသားတွေ နာတာပေါ့”ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းက ပြောသည်။

သူ့အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှဘဏ်များတွင် ငွေချေးခွင့်မရဘဲ ကျောက်မျက်ရတနာ၊ သစ်ထုတ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းများ


ပိတ်ဆို့ခံနေရ၍ စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရသည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး၊ အမျိုးသားလွှတ်တော်မှ ဒုတိယ သမ္မတနေရာနှင့် ပြည်နယ်ဝန်ကြီး နေရာများကို အနိုင်ရထားသည့် တိုင်းရင်းသား
လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခွဲဝေပေးရန် ဇန်နဝါရီလ ၃၁ ရက် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် တင်ပြရန် တောင်းဆိုထားသည်။

မြန်မာ့စီးပွားရေး မဖွံ့ဖြိုးခြင်းမှာ လက်ရှိ စစ်အစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ပြောဆိုနေကြသဖြင့် တက်လာမည့် အစိုးရသစ်တွင် စီးပွားရေး ပညာရှင်များ ပါလာရန်
အရေးကြီးသည်ဟု ဦးဇိုဇမ်းက ဆိုသည်။

အလားတူ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ ရုပ်သိမ်းပေးရန် ယခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှား
နိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားတွင် ကျင်းပသည့် အစည်းအဝေးတွင် မနေ့က ပြောဆိုလိုက်သည်။

စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွင် ပြည်သူလူထုနှင့် တိုက်ရိုက် ဆက်စပ်နေသည့် အထည်ချုပ် လုပ်ငန်းကဲ့သို့ လုပ်ငန်းများကို ပယ်ဖျက်သင့်သော်လည်း အခြား အစိုးရ
စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များကိုမူ ဆက်လက် ပိတ်ဆို့ထားသင့်ကြောင်း မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ လုပ်ငန်းမှာတော့ ဖွင့်ပေးဖို့ ကောင်းပါတယ်။ ဒါပေမဲ့ လူနည်းစု ဒါမှမဟုတ် အစိုးရနဲ့ အသိုင်းအဝိုင်းတွေဘဲ အကျိုးရှိမယ့် လုပ်ငန်းမျိုး၊ ပွင့်လင်းမြင်သာမှု
မရှိတဲ့လုပ်ငန်းမျိုးက ပြည်သူလူထုကို ထိခိုက်စရာ မရှိပါဘူးလို့ မြင်တယ်။ ဒါပေမဲ့ မြေသိမ်းပြီးတော့ အကောင်အထည်ဖော်တဲ့ လုပ်ငန်း၊ တာတမံဆောက်တဲ့ လုပ်ငန်းတွေကိုတော့
ပိတ်ဆို့ဖို့ သင့်ပါတယ်”ဟု မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

လက်ရှိ စစ်အစိုးရ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ကုမ္ပဏီများက အကောင်အထည် ဖော်နေသော ထားဝယ် ရေနက်ဆိပ်ကမ်း၊ ရွှေဂက်စ် ပိုက်လိုင်းများနှင့် ရေကာတာ
စီမံကိန်းလုပ်ငန်းများသည် ဒေသခံများ အကျိုးစီးပွား မရှိသည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသာ ရှိနေသဖြင့် အဆိုပါ ကိစ္စများကို ပြန်စဉ်းစားပေးသင့်ကြောင်း သူက မဇ္စျိမကို
ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး အခြေအနေများ မထိခိုက်စေရန် ထည့်သွင်း တွက်ချက်ခြင်း၊
အလုပ်သမားအခွင့်အလမ်းများ လေးစား လိုက်နာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မှုကို အလေးထားခြင်း၊ နည်းပညာ မြင့်မားသော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ
ဦးစားပေးခြင်း စသည့် မူဝါဒအဖြစ် စွဲကိုင်ထားရန် လိုအပ်သဖြင့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ၏ အကျိုးဆက်များကို သုံးသပ်ရန် လိုအပ်ကြောင်း ယခုလ ၄ ရက်က
ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီ တိုးတက်ရေး ပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSPနှင့် ရှမ်းပြည်တိုးတက်ရေး
ပါတီ SSPP တို့ကလည်း နိုင်ငံရေးအရအမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးကော်မတီကို မကြာသေးခင်က
ဖွဲ့စည်းခဲ့သည်။

ယခုလ ၁၁ မှ ၁၄ ထိ ၄ ရက်ကြာ ကျင်းပသော ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ကော်မတီဝင် ၂ဝ ကျော်က စစ်အစိုးရက နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရန်လည်း
တောင်းဆိုထားကာ စစ်အစိုးရ ထိုးစစ်ဆင်လာပါက စုပေါင်းခုခံကြရန် သဘောတူထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းများနှင့် မကြာမီ မျက်နှာစုံညီ
ညီလာခံ တရပ်ခေါ်ယူကျင်းပမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အစိုးရအနေဖြင့် လက်ရှိ နိုင်ငံရေးအရ အပြုသဘောဆောင်သည့် အကောင်းဘက် ဦးတည်သည့် အပြောင်းအလဲ မပြုလုပ်မချင်း စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆက်လက်
ထားသင့်ကြောင်း အဆိုပါ ကော်မတီ ပြောခွင့်ရ ဦးရွှေမျိုးသန့်က ပြောသည်။

စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်အစိုးရ ခေါင်းဆောင်များ၏ မိသားစုများ၊ သူတို့နှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်အပါအဝင်
အနောက်နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။

သင်္ဘောသား ပြန်ပေး နောက် ၁၁ ယောက်

ကျော်ခ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာသင်္ဘောသား ၁၁ ဦးလိုက်ပါသည့် Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော စနေနေ့က အာရပ်ပင်လယ်ထဲတွင် ဆိုမာလီ ဓားပြများ
ပြန်ပေးဆွဲခံလိုက်ရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘောပေါ်တွင် ဓာတု ပစ္စည်း တန်ချိန် ၁ သောင်းကျော်နှင့် မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦး စုစုပေါင်း ၂၁ ဦး
ပါသွားသည်။

“ကျနော်တို့ ရတဲ့အချက်တွေအရတော့ ပြီးခဲ့တဲ့


စနေနေ့က အဖမ်းခံရတယ်။ ရန်ကုန် Samho Shipping ကုမ္ပဏီရုံးခွဲကပို့ တဲ့
မြန်မာ ၁၁ ယောက်လဲပါတယ်။ ဒီကိစ္စကိုတော့ သူတို့ထုတ်ပြန်မထားဘူး။
မိသားစုဝင်တွေကိုတော့ ပြောပြထားမှာပေါ့”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး
သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

ဓာတုပစ္စည်းများတင်ဆောင်လာသည့် အဆိုပါ သင်္ဘော အာရပ်စော်ဘွားများ


ပြည်ထောင်စု UAE မှ သီရိလင်္ကာသို့ ဦးတည်ခုတ်မောင်းနေစဉ်
ပြန်ပေးဆွဲခံရသည်။

ယခုအခါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲခံထားရသူ မြန်မာသင်္ဘောသား ၃၄


ဦးရှိသွားပြီ ဖြစ်သည်။

ယခင်လ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါ MV. Panama Samho Jewelry (photo ::


လိုင်ဘေးရီးယား ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ http://english.yonhapnews.co.kr)
မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဆိုမာလီ ဓားပြ ၅ ဦးက
ပြန်ပေးဆွဲသွားသည်။

အဆိုပါ မြန်မာသင်္ဘောသား ၂၃ ဦးမှာ ကျန်းမာလျက်ရှိပြီး မိသားစုနှင့် ဖုန်းအဆက်အသွယ်ရကြောင်း သင်္ဘောကုမ္ပဏီ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
http://www.mizzimaburmese.com/home.html

နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး NLD ဆောင်ရွက်

By ဦးဇော်ဝင်းလှိုင် တနင်္လာ, 17 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့တုန်းက မဲနှိုက်ခဲ့ကြတာမှာ ဒေါ်အောင်ဆန်းစုကြည်က သူမ
မဲပေါက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားအပြင် အဲဒီလူနဲ့ အမှုတွဲ တတွဲတည်း ဖြစ်ကြတဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။
အဲဒီ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ မနေ့က NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကူညီဖို့ မဲပေါက်သူကတော့ လှိုင်သာယာမြို့နယ်က နိုင်ငံရေး အကျဉ်းသား ကိုစိုးမင်းမင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစိုးမင်းမင်းအပြင်
သူနဲ့ အမှုတွဲ တတွဲတည်းဖြစ်တဲ့ လှိုင်သာယာမြို့နယ်ကပဲ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပြီး အဲဒီ နိုင်ငံရေး
အကျဉ်းသား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ကိုစိုးမင်းမင်း မဲပေါက်ပြီးတဲ့နောက် အထွေထွေ အတွင်းရေးမှူးက ကိုစိုးမင်းမင်းနဲ့ အမှုတွဲများဖြစ်တဲ့ ကိုသန့်ဇင်မျိုး၊ မလှလှမော်၊ ဦးတင်ယု၊ ဦးကျော်စိုးဝင်း၊ ကိုဝင်းမြင့် စတဲ့ အဲဒီ နိုင်ငံရေး
အကျဉ်းသားတွေကိုပါ သူက အမှုတွဲအားလုံးကို တာဝန်ယူပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုတွေ၊ လှိုင်သာယာကပဲ ဖြစ်ပါတယ်။
အဲဒီမိသားစုတွေက ဒီနေ့ ရုံးကိုလာပြီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက သူတို့ကို လက်ခံ တွေ့ဆုံပါတယ်။”

အဲဒီလို တွေ့ဆုံတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုဝင် ၂၅ ယောက်လောက်အပြင် NLD ဗဟိုလူမှု အထောက်အကူပြု အဖွဲ့က တာဝန်ခံ ဦးနိုင်းနိုင်းနဲ့ တခြား
ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်ဝင်စာ တွေ့နိုင်ရေး ကိစ္စနဲ့ အကျဉ်းကျနေသူတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ရေး ကိစ္စတွေကို ဆွေးနွေးပြီး
ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို အားပေးစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီမှာ အထွေထွေ အတွင်းရေးမှူးက နိုင်ငံရေး အကျဉ်းသား တဦးစီရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေနဲ့ နောက် ထောင်ဝင်စာ သွားရောက်နိုင်တဲ့
အခြေအနေတွေ၊ သွားရေးလာရေး အခက်အခဲ အခြေအနေတွေကို မေးပါတယ်။ မေးပြီးတော့ သူတို့တွေ ထောင်ဝင်စာ ပုံမှန် သွားနိုင်ဖို့အတွက် ဘယ်လို ပံ့ပိုးကူညီရမလဲဆိုတာ သူတို့
မိသားစုတွေနဲ့ ညှိနှိုင်းပါတယ်။ အဲဒီ ထောင်ကျ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာရေးကိုလည်း စိတ်ဝင်တစား မေးပါတယ်။ မေးပြီးတော့ ကလေးတွေကို ပညာ
ကြိုးစားကြဖို့ ဆုံးမ သြ၀ါဒ ပေးပါတယ်။

“အဲဒီနောက် အခုလို ထောင်ကျနေတဲ့ အတွက်ကြောင့် ဘာမှ အားငယ်စရာ မရှိတဲ့အကြောင်း၊ ဒါဟာ တကယ့် အများအကျိုးအတွက် ဆောင်ရွက်ရင်း အခုလို ဖြစ်သွားတဲ့အတွက်
ဂုဏ်ယူရမှာတောင် ဖြစ်ကြောင်း၊ အဲဒါတွေ ပြောပြီးတော့ မိသားစုကို အားပေးစကား ပြောပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးကြောင့် အကျဉ်းကျနေသူတွေနဲ့ သူတို့မိသားစုဝင်တွေကို ရုပ်ဝတ္ထုပစ္စည်း၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားများ
ကူညီထောက်ပံ့ရေး အစီအစဉ်တခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က စတင် အကောင်အထည် ဖော်လိုက်တာပါ။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ပါတဲ့ ရင်ထိုးတွေကို ကူညီချင်သူ စေတနာရှင်တွေက မဲနှိုက် တာဝန်ယူကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံရေး
အကျဉ်းသားတွေကို ရုပ်ဝတ္ထုပစ္စည်း ကူညီမှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကူညီတာဟာလည်း သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ခံအားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒီနှစ် နှစ်သစ်ကူးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း
မြန်မာစစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဇန်န၀ါရီ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်သစ်ကို တက်ကြမယ့် NDF ပါတီက ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲ ရောက်တာနဲ့ အကျဉ်းသားတွေ
လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဦးစားပေး တောင်းဆိုမယ်လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ကျန်းမာရေး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အထူးသဖြင့်တော့
ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုဒဏ်ကို ခံစားရတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရကြဘူးလို့ ဆိုပါတယ်။
NLD ကတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို ကူညီ ထောက်ပံ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ
ဈေးရောင်းပွဲ ကျင်းပခဲ့တာမှာ ကျပ် သိန်း ၁၀၀ လောက် ရခဲ့တယ်လို့ ဆိုပါတယ်။

NLD ပါတီ ရပ်တည်နိုင်ရေး နောက်ဆုံးအယူခံကိစ္စ ကြားနာတော့မည်

By မသိင်္ဂီထိုက် တနင်္လာ, 17 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ပြီးခဲ့တဲ့နှစ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်မတင်ခဲ့တဲ့ နောက်ပိုင်း တရားဝင် နိုင်ငံရေးပါတီ အဖြစ်က
ပယ်ဖျက်ခဲ့တာကို အယူခံ လျှောက်ထားချက် တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာ မကြာခင် ကြားနာသွားဖို့ ရှိနေပါတယ်။ နေပြည်တော် တရားရုံးက NLD ရဲ့
ရှေ့အလားအလာကို ဆုံးဖြတ်မယ် ဆိုတဲ့အကြောင်း NLD ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကို ဆက်သွယ် စုံစမ်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က ပါတီ ဆက်လက်ရပ်တည်ရေး တရားဥပဒေကြောင်းအရ နေပြည်တော် တရားရုံးချုပ်မှာ ဒီလ ၁၃ ရက်နေ့က အထူးအယူခံ လျှောက်ထားတာ
ဖြစ်ပါတယ်။ ဒီလျှောက်ထားမှုကို နေပြည်တော် တရားရုံးချုပ်မှာ ဒီလ ၂၄ ရက်နေ့ ကြားနာမယ့်အကြောင်း တရားရုံးချုပ်ကနေ NLD ပါတီကို ဒီကနေ့ အကြောင်းကြားထားတယ်လို့
ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“လာမယ့် ၂၄ ရက်နေ့ မနက် ၁၀ နာရီမှာ နေပြည်တော်မှာ လျှောက်လဲချက် ပေးရပါမယ်။ ဒီနေ့ပဲ ကျနော်တို့ဆီ အကြောင်းကြားပါတယ်။ ဆရာ ဦးကြည်ဝင်းနဲ့ ကျနော်တော့
သေချာတယ်ပေါ့။ ကျန်တဲ့လူလည်း ပါချင်ပါမယ်၊ လောလောဆယ်တော့ မသိသေးပါဘူး။”

NLD ပါတီက နေပြည်တော် တရားရုံးချုပ်မှာ ပါတီ ဆက်လက်ရပ်တည်ရေး ပထမအကြိမ် လျှောက်ထားမှုကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ အခု တရားရုံးချုပ်မှာ တင်ထားတဲ့
အထူးအယူခံအရ NLD ပါတီ ဆက်လက်ရပ်တည်ခွင့် ရရေး လျှောက်ထားချက်ကို လက်ခံရင်တော့ တရားဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်ပေမဲ့ လက်မခံဘူး
ဆိုရင်တော့ တရားဥပဒေကြောင်းအရ ဆက်လက် တရားစွဲဆိုလို့ မရတော့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၄ ရက်နေ့မှာ နေပြည်တော် အထူးခုံရုံးမှာ ကျနော်တို့အမှု တမှုပဲ ရှိတယ်။ တခြား လုံးဝ မရှိဘူး။ အဲတော့ ကျနော်တို့က ပြီးခဲ့တဲ့ ကြာသပတေး၊ ၁၃ ရက်နေ့က အမှုတင်ခဲ့ပါတယ်။ အခု
အမှုပေါ်လာတာပေါ့။ ဒါကတော့ သက်ဆိုင်ရာ တရားရုံးချုပ်ရဲ့ အပေါ်မှာပဲ တည်တာပေါ့လေ။ ဘယ်အမှုမှ မပေါ်ဘူး၊ ကျနော်တို့အမှုတော့ အစောကြီး ပေါ်လာတယ်။ ဒီအတွက်လည်း
ကျနော်တို့ အခု ပြင်ဆင်နေပါတယ်။ လက်ခံရေး၊ လက်မခံရေး ကြားနာပြီးတော့ လက်မခံဘူးဆိုရင် ကျနော်တို့ ဥပဒေအရ လမ်းကြောင်းကုန်ပါတယ်။ လက်ခံတယ်ဆိုရင် နောက်တဆင့်
လျှောက်လဲချက် ပေးရပါမယ်။”

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရက ပယ်ချခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်တွေကို ဒီလကုန်မှာ
စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီရဲ့ ရှေ့ဆက်ပြီး ဆက်လက်ရပ်တည်ခွင့် အလားအလာအပေါ်မှာ ဦးဉာဏ်ဝင်းရဲ့
ယူဆချက်ကတော့…

“အလားအလာကတော့ သူတို့က ခပ်မြန်မြန်လေး ပြီးပြတ်အောင် ဆောင်ရွက်နေတယ်လို့ ယူဆစရာ ရှိတယ်။ သို့သော် ဒါ ယူဆတာ ယူဆတာ သက်သက်ပဲ၊ ကျနော်တို့ကတော့
ဥပဒေအရ ပြောသင့်ပြောထိုက်တာ၊ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါ။”

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ မှတ်ပုံမတင်တဲ့ NLD ပါတီ အပါအ၀င် တခြား နိုင်ငံရေး ပါတီတွေကို နိုင်ငံရေးပါတီ အဖြစ်က
ပျက်ပြယ်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုကြေညာခဲ့မှုအပေါ် NLD ပါတီက တရားဥပဒေကြောင်းအရ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။

အခု ဒုတိယအကြိမ်အဖြစ် အထူးအယူခံကို ကြားနာမှာ ဖြစ်ပါတယ်။ အခု တရားရုံးချုပ်ရဲ့ အထူးအယူခံက NLD ပါတီ တရားဝင် ရပ်တည်ခွင့်ရရေး လျှောက်ထားမှုကို လက်ခံရေး၊
လက်မခံရေး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အရှေ့တီမော အာဆီယံအဖွဲ့ဝင် ဖြစ်ရေး လျှောက်တော့မည်

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 17 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ အရှေ့တီမောနိုင်ငံက ဒီနှစ်ထဲမှာ တရားဝင် လျှောက်ထားလိမ့်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်နေချိန်မှာ အရှေ့တီမောက အဖွဲ့ဝင်အဖြစ် လျှောက်တာဟာ ထူးခြား အရေးပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ
နာတာလီဂါဝါ (Marty Natalegawa) က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အရင် ပေါ်တူဂီရဲ့ ကိုလိုနီ ဖြစ်ခဲ့တဲ့ အရှေ့တီမောကို အင်ဒိုနီးရှားက သိမ်းပိုက်အုပ်ချုပ်ပြီး ၂၄ နှစ်ကြာတဲ့ ၂၀၀၂ ခုနှစ်ကမှ အရှေ့တီမောဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခု
ဖြစ်လာခဲ့တာပါ။

အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာရေးအတွက် အချိန်ပေးရမှာဖြစ်ပြီး ဒီနှစ်အတွင်းမှာ မပြီးနိုင်ဘူး ဆိုတာကို အရှေ့တီမော တာဝန်ရှိသူတွေက နားလည်ပါတယ်လို့ မစ္စတာ
နာတာလီဂါဝါက Lombok ကျွန်းမှာ ပြုလုပ်တဲ့ စည်းဝေးပွဲမှာ တနင်္ဂနွေနေ့တုန်းက ပြောကြားခဲ့ပါတယ်။

Facebook အကြောင်း ရုပ်ရှင်ဇာတ်ကား ရွှေကမ္ဘာလုံးဆုများ ဆွတ်ခူး

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 17 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook
• StumbleUpon

