Vous êtes sur la page 1sur 73

Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း
Building of Fifth United Burma
အောင်ဝေး
Aung Way

Polaris Burmese Library Collections 1


Building of Fifth United Burma

စစ်အာဏာရှင်တွေကို နည်းမျိုးစုံနဲ့ အန်တုတော်လှန်နေကြတဲ့ မြန်မာပြည်တင


ွ်းက
ရဟန်းရှင်လူများ၊ ကျောင်းသားကျောင်းသူများ၊ အလုပ်သမား လယ်သမားများ၊
ဒီမိုကရေစီရေးကို ထောက်ခံတဲ့ စစ်ဗိုလ်စစ်သားများ ဖတ်ဖို့။

Polaris Burmese Library Collections 2


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း
Building of Fifth United Burma
အောင်ဝေး
Aung Way

Polaris Burmese Library Collections 3


Building of Fifth United Burma

1st Edition
POLARIS
POLARIS BURMESE LIBRARY
2010
ဤစာအုပ်ကို A5 SIZE စက္ကူအရွယ်ဖြင့် ပုံနှိပ်ရန်သင့်တော်ပါသည်။

ဤစာအုပ်ကို အင်တာနက် စာမျက်နှာ Scribd တွင်တင်ထားပါသည်။ ဤစာအုပ်၏


အမည်မှာ Building
Building of Fifth United Burma ဖြစ်
ဖြစ်ပါသည်။ဤစာအုပ်၏ အမည်ကို
Google Search Engine တွင်စာရိုက်ထဲ့ခြင်းဖြင့် စာအုပ်ရှိရာ လိပ်စာကို လွယ်ကူစွာ
သိနိုင်ပါသည်။

Index: Daw Aung San Suu Kyi,


Kyi, General Aung San, Dictator Ne Win,
Dictator Saw Maung, Dictator Than Shwe, NLD,
NLD, NLD U Tin Oo, NLD U
Win Tin, NLD U Win Htain, Anti-
Anti-Dictatorship, Anti – Military Dictatorship,
Current History of Burma/Myanmar, NLD U Kyi Maung, Anti – Dictator,
Anti – Military Dictator.

Polaris Burmese Library Collections 4


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁)
အောင်ဝေး
သြဂုတ် ၂၊ ၂၀၀၈

“အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ

သင်သည် စီးဆင်း၊ တို့ရင်တင


ွ်းမှာ

မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်

စစ်မောင်းဟီးမည်၊ တပ်ကြီးချီလော့

နီနီရရ
ဲ ၊ဲ သင့်အသည်းကို

မခွဲတုံလော … ခွဲတုံလော။”

ဧရာဝတီကတော့ စီးမြဲပါ။ ကဗျာဆရာထူးအိမ်သင်က “ရာဇ၀င်များရဲ့သတို့သမီး”


ရယ်လို့ တင်စားခဲ့တဲ့ မြစ်ကြီးပါ။ ပန်းချီဆရာ ခင်ဝမ်းရဲ့ “ဧရာဝတီ”သီချင်းသံကို
ကြားယောင်နေဆဲပါ။ ဆရာဗန်းးမော်တင်အောင်ရဲ့ “မြစ်ဧရာပေါ်ဝယ်”၀တ္ထုထဲကိုလည်း
သတိရနေကြဦးမယ်ထင်ပါရဲ့။ အမေရိကန်တွေအတွက် မစ္စစ္စပီမြစ်ကြီး၊ ရုရှားတွေအတွက်
ဗော်လဂါမြစ်ကြီး၊ အာရပ်တွေအတွက် နိုင်းမြစ်ကြီး၊ အင်ဒိုချိုင်းနားဒေသမှာ
မဲခေါင်မြစ်ကြီး၊ မဇ္ဈိမတိုင်းသားတွေအတွက် ဂင်္ဂါနဲ့ ယမုန်နာမြစ်ကြီးတွေ။ ကမ္ဘာမြေပေါ်က
မြစ်ကြီးအထွေထွေထဲမှာ ဧရာဝတီဟာလည်း ကြီးကျယ် မြင့်မြတ်တဲ့
မဟာမြစ်ကြီးတစင်းပေါ့။ ဒီမြစ်ကြီးပေါ်မှာ၊ ဧရာဝတီပေါ်မှာ ကျနော်တို့
ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက်တွေဟာ မြန်မာနိုင်ငံအဆင့်ဆင့်ကို စည်းရုံး
တည်ထောင်ခဲ့ကြတာပဲ မဟုတ်လား။ ဒီနေရာမှာ ပါမောက္ခ ဂျီအိတ်ခ်ျလုစ်ရဲ့
အဆိုအမိန့်ကို ကိုးကားပါရစေ။ပါမောက္ခလုစ် ဆိုတာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို
အင်မတန် ချစ်တဲ့ အင်္ဂလိပ် သမိုင်းပညာရှင်ကြီးတဦးပါ။ လုစ်က

- ၁၁ ရာစုမှာ အနော်ရထာ စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပထမ မြန်မာနိုင်ငံ

- ၁၅ ရာစုမှာ ဘုရင့်နောင် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒုတိယ မြန်မာနိုင်ငံ

- ၁၈ ရာစုမှာ အလောင်းဘုရား စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကို တတိယ


မြန်မာနိုင်ငံရယ်လို့ သတ်မှတ်ပြီး

Polaris Burmese Library Collections 5


Building of Fifth United Burma
- ၂၀ ရာစုမှာ ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံကိုတော့
စတုတ္ထမြန်မာနိုင်ငံလို့ ဖော်ပြခဲ့ဖူးပါတယ်။

အကယ်၍သာ ပါမောက္ခကြီးလုစ် အခုအချိန်မှာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင်


ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးတည်ထောင်ခဲ့တဲ့ မြန်မာနုင
ိငံကိုတော့
“ပဉ္စမမြန်မာနိုင်င”ံ လို့ သတ်မှတ်ဂုဏ်ယူနေဦးမှာ အမှန်ပါပဲ။ ဒီကနေ့ဟာ ကျွန်တော်တို့
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဦးဆောင်မှုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ အလံတော်အောက်မှာ
စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက်
တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ကျောင်းသားတွေ သံဃာတော်တွေ
ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပဉ္စမမြန်မာနိုင်ငံကို စည်းရုံးနေကြတာ
တည်ထောင်နေကြတာပဲ မဟုတ်လား။ ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းရဲ့
အစဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်တယ် ဆိုရင် ဘယ်သူမှ ငြင်းဆိုကြမှာ
မဟုတ်ပါဘူး။၁၉၈၈ သမိုင်းသစ်အရေးတော်ပုံကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း စည်းရုံး
တည်ထောင်ခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံကို ဆက်ပြီး အသက်သွေးချွေးတွေနဲ့
နိုင်ငံသစ်ထူထောင်ဖို့ ကြိုးပမ်းလိုက်တဲ့ သမိုင်း ၀င် ခေတ်သစ်လူထုလှုပ်ရှားမှုကြီးပဲပေါ့။

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ခြေဆင်းဟာ ဟိုး ၁၉၆၂ ခုနှစ်


တော်လှန်ရေးကောင်စီ လို့ ဆိုတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းလိုက်တဲ့
အချိန်ကတည်းက စခဲ့တာပါပဲ။

- ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အရေးအခင်း၊


- ၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း၊
- ၁၉၇၄ ဒီဇင်ဘာ ဦးသန့်ဈာပန အရေးအခင်း၊
- ၁၉၇၅ ရွှေတိဂုံ အထွေထွေသပိတ်၊
- ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်း စတဲ့စတဲ့ ကျောင်းသား၊ အလုပ်သမားထုရဲ့ တိုက်ပွဲစဉ်
အဆက်ဆက်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ခြေဆင်း၊ အင်ထရို (intro)လို့ပဲ
ဆိုရမှာပါ။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုတိုက်ပေ


ွဲ တွ၊ ပြည်သူ့တော်လှန်ရေးတွေဟာ
သံကြိုးကွင်းဆက်လို တခုနဲ့တခု ဆက်စပ်နေပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးကို
အလယ်သံကင
ွ်းကြိုးလို့ ယူဆရင် ရှေ့က သံကြိုးကွင်းဟာ ၁၉၆၂၊ ၇၄၊ ၇၅၊ ၇၆
တုိက္ပေ
ွဲ တွပဲ ဖြစ်တယ်။ နောက်က သံကြိုးကွင်းကတော့ ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ
ရွှေဝါရောင် တော်လှန်ရေးပဲ မဟုတ်ပါလား။ကျနော်တို့ပြည်သူတွေ၊ သံဃာတွေ၊
ကျောင်းသားတွေရဲ့ ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းဟာ အခုအချိန်မှာ

Polaris Burmese Library Collections 6


Building of Fifth United Burma
ဒေါ်အောင်ဆန်းစုကြည် ပြောသလို “အကောင်းဆုံးကို မျှော်လင့်၊ အဆိုးဆုံးအတွက်
အသင့်ပြင်ထား” ဆိုတဲ့ အနေအထားကို ရောက်နေပြီလည်း မဟုတ်ပါလား။

“အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း
ရောက်ချေပြီ။”

(မှတ်ချက် - RFA မြန်မာဌာန၏ ဇွန်လ ၁၈ ရက်နေ့ ထုတ်လွှင့်ချက်မှ


ကူးယူဖော်ပြပါသည်။)

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂)
အောင်ဝေး
သြဂုတ် ၉၊ ၂၀၀၈

ညက ဒေါ်မာမာအေး ဖုန်းဆက်တယ်။ ကျနော်တို့ အနုပညာမောင်နှမ


စိုင်းထီးဆိုင်အမှတ်တရစကားတွေ ပြောရင်း အဝေးမှာ ကျန်ရစ်တဲ့ အမိတိုင်းပြည်ကို
လွမ်းမိသွားကြပါတယ်။စိုင်းထီးဆိုင်ဟာ ၁၉၈၈ စက်တင်ဘာ စစ်တပ်က
အာဏာမသိမ်းခင် ဖွဲ့စည်းလိုက်တဲ့ ဂီတသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်
တင်မြှောက်ခံရတဲ့ အကြောင်းက စလို့ ဒေါ်မာမာအေးက စစ်တပ်က
အာဏာသိမ်းသွားပြီးတ့ေ
ဲ နာက်ပိုင်းမှာလည်း စိုင်းထီးဆိုင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့
အင်န်အယ်လ်ဒီအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့ပုံတွေကို ပြန်ပြောပြနေခဲ့တာပါ။

၈၈ အရေးတော်ပုံကြီးဟာ ကမ္ဘာမှာ တုန်ဟီးသွားစေခဲ့တဲ့ မဟာ့မဟာ


လူထုတိုက်ပွဲကြီးပါ။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ မတ်လ ၁၃
ရက်ကနေ စရေတွက်ရင် စစ်တပ်က အာဏာသိမ်းသွားပြီးတဲ့ စက်တင်ဘာလ ၁၈
ရက်နေ့အထိ ၆လကျော် လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးပါ။ ဒီ ၆လ အတွင်းမှာ ဦးနေ၀င်း၊
ဦးစိန်လင
ွ်၊ ဒေါက်တာမောင်မောင် စတဲ့ မဆလ သမ္မတ ၃ ယောက်ကို ဆက်တိုက်
ဖြုတ်ချနိုင်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲကြီးပါ။ သြဂုတ်လ ၈ ရက်၊ ရှစ်ရက် ရှစ်လကနေ
စစ်တပ်က အာဏာသိမ်းသွားတဲ့ စက်တင်ဘာ ၁၈ ရက်အထိ ၁လ နဲ့ ၁၀ ရက်ဟာ
မုန်တိုင်းအထန်ဆုံး အချိန်တွေပေ
ဲ ပါ့။ အဲဒီအချိန်မှာ ကျောင်းသားတွေဟာ ရဲရဲ ရင့်ရင့်
လမ်းပေါ်ထွက် ဆန္ဒပြပြီး ပဉ္စမမြန်မာနိုင်ငံတော်ရဲ့ အစနိဒါန်းကို ဖွင့်လှစ်ခဲ့ကြတယ်လေ။

ဒီလိုနဲ့ … သြဂုတ်လလယ်ရက် တရက်မှာ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို


စက်သေနတ်နဲ့ ပစ်လို့ အပြစ်မဲ့ပြည်သူတွေ၊ သူနာပြုဆရာမတွေ သေကြေ

Polaris Burmese Library Collections 7


Building of Fifth United Burma
ဒဏ်ရာရသွားခ့ရ
ဲ တယ်။ ဆေးရုံကြီးအုတ်နံရံနီနီပေါ်က စက်သေနတ်ကျည်ဆံရာတွေကို
လာလာကြည့်ကြတဲ့ လူအုပ်ကလည်း တနေ့တနေ့ကို နည်းမှ မနည်းတာပဲ။ အနယ်နယ်
အရပ်ရပ်က ဘုရားဖူးတွေ ကျိုက်ထီးရိုးမှာ လာဆုံသလိုပါ။ ခြေထောက်မှာ
ဒဏ်ရာရသွားတဲ့ သူနာပြုဆရာမ ဒေါ်စိန်စိန်ရီတို့ရဲ့ အခန်းဟာ ကျနော်တို့ ၇၄-၇၅-၇၆
ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ ရုံးခန်း၊ အလုပ်ခန်း ဖြစ်လာတော့တာပေါ့။
ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားခေါင်းဆောင်တေါကလည်း
ရန်ကုန်ဆေးရုံကြီးမှာပဲ အတူတကွ စုမိကြတ့အ
ဲ ချိန်။ ဆေးရုံကြီးကို တနေ့တနေ့
ဒီလောက် ပျားပန်းခပ် လာလာကြည့်နေကြတဲ့ လူအုပ်ကြီးကို ကျနော်တို့
ဘာလုပ်ပေးနိုင်မလဲ။ ကျနော်တို့ ဘာလုပ်ပေးရင် ကောင်းမလဲ။ နောက်ဆုံးမှာ ကျနော်တို့
ဒီမိုကရေစီဟောပြောပွဲ လုပ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြတယ်။ ရန်ကုန်ဆေးရုံကြီး
ပြင်ပလူနာဌာနထိပ်က ကွက်လပ်မှာ ကျနော်တို့ စင်ထိုးလိုက်ကြပြီ။ ဟောပြောပဲဆ
ွိုတော့
အဓိက ဟောမယ့်ပြောမယ့်လူ လိုတယ်။ ဘယ်သူဟောမလဲ။ ဘယ်သူ ပြောမလဲ။

အဲဒီအချိန်မှာ အစပိုင်းဟာ ကျနော်တို့ ၃၃လမ်း ရွှေကြည်အေး


စာပေသမားတွေကလည်း ဟောဖို့ပြောဖို့ လူလိုက်ရှာနေတဲ့ ကျနော့်ကို တွေ့တာနဲ့
သရဲတစ္ဆေ မြင်လိုက်သလို ထွက်ထွက်ချည်း ပြေးပြေးနေတ့အ
ဲ ချိန်။ ဒါပေမယ့်
ကျနော်တို့စင်မှာ ပထမဆုံး တက်ဟောဖို့ တိုက်ပွဲထဲ ခုန်ဝင်လိုက်သူကတော့ တခြားသူ
မဟုတ်ပါဘူး။ အဆိုတော်ကြီး စိုင်းထီးဆိုင်ပဲ ဖြစ်ပါတယ်ခင်ဗျား။

အဲဒီနေ့ကစပြီး စိုင်းထီးဆိုင်ဟာ နိုင်ငံရေးတက်ကြွသူတွေ၊ စာပေသမားတွေ၊


ကျောင်းသားတွေနဲ့အတူ ဒီမိုကရေစီ မကြောက်တရားကို ရဲရေ
ဲ တာက်
ဟောပြောသွားခ့သ
ဲူပါ။ ကျနော်တို့စင်မှာ စိုင်းထီးဆိုင်နဲ့ တနေ့တည်း အခု အင်န်အယ်ဒီ
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးလည်း လာရောက်ဟောပြောခဲ့ပါတယ်။
ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနောက်မှာ
Polaris Burmese Library Collections 8
Building of Fifth United Burma
ကျနော်တို့ တနိုင်ငံလုံး၊ တပြည်လုံးဟာ သမုဒ္ဒရာလှိုင်းလုံးကြီးတွေလို တလုံးပြီးတလုံး
လိုက်ပါနေခဲ့တဲ့ အချိန်ပေါ့။ စိုင်းထီးဆိုင်ဟာ ရန်ကုန်မှာ ပထမဆုံးကျင်းပတဲ့
ဒီမိုကရေစီဟောပြောပွဲမှာ ပထမဆုံး ဟောပြောခဲ့တဲ့ အနုပညာရှင်တဦးပါ။
တိုင်းရင်းသားတဦးပါ။ အလေးပြုပါတယ် ဗိုလ်ထီး။အဲဒီအချိန် အဲဒီရက်တွေမှာ
ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဖြစ်လာမယ့်
ဒေါ်အောင်ဆန်းစုကြည်တောင်မှ မိန့်ခွန်းမပြော၊ တရားမဟောရသေးပါဘူး။
မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးဟောပြောတ့ေ
ဲ န့ဟာ ကျနော်
အမှတ်မမှားဘူးဆိုရင် ၁၉၈၈ သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပါလိမ့်မယ်။

အဲဒီနေ့က ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါကုဆောင်ရှေ့ ကျနော်တို့


စာပေအနုပညာရှင်တွေရဲ့ စင်မြင့်မှာ ဒေါ်အောင်ဆန်းစုကြည် လူထုကို ပထမဆုံး
မိန့်ခွန်းပြောခဲ့တာပါပဲ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တင
ွ်းဖြစ်
ချည်သားအင်္ကျီကလေး ၀တ်လို့ ဗမာတောသူမကလေးတယောက်လို သနပ်ခါး
ပါးကွက်ကျား ပါးပါးကလေး လိမ်းခြယ်ထားပါတယ်။ သူပြောတဲ့ မိန့်ခွန်း က တိုတိုလေးပါ။
တမျက်နှာပဲ ရှိပါတယ်။ မနှိုင်းကောင်း နှိုင်းကောင်း၊ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့
“အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ” ဆိုတဲ့ ဖက်ဆစ်တော်လှန်ရေး
စစ်ထွက်မိန့်ခွန်းလိုပ။ဲ မနှိုင်းကောင်း နှိုင်းကောင်း၊ အမေရိကန်သမ္မတကြီး
အီဗရာဟင်လင်ကွန်းရဲ့ “government of the people, by the people, for the
people” ဆိုတဲ့ ကမ္ဘာကျော် ဂတ်တီးစဘတ် မိန့်ခွန်းလိုပ။ဲ အဲဒီ သြဂုတ်လ ၂၅ ရက်နေ့က
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်း နိဂုံးချုပ်က “စည်းကမ်းရှိ ညီညတ
ွ်ပြီး
အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဆိုတဲ့ စကားပါပဲ။

Polaris Burmese Library Collections 9


Building of Fifth United Burma
“စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့
ထူထောင်ရမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ကြားလှတဲ့ ရွှေတိဂုံအနောက်မုခ်


လူထုအစည်းအဝေး မိန့်ခွန်းက နောက်တနေ့ သြဂုတ်လ ၂၆ ရက်နေ့မှာ
ပြောခဲ့တာပါ။ပဉ္စမမြန်မာနိုင်ငံတော်ရဲ့ လမ်းအစဟာ ကျောင်းသားတွေရဲ့ သွေးနဲ့
ခင်းခ့ရ
ဲ တာပါ။ ဒီလမ်းပေါ်မှာ ဆက်လျှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
ဒီသွေးတွေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူးလို့ ကျနော်တို့ အကြွင်းမဲ့
ယုံကြည်တယ်။

“အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ

အောင်ဆန်းစုကြည်

ကယ်နီဆင်သ

ပဉ္စမမြန်မာနိုင်ငံတော် တည်စေသော် …”

Polaris Burmese Library Collections 10


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၃)
အောင်ဝေး
သြဂုတ် ၁၆၊ ၂၀၀၈

လွမ်းသည်။

တခါ တခါတော့လည်း တော်လှန်ရေးဟာ လွမ်းစရာ ကောင်းနေတတ်ပါတယ်။


ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ဇာတ်ဝင်ခန်းတွေဟာ တခန်းပြီးတခန်း
လွမ်းလို့မဆုံးနိုင်တဲ့ သမိုင်းဇာတ်ခုံကြီးပေါ်မှာ ဖြတ်သန်းသွားခ့ေ
ဲ လရဲ့။ခွပ်ဒေါင်းအလံတွေ
တလူလူလင
ွ့်ခဲ့တ၊ဲ့ ခွပ်ဒေါင်းသွေးတွေ တရဲရဲနီခဲ့တဲ့ ဇာတ်ဝင်ခန်း တနေရာမှာတော့
သမိုင်းဝင် လူထုစည်းဝေးပွဲကြီးတခု ဖြစ်တည်ခဲ့ဖူးတယ်လေ။

အချိန်က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့။

နေရာက ရွှေတိဂုံဘုရား အနောက်ဘက်မုခ် ရင်ပြင်။

စည်းဝေးပွဲက ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်းပြောမယ့်ပွဲပါပဲ။

အဲဒီ လူထုစည်းဝေးပွဲကြီးအတွက် ရန်ကုန်မြို့ လူထုဟာ တညလုံး


အိပ်မပျော်နိုင်လောက်အောင် ရင်ခုန်၊ စိတ်စောနေခဲ့ကြပါတယ်။ မဆလ
စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုစည်းဝေးပွဲကို အသာတကြည်နဲ့
ခွင့်ပြုလိမ့်မယ် မဟုတ်ဘူး ဆိုတာကိုတော့ ပြည်သူတွေက မျှော်လင့်ပြီးသားပါ။ဟော
မိုးတောင် မလင်းသေးပါဘူး၊ သြဂုတ်လ ၂၆ ရက် ဝေလီဝေလင်းမှာ မဆလ စစ်အုပ်စုရဲ့
ဇာတိက ပေါ်လာတော့တာပါပဲ။ရန်ကုန်မြို့လယ်ကောင် နေရာအနှံ့မှာ မဆလ
စစ်ထောက်လှမ်းရေးတွေက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ ရှုတ်ချထားတဲ့ ၀ါဒဖြန့်
စာရွက်တွေ ကားနဲ့ လိုက်ကြဲချသွားပါတယ်။ ဒါပေမယ့် မဆလရဲ့အကြံဟာ
သူတို့ထင်သလို ဖြစ်မလာခဲ့ပါဘူး။စာရွက်တွေ လိုက်ကြဲတဲ့ ဗိုလ်မှူးစည်သူ ဦးဆောင်တဲ့
စစ်ထောက်လှမ်းရေးတစုကို ပန်းဘဲတန်းမြို့နယ်ထဲက မွတ်ဆလင်လူငယ်တွေက လက်ရ
ဝိုင်းဖမ်းပြီး၊ သရက်တောက သံဃာတော်တွေလက်ထဲကို အပ်နှံလိုက်ကြပါတယ်။