• Yahoo! Buzz

• del.icio.us

အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရုပ်ရှင်နဲ့ TV ဇာတ်လမ်းတွဲဆိုင်ရာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Facebook လူမှုကွန်ယက် ဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းကို
ရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ကားက အကောင်းဆုံး ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုကို ရရှိသွားပါတယ်။

ဒီကားကပဲ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ရိုက်ညွှန်းဆုတို့ အပါအဝင် စုစုပေါင်း ရွှေကမ္ဘာလုံးဆု ၄ ဆု ရရှိသွားပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဗြိတိသျှ ဆဌမမြောက် Geroge ဘုရင်အကြောင်း ရိုက်ထားတဲ့ King’s Speech ဆိုတဲ့ ရုပ်ရှင်ထဲက မင်းသား Collin Firth၊ တခါ
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ ဘဲလေးကခြေသည်အကြောင်း ရိုက်ထားတဲ့ Black Swan ရုပ်ရှင်ကားထဲက မင်းသမီး Natalie Portman က ရရှိသွားပါတယ်။

ဟောလီးဝုဒ် နိုင်ငံခြား သတင်းထောက်များ အသင်းကပေးတဲ့ Gloden Globe ရွှေကမ္ဘာလုံးဆု ရရှိသူတွေဟာ ဟောလီးဝုဒ် ရုပ်ရှင်လောကအတွက် အကြီးကျယ်ဆုံးဖြစ်တဲ့ အကယ်ဒမီဆု
ရနိုင်ခြေ များတယ်လို့ တွက်ဆကြပါတယ်။

နိုင်ငံရေး အကျပ်အတည်း ကြုံတဲ့ တူနီးရှားမှာ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးစား

By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 16 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

လူထု ဆန္ဒပြမှုတွေကနေ အာဏာရှင် သမ္မတ ပြုတ်ကျသွားခဲ့တဲ့ တူနီးရှားနိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကြားကပဲ ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။

အာဏာရှင် သမ္မတ ဇိုင်း အယ်လ-် အဘီဒိုင်း ဘန်အလီ (Zine el-Abidine Ben Ali) ပြည်ပကို ထွက်ပြေးသွားခဲ့တာ ၂ ရက်ရှိသွားပြီ ဖြစ်ပေမဲ့ မြို့တော် တူးနစ်စ်ရဲ့ မြောက်ပိုင်း အစွန်အဖျား
နေရာတွေမှာ တနင်္ဂနွေနေ့က သေနတ်နဲ့ ပစ်ခတ်မှုတွေ တွေ့ရပါတယ်။

ဒီတိုက်ပွဲတွေဟာ ပြည်ပ ထွက်ပြေးသွားတဲ့ သမ္မတဟောင်းကို အခုထိ သစ္စာစောင့်သိနေဆဲဖြစ်တဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဝင်တွေနဲ့ တူနီးရှားစစ်တပ်က တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်နေတာလို့
သတင်းတွေမှာ ဖော်ပြကြပါတယ်။

အစပိုင်းမှာ တူနီးရှား သမ္မတ ကိုယ်ရံတော်တပ် အကြီးအကဲဟာ နိုင်ငံမှာ ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မလာအောင် ကြံစည်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

စနေနေ့က ယာယီသမ္မတ အဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဖူအပ် မီဘာဇာ (Fouad Mebazaa) က တူနီးရှား ၀န်ကြီးချုပ် မိုဟာမက် ကန်နောချီ (Mohamed
Ghanouchi) ကို ညီညွတ်တဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့ ပန်ကြားခဲ့ပါတယ်။ အစိုးရသစ်အဖွဲ့ကို တနင်္လာနေ့မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

မီဘာဇာက ၂ လအတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတရပ် ကျင်းပပေးဖို့ တောင်းဆိုခဲ့ပေမဲ့ နှစ်ပေါင်း ၂၀ ကျော် အာဏာရှင် အုပ်စိုးလာတဲ့ တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီ
နည်းလမ်းတကျ ဖြစ်အောင် ဘယ်လို ပြင်ဆင်နိုင်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တူနီးရှားနိုင်ငံမှာ ခေါင်းဆောင်မှုအသစ်နဲ့ တရားဥပဒေ စိုးမိုးရေး အမြန်ဆုံး ပေါ်ပေါက်လာစေဖို့ တူနီးရှား
နိုင်ငံခြားရေးဝန်ကြီး ကမ်မဲလ် မော်ဂျန်း (Kamel Morjane) ကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ အခြေအနေ နဲ့ လွတ်မြောက်ရေး မျှော်လင့်ချက်

By ဦးသန်းလွင်ထွန်း သောကြာ, 14 ဇန်နဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာနိုင်ငံရဲ့အခြေအနေဆိုးဝါးလှတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေဆဲဖြစ်တယ်လို့ AAPPB (Assistance Association for Political Prisoners-
Burma) ခေါ် ထိုင်းအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က အစီရင်ခံစာတရပ် ထုတ်ပြန်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့
ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် နိုင်ငံရေး အကျဉ်းသား တွေကို ချွင်းချက်မရှိ၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုကြောင်း၊ နိုင်ငံတကာက တောင်းဆိုနေခဲ့ပေမဲ့ မြန်မာ စစ်အစိုးရက
လိုက်နာခဲ့ခြင်းမရှိကြောင်း၊ AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ဦးတိတ်နိုင် ။ ။ ၂၁၈၉ ယောက်ပေါ့လေ။ အဲဒါက အနိမ့်ဆုံး အဲဒီလောက်ရှိတယ်လို့ ပြောလို့ရပါတယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့ ကိစ္စလေးတွေ ရှိနိုင်သေးပါတယ်။ ဒါက ဒီဇင်ဘာ ၃၁
နောက်ဆုံး ကျနော်တို့ရဲ့ စစ်တမ်းကောက်ယူချက်ပေါ့လေ။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေအတွက်နဲ့ ပတ်သက်ပြီးတော့ ကိုတိတ်နိုင်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ


ကာကွယ်စောင့်ရှောက်ရေး အသင်းက နေပြီးတော့ နှစ်စဉ် အစီရင်ခံစာတွေ ထုတ်တဲ့နေရာမှာ ဒီနှစ်ထုတ်တဲ့အရေအတွက်က ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် အရေအတွက်ထက်တော့
များနေတာပေါ့နော်။ အဲဒီတော့ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသား ဆိုပြီးတော့ အရေအတွက်သတ်မှတ်ချက်မှာ နည်းနည်းလေး အငြင်းပွားဖွယ်ရှိနေတာတွေ မဖြစ်ဘူးလားခင်ဗျ။
အထူးသဖြင့်ပေါ့နော်၊ မြန်မာနိုင်ငံအစိုးရက ဆိုလို့ရှိရင် ထောင်သွင်းအကျဉ်းချထားတဲ့ လူတွေကို တစုံတခု ရာဇ၀တ်မှုတွေနဲ့ပဲ လက်ညှိုးထိုးပြီးတော့ အကျဉ်းချထားတယ်ဆိုတော့
အဲဒီလူတွေထဲက ဘယ်လို လူမျိုးတွေ ကို နိုင်ငံရေးအကျဉ်းသားအနေနဲ့ သတ်မှတ်သလဲခင်ဗျ။

ဦးတိတ်နိုင် ။ ။ အဲဒါကလည်း အရင်ကတည်းက အဲသလို ဖြစ်ခဲ့တာပါ။ သို့ပေမဲ့ ကျနော်တို့ကလည်း ကျနော် တို့ရဲ့ စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်၊ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းနဲ့
ကိုက်ညီအောင် ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ပြီးလုပ်ရပါတယ်။ ဆိုတော့…အဲဒီအပေါ်မှာပဲ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဆိုတာ ဘာလဲ-ဆိုတဲ့ ဘယ်သူတွေကို
ခေါ်တာလဲဆိုတဲ့ကိစ္စမျိုး သတ်မှတ်ရတဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ဥပမာ - နံပတ် ၁ အချက် အရ ကျနော်တို့ ပုဒ်မတွေအရ သတ်မှတ်ရတာရှိပါတယ်။ (၅/ည) တို့၊ (၁၇/၁) တို့၊ (၁၇/၂၀) တို့၊
122 တို့ 1221-1224 အပြင် ပုဒ်မ ၁၅၄ အထိပေါ့လေ၊ ဆိုတော့ အဲဒါတွေ အကုန်လုံးက နိုင်ငံရေးလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ ပြစ်မှုတွေဖြစ်တယ်ဆိုတော့ အဓိက
ကျနော်တို့သတ်မှတ်တာက နိုင်ငံရေးလုပ်ဆောင်နေရင်းနဲ့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ကိစ္စတွေ လှုပ်ရှားဆောင်ရွက်ရင်းနဲ့ အဖမ်းဆီးခံရတဲ့သူတွေကို နိုင်ငံရေး အကျဉ်းသားလို့
သတ်မှတ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အန်အယ်လ်ဒီက အမတ်မင်းများကို အရင် ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိ ထားတဲ့ အမတ်မင်းများကို သူတို့က ဆိုင်ကယ်လ်တိုက်မှုတွေ၊ ကားတိုက်မှုတွေ၊
ဘိန်းပစ်တဲ့ကိစ္စတွေ၊ ဘိန်းကို အိမ်ထဲပစ်ပြီးတော့ ဖမ်းတဲ့ကိစ္စတွေ၊ နောက်တခါ ဦးကျော်မင်းတို့ဆိုလို့ရှိရင် သူတို့ ရွေးကောက်ပွဲမှာ ဘာမှ မပြောဘဲနဲ့ အခုကျမှ သူက
နိုင်ငံသားမဟုတ်ဘူးလို့ ပြောတဲ့ကိစ္စတွေ၊ အဲလိုမျိုး မတရား စွပ်စွဲချက်မျိုးတွေနဲ့ ပုဒ်မတွေကလည်း ကျနော်တို့ အခုနက ပြောခဲ့သလို (၅/ည) တို့၊ (၁၇/၁) တို့၊ (1221) တို့ - ဒီထဲမှာ
မပါဘဲနဲ့ တခြားပုဒ်မတွေနဲ့ ကျခံပေမဲ့လည်း ကျနော်တို့က ဒီနိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေကို သူတို့ကို တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း
ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကိုတိတ်နိုင်တို့ အဖွဲ့အစည်းတွေ၊ ပြင်ပ အဖွဲ့အစည်းတွေက နေပြီး တော့ နိုင်ငံရေးအကျဉ်းသားလို့
သတ်မှတ်ထားတဲ့သူတွေ ပြန်လွတ်လာတဲ့ သူတွေကရော ဘယ်နှစ်ယောက်လောက်ရှိလဲ ခင်ဗျ။

ဦးတိတ်နိုင် ။ ။ ၂၀၁၀ အတွင်းမှာ ၆၁ ယောက်လွတ်ပါတယ်။ ဥပမာ - ဒီဇင်ဘာလမှာဆိုလို့ရှိရင် တရက်ထဲနဲ့ ၁၇ ယောက် လွတ်ခဲ့တာရှိပါတယ်။ အဲဒါကလည်း တရက်ထဲ ဘာလို့ ၁၇
ယောက်လွှတ်ရလဲဆိုတဲ့ ကိစ္စတွေ ကျနော်တို့ဆီမှာ အများကြီး ပြောစရာရှိပါတယ်။ တရက်ထဲကို ၁၇ ယောက်လွှတ်တယ်။ ၁၄ ယောက်က ၁၀ နှစ်နဲ့ ၆ လ ထောင်ကျထားတဲ့
သူတွေဖြစ်တယ်။ အဲဒီလူတွေက အဲဒီနေ့မှာ ထောင်လွတ်ရက်စေ့နေပြီ။ ကျန်တဲ့ သူတွေကကောဆိုတဲ့ အခါကျတော့ ဥပမာ- ကိုခိုင်ဝင်းအောင်တို့ ဆိုလို့ရှိရင် ၇ နှစ်ကြာတယ်။
သူတို့လွတ်တဲ့ အချိန်မှာ သူတို့ ၇ နှစ်နဲ့ ၃ လ နေခဲ့ရတာဖြစ် တယ်။ ဆိုလိုချင်တာက လွတ်လာတဲ့သူတွေက ဘယ်လို လူမျိုးတွေလဲ ဆိုတဲ့အခါကျတော့ လွတ်ရက်စေ့လို့ လွတ်လာ တာ။
မတရားသဖြင့် ဖမ်းဆီးထောင်ချထားတဲ့ ရက်တွေ၊ နှစ်တွေစေ့ပြီးတော့ လွတ်လာတဲ့လူတွေဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဥပမာ ပြင်ပ ကုလသမဂ္ဂအပါအ၀င်ပေါ့နော်၊ အားလုံးက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ
ချက်ခြင်းပြန်လွှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့ မသက်ဆိုင်ဘူးပေါ့။ ဒီလိုလွတ်မြောက်မှုတွေက ဘာကြောင့်လဲ ဆိုတော့ သူတို့က လွတ်ရက် စေ့လို့ လွတ်နေတာဖြစ် တယ်
ဆိုတဲ့သဘောကို ပြောချင်တာလား။

ဦးတိတ်နိုင်။ ။ ဟုတ်ကဲ့။ အဲဒီလိုပဲ မီးမောင်းထိုးပြချင်တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးရေးဆိုတာကို အဓိက တောင်းဆိုချက်အနေနဲ့ပေါ့နော်။ ကုလသမဂ္ဂကရော အမေရိကန်ပြည်ထောင်စု


အပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကို ဖိအားပေးတောင်းဆိုနေတဲ့ နိုင်ငံတွေအားလုံးကနေပြီးတော့ တစိုက်မတ်မတ် ထောက်ပြ နေကြပါတယ်။ အထူးသဖြင့်
ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာကို တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံး ကျနော်နဲ့
အင်တာဗျူးတခုမှာတောင်မှပဲ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုထောက်ပြထားသလဲဆိုတော့ မြန်မာနိုင်ငံစစ်အစိုးရနဲ့ နောက်ပိုင်းမှာ အခု လက်တွေ့ကျကျ ဆက်ဆံရေး
မူဝါဒကျင့်သုံးမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့တောင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို တောင်းဆိုချက်တခုတင်မကဘဲနဲ့ အချိန်အပိုင်းအခြားနဲ့
သတ်မှတ်ပြီးတော့ တောင်းဆိုသင့်တယ်ဆိုပြီးတော့ ထည့်သွင်းဖော်ပြထားတာကို ကျနော်တို့ ကြားခဲ့ရပါတယ်။

အချိန်သတ်မှတ်မှုမရှိဘဲနဲ့ဆိုရင် ဘယ်အချိန်မှလွှတ်ပေးမလဲ၊ နောက်ကျသွားမယ့် ကိစ္စမျိုးတွေ ရှိလာနိုင်တယ် လို့လည်း ထောက်ပြသွားတာ ကြားရတယ်လေ။ အဲဒါတွေနဲ့ပတ်သက်လို့ရော


ကိုတိတ်နိုင်တို့အနေနဲ့ ဘာတွေများ ဖြည့်စွက်ပြောချင်လဲ။

ဦးတိတ်နိုင် ။ ။ ကျနော်တို့လည်း တစိုက်မတ်မတ် ပြောနေတဲ့ကိစ္စတွေ ရှိပါတယ်။ ------ ကျနော်တို့ မြန်မာနိုင်ငံအတွက်ပေါ့လေ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက


ပထမဦးဆုံးပြဿနာလို ဖြစ်နေတယ်။ ဖြေရှင်းရမယ့် ပြဿနာလို့ ထင်ပါတယ်။ ဒီ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည် ဖော်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးရမယ်၊ လွှတ်ပေးရုံတင်မကဘူး။ သူတို့က ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ဖြစ်စဉ်တွေမှာ ပါဝင်နိုင်ရမယ်ဆိုတဲ့ကိစ္စက တကယ့်ကို အခြေခံကိစ္စတခုလို့မြင်တယ်။ ကျနော်တို့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းက ဒီလိုမှ မသွားဘူးဆိုလို့ရှိရင် ကျနော်တို့က ရှေ့ဆက် မယ့် မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ၀မ်းနည်းစရာတွေ အများကြီးနဲ့
ကြုံလာရမှာဖြစ်ပါတယ်။ အဲဒါကြောင့် မို့လည်း ဒေါ်အောင်ဆန်းစုကြည်က အမြော်အမြင်ကြီးစွာနဲ့ ဒီကိစ္စလေးကို ထပ်ခါတလဲလဲ ပြောနေတယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာခင်မှာ အခု လာမယ့် ၃၁ ရက်နေ့မှာပေါ့နော်၊ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး လွှတ်တော်ခေါ်ယူကျင်းပမှုတွေ လုပ်မယ်ပေါ့နော်၊ အဲဒါပြီးလို့ရှိရင်
အစိုးရသစ် ဖွဲ့စည်းတာတွေ ဘာတွေလဲ ရှိလာပါလိမ့်မယ်။ အဲဒီအခါကျလို့ရှိရင် နိုင်ငံတကာထုံးစံ၊ မြင်ခဲ့ရတဲ့ အတွေ့အကြုံတွေ အရ ဆိုလို့ရှိရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်
ကြေညာတတ်တာမျိုးတွေရှိပါတယ်။ အကျဉ်းသားတွေ တော်တော် များများ လွှတ်ပေးတာမျိုးတွေလည်း ရှိတတ်ပါလိမ့်မယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရော မျှော်လင့်ချက်
ဘယ်လိုထားသလဲခင်ဗျ။

ဦးတိတ်နိုင် ။ ။ ကျနော့်အမြင်ကတော့ ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာကိုက ကောလဟလ လိုလို၊ Propaganda လိုလို၊ Campaign လိုလို နအဖ ဘက်က
ထွက်လာတဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပေါ်ထွက် လာ တယ်။ ပေါ်ထွက်လာတဲ့အခါကျတော့
ကျနော်တို့အနေနဲ့ အများကြီး စဉ်းစားရပါတယ်။ အများကြီးလည်း လက်တွေ့အခြေအနေနဲ့ ချိန်ကြည့်ခဲ့ရပါတယ်။ အဲဒီကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်
လာမယ်ဆိုလို့ရှိရင်လည်း အဲဒီကာလမှာဆိုရင် တကယ့်ကို Limited ပေါ့။ အရင်တုန်းက လုပ်သလိုပဲ ၊ ဒီအကျဉ်းသား တစ်သောင်းလောက် လွတ်တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားက
၁.၅% လောက်ပဲပါတယ်။ ပွိုင့် ဖိုက် (၀.၅) လောက်ပဲပါတယ်၊ ၀မ်းလောက်ပဲပါတယ်ဆိုတဲ့ ရာခိုင်နှုန်းမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကျနော်တို့က ကြိုတင်ယူဆပြီးတော့
ထုတ်ပြန်ကြေညာချက်တွေလည်း ကျနော်တို့လုပ်ခဲ့ပါတယ်။

အခုလည်း ပြည်သူ့လွှတ်တော်တွေခေါ်မယ်၊ ပါလီမန်တွေခေါ်မယ်ဆိုလို့ရှိရင်လည်း ဖြစ်လာနိုင်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်တွေ၊ ဘာတွေ ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ


သူတို့ သုံးတဲ့စကား ကတော့ လွတ်ငြိမ်းချမ်းသာမဟုတ်ဘဲနဲ့ လွတ်ငြိမ်းသက်သာပေါ့ဗျာ။ လွတ်ငြိမ်းသက်သာခွင့်ဆိုတဲ့ အခါ ကျတော့ အလုံးစုံပြည့်စုံတဲ့ ကိစ္စမဟုတ်ဘူး၊
သူတို့လွှတ်ချင်တဲ့သူကို လွှတ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ၊ ခံဝန်ချက် အရ လွှတ်မယ်၊ စကားပြော ဆွေးနွေးချက်အရ လွှတ်မယ်ဆိုတဲ့ကိစ္စမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါမျိုးကလည်း
တကယ့်ကို အကန့်အသတ်ကြီးစွာနဲ့ အကန့်အသတ်ကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ အကန့်အသတ်ကြီးစွာနဲ့ ခေါ်နိုင်တယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လောလောဆယ်အားဖြင့်ရော မြန်မာနိုင်ငံရဲ့ ထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အခု လူဦးရေ နှစ်ထောင်ကျော်ထဲကပေါ့နော်။