အဲဒီသတင်းဟာ ရန်ကုန်တမြို့လုံးကို တောမီးလောင်သလို တခဏချင်း


ပျံ့နှံ့လို့သွားပါပြီ။ ပြည်သူလူထုကြီးရဲ့ ခံပြင်း တောက်ခေါက်သံတွေဟာ မိုးလုံးညံလို့
သွားပါတော့တယ်။မဆလစစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတရားပွဲကို
မပျက်ပျက်အောင် ဖျက်ဖို့ပါပဲ။ မပြေးသော် ကံရာရှိ၊ အဲဒီမတိုင်မီ တရက်အလို ကပ်ပြီး
သြဂုတ်လ ၂၅ ရက်နေ့မှာ မဆလစစ်တပ်က ဦးအောင်ကြီးကို

Polaris Burmese Library Collections 11


Building of Fifth United Burma
ဖမ်းဆီးထိန်းသိမ်းထားရာကနေ ဗြုန်းစားကြီး ပြန်လွှတ်ပေးလိုက်ပါတယ်။
ဦးအောင်ကြီးကလည်း လွတ်လာလာချင်း စမ်းချောင်းပဒုမ္မာကွင်းမှာ
လူထုစည်းဝေးပွဲလုပ်ပြီး ဗိုလ်ချုပ်အောင်ကြီး မိန့်ခွန်းပြောပါတော့တယ်။ရှစ်လေးလုံး
အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းခံတွေထဲမှာ ဗိုလ်ချုပ်အောင်ကြီးရဲ့
သမ္မတဦးနေ၀င်းထံသို့ အိတ်ဖင
ွ့်ပေးစာတွေဟာ ပြည်သူကြား ပျံ့နှံ့ပြီး လူထုကို တစုံတရာ
စည်းရုံးလှုံ့ဆော်နိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုတော့ ကျနော်တို့
အသိအမှတ်ပြုနိုင်ကြပါတယ်။ဒါပေမယ့် အဲဒီ စမ်းချောင်းပဒုမ္မာကွင်းမှာ
ဦးအောင်ကြီးပြောလိုက်တဲ့ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ”့ ဆိုတဲ့
စကားကိုတော့ ပြည်သူလူထုကြီးက ဘယ်လိုမှ လက်မခံနိုင်ခဲ့ကြပါဘူး။

ဦးအောင်ကြီးရဲ့ ဒီမိန့်ခွန်းကို မကျေနပ်ကြတဲ့ လူထုကြီးဟာ


ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲ ဆိုတာ ကြားချင်ဇောနဲ့
တက်ကြွနေကြပါပြီ။စစ်ထောက်လှမ်းရေး ဗိုလ်မှူးစည်သူနဲ့ အဖွဲ့ကိုတော့ သရက်တောက
သံဃာတော်တွေကပဲ မဆလစစ်တပ်ကို ကောင်းကောင်းမွန်မွန်
ပြန်လည်ပေးအပ်လိုက်ပါတယ်။မဆလရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ ပြည်သူလူထုကြီးဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွှေတိဂုံအနောက်မုခ် လူထုစည်းဝေးပွဲကြီးဆီကို တခဲနက်
ငြာသံပေး ချီတက်လာနေကြပါပြီ။ရွှေတိဂုံဘုရားခြေရင်း ပတ်ပတ်လည်၊
တော်လှန်ရေးပန်းခြံ၊ လမ်းတကာလမ်း ခွပ်ဒေါင်းအလံတွေ တလူလူ၊
ဒီမိုကရေစီကြွေးကြော်သံတွေ တဆူဆူနဲ့ပေ
ဲ ပါ့။အဲဒီနေ့မနက်က ရွှေတိဂုံအနောက်မုခ်မှာ
ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်းပြောပါတယ်။အဲဒီပွဲမှာ
အခမ်းအနားမှူးလုပ်တဲ့သူကတော့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ပါ။ နောင်မှာ
သုံးရောင်ခြယ်လူငယ်တွေဖြစ်လာမယ့် ကျောင်းသားတွေဟာ ပင်နီတိုက်ပုံ၊
လည်ကတုံးအဖြူ၊ ကချင်ပုဆိုး တူညဝ
ီ တ်စုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ချင်းချိတ်
ဝန်းရံ ကာကွယ်ပေးထားကြပါတယ်။

အဲဒီနေ့က လူထုအင်အားဟာ ၂ သိန်းကျော်ပါတယ်။ မိုးကလည်း ဖွဲလိုက်


သဲလိုက် ရွာနေခဲ့ပါတယ်။ မိုးထဲလေထဲမှာ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရှိရာ
စင်မြင့်ကို မမှိတ်မသုန် ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို စူးစိုက်
နားထောင်နေခဲ့ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လို့
“ကျမဖေဖေ ထူထောင်ခဲ့တဲ့ တပ်မတော်ဟာ ကျမတို့ပြည်သူလူထုဘက်က
မားမားမတ်မတ် ရပ်တည်တဲ့ ပြည်သူ့တပ်မတော်အဖြစ် ကျမ မြင်ချင်ပါတယ်။
တပ်မတော်ဆိုတာ ပြည်သူလူထုကို စိတ်နဲ့တောင် မပြစ်မှားရပါဘူး”လို့
ပြောကြားသွားခဲ့ပါတယ်။၂ သိန်းကုန်သော၊ စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့
ကိုက်ညီတဲ့ လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်စကားတခွန်းဆုံးတိုင်း
လက်ခုပ်တခါတီး အားပေးနေတော့တာပါပဲ။

Polaris Burmese Library Collections 12


Building of Fifth United Burma
ခွပ်ဒေါင်းအလံတွေကလည်း မိုးလေထဲမှာ တလူလူ လွှင့်နေတုန်းပါ။ လူတိုင်းရဲ့
မျက်လုံးထဲမှာ ယုံကြည်မှုတွေ တလက်လက်နဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်
မိန့်ခွန်းပြောလို့ ပြီးတ့အ
ဲ ချိန်မှာ အခမ်းအနားမှူး ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက
ပရိသတ်ကြီးကို အခုလို သုံးကြိမ် သုံးခါ မေး။ “ပြည်သူလူထုကြီးခင်ဗျား၊
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါသလား။”လူထုကြီးကလည်း သုံးကြိမ်သုံးခါ
“ထောက်ခံပါတယ်၊ ထောက်ခံပါတယ်” ဆိုပြီး ကြွေးကြော်သံတွေ
ညံခဲ့တာပါ။တကယ်တော့ အဲဒီနေ့ဟာ ကျနော်တို့အတွက် လူထုခေါင်းဆောင်တဦး၊
ပြည်သူ့သရ
ူ ေ
ဲ ကာင်းတဦးကို မွေးဖွားပေးလိုက်တဲ့ နေ့ပဲ
မဟုတ်ပါလား။အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကောလစ်က သူ့ရဲ့ ‘Last and first in
Burma’ ဆိုတဲ့ စာအုပ်ထဲမှာ အခုလို ရေးခဲ့ဖူးတယ်။“သမိုင်းအစဉ်အလာအရ
ကမၻာ့ထိပ္သီး သူရေ
ဲ ကာင်းတို့သည် အချိန်အခါ အခြေအနေ တိကျမှန်ကန်တော့မှ
ပေါ်ထွက်လာစမြဲ ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကို ရယူဆောင်ကြဉ်းပေးမည့်
အဓိကပုဂ္ဂိုလ်အဖြစ် သမိုင်း၏တောင်းဆိုချက်အရ ပေါ်ထွက်လာသူကား ‘အောင်ဆန်း’
ပင် ဖြစ်သတည်း” တ့။ဲ ယခု ကျနော်တို့ခေတ်၊ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကို ဦးဆောင်ဖို့
သမိုင်းရဲ့ လိုအပ်ချက်အရ ပေါ်ထွက်လာသူဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်
‘ဒေါ်အောင်ဆန်းစုကြည်’ ပဲ မဟုတ်ပါလား။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၄)
အောင်ဝေး
သြဂုတ် ၂၃၊ ၂၀၀၈
မနေ့က အမေဆုံးတယ်။

ကျနော့်ဒိုင်ယာယီထဲမှာ ၂၀၀၈ ဧပြီလ ၇ ရက်နေ့ နံနက် မန္တလေး


ဆေးရုံကြီးပေးမှာ အမေလူထုဒေါ်အမာ ကွယ်လွန်တယ် လို့

Polaris Burmese Library Collections 13


Building of Fifth United Burma
ရေးမှတ်လိုက်တယ်။အမေဆုံးပြီ၊ အမေဆုံးပြီ။ အဲဒီအခိုက်မှာ ကျနော့ဝ
ိညာဉ်ခန္ဓာဟာ
ချာချာလည်သွားပါတော့တယ်။ အမေဆုံးပြီ၊ အမေဆုံးပြီ။ ကျနော် ယူကျုံးမရ
တမ်းတစွာနဲ့ပဲ အမေရေ၊ အမေရေ၊ အမေရေ လို့ ရေရွတ်မြည်တမ်း
နေမိတော့တယ်လေ။အမေဆုံးပြီ။ ဒါပေမယ့် အမေမဆုံးသေးပါ။ ဆရာမောင်ထင်ရဲ့
ကိုဒေါင်းဝတ္ထုထဲက စာသား ခဏငှားပြောရမယ်ဆိုရင် ‘အမေကား ကွယ်လွန်လေပြီ။
အမေသည် သက်တော်ရာကျော် ရှည်ပါစေသတည်း။’ အခါအားလျော်စွာ
အမေ့မွေးနေ့တွေကို ကျနော်ရောက်တတ်ပါတယ်။ အင်မတန် စည်ကားလှတဲ့
တောင်သမန် တောင်လေးလုံးကျောင်းက အမေ့မွေးနေ့ပေ
ွဲ တွဟာ
ကြည်နူးချမ်းမြေ့စရာကောင်းပါတယ်။ မန္တလေးမှာနေတဲ့ အမေနဲ့ တွေ့ရလို့၊ အမေ့ကို
ကန်တော့ရဖို့ အမေရဲ့ ရဲဘော်ရဘ
ဲ က် လူကြီးတွေ၊ တပည့်သားမြေး လူငယ်တွေဟာ
နှစ်စဉ် မပျက် မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ အမေ့မွေးနေ့ကို
ချီတက်ခဲ့ကြတာပါ။ လူထုဘက်က ရပ်တည်တဲ့ သက်တော်ရှည်သတင်းစာဆရာမကြီး၊
စာရေးဆရာမကြီးတယောက်ရဲ့ မွေးနေ့ဟာ စာပေညီလာခံတခုလို အဓိပ္ပာယ် ပြည့ဝ

လေးနက်နေတာပါ။ အမေကွယ်လွန်သွားပေမယ့်လည်း အမေ့ရဲ့ မွေးနေ့ပေ
ွဲ တွကတော့
အစဉ်အလာမပျက် ဆက်လက်ကျင်းပသွားမယ်လို့ ကျနော် ယုံကြည်မျှော်လင့်ထားတယ်။

အမေ့ကို ကျနော် ရန်ကုန်မှာ တွေ့ဖူးတာဆိုလို့ ၁၉၈၈ မတိုင်မီ တကြိမ် နဲ့ ၁၉၈၈


အရေးတော်ပုံကြီး ပြီးစ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး ဒေါ်ခင်ကြည် ဈာပနမှာ
တကြိမ်၊ ဒီ နှစ်ကြိမ်ပဲ ရှိပါတယ်။မှတ်မှတ်ရရပါ။ ဒေါ်ခင်ကြည်ရဲ့ နောက်ဆုံးခရီးကို
ပို့ဆောင်ဖို့ အမေကိုယ်တိုင် မန္တလေးကနေ ဆင်းလာတယ်။ အမေ့လက်ထဲမှာ
လူထုသတင်းစာတိုက်ရဲ့ လွမ်းသူ့ပန်းခြင်း။ အမေလူထု ဒေါ်အမာဟာ
ဒေါ်အောင်ဆန်းစုကြည်ကို သမီးတယောက်လို ချစ်ခဲ့တယ်။ အားပေးခဲ့တယ်။
ထောက်ခံခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေလူထု
ဒေါ်အမာကို အမေရင်းတယောက်လို ချစ်ခင် အားထားခဲ့တာပါ။ အမေဟာ ၁၉၃၆ ဒုတိယ
တက္ကသိုလ် ကျောင်းသား တိုက်ပရ
ွဲ့ဲ အထင်ကရ သပိတ်မှောက်ကျောင်းသူ။
ကိုအောင်ဆန်းရဲ့ ခေတ်ပြိုင်၊ ကိုဗဟိန်းရဲ့ ခေတ်ပြိုင်ပေါ့။ ကျောင်းသားခေါင်းဆောင်
ကိုဗဟိန်းဟာ ၁၉၄၆ မှာပဲ မန္တလေးဆေးရုံကြီးပေါ်မှာ ကွယ်လွန်ခဲ့တာပါ။ အခု ၂၀၀၈
မန္တလေးဆေးရုံကြီးပေါ်မှာပဲ အမေ ကွယ်လွန်ခဲ့ပြန်ပါပြီ။

မန္တလေးက အမေ့ဈာပနကို မှန်းဆတွေးမြင်ရင်း တချိန်တုန်းက အမေကိုယ်တိုင်


လိုက်လံပို့ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် ဈာပနတုန်းက
မြင်ကင
ွ်းတွေ အသံတွေကို ကျနော် ပြန်လည် မြင်ယောင် ကြားယောင်လာပါတော့တယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီးပြီးစ စစ်တပ်က အာဏာသိမ်းလိုက်တေ
ဲ့ နာက်မှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ရဲ့ ဆရာသမားတွေက NLD အဖွဲ့ချုပ်ကြီးကို

Polaris Burmese Library Collections 14


Building of Fifth United Burma
တည်ထောင်လိုက်ကြပါတယ်။ ၁၉၈၈ စက်တင်ဘာ ၂၇ ရက်နေ့ပေါ့။ အဲဒီကာလ
ဒီဇင်ဘာလထဲမှာ မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ဆုံးပါးခဲ့တာပါ။

ဒေါ်ခင်ကြည်ဈာပနကို ပို့ဆောင်ကြတ့ေ
ဲ န့က တက္ကသိုလ်ရိပ်သာလမ်း
နေအိမ်ကနေ ရွှေတိဂုံဘုရားခြေရင်း ကန်တော်မင်ပန်းခြံအထိ
ရှစ်ဆယ့်ရှစ်မျိုးဆက်သစ်ကျောင်းသားတွေ၊ NLDလူငယ်တွေဟာ နိုင်မြန်မာရဲ့
‘ကမ္ဘာမကြေဘူး’ သီချင်းကို လမ်းတလျှောက် ကြေကြေကွဲကွဲ သီဆိုရင်း
ပို့ဆောင်နေကြပုံဟာ အခုအချိန်ထိ ကျနော် ရင်ခုန်နေရတုန်းပါ။ ‘ကိုယ်တော်မှိုင်း
ရာဇ၀င်တွေလည်း ရိုင်းခ့ရ
ဲ ပြီ အဘိုးရေ သခင်အောင်ဆန်း နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ
အဖရေ’ ဆိုတဲ့ အဘိုးနဲ့ အဖကို တိုင်တည်ပြီး အမိရဲ့ ဈာပနကို ပို့ဆောင်နေကြတဲ့
ရှစ်ဆယ့်ရှစ်မျိုးဆက်သစ်ကျောင်းသားတွေ၊ NLDလူငယ်တွေရဲ့ ဆွေးမြေ့ကြေကဲေ
ွ နတဲ့
မျက်နှာတွေကို ကျနော် အခုထိ မြင်ယောင်နေတုန်းပါ။ သူတို့ရင်ထဲက နာကြည်း
တောက်ခေါက်သံတွေကို ကျနော် အခုထိ ကြားယောင်နေတုန်းပါ။တပြည်လုံးက
NLDအဖွဲ့ဝင်တွေ၊ NLDလူငယ်တွေ၊ လူ့ဘောင်သစ်အပါအ၀င် ကျောင်းသားအဖွဲ့အစည်း
အသီးသီးက မျိုးဆက်သစ် လူငယ်တွေနဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ဟာ မိခင်ကြီး
ဒေါ်ခင်ကြည်ရဲ့ ဈာပနကို ရဲရင့်စွာ ကြေကွဲစွာ ပို့ဆောင်ခဲ့ကြတာပါ။

ဒေါ်ခင်ကြည်ကို မြှုပ်နှံသင်္ဂြိုဟ်မယ့် ကန်တော်မင်ပန်းခြံတ၀ိုက်မှာတော့


လက်နက်ကိုင်စစ်သားတွေနဲ့ စစ်ထောက်လှမ်းရေးတွေက အပြည့်၊
အသင့်နေရာယူထားကြတာပါ။ ကျနော်တို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ ‘စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့
အင်အားမျိုးကို ထူထောင်ရမယ်’ ဆိုတဲ့ စကားအတိုင်း ငြိမ်းချမ်းစွာနဲ့ မိခင်ကြီး
ဒေါ်ခင်ကြည်ရဲ့ ဈာပနကို ပြီးမြောက်အောင်မြင်အောင်
ဆောင်ရွက်နိုင်ခဲ့ပါတယ်။စစ်ထောက်လှမ်းရေးတွေနဲ့ စစ်သားတွေရဲ့
သေနတ်ပြောင်းရှေ့မှောက်မှာ ရှစ်ဆယ့်ရှစ် မျိုးဆက် ကျောင်းသားတွေ၊ NLD
လူငယ်တွေဟာ ‘ကမ္ဘာမကြေဘူး’ သီချင်းကို မကြောက်မရွံ့ ရဲရရ
ဲ င့်ရင့် သီဆိုခဲ့ကြတာပါ။
ခွပ်ဒေါင်းအလံတွေ တလူလူ လွှင့်လိုက်ခဲ့ကြတာပါ။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်းရဲ့ အစ ပထမပိုင်း ဇာတ်ဝင်ခန်းတွေမှာ ဒီ


‘ကမ္ဘာမကြေဘူး’ သီချင်းနဲ့ ဒေါ်ခင်ကြည်ဈာပနဟာ သမိုင်းဝင်ခဲ့တာပဲပေါ့။မန္တလေးက
အမေလူထု ဒေါ်အမာရဲ့ ဈာပနကို ‘ကမ္ဘာမကြေဘူး’ သီချင်းဆိုရင်း
ပို့ဆောင်လိုက်ချင်ပါရဲ့။ ကျနော်တို့ ဘယ်တော့ သီချင်း ရဲရဲ ဆိုရမလဲ အမေ။

(မှတ်ချက်-၂၀၀၈ ဇူလိုင် ၉ ရက်နေ့တင


ွ် RFAသတင်းဌာနက ထုတ်လွှင့်ခေ
ဲ့ သာ
ဆောင်းပါးဖြစ်သည်။)

Polaris Burmese Library Collections 15


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၅)
အောင်ဝေး
သြဂုတ် ၃၀၊ ၂၀၀၈

ဆရာမောင်သာရရဲ့ ကဗျာတပုဒ်ကို ကျနော်အမှတ်ရတယ်။ “ချုပ်နေ့ကျူးက၊


ရူးမူးတုန်လ၊ဲ့ ကိုးရာမဲ့ဟု၊ ကျီးက့သ
ဲို့လျှင် မတွေးချင်။ ခင်ပုပ်လည်းငှက်၊ ညဥ့်လည်းနက်၊
ထွက်၍တိုက်ခိုက်သည်တကား” တ့။ဲ ကျွန်တော်တို့ဘ၀တွေထဲမှာ ယုံကြည်ချက်ကို
အသက်ပေးကာကွယ်တိုက်ခိုက်သွားသူတွေ၊ ယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲမှာ
နှစ်ရှည်လများ ချုပ်နှောင် ထိန်းသိမ်းခံနေရသူတွေ၊ ယုံကြည်ချက်ကြောင့် ဘ၀ရော၊
မိသားစုရော၊ အနာဂတ်တခုလုံးပါ မှောင်အတိကျသွားခ့ရ
ဲ သူတွေ၊ ကျနော်တို့ မြန်မာနိုင်ငံ
သမိုင်းမှာ ယုံကြည်ချက်ကို ဖက်တွယ်ပြီး အငတ်ငတ်အပြတ်ပြတ်နဲ့ ဒီမိုကရေစီ မရမချင်း
ဆက်လက် တိုက်ပွဲဝင်နေတ့သ
ဲူတွေ စသဖြင့် ဒီမိုကရေစီ လိုလားသူ၊
ပြည်သူ့ဘက်တော်သား၊ သူရေ
ဲ ကာင်းတွေဟာ ခေတ်အဆက်ဆက်
ရပ်တည်ရင်ဆိုင်ခဲ့ကြတာပါ။အချိန်တချိန်မှာ ကျနော်တို့ဟာ မညီညွတ်ဘဲ
ရှိကောင်းရှိမယ်။ ဒါပေမယ့် တချိန်မှာတော့ ကျနော်တို့အားလုံးဟာ
ညီညွတ်သွားကြတာပဲမဟုတ်လား။ တိုက်ပွဲမရှိရင် ညီညွတ်ရေး မရှိနိုင်ဘူး။
တိုက်ပရ
ွှဲိနေလို့သာ ကျနော်တို့ဟာ အချင်းချင်း ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး ရန်သူကို
ရင်ဆိုင်ရတာပဲ မဟုတ်လား။