ကျန်းမာရေးအခြေအနေအရ ဆိုးဝါးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လို လူတွေများရှိနေသေးလဲ။

ဦးတိတ်နိုင်။ ။ ဒီနှစ်ထုတ်တဲ့ အစီရင်ခံစာထဲမှာတော့ ကျန်းမာရေး မကောင်းတဲ့လူတွေ၊ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ၁၄၂ ယောက် ရှိပါတယ်လို့ ထုတ်ပြန်ထားတယ်။ အဲဒီ ၁၄၂
ယောက်ရဲ့  အခြေအနေ တွေ၊ ရောဂါအခြေအနေတွေ၊ ဘာရောဂါတွေ ဖြစ်နေသလဲ၊ ဘယ်လို ခံစားနေရတယ်ဆိုတာတော့ ကျနော်တို့ AAPP ရဲ့  အင်တာနက်စာမျက်နှာ မှာ
ရယူနိုင်ပါတယ်။ အဓိက က ၂၀၀၇ နောက်ပိုင်းကစပြီးတော့ ထောင်တွေကို မိသားစုနဲ့ ဝေးတဲ့ထောင်တွေကို ရွှေ့ ခဲ့တယ်။ သူတို့ အခုလက်ရှိ သုံးနေတဲ့ ခေတ်မမီတော့တဲ့
အကျဉ်းထောင်လက်စွဲ ဥပဒေတွေမှာ ပြဌာန်းထားတာက အကျဉ်းသားတယောက်ကို မိသားစုနဲ့ အနီးဆုံး ထောင်မှာ ချရမယ်လို့ ပြဋ္ဌာန်းထားတာပါတယ်။ သို့သော် ထောင်ပြောင်းရွှေ
့တာက အကြီးအကျယ်ဖြစ်ခဲ့တယ်။ ဒီနှစ် ၂၀၁၀ အတွင်းမှာဆိုရင် ၅၂ ဦးကို ထောင်ပြောင်းရွှေ့ ခဲ့တယ်။ ထောင်ပြောင်းရွှေ့ ခဲ့တဲ့နေရာမှာလည်း မကျန်းမာ အသဲအသန်ဖြစ်နေတဲ့လူတွေ၊
တပတ်တခါ သွေးသွင်းနေရတဲ့လူတွေပါတယ်။ ဒီတော့ တနှစ်ခွဲ လောက် ထောင်ကျနေတဲ့ အမျိုးသမီးတွေပါတယ်။ တကယ့်ကို အကျဉ်းသားအခွင့်အရေးအတွက် တောင်းဆိုတဲ့
ပြစ်ဒဏ်အနေနဲ့ နယ်တွေကိုပြောင်းတဲ့ကိစ္စမျိုးတွေပါတယ်။ အဲဒါတွေက တော်တော်ဆိုးဝါးတဲ့ အခြေအနေတွေလို့ ပြောလို့ရတယ်။ အခု ကျန်းမာရေးဆိုးဝါးနေတဲ့ လူတွေ ၁၄၂
ယောက်ထဲမှာ အများစုက မိသားစုနဲ့ ဝေးနေတဲ့ထောင်တွေမှာ နယ်စွန်းနယ်ဖျားမှာရှိတဲ့ ထောင်တွေမှာရှိနေတဲ့ အများစုဖြစ်တယ်။ ဒီလူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကလည်း
အမှန်တကယ် နည်းလွန်အားကြီးလို့ ဒီလူတွေရဲ့  ကျန်းမာရေး အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတယ်လို့ ပြောချင်တယ်။ ဒီနှစ်ထဲမှာ နှစ်ဦး အကျဉ်းထောင်ထဲမှာ ဆုံးသွားတယ်။
မြင်းခြံထောင်မှ တယောက်၊ မော်လမြိုင်ထောင်မှာ ဦးပဇင်းတပါး ဆုံးသွားခဲ့တယ်။ မော်လမြိုင်ထောင်က ဦးရေဝတ ဆိုလို့ရှိရင် ယားနာပေါက်တာ။ ယားနာပေါက်ရင်က
ကျန်းမာရေးစောင့်ရှောက်မှု မရ၊ ဘယ်လိုမှ ကုလို့မရ၊ ဆေးဝါးကုသမှု မရှိတဲ့အတွက် သူက တကိုယ်လုံး ယားနာပေါက်လာတယ်။ နောက်ဆုံး ခံတွင်းထဲမှာ ပါးစပ်ထဲမှာ ယားနာပေါက်လာ၊
အဖုအပိမ့်တွေ ပေါက် လာပြီး အဲဒီရောဂါနဲ့ ပျံတော်မူသွားတဲ့ကိစ္စမျိုး ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နောက်တချက် ကျနော် မေးချင်တဲ့ကိစ္စက ဘာလဲဆိုတော့ အထူးသဖြင့် နိုင်ငံရေးအမှုတွေနဲ့ ဖမ်းထားတဲ့လူတွေကို ထောင်ထဲမှာ သာမန်ရာဇဝတ်သားတွေနဲ့
ရောနှောပြီးထားတာလား၊ တခြား သီးသန့်ထားရှိမှုတွေ လုပ်သလား။ အဲဒီလို နေရာမျိုးမှာ တကယ်လို့များ နိုင်ငံရေးအမှုနဲ့ အစိုးရအနေနဲ့ ဖမ်းမယ်ဆိုရင်ကော
နိုင်ငံရေးအကျဉ်းသားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာ ဘာတွေရှိသင့်သလဲဆိုတာကို တချက် ပြောပြပေးပါ။

ဦးတိတ်နိုင် ။ ။ အရင်တုန်းကတော့ A Class, B Class, C Class တွေ ရှိတာပေါ့။ ဒါက ဗြိတိသျှ အစိုးရ ခေတ်ကပေါ့။ နောက်ပိုင်း ဦးနေဝင်း အစိုးရတက်လာပြီးနောက်ပိုင်းမှာတော့
ဒါတွေက မရှိသလို။ အကျဉ်းသားက အကျဉ်းသားဖြစ်တယ်ဆိုတဲ့ အခြေအနေကစပြီး အကုန်လုံးက တန်တူဖြစ်သွားခဲ့တယ်။ ဒီကနေ့ နအဖလက်ထက်မှာတော့ ကျနော်တို့
သီးသန့်အကျဉ်းသားလို့ ခေါ်တယ်။ သူတို့က နိုင်ငံရေး အကျဉ်းသားလို့ မခေါ်ချင်ဘူး။ သို့ပေမဲ့ ထောင်ဝင်စာ လာတွေ့တဲ့အခါမှာ ကျနော်တို့က သီးသန့်တွေ့ရတယ်။
သာမန်အကျဉ်းသားတွေလို တွေ့ရတာ မဟုတ်ဘူး။ ထားတဲ့အခါကြတော့လည်း သီးသန့်ထားတယ်။ သို့ပေမဲ့ အင်စိန်ထောင်မှာဆိုရင် လူသိပ်များလာတဲ့အခါမှာ အဆောင်တွေမှာ
ရိုးရိုးအကျဉ်းသားတွေနဲ့ အတူထားခဲ့တဲ့ ကိစ္စမျိုးတွေရှိတယ်။ သို့ပေမဲ့ နယ်ထောင်တွေမှာ တချို့ ကိစ္စတွေကြတော့ တမင်ကိုြ့ပဿနာဖြစ်အောင်လို့ ရာဇဝတ်သား၊ လူမိုက်တွေနဲ့
အတူထားခဲ့တဲ့ကိစ္စမျိုးတွေ ရှိတယ်။ ဆိုလိုတာက သူတို့ တကယ်ပြဿနာ ရှာချင်တဲ့ အခြေအနေမျိုးတွေမှာဆိုရင်တော့ ရာဇဝတ်သားတွေနဲ့ အတူ ရည်ရွယ်ချက်ရှိရှိနဲ့ ထားခဲ့တဲ့ ကိစ္စ
မျိုးတွေလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီစံနစ်တရပ်မှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိကိုမရှိသင့်တဲ့ ကိစ္စပေါ့။

ဦးတိတ်နိုင် ။ ။ ဟုတ်ပါတယ်။ မစ္စတာ Pinheiro ပြောခဲ့တာက နိုင်ငံတခုမှာ နိုင်ငံရေးအကျဉ်းသား ရှိနေတယ် ဆိုတာကိုက ဒီနိုင်ငံရဲ့  လူ့အခွင့်အရေး၊ ဒီနိုင်ငံရဲ့  ဒီမိုကရေစီအရေး
ဒီမိုကရေစီ အခွင့်အရေးတွေ ဘယ်လောက် ဆိတ်သုဉ်းနေတယ်ဆိုတာကို ညွှန်းပြနေတာပါလို့ ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese

နေရွှေသွေးအောင် က ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကို ယူမည်

Monday, January 17, 2011

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ အသက် ၂၁ နှစ် အရွယ်ရှိ နေရွှေသွေးအောင် က ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ ရာထူး ဖြစ်သည့်

ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကိုရယူမည် ဟု နေပြည်တော် ရှိ စစ်ဗိုလ်ချုပ် များ အသိုင်းအ၀ိုင်း တွင် သတင်း ထွက်ပေါ်နေသည် ဟု ဗိုလ်ချုပ်ကြီး တစ်ဦး ၏ သားဖြစ်သူ က

မြန်မာ ၀ီကီလိခ် သို့ ယမန်နေ့ က ပေးပို့ သည့် စာတွင် ပါရှိသည်။

အသက်အရွယ် အိုမင်းရင့်ရော်လှပြီ ဖြစ်သည့် ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ၎င်း၏ ရာထူးတာဝန်များ ကို လများစွာ မကြာမြှင့် မှီ မှာပင် စွန့် လွတ် သည့် အခါ

ထိုလစ်လပ် သည့် နေရာ အတွက် တရုတ် စစ်တက္ကသိုလ် တစ်ခု တွင် တက်ရောက် ပညာသင်ကြား ခွင့်ရထားသည့် နေရွှေသွေးအောင် က တာဝန်ထမ်းဆောင် မည် ဖြစ်သည်။

နေရွှေသွေးအောင် သည် စစ်မှု မထမ်းမနေရ ဥပဒေ အရ လူငယ်များ အတွက် စံပြ အဖြစ် တာဝန်

ထမ်းဆောင်နေရာ ဒုဗိုလ် ရာထူးကို ရရှိထားပြီး များ မကြာမှီမှာ ပင် ဗိုလ်မှုးကြီးအဖြစ် ရာထူးတိုးပေးခံရတော့မည် ဟု စာပေးပို့ သည့် ဗိုလ်ချုပ်ကြီး၏ သား ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ က

၎င်းကိုယ်တိုင် ရန်ကုန်မြို့ တွင်ပြောကြားခဲ့သည်။

http://www.myanmarwikileaks.org/2011/01/blog-post_18.html

တူနီရှားတွင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်၊ အကျဉ်းချခံထားရသည့် ဘလောက်ဂါ ၀န်ကြီးအဖြစ်ခန့်အပ်ခံရ

January 18, 2011 freedom news group Leave a comment Go to comments

2
0

i
မဲပေးပါ

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ၁၇ ရက်နေ့ တွင် လမ်းဘေး ဉ် သစ်သီး ရောင်းသည့် တက္ကသိုလ် ဘွဲ့ ရ မိုဟာမက် ဘွာဇီဇီ အစိုးရ ရုံးရှေ့ တွင် မီးရှို့ ဆန္ဒပြနေစဉ်

တူနီရှား နိုင်ငံ၏ ယာယီ သမ္မတ အဖြစ် တာဝန်ယူ


ထားသည့် ယခင် ၀န်ကြီးချုပ် ဟောင်း မိုဟာမက်
ဂါနုချီက ယနေ့ တူနီရှား နိုင်ငံ၏ အစိုးရ သစ်ကို
ဖွဲ့ စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာသည် ။
ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပ နိုင် ရန်
အတွက် ယာယီ တာဝန် ယူထားသည့် အစိုးရသည်
ဒီမိုကရေ စီ သို့ ရှေးရှု မည် ဖြစ်ပြီး ပြည်သူများ အနေဖြင့်
ပွင့်လင်းမြင်သာမှု ၊ သတင်း နှင့် မီဒီယာ
လွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်
များ အပြင် လူ အခွင့် အရေး အခြေခံ အချက်များ
အား လုံး ရရှိမည် ဟု ကြေငြာခဲ့သည်။

အစိုးရ သစ် တွင် သမ္မတ အဖြစ် ယခင် ဘင်အလီ


အစိုးရ အဖွဲ့ မှ အောက်လွှတ်တော် ဥက္ကဌ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့သူ ဖာအွတ် မီဘာဇာ က
တာဝန်ယူ မည် ဖြစ်သည်။ ထောင်သွင်း အကျဉ်း
ချခံထားရသည့် ထင်ရှားသော တူနီရှား ဘလောက်ဂါ
တစ်ဦး ဖြစ်သူ ဆလင် အာမာမောဝ် က လူငယ် နှင့်
အားကစားရေးရာ ၀န်ကြီးဌာန ၏ ၀န် ကြီး အဖြစ်
တာဝန် ယူမည် ဖြစ်သည်။ အစိုးရ အဖွဲ့ သစ် တွင် အများလေးစာ ခံရသည့် အတိုက်အခံ နိုင်ငံရေး သမား တစ်ဦး ဖြစ်သူ နာဂျစ်ချစ်ဘီ နှင့် အခြား သူဦး က ဖွံ့ ဖြိုးရေး ၀န်ကြီး၊ပညာရေး
ဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီး များ အဖြစ် တာဝန်ယူမည် ဖြစ်သည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာ လ၁၇ ရက်နေ့ တွင် လမ်းဘေး ဉ် သစ်သီး ရောင်းသည့် တက္ကသိုလ် ဘွဲ့ ရ မိုဟာမက်
ဘွာဇီဇီ ၏ ဆိုင်ကို အာဏာပိုင် များ က ရောင်းချခွင့် မှတ်ပုံတင် မရှိ ဟု ဆိုက သိမ်းယူခဲ့ပြီးနောက်
ဘွာဇီဇီ က အစိုးရ ရုံးရှေ့ တွင် မိမိကိုယ်ကို မီးရှို့ ဆန္ဒပြရာမှ လူထု အုံကြွှ မှုများ ပေါ်ပေါက်ခြင်း ဖြစ်သည်။
မိုဟာမက် ဘွာဇီဇီ သည် ဇန်န၀ါရီ လ ၄ ရက်နေ့ တွင်ကွယ်လွန် သွားပြီ ဖြစ်သည်။

ဆန္ဒပြမှု များ အရှိန် အဟုန် မြင့်မား လာသည် တွင် အာဏာရှင် သမ္မတ ဘင်အလီ က ပြည်သူတို့ 
၏ ဆန္ဒကို လိုက်လျှော မည် ဟု ကြေငြာခဲ့သော်လည်း ဆန္ဒပြမှု အရှိန် အဟုန် ဆက်လက် အားကောင်းလာ သောကြောင့် တိုင်း ပြည်မှ ထွက်ပြေး ခဲ့ရသည်။

ယနေ့  ဖွဲ့ စည်း လိုက်သည့် အစိုးရသစ် သည် ဘင်အလီ လက်ထက်တွင် ဖမ်းဆီးထားသည့် နိုင်ငံ ရေး
အကျဉ်းသားများ ကို ပြန်လည် လွှတ်ပေးခဲ့သည်။

မြောက်အဖရိက နိုင်ငံများ တွင် ဖြစ်ပေါ်နေသည့် လူထုအုံကြွမှု များ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြမှု များ

မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူများ စာရင်း

TUNISIAN CABINET

• Mohammed Ghannouchi stays on as prime minister. A Ben Ali ally, he has been in the job since 1999, keeping post throughout unrest
• Interior Minister Ahmed Friaa, appointed by Mr Ben Ali to mollify demonstrators, retains post
• Foreign Minister Kamal Morjane retains post
• Najib Chebbi, founder of opposition Progressive Democratic Party, named as development minister
• Ahmed Ibrahim, leader of opposition Ettajdid party, named minister of higher education
• Mustafa ben Jaafar, leader of opposition Union of Freedom and Labour, named health minister
• Slim Amamou, prominent blogger who was arrested during protests, tweets that he is secretary of state for youth and sport

Source: BBC

အောက်မြန်မာ နိုင်ငံတွင် ယနေ့ ည ထူးကဲစွာ အအေးပို ပြီး မိုးများရွာသွန်း

January 17, 2011 freedom news group Leave a comment Go to comments

2
0

i
Most Popular ContentAll | Today | This Week | This Month

• Rated 171↑ 6↓ (177 မဲပေးရန်)

• Rated 161↑ 21↓ (182 မဲပေးရန်)

• () Rated 156↑ 2↓ (158 မဲပေးရန်)

create your own rating

မဲပေးပါ

K ခိုင၊် ၊ယနေ့ ဇန်န၀ါရီ ၁၇ ရက်နေ့ ည တွင် ရန်ကုန်၊ ပဲခူး နှင့် ဧရာဝတီ တိုင်း မြို့ နယ် အချို့ တွင် မိုး
သည်းထန်စွာ ရွာသွန်း ပြီး ညအပူချိန် မှာ လည်း ရန်ကုန် မြို့ လည် မှာ ပင် ၅၃ ဒီဂရီ ဖာရင်
ဟိုက် ခန့် ကျဆင်း သွား သည် ဟု သတင်းရရှိသည်။

အအေးလှိုင်း ဖြတ်မှု ကြောင့် ရာသီဥတု ရုတ်ချဉ်း ပြောင်းလဲသွားခြင်း နှင့် မိုးရွာသွန်း မှုများ


ကြောင့် ရာသီဥတု မှာ ပို၍ အေးလာသဖြင့် ညဘက် အပြင်ထွက်မည့် သူမရှိ သောကြောင့်
စားသောက် ဆိုင်များ ပင် ပုံမှန် ထက်စောပိတ် ရ သည် ဟု ရန် ကုန် မြို့ ခံ တစ်ဦး ကပြော
သည်။

ပဲခူးမြို့ တွင် မူ အအေး ပိုပြီး ယမန် နေ့ ညက တည်းက မိုးရွာ သွန်းမှု ကြောင့် သက်ကြီး ရွယ်
အို နှင့် ကလေးများ နာမကျန်း ဖြစ်ကြသည် ဟု သတင်းရရှိသည်။

ငြိမ်းချမ်းရေးတွက် စစ်တိုက်ရတာ ဟု DKBA ပြော

January 17, 2011 freedom news group Leave a comment Go to comments

10
0

i
မဲပေးပါ
အောင်မြင်၊ ၊ DKBA
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးဆန်းအောင်မှ ယနေ့တိုက်ပွဲဝင်နေရတာဟာ
ငြိမ်းချမ်းရေကိုမြတ်နိုး လို့  တိုက်ပွဲ ၀င်နေရခြင်း ဖြစ် ကြောင်း FNG သို့ ပြောသည် ။ ငြိမ်းချမ်းရေး ကို နအဖစစ်အစိုးရဆီကတောင်းဆို လို့ မ ရနိုင်ကြောင်း၊ တောင်းဆိုခဲ့သည်မှာ နှစ်ပေါင်း
၁၀စုနှစ် ၃စု
မကရှိည ပြီဖြစ် ကြောင်း တိုက်ပြီးမှ ငြိမ်းချမ်းရေးစကားပြော ကျန်တိုင်းရင်သားလက်နက်ကိုင်များလည်း တိုက်ပွဲဝင်ရမည့်အချိန်ကြရောက်ပြီ ဖြစ်ကြောင်းပြောဆိုခဲ့သည်။

နအဖစစ်တပ် သည် ကရင်ပြည်နယ် DKBA ဝေါ်လေဒေသကို အကြီးအကျယ်ထိုးစစ်ဆင်နေပြီး နေ့စဉ်လက်နက်ကြီးများရာနဲ့ချီ်ပြီး ပစ်ခတ်နေကြောင်း၊စစ်တပ်ရှေ့တွင်


ထောင်ကျအကျဉ်းသား
များကို လူသားမိုင်းရှင်း ကိရိယာအဖြစ် စစိသားများ၏ရှေ့မှ လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်းနှင့်လက်ရှိအခြေအနေများကိုရှင်းပြခဲ့သည်။