တိုက်ပွဲဟာ အရေးကြီးတယ်။ တိုက်ပွဲဟာ လိုအပ်တယ်။ ၁၉၈၈ ရှစ်လေးလုံး


အရေးတော်ပုံကြီးဟာ တိုက်ပွဲလိုအပ်ချက်ရဲ့ အကြီးမားဆုံး ပြယုဂ်ပေ
ဲ ပါ့။ ဒီ ရှစ်လေးလုံး
တိုက်ပွဲစဉ်ကြီးထဲမှာ အားလုံးဟာ ညီညွတ်ခဲ့ကြတယ်။ အားလုံးဟာ စည်းရုံး
စုစည်းခဲ့ကြတယ်။ဗကသ၊ တကသ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် စတဲ့
ကျောင်းသားခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ ပြည်သူလူထုကြီးဟာ
တညီတညွတ်တည်း လိုက်ပါခဲ့ကြတယ်။ တပ်မတော်သားတွေ၊ ပြည်သူရေ
ဲ တွ၊
ဝန်ထမ်းတွေလည်း ဒီမိုကရေစီတိုက်ပွဲထဲ ခုနဝ
် င်လာခဲ့ကြတယ်။

Polaris Burmese Library Collections 16


Building of Fifth United Burma
ညီညွတ်ခြင်းရဲ့ ရလဒ်ဟာ မဆလ စစ်အာဏာရှင်အစိုးရကို ကျနော်တို့
ဖြုတ်ချပစ်နိုင်ခဲ့တာပါပဲ။၈၈ မျိုးဆက်သစ် ကျောင်းသားတွေ၊ လူငယ်တွေ သွေးနဲ့ ခင်းခဲ့တဲ့
သမိုင်းလမ်းကြောင်းပေါ်မှာ သမိုင်းသိစိတ်ရှိတ၊ဲ့ အစဉ်အလာကြီးတဲ့ မျိုးဆက်ဟောင်း
နိုင်ငံရေးသမားကြီးတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊
စာပေအနုပညာရှင်တွေ၊ တတ်သိပညာရှင်တွေ၊ တပ်မတော်ခေါင်းဆောင်ကြီးတွေ
စသည်ဖြင့် လူကြီးတွေလည်း အတူလိုက်ပါ လျှောက်လှမ်းခဲ့ကြတာပဲ မဟုတ်လား။

ဒါပေမယ့် ... ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အဆုံးသတ်ခန်းကတော့


မလှပနိုင်ခရ
ှဲ့ာပါဘူး။ ကျောင်းသားတွေရဲ့ အရိုးတွေ တောင်လိုပုံအောင် တိုက်ယူခရ
ဲ့ တဲ့
ဒီမိုကရေစီ အလင်းရောင်ဟာ ကျနော်တို့ အိမ်ပြတင်းမှာ လင်းလက်တောက်ပမယ်
ကြံရုံရှိသေးတယ်၊ စစ်တပ်က အာဏာသိမ်းယူသွားတာကို ကျနော်တို့
ခံလိုက်ကြရတယ်လေ။အောင်ပွဲကို လုယူခံလိုက်ရတာပါပဲ။ ဘယ်လောက်
နာကျင်ခံပြင်းစရာ ကောင်းလိုက်ပါသလဲ။ ကျောင်းသားလူငယ်တွေဟာ
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရာနှုန်းပြည့် တာဝန်ကျေခဲ့ကြပါပြီ။

တကယ်တော့ ရန်သူက တော်လို့မဟုတ်ပါဘူး။ ကျနော်တို့ တချက်ညံ့လိုက်တာနဲ့


ကျနော်တို့ တပြုံကြီး သမိုင်းသင်ခန်းစာတွေ၊ သမိုင်းနောင်တတွေ တလှေကြီးနဲ့
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရေစီးကြောင်းထဲမှာ ကျောက်ဆောင်နဲ့
ဝင်တိုက်မိခဲ့ကြတာပဲ မဟုတ်လား။ကျနော်တို့ ဘာဆက်လုပ်ကြမလဲ။ What is to be
done?

အဲဒီအချိန်မှာ ကျနော်တို့ဟာ တခုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး၊ တခုကို


ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါရစေ။လက်လွှတ်ဆုံးရှုံးလိုကရ
် တာကတော့ ၈၈
မျိုးဆက်ကျောင်းသားတွေ အများအပြား သောင်းနဲ့ သိန်းနဲ့ချီပြီး နယ်စပ်ကို
ရောက်ရှိသွားကြရတာပါပဲ။ (နောင်မှာ ကျောင်းသားတပ်မတော်
ပေါ်ထွန်းလာတာကတော့ သမိုင်းရဲ့ ကြီးမားတဲ့ လက်ဆောင်ပါ။)

ပြန်လည်ရရှိလိုက်တဲ့တခုဆိုတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)အပါအ၀င် လူထုလူတန်းစား၊ ကျောင်းသား၊ တိုင်းရင်းသား
နိုင်ငံရေးပါတီအင်အားစုတွေပါပဲ။အဲဒီအချိန်၊ အဲဒီကာလ ပြည်တင
ွ်းမှာ ကျန်ရစ်တဲ့
တုိက္ပဲြ၀င္ရေ
ဲ ဘာအားလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့
အလံတော်အောက်မှာ စုရုံးလိုက်ကြတယ်လေ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
အလံတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ချက်နဲ့ အတွေးအခေါ်က
ဆင်းသက်ပေါက်ဖွားလာတဲ့ တိုက်ပေ
ွဲ ခ်ါသံပဲ ဖြစ်တယ်။ NLD ကို စတင်တည်ထောင်စဉ်
ပါတီအလံလုပ်ဖို့ စဉ်းစားကြတ့အ
ဲ ချိန်မှာ ဦးအောင်ကြီးက ပြည်သူ့ရေ
ဲ ဘ်ာတံဆိပ်က
‘ကဒေါင်း’ကို လုပ်ဖို့ အကြံပြုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ‘ကဒေါင်း’က
Polaris Burmese Library Collections 17
Building of Fifth United Burma
ပျော့တယ်၊ ၈၈မျိုးဆက်အပါအ၀င် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို
မမှိတ်မသုန် တိုက်ခိုက်ခဲ့တဲ့ ကျောင်းသားတွေကို အသိအမှတ်ပြု၊ ဂုဏ်ပြုတ့အ
ဲ နေနဲ့
‘ခွပ်ဒေါင်း’ကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊
စတုတ္ထမြန်မာနိုင်ငံတော်ကို စည်းရုံး တည်ထောင်စဉ် တုန်းကလည်း ဒီ ‘ခွပ်ဒေါင်း’နဲ့ပဲ
ပထမလွတ်လပ်ရေးကို တိုက်ယူခဲ့ကြပြီ။ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ခေတ်
ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်းမှာလည်း ဒီ ‘ခွပ်ဒေါင်း’နဲ့ပ၊ဲ ဒီအစဉ်အလာနဲ့ပဲ
ကျနော်တို့ဟာ ဒုတိယလွတ်လပ်ရေးကို ဆက်လက်တိုက်ယူသွားရဦးမယ် မဟုတ်ပါလား။
အရေးအကြီးဆုံးကတော့ ကျနော်တို့အားလုံး ညီညွတ်ဖို့နဲ့ ကျနော်တို့အားလုံး
လက်နက်မချဖို့ပါပဲ။ ကျနော်တို့ တိုက်ပွဲကို ခိုင်ခိုင်မာမာ ယုံကြည်နေဖို့ပါပဲ။စက်တင်ဘာ
ရွှေဝါရောင်တော်လှန်ရေးက သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေရဲ့
သွေးကွက်တွေ မခြောက်သေးပါဘူး။“ခင်ပုပ်လည်းငှက်၊ ညဥ့်လည်းနက်၊
ထွက်၍တိုက်ခိုက်သည်တကား” တ့။ဲ ထွက်၍ တိုက်ခိုက်သူတွေရဲ့ တပ်ဦးမှာတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွပ်ဒေါင်းအလံတွေ တလူလူ လွင့်နေဆဲပဲ မဟုတ်ပါလား။

(မှတ်ချက်-၂၀၀၈ ဇူလိုင် ၁၆ ရက်နေ့တင


ွ် RFAသတင်းဌာနက ထုတ်လွှင့်ခေ
ဲ့ သာ
ဆောင်းပါးဖြစ်သည်။)

ပဉ္စမမြန်မာနုင်
ိငင်ံတော်တည်ထောင်ခန်း (၆)
အောင်ဝေး

စက်တင်ဘာ ၆၊ ၂၀၀၈

ဆရာဗန်းမော်တင်အောင် မကွယ်လွန်ခင် ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။


“လူတယောက်ရဲ့ တန်ဖိုးကို သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူဘယ်လောက်
သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” တ့။ဲ ၁၉၇၈ ခုနှစ်က
ပြောခဲ့တဲ့စကားပါ။ နောင် ၁၀ နှစ်အကြာမှာ ရှစ်လေးလုံးအရေးတော်ပုံကြီး
ပေါ်ပေါက်လာခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဆရာဗန်းမော်တင်အောင်
အလိုအတိုင်း သမိုင်းပေးတာဝန်ကို သယ်ပိုးထမ်းဆောင်ခဲ့ကြတယ်။ဗြိတိသျှကိုလိုနီခေတ်၊
ပထမလွတ်လပ်ရေးတိုက်ပွဲမှာကတည်းက ကျောင်းသားတွေဟာ “လွတ်လပ်ရေးကို
‘က’ပြီးတော့မယူဘူး၊ ‘ခွပ’် ပြီးတော့ ယူမယ်”ဆိုတဲ့ စိတ်ဓာတ်ကို ခွပ်ဒေါင်းအသံနဲ့
ဖော်ညွန်ခဲ့ကြတာပါ။အဲဒီလို ခွပ်ဒေါင်းရဲ့တန်ဖိုး၊ ကျောင်းသားတွေရဲ့ တန်ဖိုးကို
အသိအမှတ်ပြု နားလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ရဲ့ တန်ဖိုးကကော
ဘာလဲ။
Polaris Burmese Library Collections 18
Building of Fifth United Burma
ဒီကနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာ သမိုင်းရဲ့ တောင်းဆိုချက်အရ
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရှေ့မှောက်ကို ရောက်လာခဲ့တယ်။
လူထုက ယုံကြည်လေးစားတဲ့ လူထုကထောက်ခံအားပေးတဲ့ လူထုခေါင်းဆောင်၊
ဒီမိုကရေစီခေါင်းဆောင် ဖြစ်လာခဲ့တယ်။ဒီလိုခေါင်းဆောင်တယောက်ရဲ့ တန်ဖိုးကို
ဘယ်စံ ဘယ်ပေတံတွေနဲ့ တိုင်းမလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီး သမိုင်းတကွေ့ကို အတူတကွ ဖြတ်သန်းခဲ့ဖူးတဲ့


အတွေ့အကြုံတချို့ကို ကျနော် ပြန်လည်အမှတ်ရလာပါတယ်။ဒီနေ့အချိန်အထိ
ဘ၀မှာစွဲထင်နေတဲ့ စွန့်စားခန်းတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း
ခရီးစဉ်ပါပဲ။စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ နောက်ပိုင်း
မရှေးမနှောင်းမှာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ပူးပေါင်းပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို တည်ထောင်လိုက်ကြတယ်။ ခေါင်းဆောင်တွေ
လူထုထဲ စည်းရုံးရေးဆင်းကြတယ်။ ဦးအောင်ကြီးက အထက်မြန်မာပြည်
တက်သွားတယ်။ဦးတင်ဥိးက ဧရာဝတီတိုင်းကို ဆင်းတယ်။ ဦးတင်ဦးနဲ့အတူ ကျနော်
ပါသွားတယ်။ ပုသိမ်မျာ NLD တိုင်းရုံး ဖွင့်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က
ကျနော့်ကို ဧရာဝတီတိုင်း စည်းရုံးရေးတာဝန် ပေးတယ်။ဗိုလ်ချုပ်ကြီးတင်ဦးနဲ့
ဧရာဝတီတိုင်းထဲ လှည့်လည်တုန်းက န၀တစစ်တပ်နဲ့ ရင်ဆိုင်ရတ့၊ဲ အထူးသဖြင့်
အဲဒီအချိန်က နတခတိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်မြင့်အောင် နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့
အတွေ့အကြုံ ကျနော် ရလိုက်တယ်။ ဧရာဝတီတိုင်း ၂၆ မြို့နယ် ဒီမိုကရေစီလူထုနဲ့
ထိတွေ့ရတဲ့ အတွေ့အကြုံ ကျနော်ရလိုက်တယ်။

အဲဒီလိုနဲ့ မိခင်ကြီးဒေါ်ခင်ကြည်ဈာပနအပြီး ၁၉၈၉ ခုနှစ် ဇန်န၀ါရီလထဲမှာ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း လူထုစည်းရုံးရေးခရီးစဉ်ကို ကျနော်တို့
တာဝန်ယူ စီစဉ်ခဲ့ကြတယ်။အဲဒီအချိန်က န၀တစစ်အစိုးရကို တရားဝင် စာတင်ပြီးမှ

Polaris Burmese Library Collections 19


Building of Fifth United Burma
ထွက်တခ
ဲ့ ရီးပါ။ ဒီခရီးက ဧရာဝတီတိုင်း တခုလုံးတော့ မဟုတ်ပါဘူး။ ပုသိမ်၊ မြောင်းမြ၊
ဟင်္သာတ ဒီခရိုင် ၃ခု အကျုံးဝင်တဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း ခရီးစဉ်
ဆိုပါတော့။လြန္ခ့ေ
ဲ သာ ႏွစေ
် ပါင်း ၂၀ လောက်က အဖြစ်အပျက်တွေ၊ ရက်စေ
ွဲ တွ၊
လူပုဂ္ဂိုလ်တွေ၊ ဆိပ်ကမ်းတွေ၊ ရန်သူတွေ၊ စစ်ဗိုလ်တွေကို အတိအကျ
မမှတ်မိတော့ပေမယ့် ကျနော်တို့စီးခဲ့တဲ့ ပုဂ္ဂလိကပိုင် နှစ်ထပ်သင်္ဘောကြီးရဲ့
နာမည်ကိုတော့ ကျနော် မမေ့သေးပါဘူး။ သင်္ဘောနာမည်က “မြတ်မေတ္တာ”။

မြတ်မေတ္တာသင်္ဘောကြီးပေါ်မှာဒေါ်အောင်ဆန်းစုကြည်နဲ့အတူကာနယ်ကြည်မော
င်လို့ ခေါ်ကြတဲ့ အန်ကယ် ဦးကြည်မောင်လည်း ပါတယ်။ သုံးရောင်ခြယ်လူငယ်တွေ၊
NLD ဌာနချုပ် ပြန်ကြားရေးအဖွဲ့က စာပေအနုပညာရှင်တွေ၊ ပုသိမ်မြို့ NLD တိုင်းရုံးက
လူငယ်တွေ၊ လူအင်အား ၄၀ ကျော်နဲ့ သိုက်သိုက်ဝန်းဝန်း ချီတက်ခဲ့ကြတဲ့
ခရီးစဉ်တခုပါ။မြစ်ဝကျွန်းပေါ် အနေနဲ့ အခု ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်။ ဒါပြီးရင်
နောက်မကြာခင် ဖျာပုံ၊ မအူပင်ခရိုင် ၂ခု အကျုံးဝင်တဲ့ ဧရာဝတီတိုင်း
အရှေ့ခြမ်းခရီးစဉ်ကိုလည်း ရေးဆွဲပြီးသား။ဒီလို ဧရာဝတီတိုင်းခရီးကို
စီစဉ်နေတ့အ
ဲ ချိန်မှာပဲ မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တယ်။ မိခင်ကြီးအတွက်
ပူဆွေး သောကရောက်နေရှာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီစဉ်ထားပြီးဖြစ်နေတဲ့
ဧရာဝတီခရီးကို မဖြစ်ဖြစ်အောင် ထွက်ခဲ့တယ်။ ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ တလပြည့်
လလည်ဆွမ်းကျွေးအမီ ရန်ကုန်ပြန်ဝင်ဖို့ ကျနော်တို့ ခရီးစဉ်ဆွဲထားကြတယ်။

၁၉၈၉ ဇန်န၀ါရီလထဲမှာပါ။

Polaris Burmese Library Collections 20


Building of Fifth United Burma
အခုလိုအချိန်မှာ နာဂစ်လေမုန်တိုင်းဘေး၊ နာဂစ်မုန်တိုင်းထက်ဆိုးတဲ့
သန်းရွှေမုန်တိုင်းဘေးတွေကြောင့် ဘုန်းဘုန်းလဲကျ ပျက်စီးဆုံးရှုံးသွားရတဲ့
ဧရာဝတီတိုင်းဆိုတာ တနည်းအားဖြင့် မြစ်ဝကျွန်းပေါ်ဆိုတာ ဘယ်ခေတ်မဆို သမိုင်းအရ
အမြဲ အရေးပါပါတယ်။ မြစ်ဝကျွန်းပေါ်တိုင်း ဆိုတာ သေနင်္ဂဗျူဟာလည်း ကျပါတယ်။ဒီလို
အေရးပါတ့ေ
ဲ နရာ၊ ဒီလုိအခ်က္အခ်ာက်တ့ေ
ဲ ဒသကို ဒေါ်အောင်ဆန်းစုကြည် လာရတာ၊
စည်းရုံးရေးဆင်းရတာ လွယ်လွယ်နဲ့တော့ မဟုတ်ခဲ့ပါဘူး။

န၀တစစ်အစိုးရရဲ့ တရားဝင်ခင
ွ့်ပြုချက်နဲ့ ထွက်ခဲ့တဲ့ ခရီး ဆိုပေမယ့်၊
စစ်ပဒေသရာဇ်တွေ နယ်မြေအပိုင်စားရထားတဲ့ ခေတ်ကြီးဆိုတော့၊ အဲဒီအချိန်က
တိုင်းမှူးလုပ်နေတဲ့ ဗိုလ်ချုပ်မြင့်အောင်ရဲ့ ဧရိယာထဲမှာ အမိန့်တွေ၊ အကန့်အသတ်တွေ၊
အချုပ်အချယ်တွေ အမျိုးမျိုးကို ရင်ဆိုင်ရတော့တာပါပဲ။အဲဒီအချိန်မှာ lawful command,
unlawful command ဆိုတဲ့ တရားတ့အ
ဲ မိန့်နဲ့ မတရားတ့အ
ဲ မိန့်ကို ခွဲခြားရင်ဆိုင်ဖို့
ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို စတင် သင်ကြားပေးလိုက်ပါပြီ။

မတရားတ့အ
ဲ မိန့်အာဏာမှန်သမျှ လူထုဆန္ဒအရ ဖီဆန်ကြ-
က-

နှင်းတွေ ၀ဲဝေ
ဲ ၀နေတဲ့ ရန်ကုန်ဆိပ်ကမ်းကနေ တရွေ့ရွေ့ ထွက်ခွာလာတဲ့
နှစ်ထပ်သင်္ဘောကြီးတစင်းပေါ်မှာတော့ ခွပ်ဒေါင်းအလံတွေ တလူလူနဲ့၊
ပဉ္စမမြန်မာနုင
ိငံတော်ကို တည်ထောင်မယ့် တိုင်းပြုပြည်ပြု အင်အားစုတစုပေါ့။

“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော

ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော”

အောင်ဝေး (၀၇-၀၃-၀၈)

Polaris Burmese Library Collections 21


Building of Fifth United Burma
(မူရင်း -RFA ၂၀၀၈ ဇူလိုင် ၂၃)

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၇)
အောင်ဝေး

စက်တင်ဘာ ၁၃၊ ၂၀၀၈

တုိက္ပေ
ွဲ ခ်ါသံတွေ ကြားနေရတယ်။

နာဂစ်မုန်တိုင်း၊ သန်းရွှေမုန်တိုင်းအောက်မှာ ပြိုလဲပျက်စီးသွားရတဲ့


မြစ်ဝကျွန်းပေါ်ကြီးကို ကြည့်ရင်း ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားခဲ့တဲ့ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်ကို ကျနော်
ပြန်အမှတ်ရလာပါတယ်။အဲဒီတုန်းက အင်အားတက်ကြွ၊ တိုးတက်လှတဲ့
မြစ်ဝကျွန်းပေါ်ရဲ့ ရုပ်ပုံလွှာတွေ၊ တိုးမြစ်၊ ရွေးမြစ်၊ ပြာမလော့မြစ်၊ မြောင်းမြမြစ်၊
င၀ံဖြစ်တွေရဲ့ မြင်ကင
ွ်းတွေဟာ ကျနော့်အာရုံမှာ ထင်ဟပ်လာပါတော့တယ်။

၁၉၈၉ ဇန်န၀ါရီ၊ နှင်းတွေနဲ့ ဝေနေတ့အ


ဲ ချိန်ပါ။ခွပ်ဒေါင်းအလံတွေ တလူလူနဲ့
ရန်ကုန်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ ‘မြတ်မေတ္တာ’သင်္ဘောကြီးဟာ တိုးမြစ်ရင်ခင
ွ်ထဲကို
တိုးဝင်လာနေပါပြီ။ ဧရာဝတီတိုင်းနယ်မြေထဲကို ကျနော်တို့ စတင်
ဝင်ရောက်လာနေကြတာပါ။ကျနော်တို့ ပထမဆုံး ဆိုက်ကပ်ရမယ့် ဆိပ်ကမ်းက
‘ထနီး’ဆိုတဲ့ မအူပင်မြို့နယ်အ၀င်က ရွာကလေးပါ။ ဒါ စစ်ပဒေသရာဇ်ကြီး
Polaris Burmese Library Collections 22
Building of Fifth United Burma
ဗိုလ်ချုပ်မြင့်အောင်ရဲ့ နတခ ဧရိယာအစပ်ပေါ့။ (အဲဒီတုန်းက စစ်ဧကရာဇ်ကြီးကတော့
ဗိုလ်ချုပ်မှူးကြီးစောမောင်ပါ။)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ ဧရာဝတီတိုင်း အနောက်ခြမ်း ပုသိမ်၊ မြောင်းမြ၊