နအဖ ၏ လူသား ဒိုင်းအဖြစ် အသုံးပြုခံရသည့် ထောင်ကျ အကျဉ်းသားပေါ်တာများလည်း နေ့စဉ် ထွက်ပြေးနေကြသည်။ ထိုသို့ထွက်ပြေးလာသူများကို


ယနေ့အတူတိုက်ပွဲဝင်နေကြသော
DKBA၊ KNLA နှင့် ABSDF ကျောင်းသားတပ်မတော်တို့ မှလူသားပီသစွာ လက္ခံကူညီပေးနေသည်။

ယမန်နေ့  က အကျဉ်းသားအများအပြား ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးကြရာ နအဖစစ်တပ်မှ


လိုက်လံပစ်သတ်သောကြောင့်အကျဉ်းသားပေါ်တဦး လက်ကိုထိမှန်သဖြင့် မဲဆောက်ဆေးရုံတွင်
ကုသနေရကြောင်းသတင်းရရှိသည်။ နအဖစစ်တပ်မှာ ကလေးစစ်သားအများအပြားကို အသုံးပြုနေ
ကြောင်းလည်း သိရသည်။ နအဖစစ်တပ်၏အဓမ္မ စစ်သားဆုဆောင်းမှုခံခဲ့ရသော
ကလေးစစ်သား မောင်အောင်ကိုလင်း သည် နအဖစစ်တပ် မှထွက်ပြေးလာပြီး KLNA မှ
လက္ခံစောင့်ရှောက်ထားသည်။

မောင်အောင်ကိုလင်းသည် ဒိုက်ဦးမြို့နယ်၊ သုံး ခွကျေးရွာ ဇာတိဖြစ်ပြီး ပဲခူးအခြေစိုက် တပ်မ၆၆မှ အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရပြီး ရက်၂၀ စစ်လက်နက် ဖြုတ်တတ်ကိုသာ
သင်တန်းပေးပြီး ဝေါ်လေစစ်ဒေသရှေ့တန်းကို ပို့ဆောင်ခဲ့ပြီး တိုက်ပွဲဝင်စေခဲ့ကြောင်းပြောသည်။

ရှေ့တန်းရောက်ပြီး ၂လအကြာတွင် ထွက်ပြေးလွတ်မြောက်လာပြီး KNLA တပ်မတော်သို့ရောက်


ရှိလာခဲ့သည်။ ထိုသို့ ရှေ့တန်း၂လတာကာလအတွင်း သူမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့ရသော စစ်အရာရှိတို့၏ရက်စက်မှုများကို ပြောပြပါသည်။ စစ်တပ်အတွင်း ရဲဘော်များဒါဏ်ရာရှိမှု
အများအပြားရှိပြီး ရဲဘော်များကို ရှိသည့်ဆေးဝါးနှင့်ကုသပေးကြောင်း အရာရှိဒါဏ်ရာရသူများ
မှသာ အရေးပေါ်နောက်တန်းသို့ပို့ဆောင် ကြောင်းနှင့် ဒါဏ်ရအခြေနေဆိုးဝါးသောရဲဘော်များကို
အရာရှိ က ပစ်မိန့်ပေးပြီး သတ်ပစ်မှုရှိကြောင်း ပြောပြပါသည်။

ကရင်များဟာ သူပုန်ဖြစ်ကြောင်း ရှေ့တန်းမှာမညှာဘဲသတ်ပစ်ရမည်ဖြစ်ကြောင်းနှင့်


ရိက္ခာမပေးသောရွာများကိုမီးရှို့၊ ကရင်အမျိုးသမီးများကို မုဒိန်းကျင့်မှုများအမြဲရှိကြောင်း
ပြောပြပါသည်။သူအနေနှင့် တိုက်ပွဲများအဆုံးသတ်ပြီး မိဘဆီသို့ပြန်လိုသောကြောင့်
ကူညီပေးပါရန် ပြောဆိုပြီး သူအသက်ရှင်လျှက် ရှိကြောင်းကို သူ့မိဘများသိရှိအောင်
ဆောင်ရွက်ဖို့ပြောပြပါသည်။

DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး ဆန်းအောင်မှ လည်း ငြိမ်းချမ်းရေးအတွက် DKBA၊ KNLA၊ တို့ပူးပေါင်းတိုက်ပွဲနေကြသလို ကျန်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးတိုက်ပွဲ
ဝင်ကြဖို့အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နအဖစစ်အစိုးရ တပ်များ ကို တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး
စကားပြောရမယ့် အချိန် ကျရောက် ပြီဟု ပြောသည်။

နအဖမှ အင်အားများစွာသုံးပြီး တိုက်နေသော်လည်း မိမိတို့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေအတွက်


စိုးရိမ်စရာမရှိကြောင်းနှင့်နအဖကိုနေ့စဉ်အထိခိုက်များသထက်များအောင်ပျောက်ကျားစစ်ကိုအရှိန်မြင့်
ဆောင်ရွက်နေသည် ဟု ဆိုသည်။

မနေ့ညနေပိုင်းက မြ၀တီ-ကော့ကရိတ်လမ်းရှိ အလယ်ဗိုလ်တဲအနီးတွင် ကရင်ပြည်နယ်ဝေါ်လေ ထိုးစစ်အတွက် စစ်ကူလာသော စစ်ကားတန်းအား ခြုံခိုတိုက်ခိုက်ရာ နအဖစစ်ကားတစီး


ရဲဘော်အယောက်၂၀နှင့်အတူ ချောက်ထဲထိုးကျသွားပြီး ရဲဘော်အများအပြားဒါဏ်ရာရကြောင်း သတင်းရရှိသည်။ မြန်မာ နိုင်ငံထောင်
အသီးသီးမှ အကျဉ်းသားများကို သယ်ဆောင်လာသောကားတန်း နှင့်စစ်သားအများအပြား သယ်ဆောင်
လာသော စစ်ကားတန်းများရာနဲ့ချီပြီး ဘားအံ၊ကော့ကရိတ် တ၀ိုက်တွင် နေ့စဉ်မြင်နေရကြောင်း
ဒေသခံများကပြောသည်။

သတင်း တည်းဖြတ် —Freedom News Group

တူနီးရှား စစ်တပ် က အာဏာပြန်သိမ်းဖို့ ကြိုးစားတဲ့ သမ္မတ ကိုယ်ရံတော်တပ် ကိချေမှု


ု န်းပြီ

January 17, 2011 freedom news group Leave a comment Go to comments


14
1

i
မဲပေးပါ

နိုင်ငံကို ၂၃ နှစ်ကြာ အုပ်ချုပ် ခဲ့သည့် အာဏာရှင် သမ္မတ


ဘင်အလီ ရဲ့ ကိုယ်ရံတော် တပ်တွေ
ကို ဒီနေ့ မြို့ တော် တူနစ်က သမ္မတ နန်းတော် နဲ့ ဗဟိုဘဏ် အနီး ၎င်း တို့ တပ်စွဲ ထားရာမှ စတင်
ချေမှုန်း နေပြီ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့ အစည်း သစ် စတင် ဖွဲ့ စည်းတာ ကို ဆန့် ကျင်ပြီး အာဏာရှင် သမ္မတ ကို သစ္စာ ခံ
တဲ့ အတွက် စစ်တပ် က ၎င်း တို့ ဘာသူ တာဝန်သိစိတ် နဲ့ ချေမှုန်းနေတာ ဖြစ်ပါတယ်။နောက်
ဆုံးရ သတင်းတွေ အရ ယခင်ပြည်ထဲရေး ၀န်ကြီး နဲ့ ကိုယ်ရံတော် တပ် ရဲ့ တပ်မှုး ဖြစ်သူ ကို
စစ်ရဲ တပ် ဖွဲ့ က ၎င်း ရဲ့ အိမ်ကနေ သမ္မတ နန်းတော် ကို အလာမှာ ဖမ်းဆီးလိုက်ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ့ ခေါင်းဆောင် အလီ ဆီရီယာ တီ နဲ့ အခြား စစ်တပ် အရာရှိ လေး ဦး နဲ့ 
ထောက်လှမ်းရေး အရာရှိ သုံးဦး ကို အဏာပြန်သိမ်းရန် ကြိုးပမ်းမှု နဲ့ ဖမ်းဆီးလိုက်တာ ဖြစ်
ပါတယ်။

ကိုယ်ရံတော် တပ်ဖွဲ့ မှာ ခောတ်မှီ လက်နက် တွေရှိပြီး ၊ တပ်ဖွဲ့ ဝင် ခြောက်ရာ ကျော်လောက်
ရှိပါတယ်။ ဒီတပ်ဖွဲ့ ဝင်တွေ ဟာ သာမန် စစ်သားတွေ ထက် လစာ ပိုရပါတယ်။ဘင်အလီ ကတော့
ဇန်န၀ါရီလ ၁၄ ရက်နေ့ မှာ နိုင်ငံက ထွက်ပြေးသွားပြီ ဖြစ်ပါတယ်။

http://freedomnewsgroup.com/

မစ်ရှီဂန်မှပေးသောစာ(၅၀)

အောင်ဝေး

ဇန်န၀ါရီ ၁၆၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ပြည်ပရောက် မြန်မာကလေးငယ်တွေ အကြောင်း ကိုဒေါင်းတို့ သိရအောင် နည်းနည်းလောက် ပြောပြချင်တယ်။

မိဘတွေက ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း ရောက်ရှိလာကြတယ်။ အထူးသဖြင့် ပြည်တွင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ဖြုတ်ချရေး တိုက်ပွဲတွေရဲ့
ဂယက်နဲ့ တိုင်းပြည်ကနေ ရှောင်တိမ်းလာရ၊ ထွက်ခွာလာရတဲ့သူတွေ ရှိသလို၊ အများစုကတော့ နယ်စပ်ဒေသ အသီးသီးက နအဖစစ်အစိုးရတပ်တွေရဲ့ ရန်ကို ကြောက်ပြီး
တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ တိုင်းရင်းသားတွေပါပဲ။

အခုအချိန်မှာ တစ်ဖက်နိုင်ငံက ဒုက္ခသည် စခန်း (၉) ခုလောက်မှာ ဒုက္ခ ရောက်နေကြတဲ့ ပြည်တွင်းက နိုင်ငံရေး၊ စစ်ရေး ခိုလှုံသူတွေ(၁)သိန်းခွဲကျော် သောင်တင်နေတုန်းပဲလို့
ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဆိုတယ် ကိုဒေါင်း။

၁၉၈၈-ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးကတည်းက နိုင်ငံရေးကြောင့် တစ်ဖက်နိုင်ငံ လွတ်မြောက်နယ်မြေကို ရှောင်တိမ်း ထွက်ခွာလာတဲ့သူတွေက စပြီး၊ ခု နောက်ဆုံး


လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ နိုင်ငံရေးဒုက္ခသည်တွေလို့ ဆိုရမယ့်အုပ်စုကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီးမှာပါ။

ဒါက ကျနော်တို့တိုင်းပြည်မှာ မတရားတဲ့ နိုင်ငံရေးစနစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ နိုင်ငံရေးဒုက္ခသည်တွေ၊ မတရားတဲ့ အဓမ္မစစ်ကြောင့် ဒုက္ခရောက်ကြရတဲ့


စစ်ပြေးဒုက္ခသည်တွေ အကြောင်း သိသာရုံ အကြမ်းဖျင်း ပြောလိုက်တာပါ။

အဲဒီလို နိုင်ငံရေးကြောင့်၊ စစ်ကြောင့် ဒုက္ခရောက်ကြရတဲ့ ကျနော်တို့မြန်မာပြည်သူတွေ တစ်ဖက်နိုင်ငံရဲ့ဥပဒေအတိုင်း တရားဝင် ဖွင့်လှစ်ထားတဲ့ နယ်စပ်က ဒုက္ခသည်စခန်း
အသီးသီးမှာ ၀င်ရောက် ခိုလှုံကြရတာပါပဲ။

သူများနိုင်ငံမှာ၊ ဆိုပါတော့ ဒုတိယနိုင်ငံမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဘ၀ တစိတ်တဒေသတော့ နိုင်ငံရေးကြောင့် ခံစားရတဲ့ ပင်ပန်းဆင်းရဲတွေ၊ စစ်ကြောင့် ခံစားရတဲ့
ပင်ပန်းဆင်းရဲတွေ လုံးလုံး မဟုတ်တောင်မှ ခေတ္တယာယီ ဘ၀အမောပြေတယ် လို့ ယူဆရင်လည်း ယူဆပေါ့။ မပြေပါဘူး ဆိုရင်တော့လည်း မပြေဘူးပေါ့။

အဲဒီလို ဒုတိယနိုင်ငံကဒုက္ခသည်စခန်းတွေမှာ ဖြစ်သလို ခိုလှုံနေထိုင်ရင်း တတိယနိုင်ငံ အသီးသီးကို ပြောင်းရွှေ့ အခြေချဖို့အချိန်ကို နှစ်နဲ့ချီပြီး သည်းညည်းခံ
စောင့်ဆိုင်းကြရတာပါ။ အချိန်တန်တော့လည်း သက်ဆိုင်ရာ တတိယနိုင်ငံတွေဆီကို ရောက်ရှိသွားကြတာပါပဲ။

တိုတိုပြောရရင် ကိုဒေါင်းရေ၊ အဲဒီလိုဒုက္ခသည်တွေက နိုင်ငံရေးကြောင့် ပြေးရင်းလွှားရင်း၊ စစ်ကြောင့် ပုန်းရင်းခိုရင်း၊ နိုင်ငံရေးကြောင့်၊ စစ်ကြောင့် တနေရာရာမှာ ခေတ္တယာယီ
နေထိုင်ရင်း လူတို့ ဘာသာဘာဝအတိုင်း ယောက်ျားနဲ့မိန်းမ၊ တွေ့ဆုံကြ၊ ချစ်ကြိုက်ကြ၊ ထိမ်းမြားလက်ထပ် အိမ်ရာ ထူထောင်ကြတာပေါ့ဗျာ။ အဲဒီတော့နောက် မျိုးဆက်သစ် သားတွေ
သမီးတွေလည်း ပွားစည်းလာတာပေါ့ဗျာ။

များသောအားဖြင့်တော့ အမေရိကန်လို တတိယနိုင်ငံအသီးသီးကို ရောက်ရှိလာတဲ့ ကလေးအများစုဟာ နယ်စပ်ကဒုက္ခသည်စခန်းတွေမှာ မွေးဖွားခဲ့ကြတဲ့


ကလေးတွေဖြစ်နေတာပါပဲ။ ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ဒီကလေးတွေဟာ တတိယနိုင်ငံတွေမှာ ကြီးပြင်း အရွယ်ရောက်လာကြတာပါပဲ။ တချို့ကလေးတွေကတော့ အမေရိကန်လို
တတိယနိုင်ငံမှာပဲ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာကြရတာပါ။

ဆိုရရင် ဒုတိယနိုင်ငံမှာ မွေးလာတဲ့ ကလေးတွေကလည်း ဒုတိယနိုင်ငံမှာ၊ ဆိုလိုတာက ဒုက္ခသည်စခန်းမှာ မြန်မာစာ ကောင်းကောင်းမသင်ခဲ့ရပါဘူး။ ဒုက္ခသည်စခန်းမှာ
ကျောင်းနေခဲ့ရပါတယ် ဆိုတဲ့ကလေးကလည်း ထိုင်းစာ၊ အင်္ဂလိပ်စာတို့က အဓိကပါ။ ကိုယ့်မြန်မာစာ ဆိုတာက သင်ရရင်လည်း သာမန်လောက်ပါပဲ။

ဒီကလေးတွေ တတိယနိုင်ငံကို ရောက်လာတော့ ဒီမှာ အင်္ဂလိပ်စာပဲ သင်ရတော့တယ်။ မြန်မာစာ မမြင်ရတော့ဘူး။ ပိုဆိုးတာက တတိယနိုင်ငံရောက်မှ မွေးဖွား
ကြီးပြင်းလာတဲ့ကလေးတွေ အဖို့ မွေးလာကတည်းကိုက မြန်မာစာဆိုတာ သူတို့ မမြင်ဖူးတော့ဘူး။ မသိတော့ဘူး။

ဟိုတတလောက အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဂုဏ်ပြုပွဲ လုပ်တယ်။ ပွဲမှာ မြန်မာကလေးငယ်တွေရဲ့
ဒေါ်အောင်ဆန်းစုကြည် ရေးတဲ့ ကဗျာတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိတွေ ဖတ်ကြားတဲ့ အစီအစဉ် ပါပါတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ ကလေးတော်တော်များများက
ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုရေးတဲ့ ကဗျာ၊ အင်္ဂလိပ်လိုရေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိကိုတော့ ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ ဒါပေမဲ့
ဒေါ်အောင်ဆန်းစုကြည် မြန်မာလို ရေးထားတဲ့ ကဗျာတွေကိုတော့ ဖတ်နိုင်တဲ့သူ မရှိဘူးဖြစ်နေတယ်။ တော်သေးတယ်။ ရန်ကုန်က ရောက်လာတာ မကြာသေးတဲ့ သားငယ် သမီးငယ်
နှစ်ယောက်က ဒီကွက်လပ်ကို ကောင်းကောင်း ဖြည့်ပေးနိုင်ခဲ့ကြတယ်။

ကျနော်ပြောချင်တာ ရောက်ပြီ ကိုဒေါင်း။ ပြည်ပကို ရောက်နေကြတဲ့ မိသားစု အတော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာက ကလေးတွေ မြန်မာစာမတတ်ကြတော့တာပဲ။
တချို့မြန်မာစကား အနည်းအကျဉ်း ပြောတတ်ကောင်း ပြောတတ်ကြမယ်။ များသောအားဖြင့်တော့ စကားလည်း မတတ်၊ စာလည်းမတတ် ဖြစ်နေတာပေါ့ဗျာ။

ဒါကို မိဘတွေက ကိုယ့်စာ ကိုယ့်စကား မျိုးကန်းသွားမှာ စိုးရိမ်ပြီး မြန်မာစာ မြန်မာစကားသင်တန်းလေးတွေ လက်လှမ်းမီရာ မီရာမှာ ဖွင့်လှစ် သင်ကြားပေးလာကြတယ်။
အင်မတန် သာဓုခေါ်စရာ ကောင်းတယ်။ လော့စ်အိန်ဂျယ်လိစ်က ဆိုရင် ဒေါက်တာလမင်းတရာတို့၊ စာရေးဆရာမ မိုးချိုသင်းတို့ရဲ့ မြန်မာကျောင်းကလေးဆိုရင် အတော့်ကို အောင်မြင်
ထိရောက်တယ်လို့ ကြားရတယ်ဗျာ။

ဆန်ဖရန်စစ္စကိုမြို့ကြီးတ၀ိုက်မှာ ဆိုရင်လည်း မိဘတွေက သားသမီးတွေကို မြန်မာစာ သင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို လွှတ်နေပြီ။ ဒါ ကယ်လီဖိုးနီးယားဘက်က


သတင်း။ တခြားပြည်နယ်တွေမှာလည်း အနည်းနဲ့အများတော့ မြန်မာကလေးတွေ မြန်မာစာမြန်မာစကား သင်နေကြပြီလို့ ထင်ပါတယ်။

အင်ဒီယားနား-ဖို့တ်ဝိန်းမြို့မှာ ဆိုရင်လည်း ကဗျာဆရာ ဆောင်းယွန်းလတို့၊ ချမ်းမှိုင်းအောင်တို့ စီစဉ်တဲ့ နွေရာသီ မြန်မာစာမြန်မာစကား သင်တန်း။ ဒါ ကျနော်
လက်လှမ်းမီသလောက်ဆိုပါတော့။ ၀ါရှင်တန်ဒီစီတို့၊ နယူးယောက်စီးတီးတို့ ဘက်မှာလည်း ကလေးတွေကို မြန်မာစာသင်ပေးတဲ့ လှုပ်ရှားမှုလေးတွေ ရှိနေမှာပါ။

ဒီနေရာမှာတော့ ကျနော်က ကိုယ့်ရင်သွေးတွေကို ကိုယ့်စာ ကိုယ့်စကား သင်ပေးရကောင်းမှန်း သိတဲ့ မိဘလုပ်သူတွေကို ချီးကျူးချင်ပါတယ်ဗျာ။

အားလုံးကို သတိရလျက်-

အောင်ဝေး

ဒီဇင်ဘာ ၂၁-၂၀၁၀။

[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese ]

အင်းစိန်းထောင်ဝန်ထမ်းများ “ထောင်ဘောက်ချာ” ဆိုပြီး အကြိးအကျယ်လာဘ်စားနေ


မိုးမခအထောက်တော် အင်းစိန်
ဇန်န၀ါရီ ၁၆၊ ၂၀၁၁
မြန်မာပြည်၏ ထင်ရှားသော အင်းစိန်ထောင်ကြီးတွင် ပြစ်မှု အမျိုးမျိုးနှင့် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားပေါင်း သောင်းဂဏန်းရှိနေပြီး ထောင်ဝန်ထမ်းများက
ထိုအကျဉ်းသားများကို နည်းအမျိုးမျိုးနှင့် ဖိနှိပ်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်လျက် ငွေကြေးတောင်းခံခြင်း၊ အနိုင်ကျင့်ခြင်းတို့ဖြင့် အကြီးအကျယ် ခြစားနေကြောင်း သိရှိရသည်။
ထိုသို့သော လာဘ်ထိုးမှုကို ထောင်တွင်းစကား “ဘောက်ချာဖြတ်သည်” ဟု ခေါ်ဝေါ်သည်။

ထိုသို့ မတရားမှု၊ လာဘ်ပေး လာဘ်ယူမှုများ ထောင်ဝန်ထမ်း ရာထူးအဆင့်ဆင့်တွင် အပြိုင်အဆိုင် ဖြစ်ပွားနေကြရာ သူ့လူ ကိုယ့်လူ ခွဲခြမ်းခြင်း၊ ကန့်သတ်ခြင်းတို့ကြောင့်
အကျဉ်းထောင်တွင်း ထောင်ဝန်ထမ်းများကြားသာမက အကျဉ်းသားများကြား တင်းမာမှုများ၊ ပဋိပက္ခများ ရှိနေသည်ဟု ဆိုသည်။ လာဘ်မပေးနိုင်သည့် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့်
နိုင်ငံရေးအကျဉ်းသားများမှာ အဆိုပါ အကျင့်ပျက်ဝန်ထမ်းများ၏ ဖိနှိပ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ခံစားနေကြရသည်။
သာဓကတခုမှာ လွန်ခဲ့သည့် အပတ်က အကျဉ်းကျဆောင် အဆောင် ၄ ကို ထောင်ဦးစီးအရာရှိ ဦးဝင်းနိုင် ဆိုသူက ၀င်ရောက် စစ်ဆေးပြီး အကျဉ်းသားများကို
ဆဲဆိုကြိမ်းမောင်းခြင်း ပြုခဲ့ရခြင်း၏ အကြောင်းအရင်းမှန်မှာ ဦးစီးအရာရှိဆိုသူနှင့် အဆောင် ၄ ၏ အဆောင်မှူး (အမည် စုံစမ်းဆဲ) တို့ကြား ထောင်ဘောက်ချာကိစ္စ အဆင်မပြေဖြစ်ရာက
ပြသနာရှာပြီး စုံစမ်းရေး ၀င်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်သားများက ၎င်းတို့မိသားစုများက တဆင့် ပြောပြသည်။ ဦးစီးမှုးက အဆောင်မှုးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု
သိရသည်။
“ဟို တပတ်က သတင်းတွေထဲမှာ သတင်းထောက် စည်သူဇေယျကို ထောင်မှူးနဲ့ စကားများလို့ ခွေးတိုက်ကို ပို့လိုက်တယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တယ်လို့
ဆိုတယ်။ အဲဒါ အဆောင် ၄ မှာ ဖြစ်ခဲ့တာပါ။ ထောင်ဝန်ထမ်းတွေ အရာရှိတွေ အချင်းချင်း လာဘ်စားတာ လာဘ်ပေးတာတွေ ဝေစုမတည့်လို့ အချင်းများတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို ကြားထဲမှာ အပြစ်ရှာပြီး နှိပ်စက်တာတွေ လုပ်တယ်။ မခံနိုင်လို့ ပြန်ပြောတာကလည်း နိုင်ငံရေးအကျဉ်းသားတွေပဲလေ။ ”
ဟု အကျဉ်းထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးက မိုးမခသို့ ပြောပြသည်။

ဗီးနပ်စ်၊ အလင်းတန်း ဖြတ်စများ


အဝေးကြည့်မှန်ပြောင်း (ရန်ကုန)်
ဇန်န၀ါရီ ၁၇၊ ၂၀၁၁
ဗီးနပ်စ် (၁၃.၀၁.၂၀၁၁)
ခုပဲ မင်္ဂလာဆောင်တဲ့မောင်နှံ သမီးလေး ရမယ် ဆိုပဲ

လူတွေများ.. ရှာရှာဖွေဖွေဗျာ.. သမီးလေး မွေးမတဲ့.. ပြေတီဦးတို့ကိုလေ..။ ခက်ပါဘိနော်.. ဖတ်သာကြည့်တော့.. မွေးမဲ့သမီးတောင် နာမည်ကပေးပြီးသား..။ မပြောချင်တော့ပါဘူးဗျာ..
ဗေဒင်ဆရာတွေများ လုပ်တတ်ကိုင်တတ်ပါ့..။

ကိုယ်ဝန်ရခဲ့ပြီး သမီးလေး ဆိုတာ သိရရင်တော့ ဒီဆရာ နာမည် ကြီးအုံးမယ်။ ဒီလ ၂၃ ရက်နေ့မှာလည်း ဒီဆရာရဲ့ အစွမ်းကို သိနိုင်မယ်။ ဒီဆရာက စိုးမြတ်သူဇာ အကယ်ဒမီ ရမယ်လို့
လျှပ်တစ်ပြက် ဂျာနယ်မှာ ဆောင်းပါးရှည်ကြီး ရေးဖူးတယ်။

ဂီရိ မုန်တိုင်းဒေသအတွက် တဲ့

ဒီလိုဆိုတော့ ဟုတ်သွားပြန်ရော.. ဂီရိအတွက် တဲ.့ . ပြေတီဦးတို့မောင်နှံက.. စုံတွဲ ဖျော်ဖြေကြပါရောလား..။

ကြုံတုန်း လျှာရှည်လိုက်၊ ဆရာကြီး လုပ်လိုက်အုံးမယ် - သတင်းရေးထားပုံက အုပ်လုံးချုပ်စနစ်အောက်က ပျင်းစရာသတင်းစာတွေနဲ့ စတိုင် တူနေလို့။ ဘာအဖွဲ့ညာအဖွဲ့ ဆိုတာကို
သတင်းအဖွင့်မှာ တင်ထားတယ်။ ဘယ်အဖွဲ့က လုပ်လုပ်ပေါ့၊ သတင်းထဲ ထည့်ရေးစရာ မလိုပါဘူးလေ။ ပွဲမိန့်တောင်းတဲ့စာ ဆိုရင်တော့ တမျိုးပေါ့။ စတိတ်ရှိုးကို သံဃမဟာနာယကအဖွဲ့၊
ဗေဒင်ဆရာများအဖွဲ့၊ NLD စသဖြင့်တို့က စီစဉ်တယ် ဆိုရင်တော့ ထူးခြားနေတာမို့ သတင်းအဖွင့်မှာ ရေးပေါ့ခင်ဗျာ။

မင်္ဂလာဆောင်ရောဂါ

မင်္ဂလာဆောင်တာ.. နာမည်ကျော်စုံတွဲ သာမက.. မြွေတွေလည်းပါသေးတယ်တ.ဲ့ .။ ကြည့်ပါဦး မင်္ဂလာဆောင် တဲ့ မြွေနှစ်ကောင်က.ို .။ ဗေဒင်ဆရာ ဟောက်စားလုပ်လို့
ဆောင်ပေးလိုက်တာ ဆိုပဲ။ သူတို့ကတော့ တကြိမ်ပဲ ဆောင်တယ်လို့ ယူဆရတယ်။
ဘားမားမိတ်

ဗမာဖြစ်ကား စီးကြမလား မိတ်ဆွေတို့..။ အင်း.. စိတ်ဘဲ ထင်လို့လား မသိ.. ကားတွေ ကြည့်လိုက်ရင်.. ဗမာပြည်ဖြစ်ဆ.ို . ဒါမျိုးတွေဘဲ ခတ်ဆင်ဆင်နော်..။

ကိုရီးယားမြက် ကြိုက်တဲ့ ရွာနွား

ဗမာပြည်က မင်းသားမင်းသမီးတွေ မအားဘူးဗျ.. အကယ်ဒမီပွဲအတွက.် . ပြင်သူကပြင်.. ဟောလိဝုဒ်ကလာငှား လို့ သွားတဲ့သူကသွား.. ဘောလိဝုဒ်မှာ စာချုပ်မိတဲ့သူမိဖြစ်နေကြတယ်။
ဒါနဲ့ မလွှဲမရှောင်သာ ကိုရီးယားမင်းသား မင်းသမီးဘဲ ငှားလိုက်ရတော့တယ်.. ဈေးချိုတာလဲ ပါသပေါ့ဗျာ..။ လုပ်မှာကလဲ အရောင်းစင်တာ ဖွင့်ပွဲ ဆိုတော့ သိတ်လဲ
မကြီးကျယ်ဘူးမို့လား..။ တကတည်းဗျာ လွန်လွန်းလှ..။ ကြည့်ကြပါဦး.. ရိုက်ချင်စရာ။ ကင်မရာနဲ့ပြောပါတယ်။

သတင်းဆိုး

အင်း - အဆိုးမြင်ဝါဒီ ဖြစ်နေပြီထင်ပါရဲ့ - ဒီထဲက သတင်းတပုဒ်နဲ့ ပတ်သက်ပြီး လျှာရှည်ရအုံးမယ်။ ခေါင်းစည်း မကြိုက်ဘူး။ ဧည့်စာရင်း စစ်တာကို ကြိုဆိုသလို၊ နှစ်သက်သလို
ဖြစ်နေတယ်။ သတင်းကတော့ သတင်းဆိုးပါ။

ကလေးတယောက်ဆို ၁၀ နှစ်ပဲ ရှိသေးတယ်။ ဒီလို အိမ်ဖေါ်တွေကိုနှိပ်စက်တဲ့ သတင်းတွေက နိုင်ငံခြားသတင်း စာမျက်နှာတွေမှာ အဆန်းတကြယ် မဟုတ်တော့သလိုဘဲ။ ယဉ်ကျေးတဲ့
မြန်မာနိုင်ငံနဲ့တော့ မဆိုင်ဘူးမှတ်တာ.. ဒီသတင်းလေး နှစ်ပုဒ် တွေ့တော့မှဘဲ .. ကိုယ်တို့လဲ.. လူယဉ်ကျေးတွေချည့် မဟုတ်တော့ဘူး ဆိုတာ သိလာရတော့တယ်။ ဆင်ခြင်ကြပါလို့
ပြောချင်ရင်းစွဲ နဲ့ တင်ပေးလိုက်ပါတယ်..ဖတ်ကြည့်ပါဦး..။
အလင်းတန်းဂျာနယ် (ဇန်န၀ါရီ ၃)

စောဝေ

သူရေးတဲ့ ဆောင်းပါးထဲမှာ သူ့ရဲ့ လက်ရှိအခြေအနေတွေ ပါဝင်သလို သူကြုံတွေ့ရတာတွေကိုပါ ဖတ်ရမှာပါ။


မြန်မာသံ ရီရီသန့်

ဒေါ်ရီရီသန့်က မြန်မာသံသီချင်း ၀ါသနာပါသူတွေ သင်ကြားဖို့၊ သီဆိုဖို့ ခက်ခဲနေကြကြောင်း ပြောပြထားပါတယ်။ ဒါပေမယ့် မြန်မာသံက ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး တဲ့။

ဂီတမိတ်

ဂီတလောကထဲက အပြတ် လှုပ်ရှားနေတဲ့ အဖွဲ့တခုအကြောင်း ရေးထားပါတယ်။ ဂီတကို စိတ်ဝင်စားသူမဟုတ်ရင်တော့ ဖတ်ရတာ ပျင်းစရာကြီး ဖြစ်မယ်လို့ ကြိုတင် အာမခံပါတယ်။
http://www.moemaka.com/

ဒုတိယပင်လုံညီလာခံကို ကြိုဆိုသွားမည်ဟု (CEFU) မှပြောဆို

ဆူပန်း၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၃ရက်။ဇန်နဝါရီ ၁၇၊၂၀၁၁။
ဆူးပန်း(ဇန်နဝါရီ-၁၇)။ ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၆)ဖွဲ့နှင့် ဖွဲ့စည်းထားသော (Committee for Emergence Of Federal Union) ခေါ်
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီအနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းဆောင်ရွက်သွားမည့် ဒုတိယပင်လုံညီလာခံကို
ကြိုဆိုသွားမည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာမှပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီမှ ပြောရေးဆိုခွင့်ရှိသူနိုင်ဟံသာ
“ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ သူတို့တတ်နိုင်တဲ့နည်းလမ်း လုပ်နိုင်တဲ့နည်းလမ်းကနေပြီးတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့
ကျွန်တော်တို့နိုင်အေးချမ်းသာယာရေးအတွက်ကို သူတို့လုပ်ဆောင်နေတာ ဖြစ်တယ်။ သူတို့လုပ်နေတာနဲ့ ကျွန်တော်တို့ဦးတည်ချက်ကနဲ့တော့
ရည်ရွယ်ချက်ခြင်းကတော့အတူတူပါဘဲ။ အဲဒီတော့အခုသူတို့လုပ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။အားပေးပါတယ်။”

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီ၏ ဒုတိယအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ် တနေရာတွင်ကျင်းပခဲ့ပြီး ဇန္ဖာဝါရီ(၁၄)ရက်နေ့၌


အဖွဲ့၏ထုတ်ပြန်ကြေညာချက်ကိုဖြန့်ဝေခဲ့သည်။ အဆိုပါ ညီလာခံ၏ထူးခြားချက်တခုမှာ အရင်က(SSA)မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ တင်းပြည့်
အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ဟံသာမှပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မီတီကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အင်အားစု များနှင့် တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား လက်နက်ကိုင်အင်အားစုများဖြစ်သည့်


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (K.I.O)/ ကရင်အမျိုးသားအစည်းအရုံး (K.N.U)/ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (K.N.P.P)/ ချင်းအမျိုးသားတပ်ဦး(C.N.F)/
မွန်ပြည်သစ်ပါတီ(N.M.S.P) နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှင့်ဖွဲ့စည်းထားပါသည်။ အဖွဲ့၏လုပ်ငန်းစဉ်မှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်
စစ်ရေးအရ အပြန်အလှန်အကူညီပေးသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ယခုလိုပြောပါသည်။

“စစ်အစိုးရရဲ့ထိုးစစ်တွေဆင်လာမယ်ဆိုရင် ကျွန်တော်တို့(CEFU) အဖွဲ့ဝင်တွေအပေါ်မှာတော့ တစ်ဖွဲ့ကိုတိုက်ရင် ကျန်တဲ့အဖွဲ့တွေကို တိုက်သလိုဘဲကျွန်တော်တို့သဘောထားပြီးတော့


ရနိုင်တဲ့ နည်းလမ်းကနေ အကူညီပေးသွားဖို့ရှိတယ်။ ဒါပေမဲ့ ဘယ်လိုကူညီရမလဲဆိုတာကတော့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးဘူး။
လိုအပ်တဲ့အပေါ်မှာကျွန်တော်တို့စဉ်းစားပြီးတော့ကူညီသွားမှာပါ။”

လာမည့်ဇန္ဖာဝါရီ(၃၁)ရက်နေ့တွင် မြန်မာနိုင်ငံမှာလွှတ်တော်အသစ်ကိုဆင့်ခေါ်သွားမှာဖြစ်သော် လည်း နိုင်ငံအတွက်အပြောင်းအလဲရှိလာမှာမဟုတ်ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ


နိုင်ဟံသာကပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မီတီကို (၂၀၁၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပါသည်။ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက်


တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၊ တိုင်းရင်းသားနိုင်ငံရေးအဖွဲ့အစည်းများ စုံညီစွာတက်ရောက်မည့် တိုင်းရင်းသားလူမျိုးများညီလာခံတရပ်ကို
အခြားအဖွဲ့များနှင့်ညှိနှိုင်းပြီးခေါ်ယူကျင်းပသွားမည်ဟု ဇန္ဖာဝါရီလ(၁၄) ရက်နေ့ထုတ် ကျေညာချက်ထဲတွင်ထုတ်ပြန်ထားပါသည်။

ရွာသားတစ်ဦးအားစိတ်ကြွဆေးထောင်ဖမ်းပြီးဒါဏ်ရိုက်

နော်ဂျူနီ၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၃ရက်။ဇန်နဝါရီ ၁၇၊၂၀၁၁။
နော်ဂျူနီ(ဇန်နဝါရီ-၁၇)။ ။မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာရဲစခန်းမှ ရွာသားဖြစ်သူမောင်အမွှေးကို ဇန်န၀ါရီ လဆန်းတွင် စိတ်ကြွဆေးပြားပစ်ဖမ်းပြီး
ဒါဏ်ငွေရိုက်ခဲ့သည်ဟုဒေသခံရွာသားတစ်ဦးမှပြောပါသည်။

ဖြစ်ပုံမှာ မောင်အမွှေးသည် မော်တော်ဆိုင်ကယ်မောင်းအလာ တရနာရွာအနီးတွင် ရဲတပ်ကြပ်တစ် ဦးမှ တားဆီးစစ်ဆေးပြီး စိတ်ကြွဆေးယာဘ(၆)လုံးကိုဆိုင်ကယ်ဝမ်းပိုက်ထဲပစ်ထည့်၍


ရဲစခန်းသို့ဖမ်းဆီးခေါ် ဆောင်ခဲ့သည်။ တရနာကျေးရွာ စခန်းမှူးရွှေဝင်းမောင်မှ ရိုက်နှက်စစ်ဆေးမေးမြန်းပြီး ကျေးရွာရယကနှင့် မိဘဖြစ်သူတို့ က အာမခံယူကာ ငွေ (၄)
သိန်းကျော်ဒါဏ်ရိုက်ခဲ့သည်ဟု ၄င်းမိသားစုနှင့် နီးစပ်သူကပြောပါ သည်။ ဤအကြောင်းအရာများကို မည်သူမျှမပြောရန်ပိတ်ပင်ထားသည်ဟုဆိုသည်။

တရနာရဲစခန်းမှ အထက်မြို့နယ်ရဲမှူးနှင့် ခရိုင်ရဲမှူးကို တလလျှင် (၅) သိန်းပေးဆောင်နေရပြီး ထိုသို့ ပေးဆောင်နိုင်ရန်အတွက် အမှုများကိုရှာကြံကာ


ငွေတောင်းခံနေသည်ဟုကျိုက်မရောမြို့နေ ရဲစခန်းနှင့် နီးစပ်သူတစ်ဦးမှပြောပါသည်။

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့ ဆက်လက်တိုက်ပွဲဖြစ်ပွါးနေဆဲ

နော်အဲနီ၊ ကောင်းဝါသတင်းဌာန
ပြာသိုလဆန်း ၁၃ရက်။ဇန်နဝါရီ ၁၇၊၂၀၁၁။
နော်အဲနီ(ဇန်နဝါရီ-၁၇)။ ။မြ၀တီခရိုင် ကဆောဝါးလေးတောင်ကုန်း အရှေ့ဘက် သရက်ပင်စခန်းတွင် ရောက်ရှိနေသော စစ်အစိုးရ တပ်များက ဒီကေဘီအေစခန်းချသော
တာနဲအုဖျားစခန်းကို လက်နက်ကြီးများဖြင့် မနေ့မနက် (၁၀) နာရီ (၄၅) မိနစ်အချိန်မှ စတင်ပြီးပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေမှ ပြောပါသည်။

“နအဖတွေက ကျနော်တို့အခုနေတဲ့ တာနဲအုဖျားစခန်းကို လက်နက်ကြီးနဲ့လှမ်းပစ်နေတာ အလုံး ၃၀ နီးပါးရှိနေပြီး၊ သူတို့ကပစ်လိုက်နားလိုက်နဲ့ပေါ့၊ အခုထိပဲ” ဟု ဒီကေဘီအေ