ဟင်္သာတ ၃ ခရိုင် ခရီးစဉ်မှာ အန်ကယ် ဦးကြည်မောင် လိုက်ပါလာပါတယ်။
ကာနယ်ကြည်မောင်လို့ လူသိများတဲ့ ဦးကြည်မောင်ဟာ ၁၉၃၈ ဒီဇင်ဘာ ၂၀ တတိယ
တက္ကသိုလ်ကျောင်းသားသပိတ်တိုက်ပွဲတုန်းက တပ်ဦးမှာ အလံကိုင်ခဲ့တဲ့
ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးပါ။အဲဒီနေ့က အတွင်းဝန်ရုံးရှေ့မှာ
ဗိုလ်အောင်ကျော် အရိုက်ခံရတ့ေ
ဲ န့ပေါ့။ အဲဒီနေ့က ဦးကြည်မောင်နဲ့အတူ အလံကိုင်ခဲ့တဲ့
အမာခံ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးကတော့ ကျနော်တို့ရဲ့ ဆရာ
ဒဂုန်တာရာပါပဲ။အန်ကယ် ဦးကြည်မောင်ဟာ ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးတင်ဦးတို့ ‘အောင်-စု-တင်’ ဆိုပြီး NLD ပါတီ စထောင်စဉ်အချိန်က
ဦးအောင်ကြီးအဖွဲ့ထဲကပါ။ ပါတီဖွဲ့ပြီးလို့ သိပ်မကြာလိုက်ဘူး၊ ဦးအောင်ကြီး
နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဦးကြည်မောင်က ဦးအောင်ကြီးနောက်
ပြန်ပါမသွားဘဲ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နဲ့ NLD မှာပဲ နေရစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့


ထိန်းသိမ်းခံထားရတဲ့ ကာလ၊ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ NLD အနိုင်ရအောင်
ဦးဆောင်ခသ
ဲူ့ဟာ အန်ကယ်ဦးကြည်မောင်ပါပဲ။သင်္ဘောက ဆိပ်ကမ်း
ကပ်တော့မယ်ဆိုတဲ့သဘောနဲ့ ဥသြသံ ပေးလိုက်ပါတယ်။ ကျနော်တို့ အားလုံး
အသင့်ပြင်လိုက်ကြပါပြီ။“အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ၊ သင်သည် စီးဆင်း၊
တို့ရင်တင
ွ်းမှာ၊ နှင်းဆီပင
ွ့်တွေ၊ ရဲရေ
ဲ ကြွပြီ၊ ဝေလည်းရဲရ၊ဲ ကြွေရရ
ဲမို့၊ နီနီရရ
ဲ ၊ဲ
သင့်အသည်းကို၊ မခွဲတုံလော … ခွဲတုံလော။” ခရီးစဉ်မှာ ဖြန့်ဝေဖို့ ပါလာတဲ့
ကျနော့်ကဗျာစာအုပ်ကလေးကို ကျနော် ကိုင်ကြည့်နေမိတယ်။

သင်္ဘောတစင်းလုံးဟာ တက်ကြွ ရွှင်လန်းနေတော့တာပါ။ ပထမဆုံး


ဆိုက်ကပ်မယ့် ဆိပ်ကမ်းလည်းဖြစ်လို့ ရင်ခုန် စိတ်စောနေကြပုံလည်း ရပါတယ်။
တိုးမြစ်ကြီးကတော့ ညင်ညင်သာသာ စီးဆင်းနေတုန်းပါ။ဒီခရီးစဉ်မှာ ကျနော်က
‘ပွို င်’့ တာဝန် ကျပါတယ်။ ဆိပ်ကမ်းတခုကပ်တာနဲ့ ကျနော် အရင် ရှေ့ပြေးဆင်းရမယ်။
ကျနော့်နောက်မှာ ဗိုလ်ကြီးဝင်းထိန်ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို
အမိန့်ပေးထားပါတယ်။ဗိုလ်ကြီးဝင်းထိန်ဆိုတာ ၁၉၇၆ တုန်းက ဦးနေ၀င်းကို လုပ်ကြံပြီး
အာဏာသိမ်းဖို့ ကြိုးစားတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ့ အမှုတွဲပါ။ အခု ဗိုလ်ကြီးဝင်းထိန်
အကျဉ်းထောင်တခုထဲမှာ နှစ်ရှည်လများ ထိန်းသိမ်းခံနေရဆဲပါ။န၀တ
စစ်အာဏာရှင်အုပ်စုနဲ့ NLDရဲ့ အားစမ်းပွဲကတော့ စပါပြီ။ ထနီးရွာဟာ ကျနော်တို့
ပထမဆုံး ဆိုက်ကပ်မယ့် ဆိပ်ကမ်း။ တနည်းအားဖြင့် ပထမဆုံးတိုက်ပွဲလည်း ဖြစ်တယ်။

Polaris Burmese Library Collections 23


Building of Fifth United Burma
ပထမဆုံး တိုက်တဲ့တိုက်ပွဲဟာ မနိုင်ရင်သာနေရမယ်၊ မရှုံးစေရဘူး။
ပထမဆုံးတိုက်တဲ့တိုက်ပွဲဟာ မနိုင်ရင်သာနေရမယ်၊ မရှုံးစေရဘူး။

ကျနော်က သင်္ဘောပေါ်မှာ ပါလာတဲ့ သုံးရောင်ခြယ် နဲ့ NLD လူငယ်တွေကို


၁၉၇၄၊ ၇၅၊ ၇၆ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ရခဲ့တဲ့ တိုက်ပွဲအတွေ့အကြုံအရ
ဒီစကား ကျနော် ပြောလိုက်ပါတယ်။ထနီးရွာကမ်းပါးတလျှောက်မှာတော့
ကရင်တိုင်းရင်းသား ရွာလူထုဟာ သူတို့ရဲ့ ရိုးရာဝတ်စုံတွေ၊ ဒုံးယိမ်းအကတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ ကြိုဆိုနေကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သင်္ဘောအပေါ်ထပ်ကနေ လက်ပြ
နှုတ်ဆက်နေပါတယ်။ မအူပင်ကလာကြိုတဲ့ NLDမြို့နယ်စည်းတွေကိုလည်း
ရွာလူထုကြားမှာ တွေ့လိုက်ရပါတယ်။အပေါ်နဲ့အောက် ခွပ်ဒေါင်းအလံတွေ အပြန်ပြန်
အလှန်လှန် ဝှေ့ယမ်းလို့ပေါ့။သင်္ဘောဆိပ်ကမ်းကပ်လို့ ကြိုးချည်၊ ကုန်းပေါင်ထိုးပြီးတာနဲ့
ကျနော် အရင်ဦးဆုံး သင်္ဘောပေါ်က ဆင်းလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လူထုရဲ့ ကြွေးကြော်သံတွေ
ကြားမှာပဲ လက်နက်ကိုင်စစ်သား တပ်စုတစုနဲ့ အသင့်စောင့်နေတဲ့ အရာရှိ စစ်ဗိုလ်ဆီကို
ကျနော် တန်းတန်းမတ်မတ် လျှောက်သွားပါတယ်။ ကျနော် သူ့ကို လေးစားသမှုနဲ့ အရင်
နှုတ်ဆက်ပါတယ်။ ပြီးတော့ သူနဲ့ကျနော် ညှိကြနှိုင်းကြ လုပ်ရပါတယ်။

တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင် ပေးထားတဲ့ အမိန့်အတိုင်း အဲဒီစစ်ဗိုလ်က


တသဝေမတိမ်း လုပ်ဆောင်ပါတယ်။
ကျနော်ကလည်းဒေါ်အောင်ဆန်းစုကြည်ပေးထားတဲ့ အမိန့်အတိုင်း လုပ်တာပါ။
ဘယ်အမိန့်က တရားသလဲ။ ဘယ်အမိန့်က
မတရားဘူးလဲ။ညှိလို့နှိုင်းလို့ပြီးသွားတ့အ
ဲ ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
သင်္ဘောပေါ်က ဆင်းလာပါပြီ။ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ကရင်တိုင်းရင်းသား လူထုကြီးဟာ
အဆက်မပြတ် ကြွေးကြော်နေပါတော့တယ်။ထနီးရွာ NLD ခေါင်းဆောင်တဦးဖြစ်တဲ့
ကရင်တိုင်းရင်းသားကြီးတဦးနဲ့
ကရင်တိုင်းရင်းသူကြီးတဦးတို့ကဒေါ်အောင်ဆန်းစုကြည်ကို ပန်းကုံးစွပ်ပြီး
ကြိုဆိုကြပါတယ်။ သက်ကြီးရွယ်အို ဖထီးတချို့၊ အမိုးတချို့ဟာ ‘ငါတို့ဗိုလ်ချုပ်သမီး၊
ငါတို့ဗိုလ်ချုပ်သမီး’ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ပြီး ငိုကြပါတော့တယ်။

ကျနော်တို့ ရင်ထဲမှာ ကြေကွဲပီတိကို ခံစားလိုက်ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ပါ။ထနီးရွာမှာ ကျနော်တို့
ကြာကြာ အချိန်မရပါဘူး။ မအူပင်မြို့ကို ခရီးဆက်ရပါဦးမယ်။ ရပ်ရွာလူထုကို
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတ့အ
ဲ ခါ အားလုံးကို နှုတ်ဆက်ပြီး သင်္ဘောပေါ်

Polaris Burmese Library Collections 24


Building of Fifth United Burma
ပြန်တက်ကြပါတယ်။ အန်ကယ်ဦးကြည်မောင်ကတော့ ရှေ့မထွက်ဘဲ
ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ရပ်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ကျေနပ်အားရနေတော့တာပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထနီးရွာလူထု တသားတည်းဖြစ်သွားတာကိုကြည့်ပြီး


အစ ပထမက တမင် ခက်ထန် တင်းမာအောင် လုပ်ယူထားရတဲ့ စစ်သားတွေရဲ့
မျက်နှာဟာ တဖြည်းဖြည်း ပျော့ပျောင်းလာတာကို ကျနော် သိတာပေါ့။ ကျနော်
စစ်တပ်ထဲမှာ အနှစ် ၂၀ ကျော် ကြီးပြင်းလာတဲ့သူပ။ဲ သင်္ဘောပေါ်ကို ကျနော် နောက်ဆုံးမှ
တက်ပါတယ်။ မတက်ခင် အရာရှိစစ်ဗိုလ်ကို “ကျေးဇူးတင်ပါတယ်ဗိုလ်ကြီး”လို့
ယဉ်ယဉ်ကျေးကျေး လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။ထနီးဆိပ်ကမ်း၊
တိုးမြစ်ဝှမ်းပေါ်မှာတော့ ဒုံးယိမ်းသံတွေက ညံနေဆဲ၊ ခွပ်ဒေါင်းအလံတွေက တလူလူ
လွင့်ပျံနေဆဲပါပဲလေ။

အောင်ဝေး (၀၇-၀၆-၀၈)

(မူရင်း - RFA)

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၈)
အောင်ဝေး
စက်တင်ဘာ ၂၀၊ ၂၀၀၈

‘လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတင


ှဲ့က်သာ မနက်ဖြန်အတွက်ဖြစ်တယ်’
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်မှာ ဖြန့်ဝေတဲ့
ကဗျာစာအုပ်ထဲမှာ ကျနော် ဒီလိုရေးခဲ့တယ်။ဒီခရီးစဉ်ရဲ့ ပထမဆုံးဆိပ်ကမ်းဟာ ‘ထနီးရွာ’
ဖြစ်တယ်။ ထနီးရွာဟာ ဧရာဝတီတိုင်းထဲကို ၀င်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို
ဆီးပြီး အနှောင့်အယှက်ပေးဖို့ လုပ်ထားတဲ့ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်ရဲ့ ခံတပ်ပါပဲ။အခု
အဲဒီခံတပ် ကျိုးပေါက်သွားပြီ။ ကျနော်တို့ ရှေ့ဆက် ထိုးဖောက် ချီတက်ခဲ့ကြပြီ။

Polaris Burmese Library Collections 25


Building of Fifth United Burma
ဒုတိယဆိပ်ကမ်းက မအူပင်ပါ။ မအူပင်ကနေ ထနီးမှာ ရှေ့ပြေးလာကြိုတဲ့ မြို့နယ်စည်း
အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းမှာ နွေးနွေးထွေးထွေး
တွေ့ဆုံပါတယ်။ မြို့ခံတွေက သက်ဆိုင်ရာ မ၀တနဲ့ ညှိနှိုင်းပြီး သူတို့စီစဉ်ထားတဲ့
အစီအစဉ်တွေကို တင်ပြကြပါတယ်။

တိုးမြစ်ကြီးပေါ်မှာတော့ ခွပ်ဒေါင်းအလံတွေ တဝေေ၀နဲ့


မြတ်မေတ္တာသင်္ဘောကြီးက တရွေ့ရွေ့ ခုတ်မောင်းလာနေပါပြီ။ မြတ်မေတ္တာဟာ မြစ်ကို
ကွေ့လိုက်တာနဲ့ တပြိုင်နက် မြင်လိုက်ရတဲ့ မြင်ကင
ွ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို
ကြိုဆိုနေကြတဲ့ ကမ်းလုံးညွတ် ဧရာမ လူအုပ်ကြီးပါ။ ဆိပ်ခံတံတားပေါ်နဲ့
ကမ်းပါးတလျှောက်မှာ ဖွေးဖွေးလှုပ်နေတဲ့ လူထုကြီးကို ကြည့်ရင်း ကျနော်တို့
တဖွဲ့သားလုံး ရင်ခုန် လှုပ်ရှားသွားကြပါတယ်။ လူထုတွေ ရှေ့နောက် ၀ဲယာမှာ
ပြေးလွှားအော်ဟစ်နေတဲ့ လက်နက်ကိုင်စစ်သားတွေကိုလည်း မြင်နေရပါပြီ။

သင်္ဘောက မ၀တ ခွင့်ပြုထားတဲ့ ဆိပ်ခံတံတားဆီကို ချည်းကပ်လာပါတယ်။


ဒါပေမယ့် မ၀တက ကပ်ခင
ွ့်မပြုတော့ဘူးလို့ မြိုနယ်စည်းအဖွဲ့က အရေးပေါ်
သတင်းပို့လာပါတော့တယ်။သင်္ဘောဆလင်ကြီးအခန်းမှာ မအူပင် NLD
စည်းအဖဲဝ
ွ့ င်တွေနဲ့ ကျနော်တို့ တိုင်ပင်လိုက်ကြပြီး လွတ်လပ်ရေးကျောက်တိုင်ရှိရာ
ကမ်းစပ်မှာ သင်္ဘောဦးထိုးပြီး ဆိုက်မယ်ပေါ့။ သင်္ဘောကို ပြန်ကွေ့လိုက်တယ်။
လူထုကြီးဟာ တံတားပေါ်ကနေ လွတ်လပ်ရေးကျောက်တိုင်ရရ
ှိာ ကမ်းစပ်ဆီကို
ပြေးလာနေကြပါပြီ။ သင်္ဘောက ဆိပ်ခံတံတားမရှိတဲ့ ကမ်းစပ်မှာ ဦးထိုးပြီး
ဆိုက်ရမှာဆိုတော့ သင်္ဘောသားတွေလည်း အလုပ်ရှုပ်ကုန်ပါတယ်။ ဒါပေမယ့် သူတို့က
ပြုံးပြုံး ရွှင်ရွှင်နဲ့ တက်ကြွနေကြပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေလည်း လှုပ်လှုပ်ရရ
ွ
ဖြစ်နေကြပါပြီ။သင်္ဘောက ငြိမ့်ခနဲ ကမ်းကို ဦးနဲ့ တစောင်းထိုး ကပ်လိုက်ပါတယ်။
သင်္ဘောသားတွေက ကုန်းပေါင်ထိုးဖို့ လုပ်နေတုန်း ရှိပါသေးတယ်။
ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို
လွှားခနဲ ခုန်ဆင်း ချသွားပါပြီ။ ၇ ပေ၊ ၈ ပေ အမြင့်လောက်ရှိမယ့် နေရာက ၀ုန်းဆို
ခုန်ဆင်းသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်ကို သုံးရောင်ခြယ်လူငယ်တွေလည်း
အပြေး လိုက်ဆင်းကြရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ကမ်းပေါ်ရောက်တာနဲ့ တပြိုင်နက် မြို့လူထုကြီးက


အတင်းပြေးလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံနှုတ်ဆက်နေကြပါတော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုကြီးကို ကျေးဇူးတင် ပဋိသန္ဓာရစကား
ပြောပါတယ်။“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေ” လူအုပ်ကြီးဟာ ရေကာတာ ကျိုးပေါက်သွားသလိုပါပဲ။ စစ်တပ်က
ဘယ်လိုမှ ထိန်းလို့ မရတော့ပါဘူး။ကမ်းပေါ်ရောက်တာနဲ့ အရင်ဆုံး

Polaris Burmese Library Collections 26


Building of Fifth United Burma
ရွှေဘုန်းပွင့်ဘုရားဖူးဖို့ သွားပါတယ်။ လမ်းတလျှောက် လူထုက
ဒေါ်အောင်ဆန်းစုကြည်နောက်ကနေ တခဲနက် လိုက်ပါလာခဲ့ကြတယ်။ လမ်းမှာ
လက်နက်ကိုင်စစ်သားတွေ တကန့်ပြီးတကန့် အဟန့်အတားတွေ လုပ်ထားပါတယ်။
ဒါပေမယ့် စစ်သားလေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် အနားရောက်လာတာနဲ့ သူတို့
ဘေးဖယ် နောက်ဆုတ်ပေးလိုက်ကြပါတော့တယ်။

ဘုရားကို အေးအေးဆေးဆေး မဖူးရပါဘူး။ စစ်ဗိုလ်တယောက်နဲ့ စစ်သားတစုက


လူအုပ်ကြီးကို အတင်းအဓမ္မ လူစုခွဲဖို့ အမိန့်ပေးနေပါတော့တယ်။ လူထုကြီးက
အဲဒီစစ်ဗိုလ်ရဲ့ အမိန့်ကို မနာခံကြပါဘူး။ဘုရားက ပြန်ဆင်းလာပြီး NLD မြို့နယ်ရုံးကို
သွားတ့အ
ဲ ခါမှာတော့ လူထုအင်အားဟာ ပိုပြီး ကြီးလာပါတော့တယ်။
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံကလည်း ပိုပြီး
ကျယ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပြေးလွှားအော်ဟစ် ယောက်ယက်ခတ်နေတဲ့
စစ်ဗိုလ်နဲ့ စစ်သားတသိုက်ဆီက ကျယ်ကျယ်လောင်လောင် သေနတ်သံ လေးငါးချက်
ဆင့်ပြီး ထွက်ပေါ်လာပါတော့တယ်။ရုတ်တရက်ဆိုတော့ လူအုပ်ကြီးလည်း ခေတ္တ ခဏ
ငြိမသ
် က်သွားတာပေါ့။ ‘စစ်တပ်ဆိုတာ သေနတ်ကို ဘယ်တော့မှ
မိုးပေါ်ထောင်မဖောက်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်’

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်းအစက ဦးနေ၀င်း ပြောခဲ့တဲ့စကားပါ။


အခုဟာကတော့ မိုးပေါ် ထောင်ဖောက်လိုက်တာပါ။ ကြောက်ကြောက်နဲ့ ဖောက်လိုက်တဲ့
သေနတ်သံလို့ပဲ ယူဆရပါတယ်။သတ္တိရှိတဲ့ လူအုပ်ကြီးကတော့ ကြွေးကြော်သံတွေကို
ပြန်ပြီးကြွေးကြော်လိုက်ကြပါတယ်။စစ်သားတွေနောက်ဆုတ်သွားကြရပါပြီ။ရှစ်လေးလုံးအ
ရေးတော်ပုံတုန်းက ပြည်သူလူထုကြီးဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး တိုက်ခဲ့ကြတယ်။
စစ်တပ်က အာဏာသိမ်းသွားတ့အ
ဲ ခါမှာ ပါတီထောင်ပြီး ဆက်တိုက်ကြရတော့မယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ မပြီးဆုံးသေးဘူး။တော်လှန်တဲ့
အတွေးအခေါ်တရပ်မရှိဘဲနဲ့ တော်လှန်တဲ့အရေးတော်ပုံတရပ် မဖြစ်ပေါ်နိုင်ဘူး၊
တော်လှန်တဲ့ တပ်ဦးတခု မရှိဘဲနဲ့လည်း အရေးတော်ပုံ မအောင်မြင်နိုင်ဘူး။ ပါတီဟာ
တပ်ဦးဖြစ်တယ်။ ဒါကြောင့် ပါတီစည်းရုံးရေးဟာ အရေးပါတယ်။အဲဒီတုန်းက
န၀တကလည်း ဒီမိုကရေစီရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့
ကြေညာထားတယ်။

လက်ငင်းအချိန်မှာ ရွေးကောက်ပွဲ ဆိုတာထက် စစ်အာဏာရှစ်စနစ်ကို


ဆန့်ကျင်နေတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံး စည်းရုံး ညီညွတ်နေဖို့က
ပိုအရေးကြီးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က သိတယ်။ ဒါကြောင့်လည်း
ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်တွေ အလေးအနက်ထားပြီး
ထွက်နေတာပဲပေါ့။မအူပင်မြို့ဟာ ခေတ်အဆက်ဆက် ကဗျာဆရာတွေ ရေခံမြေခံ

Polaris Burmese Library Collections 27


Building of Fifth United Burma
ကောင်းခဲ့တဲ့ မြို့တမြို့ပါ။ မအူပင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က
သေနတ်သံ လေးငါးချက်နဲ့ ကဗျာဆန်သွားခဲ့ပြီပဲ မဟုတ်ပါလား။

အောင်ဝေး (၀၇-၁၄-၀၈)

(မူရင်း - Radio Free Asia, Burmese Service)

ခန်း (၉)
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်
အောင်ဝေး

စက်တင်ဘာ ၂၇၊ ၂၀၀၈

‘ညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍တည်းခို၏။ နံနက်ယံ၌ကား


သီချင်းဆိုရသောအခွင့်ရှိ၏။’ (ဆာလံကျမ်း)

မိုးမသောက် မှောင်မိုက်မပြေးမီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်။