တပ်ခွဲမှူး တောကျိက ပြောပါသည်။

မနေ့ကမနက် (၆) နာရီခွဲအချိန်တွင်လည်း မြ၀တီခရိုင် ၊ ဝေါ်လေကျေးရွာ ၊ သုခမြိုင် ဘုန်းကြီး ကျောင်းတွင် အခြေချနေသော စစ်အစိုးရတပ်ရင်းကို ဒီကေဘီအေ နှင့် ကေအဲန်ယူ
ပူးပေါင်းပြီး ပျောက်ကျားစနစ်ဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေဘက်မှ ပြောပါသည်။

သုခမြိုင်ဘုန်းကြီးကျောင်းတွင် အခြေချနေသော စစ်အစိုးရတပ်ရင်းခမရ(၄၀၉)ကို ဗိုလ်စောသန်းထွန်း ဦးဆောင်သော ဒီကေဘီအေတပ်ရင်း (၉၀၉) နှင့် ဗိုလ်စောခုဝါး ဦးဆောင်သော
ကေအဲန်ယူ တပ်ရင်း (၁၀၁)တို့ ပူးပေါင်းပြီး မနေ့မနက် (၆)နာရီခွဲ အချိန်တွင်လည်း နာရီဝက်ခန့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီကေ ဘက်မှပြောပါသည်။

“မနေ့မနက်ကဆိုရင် အစောကြီး နအဖက ကျနော်တို့ကို လာပစ်တာ၊ သူတို့ဆုတ်သွားတော့ ကျနော်တို့ လည်းသူတို့နောက်ကနေ လိုက်တိုက်တာ၊ သူတို့ဘက်က တပ်စုမှူး
တစ်ယောက်ကျတယ်လို့ ကျနော်တို့ ကြားတယ်၊ ဘယ်နှစ်ယောက် ဒါဏ်ရာရလဲတော့မသိဘူး၊ ကျနော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး” ဟု ကလို့ထူးဘောဌာနချုပ်မှ ဗိုလ်မှူးရွေဝက
ပြောပါသည်။

အလားတူ ဇန်န၀ါရီလ (၁၄) ရက်နေ့တုန်းကလည်း မြ၀တီခရိုင် အူကလေ့ထရွာတွင် တပ်ခွဲမှူး ချစ် ဆန်း ဦးဆောင်သော ဒီကေဘီအေ (၉၀၉) တပ်ရင်း၊ နှင့်တပ်ခွဲမှူး တီးစိန်
ဦးဆောင်သော ကေအဲန်ယူ (၁၀၃)တပ်ရင်း တို့ပူးပေါင်းအဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား ပျောက်ကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောပါသည်။ ထို့အပြင်
ဝေါ်လေကျေးရွာရှိ စစ်အစိုးရတပ်၏ ဗျူဟာကုန်းစခန်းကို ဒီကေဘီအေဘက်က ၀ိုင်းထားသည်ဟုလည်း ဆိုပါသည်။

ဝေါ်လေစခန်းအတွက် လိုအပ်နေသော ရိက္ခာများကို ပို့ဆောင်နိုင်ရန် စစ်အစိုးရတပ်များက ၄င်းတို့သွား ရာ လမ်းကို လက်နက်ကြီးများဖြင့် အရင်ပစ်ခတ်ပြီးလမ်းကြောင်းရှင်းပါသည်။


အလားတူ စစ်အစိုးရတပ်များ ဝေါ်လေစခန်းသို့ ခရီးမဆက်နိုင်အောင် ဒီကေဘီအေဘက်ကလည်း ပျောက်ကျားနည်းဖြင့် တိုက်ခိုက်နေခဲ့ပါ သည်၊၊ ပြီးခဲ့တဲ့ နိုဝင်ဘာလက စခဲ့သည့်
ဒီကေဘီအေနှင့် စစ်အစိုးရတပ်တို့တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွား ရန်ရှိနေသေးကြောင်း နယ်စပ်စစ်ရေးအကဲခတ်များမှပြောပါသည်။

http://www.kaowao.org/

လိုင်ဇာမြို့မှ ရပ်နားထားသည့် သုံးဘီးယာဉ်များ အဝယ်လိုက်

Monday, 17 January 2011 16:48 သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် လိုင်ဇာမြို့၌ လှိုင်းပြေးဆွဲနေသည့် သုံးဘီးယာဉ် အစီးရေ ၁၀၀ ကျော်ခန့်သည် KIO က လှိုင်းဆွဲခွင့်မပြုတော့သဖြင့် လွန်ခဲ့သည့်နှစ်
ဒီဇင်ဘာလကတည်းက ရပ်နားထားရ သည်။

တစ်လကျော်ကြာ ၀င်ငွေမရှိဘဲ ရပ်နားထားသည့် အဆိုပါ သုံးဘီးယာဉ်များအား


ယခုအခါ မြစ်ကြီးနားဘက်မှ လာရောက် ၀ယ်ယူသူများ ရှိနေကြောင်း
လိုင်ဇာဒေသခံများ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လိုင်ဇာမှာကုန်တင်တဲ့ ၃ဘီးဆိုင်ကယ်တွေတော့ အ၀ယ်လိုက်နေတယ် တစ်စီး


တရုတ်ငွေ ၇ ထောင်ဝန်းကျင် လောက်ပေါက်တယ်
မြစ်ကြီးနားဘက်ကနေလာဝယ်ကြတာ ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

သုံးဘီးယာဉ်များကို လိုင်ဇာမှ မြစ်ကြီးနားသို့ မောင်းနှင်ယူဆောင်ခအဖြစ်


ဂိတ်တာဝန်ကျ ဝန်ထမ်းများကို ကျပ်ငွေတစ်သိန်း ၀န်းကျင် ပေးရကြောင်း သိရသည်။

နအဖစစ်တပ်က ထိုးစစ်ဆင်လာမည်ကို စိုးရိမ်၍ ကေအိုင်အိုက လိုင်ဇာမြို့၌


စီးပွားရှာသူကို ဒီဇင်ဘာလဆန်းပိုင်းက နေရပ်ရင်းသို့ ပြန်ခိုင်း ခဲ့ရာ
သုံးဘီးမောင်းသမားများလည်း ပါဝင်ကြောင်း သိရသည်။

“သုံးဘီးသမားတွေကတော့ မူးယစ်ဆေးဝါးကိစ္စကြောင့်ပါ အယောက် ၁၀၀


ကိုသွေးစစ်ကြည့်တာ ၉၀ % လောက် က ဆေးမအောင်ဘူးလို့ ကြားတယ်
( - KNG)
ကားဂိတ်နဲ့ မြို့တွင်းမှာ ကုန်တင်ကြတာပေါ့ ပိုင်ရှင်ကတော့ ဒေသခံတွေများတယ်
မောင်းတဲ့ သူတွေက ရပ်ဝေးကပေါ့ အခု လိုင်ဇာမှာက ဘက်ထရီနဲ့လူတင်တဲ့ သုံးဘီးလောက်ပဲ ပြေးတော့တယ်” ဟု နောက်ထပ်ဒေသခံ တစ်ဦးက ဆိုသည်။
တရုတ်နယ်စပ် လမ်းကြောင်းများမှ တဆင့် မြန်မာဘက်သို့ လိုင်စင်မဲ့ ကား ၊ ဆိုင်ကယ် နှင့် ထော်လာဂျီများကို နေ့စဉ် အစီးရေ ရာချီ တင် သွင်းလျှက်ရှိရာ ယခုလ ၁၂ ရက်နေ့က မူစယ်မှ
လားရိုးသို့ စစ်တပ်အရာရှိများ ကယ်ရီ သယ်လာသည့် လိုင်စင်မဲ့ကား ၂ စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံ ယာဉ်ငယ်စစ်ဆေးရေးဂိတ်က လွတ်ပေးခဲ့ကြောင်း သိရသည်။

NDAA-ESS နှင့် UWSA အပေါ် တြိဂံတိုင်းမှူးက ကန့်သတ်ချက် ၄ ချက်ဖြင့် ဆက်ဆံ

Monday, 17 January 2011 16:45 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့အပေါ် တြိဂံတိုင်းမှူးက ကန့်သတ်ချက်များ ထပ်မံချမှတ်ကြောင်း စုံစမ်းသိရှိရ သည်။

“အဓိက ကတော့ ကျနော်တို့ လူတွေ ကားတွေ နအဖ ထိန်းချုပ်နယ်မြေထဲ လွတ်လွတ်လပ် သွားလာလို့မရအောင်၊ တောင်ပိုင်း ဝ တပ်ဖွဲ့နဲ့မြောက်ပိုင်း ဝ ဌာနချုပ်
မဆက်ဆံနိုင်အောင်ပိတ်ပင်လိုက်တာ” - ဟု အမည်မဖေါ်လိုသည့် မြောက်ပိုင်း ဝ အရာရှိငယ် တဦးက ပြောပါသည်။

၁။ မိုင်းလားတပ်ဖွဲ့ သုံးကားများဖြစ်သော SR4 /---- နှင့် ဝ တပ်ဖွဲ့သုံးကား များဖြစ်သော SW / ---- NW /---- တို့ကို နအဖ ထိန်းချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားခွင့်ပိတ်
ပင်ခြင်း။ ၂။ လက်နက်ခဲယမ်းမီးကျောက်သယ် ဆောင်သွားလာခွင့်ပိတ်ပင် ခြင်း။ ၃။ စစ်ဝတ်စုံဖြင့် သွားလာလှုပ်ရှားခွင့်ပိတ်ပင်ခြင်း။ ၄။ ယာဉ်ကြီး/ငယ်ကားများဖြတ်သန်း
သွားလာခွင့်ပိတ်ပင်ခြင်းတို့အား အောက်တိုဘာ ၂၆ ရက် ကတည်းက တြိဂံတိုင်းမှူးက လိုက်သည်ဟုဆို၏။

“လားရှိုး - တန့်ယန်းကနေ ဝ နယ်ထဲ ဝင်မယ့်ခရီးသည်တွေသံလွင်မြစ်ကူး တာ့ကောင်းအက်တံတားဂိတ်မှာ နအဖက စစ်ဆေး တယ်။ သျှမ်း နဲ့ တရုတ် လူမျိုးတွေဘဲ
ဖြတ်သန်းသွားခွင့်ပြုတယ်။ ဗမာမှတ်ပုံတင်ကိုင်တဲ့ ဝ နဲ့ ဗမာလူမျိုးတွေကို ဝ နယ်ထဲ ပေးမဝင် တာ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ ကတည်းက” - ဟု တန့်ယန်းမြို့ခံ ဝ အမျိုးသားတဦး
ကပြောပါသည်။

အဆိုပါပိတ်ပင်ကန့်သတ်ချက် ၄ ချက်မှာ ရွေးကောက်ပွဲမတိုင်မီ ၁၁ ရက်အလို အောက်တိုဘာလ ၂၆ ရက်က တြိဂံတိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးကိုယ်တိုင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
ယနေ့တိုင်ရုပ်သိမ်းခြင်း မရှိသေးကြောင်း မိုင်းလားထိပ်ပိုင်း ခေါင်းဆောင် နှင့် ရင်းနှီးသည့် တရုတ်နယ်စပ်နေ သျှမ်းအမျိုးသားတဦးက အတည်ပြုပြောဆိုပါသည်။

သို့သော် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၃ က ထပ်မံပိတ်ပင်လိုက်သော မိုင်းလား- ကျိုင်းတုံ နမ့်လွေမြစ် နယ်ခြားတံတား တာ့ပင်း ဂိတ်ကုန်စီးဆင်းမှုကို ဒီဇင်ဘာလ ဒုတိယပါတ်က
ပြန်လည်ဖွင့်ပေးခဲ့သည်။ ကုန်တင်ကားအသေးစားသာ သွားလာ ခွင့်ပြုကြောင်း၊ ၆ ဘီး ၁၀ ဘီးကုန်တင်ကားကြီးများ သွားလာခွင့် မပြုသေးကြောင်း၊ ထို့အတူ နိုဝင်ဘာ ၂၆ ရက်
ကတည်းက တာချီလိတ/် ကျိုင်းတုံမှ တဆင့် မိုင်းလားမြို့သို့ နိုင်ငံခြား ခရီးသွားဧည့်သည်များဝင်ရောက်လည်ပတ်မှုလည်း ယနေ့ တိုင်ပြန်လည်ဖွင့်လှစ် ပေးခြင်းမရှိသဖြင့်
အရောင်းအ၀ယ်ထိုင်းမှိုင်းနေကြောင်း မိုင်းလား ဒေသခံများက ပြောပါသည်။

တိုးချဲ့မည့်အရှေ့အလယ်ပိုင်းတိုင်းသို့ပို့ရန်နယ်မြေခံ တပ်ရင်းများမှ စစ်အင်အားအချို့ရွေးထုတ်နေ

Monday, 17 January 2011 16:38 သျှမ်းသံတော်ဆင့်

ထပ်မံတိုးချဲ့မည့် အရှေ့အလယ်ပိုင်းတိုင်းသို့ပို့ရန် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် လားရှိုး ရှိနယ်မြေခံ တပ်ရင်းများမှ တပ်အင်အားများ ရွေးထုတ်စုဆောင်း ထားပြီးဖြစ်ကြောင်း
သိန္နီသတင်းရပ်ကွက်ထံမှ ကြားသိရသည်။

“ဒီလကုန်ရင် စစ်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် တောင်ကြီးကိုလာထိုင်တော့မှာတဲ့။ အရှေ့ အလယ်ပိုင်းပါရင် စစ်တိုင်း ၄ တိုင်းရဲ့ တိုင်းချုပ်ကြီးဖြစ်တော့မှာပေါ့ ” ဟု


စစ်တပ်အသိုင်းအ၀ိုင်းနှင့်နီးစပ်သည့် လားရှိုးဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

၁ တပ်ရင်း အင်အား ၆၀ ဖြင့် သိန္နီ စကခ ၁၆ လက်အောက်ခံ ခလရ ၆၉၊ ခလရ ၂၄၀၊ ၂၄၁၊ လားရှိုး ခမရ ၅၀၇ နှင့် ခလရ ၆၈ နှင့် ၄၁ တို့အပြင် အင်္ဂျင်နီယာတပ် ၉၀၂
ထဲမှလည်းရွေးထုတ်ထားကြောင်းသိရသည်။

“ဆန္ဒအပြည့်ဝမ်းသာအယ်လဲနဲ့ သွားတဲ့ အရာရှိ တယောက်မှမရှိဘူး။ အရှေ့အလယ်ပိုင်းတိုင်း ထပ်တိုးမယ်ဆိုတာက တိုက်ဖို့ ခိုက်ဖို့ရှေ့တန်းတက်ဖို့ အဓိက


ဘဲဆိုတော့သေမှာကြောက်ကြတာလေ။ တချို့တောင်မှ ထွက်ခွင့်နားခွင့်တောင်းထားတယ် လို့ တောင်ကြားရတယ်” ဟု အဆိုပါအမျိုးသမီး နှင့် အမျိုးတော်စပ်သည့်
စစ်တပ်အရာရှိကတော်တစ်ဦးကလည်း ပြောပြသည်။

ယခင်သျှမ်းပြည်တပ်မတော် ကေဒါဟောင်းတဦးက-“ စစ်တိုင်းတတိုင်းဆိုရင် အမှန်က ၂၅ တပ်ရင်း ရှိရ မယ် ။ အခုက သိန္နီနဲ့ လားရှိုးဘဲကြားရသေးတယ်။ အင်အားပြည့်ဖို့
တပ်သားသစ်ကောက်မယ့်ပြသနာရှိလာဦးမယ်။ ဒါပေမယ့် အရင်က အခြေအနေ ကိုပြန်ကြည့်ရင် နအဖစစ်တပ်က ဘယ်လောက်ဘဲတပ်သားသစ်တွေထပ်ကောက်ကော် တပ်အင်အားက
သိသိသာသာတိုးလာ တာမ တွေ့ရဘူး။ ဘာလို့လဲဆိုတော့ လတိုင်းထွက်ပြေးနေကြတာလေ။ နှစ်တိုင်းထောင်ချီရှိတယ်လို့သိရတယ်” ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

လားရှိုးအခြေစိုက် ယခင် ခလရ ၆၈ တွင် အိမ်ထောင်သည်လိုင်း စစ်တန်းလျား ၂၅ ခုအတွင်း လူပြည့်ခဲ့ဖူးသော် လည်း ယခုအခါ လူနေသည့်အိမ်ထောင်သည်လိုင်း ၂-၃ ခုသာ
ကျန်တော့ကြောင်း အဆိုပါတပ်ရင်း၌ နေထိုင်ခဲ့ဖူးသူ တပ်မိသားစုဝင်တဦး ကပြောသည်။

“ ၁၉၉၀ လောက်တုန်းက ကျနော် ၆၈ မှာနေဖူးတယ်။ အောက်လိုင်းလို့ခေါ်တဲ့ အကြပ်တပ်သား အိမ်ထောင်သည်လိုင်း စစ်တန်းလျား ၂၅ တန်းက အပြည့်ဘဲ။ တတန်းလျားမှာ ၈
ခန်းရှိတယ်။ အပေါ်လိုင်းလို့ခေါ်တဲ့ အရာရှိလိုင်းတော့ လူမပြည့်ဘူး။ ၂၀၀၅ - ၂၀၀၆ တုန်းက တပ်ထဲပြန်သွားလည်တော့ လူပြည့်တဲ့အောက်လိုင်းက ၂ တန်းဘဲကျန်တော့တယ်။ ကျန်တာ
တွေ လူမရှိလို့ စုတ်ပြတ်သပ်ပေါက်ပြဲကုန်ပြီ။ စစ်ရေးလေ့ကျင့်မှုသင်တန်းလဲ ၁၉၈၈ အရေးအခင်းမတိုင်ခင်တုန်းကနှစ်တိုင်း တနှစ် ၂ သုတ် ရှိတယ်။ အဲ့တုန်းက တသုတ်မှာလူ ၃၀၀
လောက်နဲ့ သင်တန်းကာလ ၆ လကြာတယ်။ ၁၉၉၀ လောက် ရောက်တော့ သင်တန်းမှာ လူ ၆၀ လောက်ဘဲရှိတော့တယ်။ သင်တန်းကာလလဲ ၃ လဘဲလုပ်တော့တယ်။ ၁၉၉၉ မှာတော့
စစ်ရေးလေ့ကျင့်မှု (ရဲဘော်သစ်သင်တန်း) ဆိုတာ မရှိတော့ဘူး” - ဟု ၎င်း၏ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြသည်။

တိုက်နယ်ဆေးရုံ ပြုပြင်ရန် ပြည်သူများထံ ကျပ်ငွေ သိန်းချီကောက်

Monday, 17 January 2011 15:53 မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ခလရ ၃၃ အခြေစိုက် မိုင်းကောင်ကျေးရွာအုပ်စုဆေးရုံဟောင်း ပြန်လည် ပြုပြင်ရန်အတွက် မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌက


အထက်အာဏာပိုင်များ၏ညွှန်ကြားချက်အရဟု ဆိုကာ အခြား ကျေးရွာအုပ်စုများထံ စာရေးပိုက်ဆံ တောင်းကြောင်း စုံစမ်းသိရှိရပါသည်။

“မိုင်းကောင်ဆေးရုံက အရမ်းဟောင်းနွမ်းပျက်စီးနေပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီး အခြားကျေးရွာ အုပ်စုတွေဆီ ပိုက်ဆံကောက်တယ်” ဟု တန့်ယန်းရောက်


မိုင်းကောင်ဒေသခံတစ်ဦးက ပြောပါသည်။

ဂျန္န၀ါရီ ၁၆ ရက် မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ အသက် ၅၀ ကျော် လုံးဆန်တား က ဆေးရုံပြုပြင်ထိန်းသိမ်းရန်ဟု ဆိုကာ ကျေးရွာအုပ်စုတစ်စုလျှင် ငွေကျပ် ၁ သိန်းစီထည့်ဝင်ရန်
ကျေးရွာအုပ်စု ၈ အုပ်စုအား ဂျန္န၀ါရီ ၁၅ ရက်နေ့စွဲဖြင့် စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်စု ၈ စုမှာ တန့်ယန်းမြို့နယ် ပါဇန်၊ နားကော်၊ တောင်ဟျိုး၊ ဇေ့ဟိ၊ နမ့်လပ်၊ နားခါ၊ ဝမ့်လွယ်နှင့် နမ့်အွန်ကျေးရွာအုပ်စုတို့ဖြစ်ကြသည်။