မအူပင်ဆိပ်ကမ်းက ထွက်ခွာလာတဲ့ ‘မြတ်မေတ္တာ’သင်္ဘောကြီးပေါ်မှာ သုံးရောင်ခြယ်နဲ့
NLD လူငယ်တွေက ‘ဗိုလ်ချုပ်အောင်ဆန်း’သီချင်းကို သံပြိုင်သီဆိုလာကြပါတယ်။
သင်္ဘောဦးခန်းမှာ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားဝိုင်းဖွဲ့ခင
ွ့် ရခဲ့တယ်။
ကျနော် မှတ်မိသလောက် အန်ကယ်ဦးကြည်မောင်၊ ဗိုလ်ကြီးဝင်းထိန်၊ အဘဦးတင်ထွတ်
နဲ့ ကိုအောင်စောဦးတို့ ပါပါတယ်။ အဘဦးတင်ထွတ်က ၉၀ ရွေးကောက်ပွဲတုန်းက
အိမ်မဲမှာ အနိုင်ရခဲ့ပါတယ်။ အခုတော့ ပြည်ပမှာပါ။ ကိုအောင်စောဦးက
ရှစ်လေးလုံးတုန်းက ပုသိမ်မှာ စာရေးဆရာနေလင်း၊ ကဗျာဆရာ
မောင်အောင်ပင
ွ့်တို့နဲ့အတူ ဦးဆောင်ခသ
ဲူ့ပါ။ စက်တင်ဘာ စစ်တပ်က

Polaris Burmese Library Collections 28


Building of Fifth United Burma
အာဏာသိမ်းလိုက်တော့ သူ ရန်ကုန်ကို ရှောင်တိမ်းလာခဲ့ပြီး ကျနော်တို့အတူ NLD
ဌာနချုပ်မှာ စုစည်းမိကြတာပါ။ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့
ပတ်သက်တဲ့ သဘောထားကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ကြားနာခွင့် ရခဲ့ပါတယ်။

တပ်မတော်ဟာ ရန်သူမဟုတ်ဘူး။ တပ်မတော်ကို ကိုယ့်ကိုယ်ကျိုးစီးပွား၊


ကိုယ့်အာဏာ တည်မြဲဖို့အတွက် တလွဲ အသုံးချနေတ့၊ဲ မတရားတဲ့ အမိန့်တွေနဲ့
စိုးမိုးချယ်လှယ်နေတဲ့ စစ်အာဏာရှင် လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တွေကသာ ပြည်သူ့ရဲ့
ရန်သူ။ ဒီသဘောထား ကျနော့်မှာ အမြဲ ရှိခဲ့ပါတယ်။ ကိုအောင်စောဦးက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်အပေါ် အကောင်းမြင် မျှော်လင့်ချက်ကို သူ
နားလည် လက်ခံပါကြောင်း၊ သို့သော် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့
တပ်မတော်ဟာ ဗိုလ်နေ၀င်းလက်ထက်မှာ အဖတ်ဆည်မရအောင် ပျက်စီးသွားပြီဖြစ်လို့
ပြည်သူ့တပ်မတော်အဖြစ်နဲ့ တဖန် ပြန်လည်မျှော်လင့်လို့ ရနိုင်ပါဦးမလား ဆိုပြီး
ကိုအောင်စောဦးက သူ့သံသယကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာ ကျနော်
မှတ်မိနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်က ‘ပျက်စီးတယ်ဆိုတာ
ဖျက်ဆီးခံရလို့ဖြစ်တယ်’ ဆိုပြီး သူ ရွှေတိဂုံအနောက်မုခ်မိန့်ခွန်းမှာ ပြောခ့သ
ဲ လို
သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်တဲ့
ပြည်သူ့တပ်မတော်ကြီး ဖြစ်လာဖို့ သူယုံကြည်မျှော်လင့်ကြောင်း ထပ်လောင်း
ပြောခဲ့ပါတယ်။

တပ်မတော်ဟာ ရန်သူမဟုတ်ပါဘူး။ ဦးနေ၀င်းလို၊ သန်းရွှေလို


အာဏာရှင်တွေကသာ လူထုရန်သူပါ။ အခုအချိန်မှာ သန်းရွှေဟာ တပ်မတော်ကိုလည်း
ကျွန်ပြုထားတာပဲ မဟုတ်လား။ တပ်မတော်ကို သန်းရွှေကျွန်ဘ၀က လွတ်မြောက်အောင်
လုပ်ရမယ်။ ဘယ်သူလုပ်မလဲ။ ကျနော်တို့ ပြည်သူတွေကပဲ လုပ်ကြရလိမ့်မယ်။
အရေးကြီးတာက ကျနော်တို့ဟာ တပ်မတော်ကြီး သန်းရွှေကျွန်ဘ၀က
လွတ်မြောက်ရေးကို ကျနော်တို့ပြည်သူ့ဘ၀လွတ်မြောက်ရေးတိုက်ပွဲနဲ့
တချိန်တည်း၊တပြိုင်တည်း လက်တွဲ လုပ်ဆောင်သွားကြဖို့ပါပဲ။

၉၀ ရွေးကောက်ပွဲမှာ တပ်မတော်ဟာ တာဝန်ကျေခဲ့တယ်။


တပ်မတော်သားတွေဟာ NLD ကို တခဲနက် မဲပေးခဲ့တယ်ဆိုတာကို ဘယ်တော့မှ
မမေ့ကြပါနဲ့။ တချိန်ချိန်မှာ ပြည်သူတွေ ယုံကြည်မျှော်လင့် အားထားရတဲ့
‘သားသုံးသား’ပေါင်းစည်းရေး ဆိုတာ မလွဲမသွေ ဖြစ်ထွန်းအောင်မြင်လာရပါလိမ့်မယ်။

ကျနော်တို့ သင်္ဘောက ‘သံပုရာချောင်း’ဆိုတဲ့ ရွာမှာ ခေတ္တ ကပ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ကမ်းလုံးပြည့် ကြိုဆိုနေတဲ့ ရွာသူရွာသားတွေကို
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါတယ်။‘ပြည်သူလူထုကြီးအနေနဲ့
ဒီမိုကရေစီအမြန်ဆုံးလိုချင်တယ်၊ အပြည့်အ၀ ရချင်တယ်ဆိုရင်တော့ ကျမတို့
Polaris Burmese Library Collections 29
Building of Fifth United Burma
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးနဲ့ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ အပြည့်အဝ
လိုအပ်နေပါပြီ’ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည်
ကျန်းမာပါစေ။ သံပုရာချောင်းရွာလူထုကို နှုတ်ဆက်ပြီး ကျနော်တို့ ရှေ့ခရီး
ဆက်ခဲ့ပါတယ်။ ရှေ့မှာတော့ ရွှေလောင်းမြို့။ နေညိုလည်း သန်းစပြုလာပါပြီ။
နဒီမြစ်ရိုးမှာ ဆည်းဆာက တစတစ အုပ်မိုးလာနေပါပြီ။ သင်္ဘောဦးခန်းမှာ
စကားဝိုင်းပြန်ဆက်ကြပါတယ်။ အဘဦးတင်ထွတ်က တပ်မတော်နဲ့ ပတ်သက်တဲ့
သူ့အမြင်ကိုလည်း ချပြ ဆွေးနွေးခဲ့ပါတယ်။

အဘဦးတင်ထွတ်ဟာ တချိန်တုန်းက တကသခေါင်းဆောင်တယောက်ပါ။


နောင်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မော်ကွန်းထိန်း ဖြစ်လာပါတယ်။
ကိုအောင်စောဦးက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ကျောင်းသား။ ဦးတင်ထွတ်ရဲ့
တပည့်ပါ။ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းနဲ့ ကိုအောင်စောဦးတို့ ကျနော်တို့
ထောင်ထေ
ဲ ရာက်သွားကြတယ်။ ကျနော်က ပုသိမ်ကောလိပ်က ကျောင်းအုပ်ကြီး
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ တပည့် ဆိုပါတော့။နိုင်ငံရေးအချိုးအကွေ့တခုမှာ
မော်ကွန်းထိန်းနဲ့ ကျောင်းသား၊ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသား ဆိုပြီး ဘက်နှစ်ဘက်
ပဋိပက္ခ တစုံတရာ ရှိကောင်း ရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ်
နိုင်ငံရေးအချိုးအကွေ့တခုကို ရောက်တအ
ဲ့ ခါမှာတော့ ဒီ ဆရာတပည့်တွေဟာ
ဘက်တဘက်တည်းမှာ အတူတကွ စုစည်းမိသွားကြတာပဲ မဟုတ်လား။

အခုအချိန်မှာ အဘဦးတင်ထွတ်က NLD အမတ်။ ကိုအောင်စောဦးက NLD


(USA)။ ရှစ်လေးလုံးအရေးတော်ပုံတုန်းက ကျနော်က ဆရာဦးဝင်းတင်၊
ဆရာမောင်သော်က၊ ဆရာဦးဝင်းခက်တို့နဲ့အတူ စာရေးဆရာသမဂ္ဂမှာ
ဗဟိုကော်မတီတယောက်အနေနဲ့ လှုပ်ရှားနေတ့အ
ဲ ချိန်၊ ကျနော်တို့ရဲ့
ဆရာတက္ကသိုလ်ဘုန်းနိုင်က တက္ကသိုလ်ဆရာများသမဂ္ဂမှာ နာယကကြီးတဦးပါ။
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ရှစ်လေးလုံးတိုက်ပအ
ွဲ တွင်း ဖြန့်ဝေခဲ့တဲ့
လေးချိုးကဗျာကြီးဟာ အင်မတန် ထင်ရှား ပျံ့နှံ့ခဲ့ပါတယ်။ စစ်တပ်က
အာဏာသိမ်းလိုက်တဲ့ အချိန်မှာ ဆရာတက္ကသိုလ်ဘုန်းနိုင်
ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်အဖြစ်ကနေ ရပ်စခ
ဲံခရ
ဲ့ ပါတယ်။

ဆည်းဆာရီရီ၊ နေနီနီနဲ့ နဒီမြစ်ဝှမ်းဟာ လွမ်းစရာကောင်းနေပါတော့တယ်။


ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းပြတင်းဝမှာ ရပ်ပြီး ညအခါ မှောင်လာမယ့်
လေထုထဲကို စိုက်ငေးကြည့်နေပါတယ်။ ကျနော် ထင်ပါတယ်၊ ကျနော်တို့အစ်မလည်း
ပဉ္စမမြန်မာနိုင်ငံတော်သစ်ကို လွမ်းနေတော့မယ်ဆိုတာလေ။ကျနော်က အတိတ်ကို
ပြန်တွေးနေမိတအ
ဲ့ ချိန်မှာ ခွပ်ဒေါင်းအလံတွေ တဝေေ၀၊ ဒီမိုကရေစီတေးသံတွေ

Polaris Burmese Library Collections 30


Building of Fifth United Burma
တဝေေ၀နဲ့ မြတ်မေတ္တာသင်္ဘောကြီးက ရွှေလောင်းဆိပ်ကမ်းကို ၀င်လာနေပါပြီ။
ရွှေလောင်းပြီးရင် ... ကျုံမငေး။

(မူရင်း - Radio Free Asia, Burmese Service)

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၀)
၁၀)
အောင်ဝေး

အောက်တိုဘာ ၄၊ ၂၀၀၈

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

ကျနော်တို့သင်္ဘော ကျုံမငေးဆိပ်ကမ်းကို ၀င်လာပြီ ဆိုကတည်းက


ကျုံမငေးမြို့လူထုကြီးရဲ့ ကမ်းလုံးညွတ် ကြွေးကြော်နေတဲ့ အသံတွေကို ကျနော်တို့
ကြားလိုက်ကြရပါပြီ။ ကျုံမငေးကို ၀င်လာတ့အ
ဲ ချိန်ကတော့ မနက်ပိုင်းဖြစ်ပါတယ်။
ရွှေလောင်းဟာ ၀ါးခယ်မမြို့နယ်အပိုင်ပါ။ အခု ကျနော်တို့ရောက်လာတဲ့
ကျုံမငေးကလည်း ၀ါးခယ်မမြို့နယ်အပိုင်ပါပဲ။ကျနော်တို့သင်္ဘောပေါ်ကလည်း
ဒီမိုကရေစီတော်လှန်ရေးသီချင်းတွေ ဖွင့်ပြီး ဆိပ်ကမ်းကို ၀င်လာတာဆိုလေတော့

Polaris Burmese Library Collections 31


Building of Fifth United Burma
ကျုံမငေးမြို့ကြီးဟာ အဲဒီမနက်က သီချင်းသံတွေ၊ ကြွေးကြော်သံတွေနဲ့
ဖုံးအုပ်သွားပါတော့တယ်။ကျုံမငေးမြို့လူထုဟာ သင်္ဘောဆိပ်ဝဲယာ လမ်းနှစ်ဖက်
ပြည့်ညပ်တိုးကျိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြ
ကြိုဆိုနေကြပါတယ်။ ကျုံမငေးမြို့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းတွေ၊
ပန်းစည်းတွေ တပွေ့တပိုက်ကြီး လက်ဆောင်ပေးအပ်ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တဖက်က ပန်းစည်းတွေကိုပိုက်လို့၊ ကျန်တဖက်နဲ့
လူထုကို ဝှေ့ယမ်းနှုတ်ဆက်ပြီး လျှောက်လာပါတယ်။

ကျနော်နဲ့ ဗိုလ်ကြီးဝင်းထိန်တို့က ရှေ့ဆုံးကပါ။အစီအစဉ်အရ ပထမဆုံး


ကျုံမငေးစွယ်တော်ကို ဖူးကြဖို့ဖြစ်ပါတယ်။ စွယ်တော်တိုက်ကိုသွားတဲ့ လမ်းမပေါ်
ကျနော်တို့ တက်လိုက်ကြပါတယ်။ အဲဒီမှာ ...အဲဒီမှာပဲ ကျနော်တို့ရဲ့ ရှေ့မှာ ကြီးစွာသော
အဟန့်အတားတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တာပါပဲ။စစ်သားအယောက်
လေးငါးဆယ်လောက်ဟာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းလာတဲ့
လမ်းမအလယ်ကောင်မှာ မုဆိုးဒူးထောက်၊ သုံးလေးတန်းဆင့်ပြီး သေနတ်တွေနဲ့
ကျနော်တို့ကို ချိန်ရွယ်လို့ ထားပါတော့တယ်။ကျနော် ရှေ့ကိုလျှောက်သွားရင်း
အမိန့်ပေးနေတဲ့ စစ်သား ဆရာကြီးကို ဒေါ်အောင်ဆန်းစုကြည် စွယ်တော်ဘုရား
သွားဖူးမယ် ဆိုတအ
ဲ့ ကြောင်း တင်ပြပြီး လမ်းကြောင်း တောင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ စစ်သားဆရာကြီးက ‘ဟေ့လူ ခင်ဗျား ရှေ့တိုးမလာနဲ့၊ ဟေ့လူ လုံးဝ


ရှေ့တိုးမလာနဲ’့ ဆိုပြီး ကျနော့်ကို လှမ်းပြောပါတယ်။ ကျနော်လည်း ဟန်ကိုယ့်ဖို့ပဲ ဆိုပြီး
ရှေ့ကို နောက်ထပ် နှစ်လမ်းသုံးလမ်း တိုးလိုက်တဲ့အချိန်မှာတော့...‘ကျည်ထိုး၊
အသင့်ပြင်’ ဆိုတဲ့ အမိန့်သံနဲပအတူ သေနတ်မောင်းတွေ တဖြောင်းဖြောင်း
ဆွဲတင်လိုက်ကြတဲ့ အသံတွေ မြည်ဟိန်း ထွက်ပေါ်လာပါတော့တယ်။ရှေ့မှာ
တယောက်တည်း ကျွံထွက်နေတဲ့ ကျနော်လည်း ပထမတော့
နည်းနည်းကြောက်သွားပါတယ်။ နောက်တော့ ဣနြေ္ဒရရပဲ ကိုယ်ရှိန်သတ်လိုက်ပါတယ်။
အခုအမိန့်ပေးနေတ့သ
ဲူက လက်မောင်းမှာ နှစ်ရစ်နဲ့
တပ်ကြပ်အဆင့်ပါ။ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့ အားလုံး ရှေ့မတိုးဘဲ
နေရာမှာတင် ရပ်နေလိုက်ကြတယ်။ ကျနော် ဗိုလ်ကြီးဝင်းထိန်နဲ့ တိုင်ပင်ပါတယ်။
နေရောင်ကလည်း ကျည်ကျည်လောင်လောင် ပူပြင်းလာပါပြီ။ ကျနော်
ဒေါ်အောင်ဆန်းစုကြည်ကို အခြေအနေ တင်ပြလိုက်တယ်။ ‘အစ်မ ခဏလောက်
အရိပ်ထဲမှာ နားနေပါဦး’ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးအရွံ့ မရှိဘဲ ပကတိ ပြုံးရွှင်
ကြည်လင်နေတဲ့ မျက်နှာနဲ့ လမ်းတဖက်က ဘတ်စ်ကက်ဘောကွင်းရှိတဲ့
ကျောင်းလေးရှေ့က အုတ်ခုံမှာ သွားထိုင်နေပါတယ်။

အမိန့်ပေးအော်ဟစ်နေတဲ့ တပ်ကြပ်စစ်သားကြီးကို ကျနော်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့က

Polaris Burmese Library Collections 32


Building of Fifth United Burma
တာဝန်ရှိတဲ့ အထက်အရာရှိနဲ့ တွေ့ဆုံပြီး ဆွေးနွေးလိုကြောင်းပြောတ့အ
ဲ ခါမှာတော့
အဲဒီတပ်ကြပ်က ‘မလိုချင်ဘူး၊ ခင်ဗျားတို့ ထပ်ပြီး ရှေ့တိုးမလာပါနဲ’့ ဆိုပြီး သေနတ်တွေ
ကျည်ထိုး မောင်းထိုး ဖြောင်းဒိုင်း ဖြောင်းဒိုင်း လုပ်ပြန်ပါရောပဲ။

အဲဒီအချိန်မှာပဲ ကျနော်တို့နောက်ကနေ ဖုန်းဖုန်း ဖုန်းဖုန်းနဲ့ စစ်ဗိုလ်တယောက်


ဒရောသောပါး ပြေးလာပြီး သူ့လူတပ်ကြပ်ကို ‘ဆရာကြီး မလုပ်နဲ့၊ မလုပ်န’ဲ့ လို့
ဝင်တားပါတော့တယ်။

ဦးဝင်းထိန်

သူကတော့ ၀ါးခယ်မမြို့နယ် မ၀တ ဥက္ကဋ္ဌ ဗိုလ်မှူးခင်အောင်လို့ ထင်ပါတယ်။


ဗိုလ်မှူးခင်အောင်နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတ့အ
ဲ ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်
စွယ်တော်ဘုရားဖူးဖို့၊ NLD တိုက်နယ်ရုံးမှာ ဒီမိုကရေစီလူထုနဲ့ တွေ့ဆုံဖို့ကိစ္စတွေ အားလုံး
အဆင်ပြေလို့ သွားပါပြီ။စစ်တပ်က ကျနော်တို့အဖွဲ့ကို အထူး မေတ္တာရပ်ခံတာကတော့
မြို့လူထု အနေနဲ့ ဆူဆူပူပူ လုပ်ပြီး အကြမ်းမဖက်ဖို့ပါပဲ တဲ့။ မြို့လူထု အနေနဲ့ကတော့
ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ချစ်တဲ့စိတ်၊ ထောက်ခံတဲ့စိတ်နဲ့
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’လို့ ကြွေးကြော် ဆုတောင်း
မေတ္တာပို့သနေကြတာပါ။လူထုဟာ အကြမ်းဖက်သမားတွေ မဟုတ်ပါဘူး။

အဲဒီနေ့က ကျုံမငေးမှာ စစ်တပ်အခြံအရံနဲ့ စွယ်တော် ဖူးခ့ရ


ဲ တယ်။
စစ်တပ်အခြံအရံနဲ့ NLD ရုံးမှာ လူထုနဲ့ တွေ့ဆုံခရ
ဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည်
လူထုကို မိန့်ခွန်းပြောနေတဲ့ အချိန်မှာ စစ်သားတွေဟာ သေနတ်အောက်စိုက်ပြီး
နားစွင့်နေကြတာပဲ မဟုတ်လား။ကျနော်တို့ လပွတ္တာကို ရှေ့ခရီးဆက်ဖို့ သင်္ဘောဆိပ်ကို
ပြန်ဆင်းလာတဲ့ လမ်းမှာတော့ စစ်တပ်က ဘယ်လိုမှ ထိန်းလို့မရတော့တဲ့ လူအုပ်ကြီးကို
ဖြိုခွဲဖို့ ကျနော်တို့ကို ဟန့်တားခဲ့တဲ့ တပ်ကြပ်ကပဲ ကျနော့်ဘေးကနေ သေနတ်သံ
လေးငါးဆယ်ချက် မိုးပေါ်ထောင်ဖောက်လိုက်ပါတော့တယ်။

ဒါဟာလည်း လူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို

Polaris Burmese Library Collections 33


Building of Fifth United Burma
ကြောက်ကြောက်နဲ့ ဂုဏ်ပြုလိုက်တဲ့ သေနတ်သံတွေလို့ပဲ ကျနော်တို့အားလုံး
မှတ်ယူလိုက်ကြတယ်လေ။ကျုံမငေးမြို့သူ မြို့သားများ ကျန်းမာ ချမ်းသာ
ဘေးရန်ကင်းဝေးကြပါစေ။

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၁)
၁၁)
အောင်ဝေး
အောက်တိုဘာ ၁၁၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအနောက်ခြမ်း ခရီးစဉ်။ ၁၉၈၉ ဇန်နဝါရီ။


ဒီခရီးစဉ်မှာ ကျနော်တို့ ထနီး၊ မအူပင်၊ သံပရာချောင်း၊ ရွှေလောင်း၊ ကျုံမငေး စတဲ့ မြို့တွေ
ရွာတွေကို ဖြတ်လာခဲ့ကြပါပြီ။အမြို့မြို့၊ အရွာရွာ ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်ကို
တခဲနက် ကြိုဆိုနေကြတဲ့ ပြည်သူလူထုကြီးရဲ့ ခိုင်မာတဲ့အင်အားဟာ ရင်ခုန်တက်ကြွစရာ
ကောင်းသလို ကြည်နူး ချမ်းမြေ့စရာလည်း ကောင်းလှပါတယ်။ နေရာတိုင်းမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုကြီးဟာ ခွဲခြားလို့မရ၊ ဖြိုခွဲလို့မရ၊ တသားတည်း၊
တသွေးတည်း ဖြစ်နေတာကို တွေ့နေရတော့တာပါပဲ။ဒေါ်အောင်ဆန်းစုကြည်က လူထုကို
အပျော့ပြောင်းဆုံး အပြုံးနဲ့ နှုတ်ဆတ်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုံးဟာ
အသန်စွမ်း၊ အားမာန်အရှိဆုံး အပြုံးနေတယ်။ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု
သဘောတရားအရ ပျော့ပြောင်းခြင်းဟာ သန်စွမ်းခြင်းဖြစ်တယ်။ အပျော့ပျောင်းဆုံး
လေးကိုင်းဟာ အဝေးဆုံးရန်သူရဲ့ ရင်အုံကို တည့်တည့် ထိမှန်နိုင်တယ်။
ဒါပဲမဟုတ်လား။ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို စည်းကမ်းရှိဖို့၊ ညီညွတ်ဖို့
အမြဲပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ‘လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး
ရနိုင်လောက်တဲ့ စည်းကမ်းမျိုး ရှိမှဖြစ်မယ်။ လွတ်လပ်ရေး ရချင်ရင်၊
လွတ်လပ်ရေးကိုပေးနိုင်တဲ့ ညီညွတ်မှုမျိုး လိုအပ်တယ်’ လို့ အစဉ်ပြောဆိုခဲ့ဖူးတာပါ။

Polaris Burmese Library Collections 34


Building of Fifth United Burma
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ ပထမဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲက
‘စည်းကမ်းရှိ၊ ညီညွတ်ပြီး၊ အမှန်တရားနဲ့ ကိုကည
်ီတဲ့အင်အားမျိုးကို ကျမတို့
ထူထောင်ရမယ်’ ဆိုတဲ့စကားက ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ
ပြည်သူတွေကြားမှာ စိမ့်ဝင် ပျံ့နှံ့နေတဲ့အချိန်။ဒီအချိန်မှာ နဝတ စစ်အုပ်စုကလည်း ပါတီစုံ
ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမယ်လို့တော့
ကမ္ဘာသိကြေညာထားပါပြီ။အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့
ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူး ဆိုတာထက်၊ လက်ငင်းမှာ စက်တင်ဘာ စစ်တပ်က
အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်း၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်ကြွစွာ
ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအင်အားစုတွေ ပြိုကွဲ ပြန့်ကျဲမသွားအောင်၊ ဒီအင်အားတွေကို
စနစ်တကျ ပြန်လည်စုစည်းဖို့ ဒေါ်အောင်ဆန်းစုကြည် အခုလို လူထုစည်းရုံးရေး ခရီးတွေ
ထွက်နေတာ ဖြစ်တယ်လေ။ အဲဒီအချိန်အဒ
ဲီကာလ အဲဒီခရီးစဉ်မှာ ဖြန့်ဝေတဲ့
ကဗျာစာအုပ်ထဲမှာ ကျနော်က မဆလ တခေတ်မှာ၊ ရွတတ ဖြစ်သူတွေ၊
နေရစ်ခဲ့ကြတော့၊ ငြိမ်ပိတခေတ်မှာ၊ ငြိမ်ကြည့်ဖြစ်နေတဲသူတွေ၊ နေရစ်ခြဲ့ ကတော့၊
ရွေးကောက်ပဆ
ွဲိုတာလည်း၊ ခွေးခလောက်ဆသ
ွဲ လိုပါပဲ’ ဆိုပြီး ရေးခဲ့တဲ့ အချိန်ပါ။

‘ငြိမ်ပ’ိ ဆိုတာကတော့ အဲဒီအချိန်က နဝတ – နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု


တည်ဆောက်ရေးအဖွဲ့ ကို လူထုက ခေါ်တဲ့နာမည်ပါ။ ဒီကဗျာစာအုပ်က ဆရာဦးဝင်းတင်၊
ရုပ်ရှင်မင်းသားကြီး ဦးအောင်လင
ွ်တို့ထံ တင်ပြပြီး၊ အင်န်အယ်လ်ဒီ ဗဟို
အလုပ်အမှုဆောင်အဖွဲ့နဲ့ ပြန်ကြားရေးဌာနတို့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ဖြန့်ဝေခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီခရီးထွက်တဲ့အချိန်ဟာ နဝတ ရဲ့ ရွေးကောက်ပွဲက
ဘယ်နေမှန်းတောင် မသိသေးပါဘူး။ ဒါပေမဲ့ ဒီခရီးစဉ်မှာပဲ နောင် ၁၉၉ဝ ပြည့်နှစ်၊
မေလမှာ ဖြစ်လာခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လာစရာ ကိစ္စတခုကတော့
အဲဒီခရီးစဉ်မှာ မှတ်မှတ်ရရဖြစ်ခဲ့တာကို ကျနော်
ပြန်သတိရမိပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ကျုံမငေးမြို့မှာ စစ်တပ်က
သေနတ်သံ လေးငါးဆယ်ချက် ပစ်ဖောက် ဂုဏ်ပြုတာ ခံယူပြီး လပွတ္တာမြို့ကို
ခရီးဆက်ခဲ့ကြပါတယ်။ ကျနော်တို့ သင်္ဘောဟာ ပြာမလော့မြစ်ကြီးထဲကို ရောက်လာပါပြီ။
မြတ်မေတ္တာ သင်္ဘောဟာ ဘီတွတ် ဆိုတဲ့ရွာကြီးကို ဖြတ်ကျော်စ ပြုနေပါပြီ။

အဲဒီအချိန်မှာပဲ လပွတ္တာမြို့နယ် စည်းအဖွဲ့ဝင်တချို့နဲ့ ဘီတွတ်ရွာသူရွာသားတချို့


ပဲ့ထောင်နဲ့ ကျနော်တို့သင်္ဘောဆီကို အချက်ပြ ကပ်လာပြီး၊ ဘီတွတ်ရွာမှာ ခဏလောက်
ဆိုက်ကပ်ပေးဖို့ မေတ္တာရပ်ခံလာပါတယ်။

Polaris Burmese Library Collections 35


Building of Fifth United Burma

ဘီတွတ်ရွာ၊ လွတ်လပ်ရေးကျောက်တင်
ုိငေ
် ရှ့မှ ဒေါ်အောင်ဆန်းစုကြည်

ခရီးစဉ်ဆွဲထားတဲ့ လမ်းကြောင်းအရ ဘီတွတ်ရွာကို ဝင်ဖို့ အစီအစဉ် မပါပါဘူး။


ဒေါ်အောင်ဆန်းစုကြည်ကပဲ ‘ကျမလည်း ဘီတွတ်ရွာသူရွာသားတွေနဲ့ တွေချင်ပါတယ်’
ဆိုပြီး သင်္ဘောက ရွာဘက်ကို ပြန်လှည့်ကပ်လိုက်ပါတော့တယ်။ လပွတ္တာမြို့နယ်ထက

ဘီတွတ်၊ လှိုင်းဘုန်း၊ ကန်ဘဲ့၊ အလယ်ရေကျော် စတဲ့ ရွာကြီးတွေဟာ
ခေတ်မီတိုးတက်တဲ့ရွာတွေပါ။ ဒီမုိကေရစီတိုက္ပေ
ွဲ ခတ်မှာ ဒီရွာတွေဟာ
နောက်ကျမကျန်ရစ်ခဲ့ပါဘူး။

ဘီတွတ်ရွာသူရွာသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ


ကြိုဆိုကြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေဟာ
ပြာမလော့မြစ်ရိုးမှာ ဟိုးဟိုးညံသွားပါတော့တယ်။

Polaris Burmese Library Collections 36


Building of Fifth United Burma
အရေးပေါ် ဆိုက်ကပ်ရတဲ့ရွာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်လည်း လူထုကို
အရေးပေါ် မိန့်ခွန်း ပြောရပါတယ်။ လူထုက ရွာလယ် လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ
အရေးပေါ် စုဝေးလိုက်ကြတာပါ။ သုံးရောင်ခြယ်ကျောင်းသားတွေက နံဘေးမှာရှိတဲ့
ကြံရည်ဆိုင်က ခုံတလုံး ဆွဲယူလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခုံပေါ်တက်ပြီး
မိန့်ခွန်းပြောပါတယ်။ အက်(ဖ်)အမ် မိုက်နဲ့ ပြောတာဆိုတော့ သင်္ဘောပေါ်က ဧရာမ
ဆောင်းဘောက်(စ်)ကြီး ၄လုံးကလည်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို တရွာလုံး
အကုန်ကြားအောင် လိုက(် ဖ်) လွှင့်ထုတ်ပေးနေသလိုပါ။နေက
ခေါင်းအပေါ်တည့်တည့်မှာ ချစ်ချစ်တောက် ပူနေတဲ့အချိန်ပါ။
ဒေါ်အောင်ဆန်းစုကြည်ခမျာ အဆောင်းမပါ၊ အမိုးအကာ မရှိရှာပါဘူး။
ဒီအခိုက်အတန့်မှာပဲ ဗိုလ်ကြီးဝင်းထိန်က သူဆောင်းထားတဲ့ ‘ခမောက်’ အဲဒီ ခမောက်ကို
ချွတ်ပြီးဒေါ်အောင်ဆန်းစုကြည်ဆီကိုကမ်းပေးလိုက်ပါတော့တယ်။ဒေါ်အောင်ဆန်းစုကြ
ည်ကလည်း ခမောက်ကို လှမ်းယူပြီး တောသူ တောင်သားတွေလို ဟန်ကျပန်ကျ
ဆောင်းလိုက်ပါတော့တယ်။ လူထုဟာ သဘောကျလို့ မဆုံးတော့ပါဘူး။

နောင်တချိန် အင်န်အယ်လ်ဒီက နဝတရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့


အချိန်မှာ၊ ကဗျာဆရာကြီး ဦးတင်မိုး- ‘ပိတောက်နဲ့ငု နွေမှာလှိုင်တယ်၊ ခမောက်နဲ့စု
မေမှာနိုင်မယ်’လို့ ကဗျာရေးခဲ့သလို၊ အင်န်အယ်လ်ဒီ ရဲ့ ၁၉၉ဝ မေ ရွေးကောက်ပွဲဝင်
အမှတ်အသား အနေနဲ့ ခမောက်ပုံဖြစ်ခဲ့တာဟာ အဲ့ဒီတုန်းက ဘီတွတ်ရွာမှာ
ဒေါ်အောင်ဆန်းစုကြည် ခမောက်ဆောင်းပြီး မိန့်ခွန်း ပြောနေတဲ့ ဓာတ်ပုံတွေက
စခဲ့တာပဲလားဆိုတာ ကျနော် တွေးတောနေမိပါတော့တယ်။ ။

(မူရင်း - Radio Free Asia, Burmese Service )

Polaris Burmese Library Collections 37


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၂)
၁၂)
အောင်ဝေး
အောက်တိုဘာ ၁၈၊ ၂၀၀၈

‘ပဲဟင်းကို ရှုပ်ချင်သည်၊ နှုတ်ခမ်းမွှေးကို၊ အနုတ်ခဝ


ံ့ံ မခံဝံ့။ မှိုနှင့်မျှစ်ကို
နုတ်ချင်သည်၊ ကျဉ်တုတ်ခံဝံ မခံဝ’ံ

ကျည်းကန်ရှင်ကြီးနန္ဒဓဇရဲ့ မေတ္တာစာ တပိုဒ်ကို သတိရမိတဲ့အချိန်မှာပဲ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီခရီးစဉ်သင်္ဘောက လပွတ္တာမြို့ကို
ဝင်ရောက်လာနေခဲ့ပါပြီ။ ရွေးမြစ်ပေါ်မှာ နေနီ ရေသောက်ဆင်းလုလုအချိန်
ဆိုပါတော့။သင်္ဘောဦးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို ခေါ်ပြီး
တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အားလုံးကို ဒီမိုကရက်တစ်ဖြစ်ဖို့၊
ဒီမိုကရက်စိတ်ထားရှိဖို့ လမ်းညွန်ပါတယ်။ ဒီမိုကရက်ဖြစ်တယ်ဆိုတာ
လွယ်လွယ်ပြောရရင် ကိုယ်နဲ့မတူတာ၊ မတိုက်ဆိုင်တာတွေကို
နားလည်လက်ခံပေးနိုင်တာပါပဲ။ တနည်းဆိုရရင် ကျယ်ပြန့်စွာ မဟာမိတ်ပြုရတဲ့
သဘောပါ။ ၈၈- အရေးတော်ပုံအလွန်၊ ၈၉- တိန်အန်မင်အလွန်၊ ၉ဝ-ဂေါ်ဘာချက်အလွန်
ကမ္ဘာကြီးဟာ ဗဟုဝါဒခေတ်ပဲမဟုတ်လား။အန်ကယ်ဦးကြည်မောင်ကလည်း
ကျွန်တော်တို့ကို flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ မှာကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်မှာ ကျနော်တို့အားလုံး ရန်သူရဲ့
စက်သေနတ်ပြောင်းတွေကြားက သွားနေရတာဖြစ်တယ်။ ဒီတော့ ကျနော်တို့
ပျော့ပျောင်း ညင်သာဖို့ လိုတယ်၊ ညွှတ်နိုင်ကွေးနိုင်ဖို့လိုတယ်။ မြစ်ဝကျွန်းပေါ်က
မိုးမခပင်တွေက လေပြင်းတိုက်ရင်ညွှတ်ပြီး ကွေးခံတယ်။ ဘယ်တော့မှ အရှုံးမပေးဘူး၊
ကျိုးမသွားဘူး။ ဟော- လေလည်းအား ပျော့သွားရော သူက ပြန်မတ်ပြီး မုန်တိုင်းကို
ကြံ့ကြံ့ခံ စိန်ခေါ်နေပြန်တော့တာလေ။

ပြီးတော့ ကျနော်တို့ဟာ ရန်သူရဲ့ ဗျူဟာကြားမှာ ကိုယ့်သဘောထား၊


ကိုယ့်အမြင်ကို တရားသေ ကျောက်ချ ဆုပ်ကိုင်ထားလို့ မရဘူး။ အခြေအနေ
အချိန်အခါအရ ကျနော်တို့ဘက်က ဆုတ်သာ တက်သာ ရှိရမယ်၊ ရွှေ့လွယ် ပြောင်းလွယ်
ရှိရမယ်။ အဲဒါ flexible ဖြစ်ဖို့၊ mobile ဖြစ်ဖို့ အန်ကယ်လ်ဦးကြည်မောင်က
သူ့အတွေ့အကြုံထဲကနေ သင်ကြားပေးလိုက်တာပါ။သဘောတရားနဲ့လက်တွေ့၊
သင်ခန်းစာ ‘တစ်’ ဟာ လပွတ္တာမြို့အဝင်က စတော့တာပါပဲ။ကျနော်တို့ ‘မြတ်မေတ္တာ’
သင်္ဘောဟာ ဗိုလ်ချုပ်အောင်ဆန်းသီချင်း တို့ဗမာသီချင်း၊ နဂါးနီသီချင်း၊
သုံးရောင်ခြယ်သီချင်း၊ နိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်း စသည်ဖြင့် သီချင်းတွေ ဖွင့်ပြီး
မြို့တွေ ရွာတွေ ဆိပ်ကမ်းတွေကို ဝင်လာတတ်ပါတယ်။ ကျနော်တို့ သီချင်းနဲ့

Polaris Burmese Library Collections 38


Building of Fifth United Burma
ထိုးစစ်ဆင်တဲ့ သဘောပါပဲ။လပွတ္တာကို ရောက်တဲ့အခါမှာတော့ ကျနော်တို့ဟာ
တန်ပြန်ထိုးစစ်ကို ရင်ဆိုင်ရပါတော့တယ်။ လပွတ္တာမြို့ ရွေးမြစ်ကမ်းတလျှောက် နဝတရဲ့
လော်စပီကာ အလုံးပေါင်း တထောင်လောက်ဟာ စစ်ချီတေး၊ စစ်သည်တေးတွေ
ပြိုင်တူဖင
ွ့်ပြီး ကျနော်တို့ သီချင်းသံကို ဖုံးအုပ်ပစ်လိုက်တာပါပဲ။ကျနော်တို့ဘက်က
သီိချင်းသံပိတ်လိုက်ပြီး သင်္ဘောကို အသံတိတ် ကမ်းကပ်လိုက်ပါတယ်။ သေနင်္ဂဗျူဟာ
အနိုင်တိုက်နိုင်ဖို့ တခါတရံမှာ ဒီလိုပဲ နည်းပရိယာယ်ရေး အရှုံးပေးကောင်း
ပေးရတယ်မဟုတ်လား။သင်္ဘောဆိပ်မှာ ထိပ်ဆုံးက မှန်ပြောင်းတလက်နဲ့
ဟိုကြည့်ဒီကြည့်လုပ်ပြီး ကြိုဆိုနေသူကတော့ လပွတ္တတာမြိုနယ် မဝတ ဥက္ကဌ
ဗိုလ်မှူးခင်ရွှေ ကိုယ်တိုင်ပါပဲ။ ကျနော် သူနဲ့ ညှိနှိုင်းပြီး လမ်းကြောင်းတောင်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ‘အောင်တော်မ’ူ ဘုရားဖူးမယ်။ NLD ရုံးမှာလူထုနဲ့
တွေ့မယ်။ လူ့ဘောင်သစ်ပါတီရုံးကို သွားမယ်။ (ဒီခရီးစဉ်မှာ လူ့ဘောင်သစ် ဥက္ကဋ္ဌ
ကိုမိုးဟိန်းလည်း အတူ လိုက်ပါလာပါတယ်။)

အဲဒီနေ့က ကမ်းတလျှောက်မှာ လပွတ္တာမြို့လူထုက ဒေါ်အောင်ဆန်းစုကြည်ကို


ထွက်ပြီး ကြိုဆိုကြပါတယ်။ သို့သော် သူတို့ခမျာ အသံတိတ်ပဲ ကြိုဆိုခွင့်ရကြရှာပါတယ်။
စစ်တပ်က လပွတ္တာမြို့အနှံ့ တပ်စွဲ နေရာယူထားတာပါ။ ဒေါ်အောင်ဆန်းစုကြည်က သူရဲ့
တည်ကြည် လေးနက်ခိုင်မာတဲ့ အပြုံးနဲ့ လပွတ္တာမြို့သူ မြို့သားတွေကို ပြန်ပြီး
နှုတ်ဆက်အားပေးပါတယ်။ဘုရားပရိဝုဏ်ကို ရောက်တော့လည်း အဆင်တပြေပါပဲ။
NLDရုံးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့တွေဆုံပြီး မိန့်ခွန်းပြောတော့လည်း
အဆင်တပြေပါပဲ။နောင်တချိန် ၁၉၉ဝ မေလရွေးကောက်ပွဲမှာ အမတ်တွေဖြစ်လာကြတဲ့
လပွတ္တာမြို့နယ် အန်အယ်လ်ဒီစည်း အဖွဲက ဒေါက်တာအေးကြူနဲ့ ရှေ့နေကြီး
ဦးကြည်ဝင်း၊ ပြီးတော့ ဆရာမ ဒေါ်ခင်ဝိုင်းမော်၊ ဒါ့အပြင် လူ့ဘောင်သစ်ပါတီက
ကျောင်းသားရဲဘော်တွေဟာ စစ်တပ်က ပိတ်ဆို့ ဟန့်တားထားတဲ့ ကြားကပဲ
အစီအစဉ်တွေကို စနစ်တကျ အောင်အောင်မြင်မြင်
ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။တနည်းအားဖြင့် လပွတ္တာမြို့လူထုဟာ အသံတိတ်
ဆူညံပေးခဲ့ကြတာပဲ မဟုတ်လား။လူ့ဘောင်သစ်ပါတီရုံးကို ရောက်တဲ့အခါမှာတော့
အဖုအထစ်ကလေးတခု ဖြစ်ပွားခဲ့ပါတယ်။ အချိန်ကလည်း မိုးချုပ်စ ပြုနေပါပြီ။မဝတ
အတွင်းရေးမှူး ဗိုလ်ကြီးမင်းသူက ကျနော်တို့ ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပုသိမ်မြို့
NLDတိုင်းရုံးက လူငယ်ခေါင်းဆောင် ကိုသက်နိုင်ကို ဖမ်းဖို့ဆီးဖို့ အတင်းဝင်ကြမ်းလာတဲ့
ကိစ္စပါပဲ။ အကြောင်းတခုခု ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အခုလို
လမ်းခုလပ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ ကိုယ့်အဖွဲ့ဝင် တယောက်ကို
လက်လွှတ်ဆုံးရှုံးမခံနိုင်ပါဘူး။ ဒီတော့ ဗိုလ်ကြီးမင်းသူကို သူကျေနပ်တဲ့အထိ ကျနော်တို့
ဝိုင်းပြီး တောင်းပန်လိုက်ကြပါတယ်။ဖြစ်ချင်တော့လည်း နောင် ၁၉၈၉ ဇူလိုင်လ
အာဇာနည်နေ့အရေးအခင်းနဲ့ ကျနော် ပုသိမ်ထောင်ထဲ ပြန်ရောက်ပြီး၊ လက်ပါးတိုက်မှာ
တယောက်တည်း အပိတ်ခံထားရတဲ့အချိန်၊ ဗိုလ်ကြီးမင်းသူကို
Polaris Burmese Library Collections 39
Building of Fifth United Burma
အကျဉ်းသားတယောက်အဖြစ်နဲ့ ထောင်ဆေးရုံမှာ ကျနော်
ပြန်ဆုံတွေ့လိုက်ရတာပါပဲ။လပွတ္တာမှာတုန်းက ကျနော် သူ့ကိုတောင်းပန်ခဲ့တယ်။ အခု
ပုသိမ်ထောင်ထဲမှာ သူက ကျနော့်ကို ပြန်ပြီးတောင်းပန်နေပါတယ်။ ကျနော်
သူ့ကိုခင
ွ့်လွှတ်ကြောင်း ပြောခဲ့ပါတယ်။ သူတို့ ကျနော်တို့ဟာ ရန်သူတွေမှ
မဟုတ်ကြတာပဲ။တပ်မတော်သားတွေ ဗိုလ်မှူးချုပ်ကျော်ဇော တိုက်တွန်းသလို
‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ မဟုတ်ဘဲ ‘ ပြည်သူသာအမိ ၊
ပြည်သူသာအဖ’ လို့ အပြည့် အ၀ နှလုံးသွင်းနိုင်တဲ့နေ့ဟာ ကျနော်တို့
ဒီမိုကရေစီတော်လှန်ရေး အောင်ပခ
ွဲံတဲ့ နေ့ပါပဲ။ရွေးမြစ်ကြီးကတော့ တသွင်သင
ွ်
စီးဆင်းနေတုန်းပါ။ရွေးမြစ်ကမ်းမှာ ၁၉၈၉ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို
စစ်တပ် သေနတ်ပြောင်းတွေ ကြားကနေ မကြောက်မရွံ့ ကြိုဆိုခဲ့တဲ့ လပွတ္တာ၊ ပြီးခဲ့တဲ့
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးတုန်းက ရန်ကုန်ကို
လူထုစစ်ကြောင်းချီဖို့ ကြိုးပမ်းခဲ့တဲ့ လပွတ္တာ၊ အခုအချိန်မှာတော့ နာဂစ်မုန်တိုင်းဘေး၊
နာဂစ်ထက်ဆိုးတဲ့ သန်းရွှေမုန်တိုင်း ဘေးတွေကြောင့် ဒုက္ခပင်လယ်ဝေနေရတဲ့ လပွတ္တာ၊
ဒီလပွတ္တာဟာ ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းကလို ကျဉ်တုတ်ခံဝံ့တဲ့ သတ္တိနဲ့ အသံတိတ်
ဆူညံပေးနေဦးမှာပဲ မဟုတ်ပါလား။ ။(မူရင်း - Radio Free Asia, Burmese Service )