“အခုချိန် ပိုက်ဆံရှာရတာ အရမ်းခက်ခဲတော့ ကျေးလက်လူထုတွေလဲ ငြီးထွားကြတာပေါ့။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ဖို့ ကူညီလုပ်ဆောင်ပေးမယ်လို့


ပြောထားတဲ့အနိုင်ရပါတီတွေလဲ ဘယ်ရောက်ကုန်ပြီလဲ။ ပြည်သူ့ဆေးရုံဆိုရင် စစ်အစိုးရကဘဲ တာဝန်ယူပြုပြင်ရမှာ။ အခုခေတ်က ဘာမဆိုလူထုဘဲ” ဟု ၎င်းကဆက်လက်ပြောပါသည်။

“မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ လုံးဆန်တားနဲ့ နအဖအာဏာပိုင်တွေ ပူပေါင်းပြီး လံကြုပ်ရိုက်စားတာဘဲလို့ ခပ်များများက အဲလိုဘဲပြောနေကြတာ” ဟု တာချီလိတ်ရောက်


ဒေသခံနောက်တစ်ဦးကလည်းပြော၏။

ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်းကလည်း မိုင်းကောင်အခြေစိုက် ခလရ ၃၃ က လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အတွက် စစ်ဝတ်စုံဟုဆိုကာ ကျေးရွာအုပ်စုတစ်စုလျှင်


ကျပ်ငွေသိန်းချီကောက်ခံခဲ့ဖူးသည်။

http://www.mongloi.org/burmese/

ရခိုင်ပြည်နယ် လွှတ်တော် ပြည်နယ်ခန်းမတွင် ပြုလုပ်မည်

1/16/2011

Adjust font size:

ရခိုင်ပြည်နယ်၏ ပြည်နယ် လွှတ်တော်ကို စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ခန်းမတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်မြို့တော်ခန်းမ

အမည်မဖေါ်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက “ ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်တွေက ရခိုင်ပြည်နယ် မြို့တော်ခန်းမမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ကို ဇန္န၀ါရီလ
၃၁ ရက်နေ့ နံနက် ၈နာရီ ၅၅ မိနစ်တွင် စတင် ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွှတ်တော် ကျင်းပမည့် နေရာနှင့် နေ့ရက် အချိန်ကို သက်ဆိုင်ရာ ပါတီရုံးများသို့ အကြောင်းကြားထားကြောင်းနှင့် တချို့ လွှတ်တော် အမတ်များမှာ လွှတ်တော်တက်ရန် စစ်တွေသို့
လာရောက်နေကြပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှ ရုံးတာဝန်ရှိသူ တစ်ဦးက “ ဇန္န၀ါရီလ ၁၇ ရက်နေ့ မနက်ဖြန်မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ရခိုင်ပြည်နယ် လွှတ်တော်
ကိုယ်စားလှယ်တွေ အကုန်လုံးရောက်ရှိမှာ ဖြစ်ပါတယ်။ သူတို့ ရောက်ရှိလာပီးတဲ နောက်ပိုင်းမှာ လွှတ်တော် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေကို ဆွေးနွေးသွားဖို့
စီစဉ်ထားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ် လွှတ်တော် အမတ်များ၊ ကြံ့ခိုင်ရေး လွှတ်တော် အမတ်များ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် အမျိုးသား ဖွံ့ဖြိုးရး
ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။

ရခိုင်ပြည်နယ် လွတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှာ စစ်တပ် လွှတ်တော် အမတ်များနှင့် ပေါင်းလျှင် အင်အား အကောင်းဆုံး ဖြစ်နိုင်သဖြင့် ရခိုင်ပြည်နယ် လွှတ်တော်ကို လွှမ်းမိုးထားနိုင်ပြီး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှာ အတိုက်အခံ အဖြစ် ရပ်တည်သွာရမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို ရခိုင်ပြည်နယ် မြို့တော်ခန်းမတွင် ယာယီ ပြုလုပ်သွားမလား၊ သီသန့် ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦး ဆောက်မလား ဆိုသည်ကို သဲကွဲစွာ
မသိရှိ ရသေးကြောင်း ရတပ ရုံးတာဝန်ခံ တစ်ဦးက ပြောသည်။

မလေးရှားတွင် မြန်မာ အမျိုးသမီးနှစ်ဦး အသတ်ခံရ

1/16/2011

Adjust font size:

---------
စံလင်း
--------
မလေးရှားနိုင်ငံ မာလဂါမာလိန်ဂျာယာမြို့တွင် လွန်ခဲ့သော စနေနေ့က မြန်မာ့ အမျိုးသမီးနှစ်ဦးကို အမည်မသိသူများက ဓါးဖြင့် ရက်စက်စွာ ထိုးသတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူ အမျိုးသမီး နှစ်ဦးမှာ စားသောက်ဆိုင်ဖွင့်ပြီး မြန်မာနိုင်ငံသားမျာကို အလုပ်ရှာ ပေးသော အေးဂျင့် အလုပ် လုပ်နေသူ မမြတ်မြတ်နှင့် သူ့ခလေးကို ကူညီ ထိန်းပေးနေသူ
အိမ်အကူ မသွယ်သွယ်ညွန့် တို့ဖြစ်ကြောင်း သိရသည်။

မာလဂါမာလိန်မြို့မှ ရခိုင် အမျိုးသား တစ်ဦးက “ အခုလို အသတ်ခံရပြီးတဲ့ နောက်မှာ ရဲက အစစ်အဆေးတွေ များလာနိုင်တဲ့ အတွက် မြန်မာနိုင်ငံသားတွေ အကြားမှာ အထူးစိုးရိမ်မူတွေ
တိုးပွားနေပါတယ်။ အခု ဒီသတင်းကတော့ မြန်မာနိုင်ငံသားတွေ အကြားမှာ အထူး စိတ်ဝင်စားနေတဲ့ သတင်းပါ။ လူသတ်သမားတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ပါစေလို့ လူတွေက
ဆုတောင်းနေကြပါတယ်“ ဟု ပြောသည်။
လူသတ်မူ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများ အနေဖြင့် အပြင်သွားသွားလာလာ မလုပ်ကြတော့ဘဲ အများစုမှာ အိမ်တွင်းအောင်းနေကြသည်ဟု သူက ပြောသည်။

“ အခု သတ်သွားတာက မြန်မာနိုင်ငံသားလား၊ မလေးနိုင်ငံသားလားဆိုတာကို တိတိကျကျ မသိရသေးဘူး။ ဒီလို နှစ်လောင်းပြိုင် လူသတ်မူ ဖြစ်တာ အရင်က ဒီမြို့မှာ မရှိခဲ့ဘူးလို့
သိရပါတယ်။ ရဲတွေကတော့ အပူတပြင်း လိုက်လံ စုံစမ်းနေတယ်လို့ ကြားရပါတယ်။ ဘာတွေ အသေးစိတ် ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး” ဟုသူက
ဆက်ပြောသည်။

မမြတ်မြတ် ဗိုက်ကို ဓားဒဏ်ရာ ၂ ချက် ထိုးပြီး ဦးခေါင်းကို တုနှင့် ရိုက်နှက်ခဲ့ကြောင်း၊ ကလေးထိန်း အိမ်အကူ မသွယ်သွယ်ညွန့် ဗိုက်တွင် ဓားဒဏ်ရာ ၁ ချက် လည်ပင်းမှာ ဓားဒဏ်ရာ ၂
ချက် ရရှိခဲ့ကြောင်း သူက ကြားသိရသော သတင်းကို ကိုးကားပြီး ပြောကြားသည်။

လူသတ်သမားများသည် မမြတ်မြတ်၏ ၅ လသား ကလေးငယ်ကို ဘာအန္တရယ်မှ မပေးခဲ့ဘဲ အိပ်ရာ ပေါ်တွင် တင်ထားခဲ့သည်ဟု သိရသည်။

အကျဉ်းသား ၂၇၀၀ ကျော်ကို ဘင်္ဂလာမှ မြန်မာကို ပြန်ပို့လို

1/16/2011

Adjust font size:

--------------
မောင်အေး
--------------
ဘင်္ဂလာဒေခ်ျ့ အကျဉ်းထောင်များတွင် နှစ်ရှည်လများ ထောင်ကျခံနေသော မြန်မာ နိုင်ငံသား ၂၇၀၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့လိုကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာ
အာဏာပိုင်များကို ပြောကြားလိုက်သည်။

အဆိုပါ ပြောကြားမူကို မောင်တောမြို့တွင် စနေနေ့က ပြုလုပ်သော နှစ်နိုင်ငံ တပ်မှူးများ အဆင့် အလံတင် ဆွေးနွေပွဲတွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

“ သူတို့တင်ပြတာက ဘင်္ဂလာဒေခ်ျ့မှာ လွတ်ရက်စေ့ အကျဉ်းသားတွေရော၊ တခြား ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂၇၁၅ ဦးရှိတယ်။ အဲဒီ အကျဉ်းသားတွေကို
မြန်မာဘက်က ပြန်လည် လက်ခံဖို့ တင်ပြတယ်။ မြန်မာဘက်ကတော့ အထက် အာဏာပိုင်တွေကို ဒီကိစ္စကို တင်ပြပေးမယ်ဆိုပီး အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်” ဟု
လ၀က အရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အကျဉ်းသားများကို ဘင်္ဂလာဘက်မှ ပြန်ပို့လိုကြောင်း အကြိမ်ကြိမ် ဆွေးနွေးတင်ပြခဲ့သော်လည်း မြန်မာဘက်မှ ပြတ်ပြတ်သားသား ဆောင်ရွက်မူ မရှိသဖြင့် မြန်မာ့
အကျဉ်းသားများမှာ နှစ်ရှည်လများ လွတ်ရက်စေ့သော်လည်း အိမ်မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။

“ နှစ်နိုင်ငံ အလံတင် ဆွေးနွေးပွဲထဲမှာ နောက်ထပ် အရေးကြီးတဲ့ နယ်စပ်ကိစ္စတွေကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ဘင်္ဂလာဒေခ်ျ့က ငါးဖမ်း သမားတွေကို မြန်မာဘက်က
ပြန်ပေးဆွဲ ငွေတောင်းခံနေတဲ့ ကိစ္စ၊ နယ်စပ် ခြံစည်းရိုး ကာရံနေတဲ့ ကိစ္စ၊ မှောင်ခိုတားဆီးရေး ကိစ္စနဲ့ နယ်စပ် ကုန်သွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု သူက
ဆက်ပြောသည်။

အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံ ထောင်ထဲတွင် ၁၂ နှစ်ကျော် အကျဉ်းကျခံခဲ့ရသူ ဘင်္ဂလီ တစ်ဦးကို မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့သို့ လွဲပြောင်းပေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲကို နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိပြုလုပ်ခဲ့ပြီး ဘင်္ဂလာဘက်မှ တက်ကနက်အခြေစိုက် အမှတ် ၂၄ Border Guards Bangladesh တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဟောဆန်း၊
ဖလောင်းချိတ်မြို့ အခြေစိုက် အမှတ် ၁၇ BGB မှ ဗိုလ် မှူးကြီး ခါလေဇူလ်ဇာမာန်တို့ ဦးဆောင်သည့် အဖွဲ့ဝင် ၁၆ ဦးနှင့် မြန်မာဘက်မှ နယ်စပ် လူဝင်မူ ကြီးကြပ်ရေးဌာန (နစက) မှ
အရာရှိ ဦးစောအောင် ဦးဆောင်သည့် ၁၅ ဦးပါ အဖွဲ့တို့ တက်ရောက်ခဲ့သည်။
http://www.narinjara.com/burmese.asp

ကလေးတွေအတွက် အခမဲ့ ကျောင်းတကျောင်း NLD ဖွင့်လှစ်

2011-01-17

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူငယ်ကွန်ယက် က ကမကထပြုပြီး အခမဲ့ ပညာဒါနကျောင်း တကျောင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့ မနက်က လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်
မေခလမ်း၊ အမှတ် ၅၄၈၊ ဦးမင်းလွင်ရဲ့ နေအိမ်ခြံဝင်းအတွင်း မှာ ထူထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဇွန်လ နယ်လှည့်ခရီးစဉ်တွင် မကွေးတိုင်းရှိ ကျောင်းတခုမှ ကျောင်းသူကျောင်းသား၊ လူငယ်လေးများနှင့် ချစ်ခင်ရင်းနှီးစွာ အမှတ်တရ
ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ နောက်တန်းအလယ်မှ အင်္ကျီပြာဝတ်ထားသူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ (Photo: AFP)

ဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးသူငယ်တွေ အတွက် အဓိက ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားကျောင်းသူ ၂ဝ လောက်ကို ပညာဒါန အခမဲ့ သင်ကြားပေးဖို့အတွက် ကျနော်တို့ “အမေ့အိမ်” ဆိုတဲ့နာမည်နဲ့ စာသင်ကျောင်းလေး
တကျောင်း၊ ဒီနေ့ ဖွင့်ပွဲကျင်းပတယ်။ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာဦးဝင်းတင်နဲ့ NLD ခေါင်းဆောင်တွေ၊ နောက် တခြား ပညာဒါန လုပ်ငန်းမှာ
စိတ်ဝင်စားတဲ့ ကွန်ယက်အဖွဲ့က လူငယ်တွေ။ အဲဒီနားက ရပ်မိရပ်ဖတွေလည်း တက်ရောက်ကြတယ်

အခမ်းအနား တက်ရောက်သူတွေထဲမှာ NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ မဖြူဖြူသင်းနဲ့ လူငယ်ကွန်ယက်မှာ ပါဝင် လုပ်ဆောင်နေတဲ့ ကိုဖြိုးမင်းသိန်းတို့လည်း ပါဝင်တယ်လို့
သိရပါတယ်။ ဒီ အတောအတွင်း အဲဒီ စာသင်ကျောင်းဟာ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်လှစ်ခြင်းမပြုဖို့ တားမြစ်တဲ့ စာတစောင်ကို ပညာရေးဝန်ကြီးဌာနာက လှိုင်သာယာ
NLD အဖွဲ့ဝင် ဦးအေးဘို ဆီကို မနေ့က ပေးပို့ အကြောင်းကြားခဲ့တယ်လို့ ဦးအုံးကြိုင်က ဆက်ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး (ပညာ) ဦးကျော်ဝင်းမြင့်က မနေ့က ဦးမင်းလွင်ရယ်၊
ဦးဖြိုးမင်းသိန်းရယ်၊ ဦးအေးဘို ဆိုတဲ့ နာမည်တွေနဲ့ အဲဒီကျောင်းကို စာတစောင် ပို့ပါတယ်။ အဲဒီစာမှာ လူကြီးမင်း ပညာသင်ကြားမယ့် အစီအစဉ်ဟာ တဲ့၊ ဘာသာရပ် ကိုယ်ပိုင်သင်တန်း
ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိပါသဖြင့် ဖွင့်လှစ်သင်ကြားခွင့် မရှိပါကြောင်း အသိပေး အကြောင်းကြားပါတယ် တဲ့။ အဲဒီလို ပြောပါတယ်

ပညာရေး ဝန်ကြီးဌာနက ပေးပို့တဲ့ စာထဲမှာ ပညာသင်ကြားဖို့ အခက်အခဲရှိတဲ့ ကလေးတွေကို နီးရာ အစိုးရ စာသင်ကျောင်းတွေမှာ သင်ကြားနိုင်ရေး ကူညီ ဆောင်ရွက်ပေးပါမယ်
လို့လည်း ဖော်ပြထားပါတယ်။ ဦးအေးဘို အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီကျောင်းမှာ တာဝန်ယူ သင်ပြမယ့် စေတနာ ဆရာ၊ ဆရာမတွေကတော့ ဦးအေးဘို၊ ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူ၊ မမြင့်မြင့်အေး စသူတို့
ဖြစ်တယ်လို့ သိရပါတယ်။

သံဃာ ဦးစီးတဲ့သင်တန်း ဗုဒ္ဓဘာသာနဲ့ ကိုက်ညီမှု မရှိ

2011-01-17

ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာတပါး ဦးစီးပြီး မြန်မာနိုင်ငံမှာ ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဟာ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီမှု မရှိတဲ့အတွက်
ကန့်ကွက်ရှုတ်ချကြောင်း သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့က ဇန်နဝါရီလ ၁၆ ရက် နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဆန့်ကျင် ရှုတ်ချရတာနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာတော် ဦးပဉ္စာဥာဏက မိန့်ကြားတာက

“ဒီသင်တန်းနဲ့ ပတ်သက်လို့ ဘာသာရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဦးဇင်းတို့ မြတ်စွာဘုရား ဟောထားတာနဲ့ မလျော်ညီဘူး။ ဖွင့်တာက ဘုန်းကြီးမဟုတ်ဘဲနဲ့ လူတယောက်အနေနဲ့ ဆိုရင်
သင့်တော်ပါတယ်။ အခုဟာက ရဟန်းတပါးအနေနဲ့ စိတ်ဓာတ်မြှင့်တင်ရေး စကားနဲ့လိုက်တဲ့ တခြားပုံစံမျိုးနဲ့ဆိုရင် လိုက်ပါတယ်။ အခုက ဒီဗီဒီယိုတွေ ကြည့်ရတာကိုက မသင့်တော်လို့ပါ။
နောက် ဘာသာရေးခေါင်းဆောင် ဘုန်းကြီးအနေနဲ့ လုပ်တဲ့ကိစ္စဟာလည်း ဘာသာရေးနဲ့ ဘယ်လိုမှ ဆက်စပ်မှု မတွေ့ဘူးပေါ့”

အဲဒီသင်တန်းက လုပ်ဆောင်ချက်တွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ထေရဝါဒ ရဟန်းတော်တပါးရဲ့ ကျင့်ဝတ် သိက္ခာတွေနဲ့ ဖီလာ ဆန့်ကျင်နေတဲ့အတွက် သံဃာ့မဟာနာယက အဖွဲ့က
အမြန်ဆုံး ဝင်ရောက်ဖြေရှင်း ဆောင်ရွက်ပေးသင့်တယ်လို့ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

အလားတူ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအဖွဲ့၊ အိန္ဒိယဌာနခွဲ၊ ထိုင်းနိုင်ငံ ဌာနခွဲတွေကလည်း အဲဒီ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းကို
ပြစ်တင်ရှုတ်ချထားတဲ့ ကြေညာချက်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဟင်္သာတမှာ ရှေ့နေ ကွန်ယက် ထူထောင်

2011-01-17

ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ ဒေသတွင်းရှေ့နေတွေ ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့ တွေ့ဆုံပြီး ရှေ့နေများ ကွန်ယက်တခုကို ထူထောင်လိုက်ကြောင်း သတင်း ရရှိပါတယ်။

ဟင်္သာတ ခရိုင်အတွင်းက ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ သဗျု စတဲ့မြို့တွေက ရှေ့နေ ၂ဝ လောက် ဟင်္သာတမှာ ဒီကနေ့ တွေ့ဆုံကြပြီး ဒီမိုကရေစီရေး
လှုပ်ရှားသူတွေ အပါအဝင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို တည်ဆဲ ဥပဒေတွေအရ အကာအကွယ် ပေးနိုင်ရေးအတွက် ဆွေးနွေး တိုင်ပင်ခဲ့ကြတယ်လို့ ဦးဆောင် ဆွေးနွေးခဲ့သူ
တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေကြီး လပွတ္တာ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

“အစိုးရက ဥပဒေကို လိုက်နာသည်ဖြစ်စေ၊ မလိုက်နာသည် ဖြစ်စေ ကျနော်တို့က ဥပဒေအတိုင်း ဥပဒေ အခွင့်အရေးတွေကို ပြည်သူလူထု ရလာအောင် ကြိုးပမ်းရမယ်။ ရှေ့နေတိုင်း၊
ဥပဒေပညာရှင်တိုင်းရဲ့ တာဝန် ဆိုတာကို။ ဥပဒေနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ရှေ့နေတွေဟာလည်း ဒီ လူမှုလောကအတွင်းမှာ ဥပဒေအရ အကာအကွယ်ရမှ တိုင်းသူပြည်သားတွေ
နေမှုထိုင်မှု သက်သာမယ်၊ ဥပဒေ အကာအကွယ် မရရင် ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သူတို့ သဘောပေါက်လာတယ်”