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း(၁၃)
အောင်ဝေး
အောက်တိုဘာ ၂၅၊ ၂၀၀၈

(Photo - Aung Way & His Son at White Rainbow Poetry Reading Ceremony, 6th
May 2006)

ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့၊ လေသံမြားသံတွေ စဲစပြုတဲ့အခါ၊

Polaris Burmese Library Collections 40


Building of Fifth United Burma
မြန်မာ့လွတ်လပ်ရေးကို အရယူပေးဖို့ ‘ဖဆပလ’ အဖွဲ့ကြီး ပေါ်ထွန်းလာခဲ့တယ်။ အဲ့ဒီတုန်းက
‘ဖဆပလ’ အဖွဲ့ကြီးလောက် စည်းလုံး ညီညွတ်ပြီး ရန်သူက ခန့်ညားရတဲ့ အင်အားမျိုးဟာ
ကမ္ဘာမှာတောင် ရှိခဲ့မယ် မထင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ ‘ဖဆပလ’ အဖွဲ့ကြီးဟာ
ပထမ လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်ခဲ့တယ်။ ပထမလွတ်လပ်ရေးအောင်ပက
ွဲို အရ
ယူပေးခဲ့ကြတယ်။အခုဒုတိယလွတ်လပ်ရေးတိုက်ပေ
ွဲ ခတ်။ပထမလွတ်လပ်ရေးတိုက်ပွဲတုန်းက
ကျနော်တို့ဟာ နယ်ချဲ့ဝါဒနဲ့ ဖက်ဆစ်စနစ်တွေရဲ့ တိုင်းတပါးက ကျွန်ပြုတာကို ရင်ဆိုင်
အန်တုခဲ့ကြတယ်။ အခု ဒုတိယလွတ်လပ်ရေးတိုက်ပွဲမှာတော့ ကျနော်တို့ဟာ
ကိုယ့်အမျိုးသားအချင်းချင်း စစ်အာဏာရှင်စနစ်ရဲ့ ကျွန်ပြုမှုကို ရင်ဆိုင် အန်တုနေရတာပဲ
မဟုတ်လား။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ ကမ္ဘာကို တုန်ဟည်းသွားစေခဲ့တဲ့ သမိုင်းဝင်
အန်တုမှုကြီးပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးတဲ့အချိန်မှာ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် (NLD) ပေါ်ထွန်းလာခဲ့ပါတယ်။ NLDဟာ ဒုတိယ လွတ်လပ်ရေးတိုက်ပေ
ွဲ ခတ်ရဲ့
‘ဖဆပလ’ အဖွဲ့ကြီး ဖြစ်စေရမယ်ဆိုတဲ့ ပိုင်းဖြတ်မှုနဲ့ ရဟန်းရှင်လူ
ကျောင်းသားပြည်သူအပေါင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ NLD
အဖွဲ့ချုပ်ကြီးရဲ့ ခွပ်ဒေါင်းအလံတော်အောက်မှာ တခဲနက် စည်းရုံး စုစည်းမိလာကြပါတယ်။

လူထုဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ချုပ်ကြီးအပေါ်မှာ သူတို့ရဲ့ အနာဂတ်


လွတ်မြောက်ရေးကို ပံအ
ု ပ်ထားကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လူထုက
ဘယ်လောက် ချစ်သလဲ၊ တိုင်းပြည်က ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာ၊ အခု
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ ကျနော်တို့ မျက်ဝါးထင်ထင်
တွေ့မြင်ခဲ့ကြရပါပြီ။ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောကြီးက ရွေးမြစ်ရဲ့ ညအမှောင်ထဲမှာ
တရွေ့ရွေ့ ခုတ်မောင်းလာနေပါတယ်။ လပွတ္တာမြို့ကြီးကတော့ ညအမှောင်အောက်မှာ
အသံတိတ် ဆူညံပြီး ကျန်ရစ်ခဲ့ပြီ။ အခု ကျနော်တို့ ဦးတည်နေတဲ့ ဆိပ်ကမ်းက ဝါးခယ်မ။

လမိုက်ညလား၊ လသာညလား ဆိုတာ မသေချာပေမဲ့၊ ရွေးမြစ်ကြီးရဲ့


ညကောင်းကင်ယံမှာ ကြယ်တွေ လက်နေခဲ့တယ် ဆိုတာတော့ သေချာတယ်။
ဘာဖြစ်လို့လဆ
ဲိုတော့ ဗိုလ်ကြီးဝင်းထိန်ဆီက သူတို့စစ်သားတွေရဲ့ ရှေ့တန်းစစ်မြေပြင်
အတွေ့အကြုံနဲ့ ယှဉ်တဲ့ ‘လမိုက်ညမှာမှ ကြယ်တွေရဲ့ အလှကို မြင်ခင
ွ့်ရတာပါ။
အရုဏ်တက်ခါနီးအချိန်ဟာ အမှောင်တကာ့ အမှောင်ဆုံးအချိန်ပ’ဲ ဆိုတဲ့ စကားတွေ
ကျနော်တို့ ကြားနာခဲ့ရလို့ပါပဲ။ ရွေးမြစ်ကြီးကို ဖြတ်သန်းနေစဉ်မှာပဲ ကျနော်
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကိုအောင်စောဦး တို့ရဲ့ ၁၉၈ဝ ပြည့်နှစ်တ၀ိုက်က
မြစ်ဝကျွန်းပေါ်မှာ မြေအောက်တော်လှန်ရေးလုပ်ခဲ့တ၊ဲ့ ထောင်ထေ
ဲ ရာက်ခဲ့တဲ့
အတွေ့အကြုံတွေကို ပြောပြခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က
ကျနော်ပြောပြတာတွေကို နားထောင်ပြီးတ့အ
ဲ ခါ မေးခွန်းတခု မေးပါတယ်။ ‘မဆလ
စစ်အစိုးရ အပေါ် နာကြည်းတဲ့စိတ်၊ ဂလဲ့စားချေချင်တဲ့စိတ်တွေ ရှိနေသလား’ တဲ့။ ကျနော်
ရှိနေတဲ့အကြောင်း ရိုးရိုးသားသားပဲ ဝန်ခံလိုက်ပါတယ်။ အဲဒီအခါမှာ

Polaris Burmese Library Collections 41


Building of Fifth United Burma
ဒေါ်အောင်ဆန်းစုကြည်က ‘ခံရတဲ့သူတွေအဖို့ ဒီလိုရှိမယ်ဆိုတာ သူနားလည်ပါတယ်’ တဲ့၊
‘ဒါပေမဲ့ တော်လှန်ရေးလုပ်တယ် ဆိုတာ နာကြည်းမှုနဲ့ လုပ်ရတာ မဟုတ်ဘူး။
တော်လှန်ရေးကို ဂလဲ့စားချေလိုတဲ့စိတ်နဲ့ မလုပ်ရဘူး။ တော်လှန်ရေးဆိုတာ
ယုံကြည်ချက်နဲ့ပဲ ရဲရရ
ဲ င့်ရင့်လုပ်ရမယ်’ ဆိုတဲ့ အကြောင်း သင်ကြားခဲ့ပါတယ်။ ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်က အလွန်ရေးကြီးတဲ့ စကားတခွန်းကိုလည်း အဲဒီမှာ
ပြောခဲ့ပါသေးတယ်။ အဲဒါကတော့ ‘တော်လှန်ရေးလုပ်ရင် ပြီးဆုံးအောင်လုပ်ရတယ်’
ဆိုတဲ့စကားပါပဲ။ဒီရွေးမြစ်ကြီးပေါ်မှာ လွတ်လပ်ရေးကြိုးပမ်းစဉ်တုန်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်း စုန်ဆန်ခဲ့ဖူးတယ်။ ပြင်ရွာဆိုတဲ့ ဆိပ်ကမ်းက
သခင်မကြီးဒေါ်သန်းဟာ နို့စို့အရွယ် သမီးငယ်လေးကို ထားခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး
နိုင်ငံရေးတရားဟောဖို့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းနဲ့အတူ လိုက်ပါသွားခဲ့ဖူးတယ်။

ကာကြန်၊ ရွှေပြန်သာ၊ လူဒေါ်၊ ပကိတ်၊ ကွမ်းခြံ စတဲ့ ရွေးမြစ်ကမ်းက ရွာတွေ


အိပ်မောကျ ကျန်ရစ်ခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်ရဲ့ သောကနဲ့ အိပ်မပျော်နိုင်သေးပါဘူး။ အစ်မ
ဘာတွေ တွေးတောနေမလဲဆိုတာ ကျနော်သိပါတယ်။ ‘တော်လှန်ရေးလုပ်ရင်
ပြီးဆုံးအောင်လုပ်ရမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ နာကြည်းမှုနဲ့လုပ်ရတာမဟုတ်ဘူး။
တော်လှနေ
် ရးကို ဂလဲ့စားချေလိုတဲ့စိတ်နဲ့ မလုပ်ရဘူး၊ တော်လှန်ရေးဆိုတာ ယုံကြည်ချက်နဲ့ပဲ
ရဲရရ
ဲ င့်ရင့် လုပ်ရမယ်’ ။ သင်္ဘောက ဝါးခယ်မ ရေရိပ်ကို ချင်းနင်းလာပါပြီ။ အတွတ်နဲ့ မွှေးတို့
အတူတကွ သော်က ဘုရားရှေ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်နေတယ်လို့
ကျနော်ခံစားလိုက်ရပါတယ်။မဆလ၊ န၀တ စစ်အာဏာရှင်စနစ်နဲ့ရောပြီး ပိုခက်ထန်၊ ပို
မှောင်မိုက်နေတဲ့ညကို ထိုးဖောက်ဖို့ ကျနော်တို့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ အရုဏ်ဦးကို
စိတ်ရှည်ရှည် စောင့်ဆိုင်းကြရတော့တယ်။ အရုဏ်ဦးလို့ နေ့သစ်ကူးပြီးဆိုရင်တော့ ဝါးခယ်မ
ကမ်းတက်တိုက်ပွဲ ဆင်နွှဲကြဖို့ပါပဲ။

Polaris Burmese Library Collections 42


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၄)
၁၄)
အောင်ဝေး
နုဝ
ိ င်ဘာ ၁၊ ၂၀၀၈

ဘယ်ခေတ်မှာမဆို မဆလ ခေတ်ပဲဖြစ်ဖြစ်၊ နဝတ ခေတ်ပဲဖြစ်ဖြစ်၊ အခုလက်ရှိ


နအဖ ခေတ်မှာပဲဖြစ်ဖြစ်၊ ဘယ်ခေတ်ဖြစ်ပစေ၊ မြစ်ဝကျွန်းပေါ်တိုင်းဟာ သမိုင်းအရ
အမြဲအရေးပါတယ်။ဒီလိုအရေးပါတဲ့နေရာ၊ သေနင်္ဂဗျူဟာကျတဲ့နေရာကို မဆလ- နဝတ
စစ်ပဒေသရာဇ် အဆက်ဆက်က အခိုင်အမာ စိုးမိုးနေရာယူထားကြတယ်။ မဆလ
စစ်တပ်က ထွန်းလင်းယုန်၊ ရွှေလင်းယုန်၊ မိုးဟိန်း စတဲ့ စစ်ဆင်ရေးတွေနဲ့ ပြည်သူ့
ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းခဲ့တယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံရေးစစ်ပေ
ွဲ တွထဲက သိလ်လာတိုက်ပ၊ွဲ
ငွေသောင်ယံတိုက်ပွဲတို့ဟာ ထင်ရှားခဲ့တာပေါ့။ နောက်ပိုင်းမှာလည်း ထောင်ပိုင်
စစ်ဆင်ရေးဆိုပြီး မဆလ ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပဲေ
ွ တွ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီလို သေနင်္ဂဗျူဟာကျတဲ့ မြစ်ဝကျွန်းပေါ်တိုင်း၊ တနည်းအားဖြင့်


ဧရာဝတီတိုင်းဟာလည်းရှစ်လေးလုံးအရေးတော်ပုံကြီးထဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့
အတူ လှိုင်းထခဲ့တာပဲပေါ့။စစ်ဌာနချုပ်အနေနဲ့ ‘နတခ’ ဧရိယာလို့ သတ်မှတ်ထားတဲ့
ဧရာဝတီတိုင်းမှာ ရှစ်ဆယ့်ရှစ်အလွန်ကာလ တိုင်းမှုးက ဗိုလ်ချုပ်မြင့်အောင်ပါ။
ဗိုလ်ချုပ်မြင့်အောင်ဟာ ‘တခြားနေရာတွေမှာ ဒီမိုကရေစီတောင်းလို့ ရချင်ရမယ်၊

Polaris Burmese Library Collections 43


Building of Fifth United Burma
ကျုပ်နယ်မြေမှာတော့ ဘယ်တော့မှ ဒီမိုကရေစီ မရစေရဘူး’ လို့ ကြွေးကြော်ထားတဲ့
စစ်ပဒေသရာဇ်တဦးပါ။အဲဒီစစ်ဗိုလ်ချုပ်နဲ့ ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်ရတာဟာ အခု
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီးစဉ်ကျမှ မဟုတ်ပါဘူး။ ဒီ့အရင်
ဒေါက်တာသက်မင်းနဲ့ ကျနော် ဧရာဝတီတိုင်းကို စည်းရုံးရေး စ ဆင်းကြပြီ
ဆိုကတည်းကပါပဲ။ကျနော်တို့ စည်းရုံးရေး မဆင်းခင် NLD ဌာနချုပ်မှာ
ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းစည်းတွေကို ခေါ်တွေ့ပြီး သြဝါဒပေးပါတယ်။
တိုင်းစည်းထဲမှာ မြန်မာ့အလင်း သတင်းစာ အယ်ဒီတာဟောင်း ဦးမြရှိန်တို့၊
ဆရာဗန်းမော်တင်အောင်သား ကိုဗဟိန်းအောင်တို့လည်း ပါပါတယ်။ လူထုကြားကို
စည်းရုံးရေးဆင်းတဲ့နေရာမှာ စစ်တပ်နဲ့ မလွဲမသွေ ရင်ဆိုင်ကြရမှာပဲ။ အဲဒီအခါမှာ
ကိုယ့်ဘက်က ညင်သာပျော့ပျောင်းဖို့၊ နည်းပရိယာယ်ကြွယ်ဝဖို့၊
သဘောထားကြီးဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားပါတယ်။

ပုသိမ်ဟာ တိုင်းမြို့ဆိုတာ၊ ပုသိမ်မှာ ‘တဝတ’ ဥက္ကဌ တိုင်းမှူးမြင့်အောင်နဲ့


ထိပ်တိုက် တွေ့ရတော့တာပါပဲ။ သူ့အောက်က ‘တဝတ’ အတွင်းရေးမှူး
ဒုတိယဗိုလ်မှူးကြီးမောင်ညိုနဲ့ ဆက်ဆံရတာ အဆင်ပြေသလောက်၊
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်နဲ့ တွေ့ရင်တော့ တခုမဟုတ်တခု အမြဲ
ပြဿနာလုပ်နေတော့တာပါပဲ။အဲဒီလို ဖိအားတွေများလွန်းတဲ့နေရာကို
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်လာတာပါ။ အမျိုးမျိုး ပိတ်ဆို့ ဟန့်တားထားတဲ့
ကြားကပဲ၊ ဟော - အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါးခယ်မမြို့ကို
ရောက်လာခဲ့ပါပြီ။

ဝါးခယ်မဟာ ဘကြီးနုရဲ့ မြို့။ ဝါးခယ်မဟာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊


ဖက်ဆစ်တော်လှန်ရေးတွေတုန်းက အစဉ်အလာ ကြီးမားခဲ့တဲ့မြို့။ ဝါးခယ်မ
သခင်သိန်းဖေ၊ ဝါးခယ်မ သခင်သိန်းမောင် စတဲ့ မျိုးချစ် သခင်ဟောင်းကြီးတွေ
အလံမလှဲတဲ့မြို့။ အဲဒီမြို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ
ကြိုဆိုပါတယ်။ဝါးခယ်မမှာ ကျနော်တို့ ပြန်ရင်ဆိုင်ရတဲ့ တတပ်ကတော့
ကျုံမငေးမှာတုန်းက ကျနော်တို့တွေခဲ့ရတပ်ပါပဲ။ ဒီစစ်တပ်ကို မြင်တော့
ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို အခုလို မေးပါတယ်။ ‘ကျုံမငေးမှာတုန်းက
စစ်တပ်က ကျည်ထိုး အသင့်ပြင် ဆိုပြီး သေနတ်နဲ့ ပစ်မလို့လုပ်တဲ့ အချိန်မှာ
ကြောက်မသွားဘူးလား’ တဲ့။ ကျနော် အမှန်အတိုင်း ပထမတော့ ကြောက်သွားမိကြောင်း
ဝန်ခံဖြေလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ‘သူသူကိုယ်ကိုယ် ကြောက်စရာတွေ့ရင်တော့


ကြောက်မိမှာပါပဲ တဲ့။ ဒါပေမဲ့ ကျမတို့ဟာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကိုတော့
ကြောက်ကြောက်နဲ့ပဲ ရှေ့ဆက်ပြီး ပြီးဆုံးအောင် လုပ်သွားရမှာပဲ တဲ့။ လူမှာကြောက်စရာ

Polaris Burmese Library Collections 44


Building of Fifth United Burma
အကောင်းဆုံးက ကြောက်စိတ်ပဲ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဝါးခယ်မ
လူထုရှေ့မှောက်မှာ ပြောကြားခဲ့တာပါ။

ဝါးခယ်မမှာတော့ စစ်တပ်က သိပ်ပြီး ဆိုးဆိုးရွားရွား အနှောင့် အယှက် အဟန့်


အတား မလုပ်ခဲ့ပါဘူး။

အဲဒီအချိန်က ရှစ်လေးလုံး အရေးတော်ပုံတုန်းက ဝါးခယ်မမှာ ခေါင်းဆောင်ခဲ့တဲ့


လူငယ်တွေကို စစ်တပ်က ဖမ်းပြီး မြောင်းမြထောင်ထဲ ထည့်ထားတဲ့အချိန်ပါ။

ဝါးခယ်မမြို့နယ် NLD စည်း တာဝန်ယူထားကြတဲ့ လူငယ်တွေနဲ့ သီးသန့်


တွေ့ဆုံရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဆစ်တော်လှန်ရေးကြီးပြီးလို့
‘ဖဆပလ’ ကို တည်ထောင်တဲ့အချိန်မှာ လူငယ်တယောက်ဖြစ်တဲ့ သူ့ဖခင်
ဗိုလ်ချုပ်အောင်ဆန်း အနီးမှာ တည့်မတ် ထိန်းကျောင်းပေးနိုင်တဲ့ လူကြီးတယောက်
မဖြစ်မနေ လိုအပ်နေတယ်။ ဒါကြောင့် ဝါးခယ်မကို ပြန်ရောက်နေတဲ့ ဘကြီးနုကို
ကျုံမငေး သခင် တင်မောင်တို့က အမြန် သွားခေါ်လာခဲ့ရတယ် လို့ စာရေးဆရာမကြီး
ဒေါ်ခင်နှင်းယုရေးထားတာ သူဖတ်ဖူးတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

လူငယ်တွေက လူကြီးတွေကို လေးစား အသိမှတ်ပြုမယ်၊ လူကြီးတွေ


ဘက်ကလည်း လူငယ်တွေအပေါ် နားလည်လက်ခံပေးမယ်ဆိုရင် လူကြီးနဲ့လူငယ်ဟာ
ဘာပြဿနာမှ ဖြစ်စရာအကြောင်း မရှိပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က
သင်ကြားခဲ့တာပါ။အဲဒီနေ့ကတော့ ဝါးခယ်မဟာ ပင်နီရောင်တောက်ပတဲ့
နေ့တနေ့ပါပဲ။ဝါးခယ်မက မခွာခင် ဘကြီးနုနဲ့ ဒေါ်ခင်နှင်းယုတို့ မောင်နှမတွေ
နေထိုင်ခဲ့တယ်ဆိုတဲ့ ဘုရားကြီးနားက ပျဉ်ထောင်အိမ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်
သွားကြည့်ပါတယ်။ ကျနော်တို့အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်တူ ဇာတိမာန်
အိမ်လွမ်းစိတ်ကို ခံစားလိုက်ကြရပါတယ်။

အင်္ဂလိပ်သမိုင်း ပညာရှင်ကြီး ‘ဂစ်ဘွန်း’ က တော့ အခုလို ဆိုခဲ့ဖူးပါတယ်။


‘အိမ်လွမ်းစိတ်ဟာ သမိုင်းနဲ့ ကဗျာကို မွေးဖွားပေးနိုင်တယ်’ တဲ့။

ဝါးခယ်မကနေ မြောင်းမြကို ထွက်ခွာလာတဲ့လမ်းမှာတော့၊ ရွေးမြစ်ကမ်းနဖူးပေါ်က


ရွှေဝါရောင်မှည့်ဝင်းနေတဲ့ လယ်ကင
ွ်းတွေထဲမှာ ကောက်ဦးရိတ်နေတဲ့
လယ်သမားကြီးတွေ၊ လယ်သူမကြီးတွေနဲ့ သင်္ဘောပေါ်က ဒေါ်အောင်ဆန်းစုကြည်တို့
အပြန်ပြန်အလှန်လှန် လက်ပြနှုတ်ဆက်နေတာကို တွေ့လိုက်ကြရပါတယ်။လူထုကို
ချစ်တဲ့သူအပေါ်မှာ လူထုက ပြန်ချစ်တာဟာ ယဉ်ကျေးတဲ့
အမှန်တရားတရပ်ပဲမဟုတ်ပါလား။ ။