NLD ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးခင်မောင်ရှိန် တို့ဟာ ဧရာဝတီတိုင်း အတွင်းက မြို့နယ်တွေမှာ ရှေ့နေများကွန်ယက် ထူထောင်ဖို့ လိုက်လံ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ဒီ ရှေ့နေများကွန်ယက် ကနေ လုပ်ဆောင်ပေးနိုင်မယ့် အချက်အလက်တချို့ကို ရှေ့နေ ဦးခင်မောင်ရှိန်က ရှင်းပြပါတယ်။

“တရားစီရင်ရေးမှာ ရှေ့နေတွေရဲ့ အခန်းကဏ္ဍက ပြဋ္ဌာန်းဥပဒေတွေ ကျင့်ထုံးတွေ၊ အကျဉ်းဦးစီးဌာန လက်စွဲတို့ တရားရုံးလက်စွဲတို့ ဒီလို လက်စွဲတွေ ရှိထားတဲ့ ပြဋ္ဌာန်းဥပဒေတွေနဲ့ အညီ
တရားစီရင်ရေးကို ဖော်ဆောင်နိုင်မှာပါ။ ဖော်ဆောင်မှုအပိုင်းမှာ ရှေ့နေတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ဒီရှေ့နေများကွန်ယက်က ဒေသ တခုနဲ့တခု
ချိတ်ဆက်ပြီးတော့ အတွေ့အကြုံတွေကို ဖလှယ်ကြမယ် ဆိုရင် တရားစီရင်ရေးမှာ ရှေ့နေများရဲ့ ကူညီဆောင်ရွက်မှု အခန်းကဏ္ဍ ပိုမြင့်မားလာမယ်။ တရားစီရင်ရေးမှာလည်း
အတိုင်းအတာတခုထိ မြင့်မားလာမယ်လို့ သဘောပေါက်ထားပါတယ်”

အခုလို ရှေ့နေ ကွန်ယက်တွေကို တခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ထူထောင် နေကြတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့

2011-01-17

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ တာဝန်ယူဖို့ မဲပေါက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဒီကနေ့ နေ့လည်ပိုင်းက NLD ရုံးမှာ လက်ခံ
တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
(Photo: AFP)

ရန်ကုန်မြို့၊ ရွှေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
(အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံရေး အကျဉ်းသားတွေကို တဦးချင်း တာဝန်ယူဖို့ မဲနှိုက်ခဲ့ကြရာမှာ ဒေါ်အောင်ဆန်းစုကြည် မဲကျခဲ့တဲ့ လှိုင်သာယာက ဦးစိုးမင်းမင်းနဲ့ အမှုတွဲ ၅ ဦး ဖြစ်တဲ့
ကိုသန့်ဇင်မျိုး၊ ဒေါ်လှလှမော်၊ ဦးတင်ယု၊ ကိုကျော်စိုးဝင်း၊ ကိုဝင်းမြင့်တို့ရဲ့ မိသားစုဝင် ၂၅ ယောက်ခန့်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ တွေ့ဆုံခဲ့ကြောင်း
NLD ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပြပါတယ်။

“အကျဉ်းသားတဦးစီရဲ့ ထောင်တွင်း ကျန်းမာရေး အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မေးပါတယ်။ မိသားစုတွေရဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အခြေအနေ
အခက်အခဲတွေကိုလည်း မေးပါတယ်။ ထောင်ဝင်စာ သွားမယ့်ရက်တွေကိုလည်း မေးပြီးတော့ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာတွေ မိသားစုနဲ့ တရင်းတနှီး ညှိနှိုင်းပါတယ်။ နောက်
ကလေးတွေရဲ့ ပညာရေး အခြေအနေတွေကိုလည်း မေးပါတယ်”

ဒီတွေ့ဆုံပွဲမှာ လူမှု အထောက်အကူပြု ကော်မတီ တာဝန်ရှိသူ ဦးစောနိုင်းနိုင်း၊ ဦးဝင်းထိန် တို့လည်း တက်ရောက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား မိသားစုဝင်
ကလေးသူငယ်တွေကို စာကြိုးစားကြဖို့ အားပေးခဲ့သလို မိသားစုဝင်တွေကိုလည်း အမှန်တရားအတွက် အနစ်နာ ခံကြရတာ ဖြစ်တဲ့အတွက် စိတ်ဓာတ်မကျဘဲ ဂုဏ်ယူကြဖို့ တိုက်တွန်း
ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ ရေဒါစက်ရုံ ဆောက်လုပ်ရေး မြောက်ကိုရီးယား အကူအညီပေးနေ

2011-01-17

ကျောက်ဆည်မြို့အရှေ့ဘက် ၁၇ မိုင်လောက် အကွာက ဖျောက်ဆိတ်ပင် ရေဒါစက်ရုံ ဆောက်လုပ်ရေးစီမံကိန်း ဆိုင်ရာ ဓာတ်ပုံတွေ ပါတဲ့ အင်တာနက် သတင်းတွေ မနေ့က
ထွက်ပေါ်လာခဲ့ပါတယ်။

(Photo: RFA)

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော် ကာကွယ်ရေး ဝန်ကြီးဌာနတွင် လေကြောင်းကာကွယ်ရေး
အမိန့်ပေး ထိန်းချုပ်စနစ် အကြောင်းကို ၂၀ဝ၈ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ရေဒါစက်ရုံ စီမံကိန်းကို ၂၀၀၇ ခုနှစ်လောက်ကတည်းက စတင် အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။

စစ်အစိုးရရဲ့ စစ်ရေး လျှို့ဝှက်စီမံကိန်းတွေကို ဖော်ထုတ် တင်ပြခဲ့တဲ့ ပြည်ပရောက် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ကလည်း သူ တာဝန်ထမ်းဆောင်နေခဲ့တဲ့ ကာလအတွင်း မြန်မာပြည်မှာ
ရေဒါနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ပညာရှင်တွေက သင်တန်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ရေဒါသင်တန်းတွေကို ပေးနေတာ ကြာပါပြီ။ မြောက်ကိုရီးယား ပညာရှင်ကနေပြီးတော့ မြန်မာပြည်က အင်ဂျင်နီယာတွေကို ရေဒါသင်တန်းတွေ ပေးနေတာ ရှိတယ်။ အဲဒီသင်တန်းနဲ့
ဆက်စပ်ပြီးတော့ ရေဒါထုတ်လုပ်မယ့် စက်ရုံလည်း ကျောက်ဆည်ဘက်မှာ ဆောက်နေတယ်လို့ ကြားပါတယ်။ အဲဒီစက်ရုံမှာ တာဝန်ကျတဲ့ အရာရှိတွေနဲ့လည်း ကျနော် တွေ့ခဲ့ဖူးပါတယ်”

ရေဒါ ထုတ်လုပ်တဲ့ နည်းပညာကို မြန်မာပြည်မှာ စတင် ကြိုးစားနေတဲ့ အစဦးအဆင့်ပဲ ရှိသေးတယ်လို့လည်း ဗိုလ်မှူးစိုင်းသိန်းဝင်းက ပြောပါတယ်။ နိုင်ငံ တနိုင်ငံအနေနဲ့ ရေဒါစက်ရုံလိုမျိုး
လုပ်ငန်းတွေ တည်ဆောက်ခွင့် ရှိပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ် ပိတ်ပင်ထားချိန်မှာ အခုလို
ဆောင်ရွက်တာဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို စစ်အစိုးရက လိုက်နာမှု မရှိဘူး ဆိုတဲ့သဘော သက်ရောက်နေတယ်လို့လည်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်း စက်ရုံတွေကို လေကြောင်းက တိုက်ခိုက်လာနိုင်တဲ့ နေရာတွေနဲ့ ဂြိုလ်တုကနေ ဖမ်းယူ ထောက်လှမ်းနိုင်မယ့် နေရာတွေ ရှောင်ကွင်းပြီး
တောတောင်ထူထပ်တဲ့ နေရာတွေမှာ တည်ဆောက်လေ့ရှိတာပါ။ ဒီအတွက်လည်း ငွေကြေး အကုန်အကျ အများကြီး သုံးစွဲရတယ်လို့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ဆိုပါတယ်။

ဖျောက်ဆိတ်ပင် ရေဒါစက်ရုံကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ဦးစီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သံဃာ ဦးစီးတဲ့ အကသင်တန်း

2011-01-16

ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာတပါး ဦးစီး ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းဟာ စစ်အစိုးရက ဗုဒ္ဓဘာသာကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်အထည် ဖော်နေတာ
ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ သံဃာတော်တွေက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီး သင်တန်းကို ရုတ်သိမ်းပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

(Screen Shot from YouTube)

ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်သော စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းတွင် ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းတခု၌ ဦးဣဒ္ဓိပါလ အမည်ရှိ သံဃာကို တွေ့ရပုံ။ (Screen Shot from
YouTube)

၂ဝဝ၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင် ဖွင့်လှစ်ခဲ့တဲ့ အဲဒီသင်တန်းဟာ လာမယ့် တနင်္လာနေ့၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အပတ်စဉ် (၆၄) ကို ရန်ကုန်မြို့ အေးရှားပလာဇာ
တတိယထပ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတပါး ဦးစီးတဲ့ ဒီသင်တန်းမှာ တက်ရောက်နေကြတဲ့ အစိုးရ ဌာနပေါင်းစုံက အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ အဆင့်မြင့် အရာရှိတွေဟာ နောက်ဆုံးပေါ် နိုင်ငံခြား
တေးသီချင်းတွေနဲ့ ကခုန် နေကြပုံတွေကို အင်တာနက် ဗီဒီယိုမှတ်တမ်းတွေမှာ အထင်အရှား တွေ့မြင်ရတဲ့အတွက် ဗုဒ္ဓဘာသာကို ဖျက်ဆီးတဲ့လုပ်ရပ် ဖြစ်နိုင်ကြောင်း၊
စိတ်ဓာတ်စစ်ဆင်ရေး နည်းဗျူဟာတွေ မကြာခဏ သုံးလေ့ရှိတဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအစဉ်တခု ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်
ယူဆပါတယ်။

သင်တန်းကျောင်း တာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်မြင့်ကတော့ အခု သင်တန်းဟာ စစ်အစိုးရနဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရ ပညာဒါန ဖွင့်လှစ်နေတာဖြစ်ပြီး
သက်ဆိုင်ရာ သာသနာရေး၊ ပညာရေး ဝန်ကြီးဌာနတွေ၊ သံဃာ့ မဟာနာယက အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုပါတယ်။ ဒီသင်တန်းနဲ့
ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်း တင်ပြထားပါတယ်။

စု


်း

င်




က
်။



ံဖို
င်

ူရ
န်

http://www.rfa.org/burmese

ဖလူးစစ်ဒေသမှာ အကျဉ်းသားပေါ်တာတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေး

Posted by admin on January 16, 2011 0 Comment


ph by - http://www.operationbrokensilence.org

မနေ့ည ၁၀ နာရီဝန်ကျင်လောက်မှာ ဖလူးစစ်ဒေသက နအဖ ဘက်က ခေါ်လာတဲ့ အကျဉ်းသားပေါ်တာ တွေ အစုလိုက်ထွက်ပြေးပြီး ထိုင်းနိုင်ငံဘက်ကို ဖြတ်ကူးလာတယ်လို့
သိရှိရပါတယ်။

ဒီကေဘီအေတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ရာမှာ လူသားမိုင်းရှင်းကရိယာ၊ အထမ်းသမားအဖြစ်နဲ့သုံးဘို့ နအဖ စစ်တပ်တွေ မြန်မာပြည်အနယ်အနယ်အရပ်ရပ်မှာရှိတဲ့ အကျဉ်းထောင်တွေက


အကျဉ်းသားတွေကို စစ်မြေပြင်မှာ အသုံးပြုဖို့ ခေါ်လာခဲ့ကြောင်း တွေမြင်ခဲ့ရတဲ့ ရွာသားတွေ ထွက်ပြေးလွတ်မြောက်လာတဲ့ အ ကျဉ်းသား အထမ်သမားတွေ ပြောပြချက်အရ
သိရှိခဲ့ရပါတယ်။ မနေ့ကတော့ ဖလူးစစ်ဒေသ နအဖ စစ် ကြောင်းက အကျဉ်းသားအထမ်းသမားတစုဟာ ည ၁၀ နာရီလောက်မှာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို
ထွက်ပြေးရောက်ရှိခဲ့တယ်။

အကျဉ်းသားအထမ်းသမားတွေ သောင်ရင်းမြစ်ထဲ ခုန်ချ ထွက်ပြေးတာကို နအဖ တပ်တွေက နောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်တဲ့အတွက်


ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူထဲကတဦးရဲ့ လက်ကို ကျည်ဆံ ထိမှန်ခဲ့ပါတယ်။

ကျည်ဆံထိမှန်ခဲ့သူဟာ မိတ္ထီလာထောင်က အကျဉ်းသား မောင်ထွန်း ဖြစ်ပါတယ်။ မိုးလင်းတော့ ဒဏ်ရာရရှိလာတာကို ထိုင်းနိုင်ငံသား တောင်ယာသမားတွေ တွေ့ရှိပြီး
မဲဆောက်ဆေးရုံးကို ပို့ပေးခဲ့တာဖြစ်ပါတယ်။ သူ့ကို ဆေးရုံ မှာ စောင့်ဘို့အတွက် ကိုသက်နိုင် ဆိုသူလည်း ပါလာခဲ့ပါတယ်။ ကိုသက်နိုင် ကိုလည်း အကျဉ်းသား ပေါ်တာအဖြစ်
မိတ္ထီလာထောင်က ခေါ်လာတာပဲ ဖြစ်ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအားလုံးကို ကိုမောင်ထွန်းက ခုလိုပြေပါတယ်…

“ကျနော်တို့ကို ထမ်းစရာမှန်သမျှအကုန်ပေးထမ်းတယ်။ ရဲဘော်တွေက သေနတ်နဲ့ ကီကွေးမင်းလောက်ပဲ ပါတယ် ကျန်တာ ကျနော်တို့ အကုန်ထမ်းရတယ်။ လက်နက်ကြီး
ဗုံးသီးတွေဆိုလည်း ၁၅ လုံးထိ ပေးထမ်း တယ်။ မထမ်းနိုင်ရင်လည်း ရိုက်သေးတယ်လေ။ မနေ့ညကတော့ ကျနော်တို့ ၁၀ ယောက် ၁၅ ယောက် လောက်ရှိမယ် ရေထဲခုန်ချပြီး
ထွက်ပြေးတယ် ကျနော်က ထိုင်းဘက်ကမ်းပေါ်အတက်မှာ ထိတာ။ ထိထိချင် ပဲ ကျနော် ရေထဲ ပြန်ကျသွားတယ်။ ကျနော်နဲ့ ခု အတူပါလာတဲ့ ကိုသက်ခိုင် လာဆွဲခေါ်ရတယ် ကျနော်တို့
လည်း ကုန်းပေါ်ရောက်တာနဲ့ ဦးတည်ရာကိုပြေးကြတာပဲ ဘယ်သွားလို့ ဘယ်လာရမှန်းမှ မသိတာ။ တွေ့တဲ့ ကုန်းမြင့်မြင့်တွေပေါ် တက်ပြေးပုန်းကြတယ်လေ။
ပြန်မိသွားလည်းစိုးသေးတယ်။ ကျနော်တို့ မျက်စိရှေ့မှာ ထွက်ြေး လို့ ပြန်မိသွားတဲ့ ပေါ်တာတွေကို နှိပ်စက်တာ အခုလာတဲ့ စစ်ကြောင်းမှာ ကြုံခဲ့ရတယ် ဝါးရင်း တုတ်တွေ
ဖွာထွက်အောင်ကို ရိုက်တာဗျာ ထွက်ပြေးရမလားဆိုပြီး။ အဲဒါတွေမြင်ထားတော့ ကျနော်တို့ လည်း ကြောက်လန့်တကြား ပြေးမိပြေးရာပြေးမိကြတာပေါ့။ မနက်လင်းတော့
ထိုင်းတောင်ယာသမားတ ယောက်နဲ့တွေ့တယ် သူက ပါလာတဲ ထမင်းကို ဒဏ်ရာရနေတဲ့ ကျနော့်ကိုကျွေးတယ်။ ပြီးတော့ ဒီဆေးရုံ ကြီးကို လိုက်ပို့တာတယ်။ ကျနော်တို့နဲ့အတူပြေးတဲ့
အဖေါ်တွေလည်း ဘယ်တွေ ရောက်ကုန်တယ်မသိ တော့ပါဘူး ပြေးတာကလည်း ညဘက်ကြီးလေ”

လို့ ကိုမောင်ထွန်း က ပြောပြပါတယ်။

ဆက်ပြီးတော့ ကိုမောင်ထွန်းက သူမှာ ထောင်ထဲမဝင်ခင်က အိမ်ထောင်ရှိတဲ့အကြောင်း မသင်္ကာမှုနဲ့ ထောင်ကျခဲ့တယ် ပြီးတော့ နေစေ့လစေ့ ကိုယ်ဝန်နဲ့ မိန်းမလည်း
ရှိနေသေးတဲ့အကြောင်းနဲ့ ရှေ့တန်းကို အပို့ မခံရရေးအတွက် ထောင်မှူးကို ငွေတသိန်းပေးခဲ့ရပြီး ခုလို အကျဉ်းသားပေါ်တာအဖြစ် စစ်မျက်နှာကို အပို့ ခံခဲ့ရပုံတွေကိုလည်း
တဆက်တည်းပြောပြသွားပါတယ်။

အောက်ဗိုလ်တဲနဲ့ ချောက်ကမ်းပါးကြား နအဖ စစ်တပ်ယာဉ်တန်းကို ဒီကေဘီကေ တိုက်ခိုက်

Posted by admin on January 16, 2011 0 Comment

ဒီကနေ့ အောက်ဗိုလ်တဲနဲ့ ချောက်ကမ်းပါးကြားမှာ နအဖဘက်က စစ်ကူတက်လာတဲ့ စစ်ယာဉ်တန်းကို ဒီကေဘီကေဘက်မှ တိုက်ခိုက်တဲ့အတွက် စစ်ကားတစီး


ချောက်ထဲထိုးကျသွားတယ်လို့ ကြားသိရပါတယ်။

စစ်ယာဉ်တန်းတွေဟာ ဖလူးစစ်သေသအတွက် စစ်ကူလိုက်လာတဲ့ စစ်ကားတွေဖြစ်ပြီး ချောက်ထဲထိုးကျ သွားတဲ့ စစ်ကားထဲမှာ နအဖ စစ်သား ၂၀ လောက်ပါသွားတယ်လိုလဲ
သိရှိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီ မြဝတီမြို့ခံတွေကို မေးမြန်ကြည့်ရာ စစ်ယဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာတော့ ကြားသိရတယ်လို့ ပြန်ပြောပြပါတယ်။ အခြားအသေးစိတ်တွေတော့


သူတို့မသိဘူးလို့လဲ ပြောပါတယ်။

ဒီနေ့ထိ ဖလူးစစ်ဒေသနဲ့ ဝေါ်လေစစ်ဒေသတို့မှာ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အမြဲလိုလိုရှိ နေပြီး ဒီနေ့ နေ့လည်မှာ ဖလူးဘက်ကနေ လေးဒေးစခန်းဘက်ကို
လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေ ရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဒီကေဘီအေ ဗိုလ်မှူးမူဆေး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ရင်း ၁၈ တို့ ပူးပေါင်းအင်အားဟာ ကော့ကရိတ်မြို့နယ် လမ်းဖါးရွာအနီးမှာ စကခ ၅
လက်အောက်ခံတပ်တွေကို ဝင် ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကျိုက်ဒုံမြို့နယ် ရှိုထရွာအနီးမှာလည်း ဒီကေဘီအေ ဗိုလ်မောင်ပိန်နဲ့ ဗိုလ်ပိဒါး ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ နအဖ တပ်တွေ
တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဝေါ်လေဘက်မှာတော့ နအဖ ဘက်က ဒဏ်ရာရ စစ်သား ၆ ဦးကို ထိုင်းနိုင်ငံကိုဖြတ်ပြီး မြဝတီဘက်ကို သယ်သွားတယ်လို့ ကြားသိခဲ့ရပါတယ်။

http://www.naytthit.net/
http://burmese.dvb.no/

Vous aimerez peut-être aussi