( မူရင်း - Radio Free Asia )


Polaris Burmese Library Collections 45
Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၅)
၁၅)
အောင်ဝေး
နုဝ
ိ င်ဘာ ၈၊ ၂၀၀၈

‘ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊


သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏။’

ကိုလိုနီခေတ်ဦးတုန်းက ဆီးဘန်နီဆရာတော်ကြီး ရေးခဲ့တဲ့ ကဗျာပါ။ ကျနော်တို့


ဧရာဝတီခရီးစဉ်သင်္ဘော မြောင်းမြကို ၀င်လာတ့အ
ဲ ချိန်မှာတော့ ကျနော်
ဟံသာဝတီခေတ်က မြောင်းမြ သူရေ
ဲ ကာင်း ဗျည်းနွဲ့ရဲ့ စကားတွေကို
ပြန်ကြားယောင်နေမိပါတယ်။ ဗျည်းနွဲ့ဆိုတာ မွန်ဘုရင် ဗညားနွဲ့လို့လည်း ခေါ်တဲ့
ရာဇဓိရာဇ်နဲ့ ဆင်စီးချင်းထိုးခဲ့တသ
ဲူ့ပါ။ အဲဒီပွဲမှာ ဗျည်းနွဲ့ ရှုံးခ့ပ
ဲါတယ်။ ဒါပေမယ့်
ရာဇဓိရာဇ်က သူ့ကိုမသတ်ဘဲ သူကောင်းပြုဖို့ ကမ်းလှမ်းတ့အ
ဲ ခါ ဗျည်းနွဲ့က ဒါကို
လက်မခံပါဘူး။ ‘လူဆိုတာ ဘ၀မှာ တခါပဲ သေရတယ်၊ ရန်သူရဲ့ လက်ထဲမှာ အခါခါ
မသေလိုဘူး’ ဆိုပြီး အသက် အသေခံသွားပါတယ်။

မြောင်းမြဆိုတာ အဲဒီလို အာဇာနည်တွေ နေတဲ့မြို့ပါ။ မြောင်းမြဟာ


အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုရဲ့ မြို့။ မြောင်းမြဟာ
ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့ မြို့။ ဒီမြို့မှာ ဖက်ဆစ်ဂျပန်ခေတ်တုန်းက
မြောင်းမြ၊ ၀ါးခယ်မ၊ အိမ်မဲ စတဲ့ မြောင်းမြဒိစတြိတ်အတွင်းက သခင် ၄၂ ယောက်ကို
ဖက်ဆစ်ဂျပန်တွေကသတ်ပြီး အာဇာနည်ကျောင်း လို့ ခေါ်ကြတဲ့
ဘုန်းကြီးကျောင်းအတွင်းက ရေတွင်းပျက်ကြီးတခုထဲမှာ မြှုပ်ထားခဲ့ဖူးတယ်။
ကဗျာဆရာမောင်ယဉ်မွန်ရဲ့ ဖခင် သခင်ဖေသောင်း အပါအ၀င် အဲဒီသခင် ၄၂ ဦး
အမှတ်တရကျောက်တိုင် မြောင်းမြမှာ အထင်အရှား ရှိပါတယ်။

Polaris Burmese Library Collections 46


Building of Fifth United Burma
ဒီလိုတော်လှန်ရေးအစဉ်အလာ ကြီးမားတဲ့ မြောင်းမြကို ဒေါ်အောင်ဆန်းစုကြည်
ရောက်လာခဲ့ပါပြီ။ ကွယ်လွန်သွားတာ တလမပြည့်သေးတဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့
ဇာတိမြို့ကို ရောက်လာရတဲ့ သမီးတယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပီတိနဲ့
ကြေကွဲမှုကို တပြိုင်တည်း ခံစားနေရမှာပါ။မြောင်းမြမြို့က သခင်မကြီး ဒေါ်ခင်အေး
အမှူးပြုတဲ့ ဒီမိုကရေစီ အင်အားစုနဲ့ မြို့လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို
ကိုယ့်ဆွေမျိုးလို တလှိုက်တလှဲ ကြိုဆိုနေပါတယ်။ မြတ်မေတ္တာသင်္ဘောက
အကြိုတော်ဆိပ်မှာ ကပ်ပါတယ်။ မြောင်းမြမြို့ ကမ်းနားလမ်းတလျှောက်နဲ့
ဦးဘချိုလမ်းပေါ်မှာ လူထုဟာ တိုးမပေါက်ပါဘူး။

ရှစ်လေးလုံးအရေးတော်ပုံတုန်းက မြောင်းမြမှာလည်း သွေးစွန်းခဲ့တယ်။


ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အထိ အဲဒီသွေးတွေ မခြောက်သေးဘူး။ မြောင်းမြ
NLD ကို နောင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ရွှေညီလာ ကိုအောင်ကြင်တို့၊
မေခလာဆေးတိုက်က ကိုဘိုဖြူတို့ လူငယ်တွေက ဦးဆောင်နေတာပါ။ မြောင်းမြမှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူငယ်တွေ လူ့ဘောင်သစ်အပါအ၀င် မဟာမိတ်ပါတီက
ရဲဘော်တွေ တွေ့ဆုံဆွေးနွေးပွဲဟာ စိတ်လှုပ်ရှား တက်ကြွဖို့ကောင်းတာ ကျနော်
အမှတ်ရနေပါတယ်။မြောင်းမြမှာ ကျနော်တို့သင်္ဘော တညအိပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သခင်မကြီး ဒေါ်ခင်အေးတို့လို လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့
မြို့မိမြို့ဖတွေကို သွားရောက် ဂါရ၀ပြုပါတယ်။ မြောင်းမြမြို့သူမြို့သား၊ အလုပ်သမား၊
လယ်သမားတွေနဲ့ အတူ ကရင်တင
ိုးသား ပြည်သူအပေါင်းကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ဂါရ၀ပြု ကောင်းချီးပေးကြပါတယ်။
မြောင်းမြအမျိုးသမီး အင်အားထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လှိုက်လှဲ
နွေးထွေးမှုကတော့ အထူးတလည် အံ့သြဂုဏ်ယူစရာပါပဲ။

မြောင်းမြညမှာတော့ ကျနော်တို့ ကိုအောင်စောဦးတို့ရဲ့ ကျိတဝ


ိုင်းဆွေးနွေးပွဲက
မိုးလင်းသွားပါတယ်။ ၁၉၈၈ စစ်တပ်က အာဏာသိမ်းသွားပြီးတ့ေ
ဲ နာက်ပိုင်းမှာ
နိုင်ငံရေးပါတီတွေ တရားဝင် မှတ်ပုံတင်ပြီး ပေါ်ထွန်းလာပါတယ်။ ဒီမိုကရေစီအင်အားစု
အများစုဟာ သက်ဆိုင်ရာ ပါတီ အသီးသီးမှာ ၀င်ရောက် လှုပ်ရှားကြပါတယ်။
အဲဒီအချိန်မှာ ကျနော်တို့ ၇၄၊ ၇၅၊ ၇၆ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကြားမှာ
အယူအဆ နှစ်ခု ကွဲပြားနေခဲ့တယ်။မြောင်းမြမှာက ကျနော်တို့ ကိုအောင်စောဦးတို့နဲ့
မှိုင်းရာပြည့်မှာ ထောင်အတူကျ၊ မြစ်ဝကျွန်းပေါ် မြေအောက်တော်လှန်ရေး ယူဂျီ
အတူလုပ်ခဲ့ကြတဲ့ စိုးစံထိုက်၊ စိုးနေလင်း စတဲ့ ရဲဘော်တချို့ ရှိနေတယ်။ ကျနော်တို့က
NLD မှာ ဆက်လုပ်နေကြတယ်။ သူတို့က မှတ်ပုံတင်ပြီးမှလုပ်ရတဲ့ နိုင်ငံရေးကို
မလုပ်နိုင်ဘူးလို့ ဆိုကြတယ်။ ကျနော်တို့ ကိုအောင်စောဦးတို့က သူတို့ကို ပီသုံးလုံး
(ပြည့်သူ့တိုးတက်ရေးပါတီ) မှာ ၀င်လုပ်ဖို့ တိုက်တွန်းပါသေးတယ်။ သူတို့က မှတ်ပုံတင်
နိုင်ငံရေးကို ငြင်းလိုက်ပါတယ်။

Polaris Burmese Library Collections 47


Building of Fifth United Burma
နောက်ဆုံးမှာတော့ မှတ်ပုံတင်ပြီးလုပ်တသ
ဲူ့ရော၊ မှတ်ပုံမတင်ဘဲ လုပ်တသ
ဲူ့တွေပါ
န၀တ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ အတူ ပြန်ဆုံကြရတာပါပဲ။ ၁၉၈၉
အာဇာနည်နေ့ အရေးအခင်းနဲ့ ကျနော်ပုသိမ်ထောင်ထဲ ပြန်ရောက်သွားတော့ မြောင်းမြက
မှတ်ပုံတင်နိုင်ငံရေးကို ငြင်းပယ်ခဲ့တဲ့ စိုးစံထိုက်တို့၊ စိုးနေလင်းတို့ အုပ်စုလည်း ‘၄၈၂၈’
ယူဂျီအမှုနဲ့ ပုသိမ်ထောင်ထဲ လိုက်လာကြပါတော့တယ်။

နောက်တော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး ကျနော်


လွတ်မြောက်နယ်မြေကို ရောက်လာတ့အ
ဲ ခါ ကိုအောင်စောဦးကို NLD
လွတ်မြောက်နယ်မြေ အမေရိကား အနေနဲ့၊ ကိုစိုးနေလင်းကို
ခေတ်ပြိုင်အွန်လိုင်းအယ်ဒီတာ အနေနဲ့ ပြန်ဆုံတွေ့ခရ
ဲ့ တာပါပဲ။ဘာပဲဖြစ်ဖြစ်
တိုက်ပဆ
ွဲိုတာ ဘယ်လိုအချိန် ဘယ်လိုနေရာမှာ ဘယ်လိုပုံသဏ္ဌာန် နဲ့ပဲ တိုက်တိုက်၊
ရဲဘော်ရဘ
ဲ က်တွေ ဖြစ်နေတာပဲမဟုတ်လား။မြောင်းမြဆိပ်ကမ်း၊ ညတခြမ်းမှာတော့
ဗျည်းနွဲ့နဲ့ ဗညားနွဲ့ စီးချင်းထိုးခန်းမှသည် ဒေါ်အောင်ဆန်းစုကြည် ပဉ္စမမြန်မာနိုင်ငံတော်
တည်ထောင်ခန်းအထိ၊ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှသည် ရှစ်လေးလုံး
အရေးတော်ပုံကျမ်းအထိ ကျနော် လွမ်းနေမိပါတော့တယ်။

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၁၆)


၁၆)
အောင်ဝေး
နုဝ
ိ င်ဘာ ၁၅၊ ၂၀၀၈

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း နိုင်းမြစ်ကြီးကတော့ စီးမြဲစီးလျက်ပါ ဆိုတဲ့


ဆရာဦးသိန်းဖေမြင့်ရဲ့ စကားအတိုင်း ငဝံမြစ်ကြီးကလည်း စီးမြဲစီးလျက်ပါပဲ။

Polaris Burmese Library Collections 48


Building of Fifth United Burma
ကျနော်တို့ ဧရာဝတီခရီးစဉ်သင်္ဘောဟာ နံနက်ခင်းနေရောင်ခြည်အောက်မှာ
ပုသိမ်မြစ်လို့လည်း ခေါ်ကြတဲ့ ငဝံမြစ်ရိုးအတိုင်း ခုတ်မောင်းလာနေပါတယ်။ အဲဒီမနက်က
မြောင်းမြက မထွက်ခင် ဝင်လာတဲ့ သတင်းကတော့ မအူပင်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တဲ့ NLD မြို့နယ်စည်းအဖွဲ့ ဝင်တွေကို စစ်တပ်က
ဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဆိုတဲ့ သတင်းပါပဲ။

ကိုင်ရွာမှာ သင်္ဘောခဏတပ်ပြီး ပုသိမ်ကို ဆက်ထွက်လာကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်က သင်္ဘောဦးခန်းမှာ တခါးပိတ် အစည်းအဝေးတခု
လုပ်ခဲ့ပါတယ်။ သုံးရောင်ခြယ်အဖွဲ့က ကျောင်းသားတဦး၊ သတင်းနဲ့ပြန်ကြားရေးအဖွဲ့က
စာရေးဆရာတဦး၊ အန်ကယ် ဦးကြည်မောင်၊ အဘဦးတင်ထွတ်၊ ဒေါက်တာ သက်မင်း၊
ဗိုလ်ကြီး ဝင်းထိန်နဲ့ ကျနော်တို့ တက်ရောက်ရပါတယ်။ပုသိမ်ဟာ
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ရုံးစိုက်တဲ့မြို့ ဖြစ်တဲ့အတွက် အထူးသတိထားပြီး ဝင်ရမယ်၊
ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျ လုပ်ထားဖို့လိုတယ်၊
ဒေါ်အောင်ဆန်းစုကြည်က အားလုံးနဲ့ တိုင်ပင်ဆွေးနွေး ညှိနှိုင်းပါတယ်။
ဒီခရီးစဉ်တလျှောက် ရောက်လေရာအရပ်မှာ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့
တူညီတဲ့ မေးခွန်းတခုရှိပါတယ်၊ ‘ဒီမိုကရေစီ ဘယ်တော့ ရမလဲ’ တဲ့။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို ကျနော် မမေ့သေးဘူး။ ‘ဒီမိုကရေစီ


ဘယ်တော့ ရမလဲဆိုတာက ပြည်သူလူထုကြီးအနေနဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ရေး
အပေါ်မှာ ဘယ်လောက် ယုံကြည်မျှော်လင့်ပြီး၊ ကျမတို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကြီးနဲ့ ဘယ်လောက် ပူးပေါင်းဆောင်ရွက်သလဲ ဆိုတဲ့အပေါ်မှာ
မူတည်နေပါတယ်’ တဲ့။ပုသိမ်ဆိပ်ကမ်းကို အဝင်မှာတော့ တပ်မတော်(ရေ)က
ယူဘုတ်စစ်သင်္ဘောနှစ်စင်းက ကျနော်တို့ ‘မြတ်မေတ္တာ’ သင်္ဘောကို နှစ်ဖက်ညှပ်ပြီး
ကြိုဆို ခေါ်ဆောင်လာပါတယ်။ ပုသိမ်မြို့ကမ်းနားလမ်း တလျှောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေတဲ့ လူထုကြီးဟာ ဖွေးဖွေးလှုပ်နေပါတယ်။
လက်နက်ကိုင်စစ်သားတွေကလည်း ယောက်ယက်ခပ်နေတာပါပဲ။
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’ ဆိုတဲ့ ကြွေးကြော်သံတွေက ငဝံမြစ်းရိုမှာ
ညံနေပါတော့တယ်။ ‘မြတ်မေတ္တာ’ သင်္ဘော ပုသိမ-် မုံရွာ-ရေဦး လမ်းမကြီးထိပ်
‘ကိုယ့်မင်းကိုယ့်ချင်း’ တံတားမှာ ဆိုက်ကပ်ခင
ွ့် ရပါတယ်။ ရန်ကုန်ကနေ တင်လာတဲ့
သုံးရောင်ခြယ်အဖွဲ့က ကားတွေကို သင်္ဘောပေါ်က ချလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သင်္ဘောပေါ်က ဆင်းလာပါပြီ။


မ်ဳိးခ်စ္ရေ
ဲ ဘ်ာဟောင်းများအဖွဲ့ချုပ်က ဗိုလ်မှူးကြီးအောင်ဘင
ွ့် (အငြိမ်းစား) ဦးဆောင်တဲ့
ကြိုဆိုရေးအဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်ပါတယ်။ အင်မတန်
ခက်ထန်တင်းမာတဲ့ မျက်နှာထားတွေနဲ့ စစ်ဗိုလ်စစ်သားတွေဟာ ဒေါ်အောင်ဆန်းစုကြည်

Polaris Burmese Library Collections 49


Building of Fifth United Burma
နံဘေးကနေ ဝိုင်းအုံလိုက်နေပါတယ်။ လူထုကြီးကလည်း
ဒေါ်အောင်ဆန်းစုကြည်နောက်က ထက်ကြပ်မကွာပါ။ မထမ ဒေါ်အောင်ဆန်းစုကြည်
ရွှေမုဋ္ဌောဘုရားဖူးဖို့ သွားပါတယ်။ ဘုရားအရှေ့မုခ်မှာ ဆရာဦးတင်မိုးနဲ့
ကျနော့်ကဗျာစာအုပ်တွေ ပလူပျံသွားပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
ဆိုတဲ့ အသံတွေ လှိုင်းထသွားပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်
မန်ကျည်းပင်တန်းက ရွှေစည်းခုံဘုရား သွားဖူးပါတယ်။ ဘုရားရင်ပြင်ပေါ်မှာ စစ်သားတွေ
ထူထူထဲထဲ စောင့်ကြပ်နေကြပါတယ်။

နောင် ရန်ကုန်မှာ ခရီးစဉ်မှတ်တမ်း ဗီဒီယိုခွေထွက်လို့ ပြန်ကြည့်တဲ့အခါ


ရွေစည်းခုံဘုရားရင်ပြင်မှာ စစ်ဖိနပ်ကြီးမချွတ်ဘဲ စီးထားတဲ့ စစ်သားတယောက်နဲ့
ခွေးတကောင်ပုံ ရိုက်ချက်ဟာ အတော်ကို သမိုင်းဝင်သွားတာ တွေ့ကြရပါတယ်။
ဒါရိုက်တာက ကွယ်လွန်သူ စာရေးဆရာ မောင်ခက်ပန်ပါ။ ပုသိမ်မှာတိုင်းမှူး
ဗိုလ်ချုပ်မြင့်အောင် ညစ်ပတ်ပုံက ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ-် မုံရွာ-ရေဦး
မိန်းလမ်းမကြီးပေါ်က သွားခွင့်မပြုတာပါပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်
ပြန်သွားပြီးလို့ သိပ်မကြာခင် ဗိုလ်ချုပ်မြင့်အောင်က အစဉ်အဆက် ခေါ်လာခဲ့တဲ့ ပုသိမ်-
ရန်ကုန် အမြန် သင်္ဘောဆိပ် ‘ကိုယ့်မင်းကိုယ့်ချင်း’ တံတားကို ‘မေတ္တာဦး’ တံတားလို့
နာမည်ပြောင်းလိုက်တာကတော့ ဘာသဘောနဲ့မှန်း မသိပါဘူး။

ဓနိတန်းလမ်းက NLD တိုင်းရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်အနောက်၊


ပုသိမ်အရှေ့ နှစ်မြို့နယ်က NLD အဖွဲ့ဝင်တွေ၊ မြို့လူထုတွေကို တွေ့ဆုံ
မိန့်ခွန်းပြောပါတယ်။ ဓနိတန်းတ၀ိုက်မှာ စစ်သားတွေ ကားကြီးကားငယ်နဲ့ အထူး
စောင့်ကြပ်နေကြပါတယ်။ မွန်းလွဲပိုင်းက ဒေါ်အောင်ဆန်းစုကြည် ကန်ကြီးဒေါင့်မြို့ကို
သွားပါတယ်။ ကန်ကြီးဒေါင့်ကိုတော့ ကျနော် လိုက်မသွားတော့ပါဘူး။ နောက်တနေ့
ဒေါ်အောင်ဆန်းစုကြည် ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ခရီးစဉ်အတွက်
ကြိုတင်ဆောင်ရွက်စရာတွေရှိလို့ နေရစ်ခဲ့တာပါ။

အဲဒီနေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်နေတဲ့


စစ်ဗိုလ်တယောက်၊ ဒေါ်အောင်ဆန်းစုကြည် ပျောက်သွားလို့ဆိုပြီး လာမေးတာကိုလည်း
ကြုံခဲ့ရပါသေးတယ်။ညနေအတော်စောင်းတော့ ကျနော်တို့အစ်မ ပြန်ရောက်လာပါတယ်။
ခရီးရောက်မဆိုက် မအူပင်က အဖမ်းခံရတဲ့ စည်းအဖွဲ့ဝင်တွေအကြောင်း
သတင်းလွှာထုတ်ပြန်ဖို့ ရန်ကုန် ဌာနချုပ်ကို ဖုန်းဆက်ခိုင်းပါတယ်။ ကျနော်
ဖုန်းဒိုင်ခွက်ကို လှည့်လိုက်ပါတယ်။ အဲဒီတုန်းက ကျနော်တို့ ရန်ကုန်
တက္ကသိုလ်ရိပ်သာလမ်း NLD ဌာနချုပ်ရုံး ဖုန်းနံပါတ်က ‘သုံးဆယ်က ငါးခြောက် တပြား’
လို့ အလွယ်မှတ်ကြတဲ့ ‘သုံး သုည ငါး ခြောက် တစ်’ (၃ဝ၅၆၁) ပါပဲ။ ။

(မူရင်း - Radio Free Asia, Burmese Service)


Polaris Burmese Library Collections 50
Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း (၁၇)


၁၇)
အောင်ဝေး
နုဝ
ိ င်ဘာ ၂၂၊ ၂၀၀၈

အကယ်၍ တစုံတယောက်ဟာ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားမှုတွေကို


မသိကျိုးကျွန်ပြုပြီး ကိုယ်နဲ့မဆိုင်သလို နေမယ်ဆိုရင်၊ အဲဒီလူဟာ ဖိနှိပ်ချုပ်ချယ်တဲ့ သူ၊
မတရားတဲ့သူတွေဘက်က ရပ်တည်တဲ့လူ အလိုလို ဖြစ်သွားတော့တာပါပဲ။

ပုသိမ်မှာတော့ ပြည်သူလူကြီးဟာ မသိကျိုးကျွန်ပြုပြီး မနေခဲ့ကြပါဘူး။


တာဝန်မဲ့မနေခဲ့ကြပါဘူး။

ပုသိမ်ရောက်ပြီး နောက်တနေ့နံနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်


ပင်လယ်ပြင်ခရီး ဆက်ပါတယ်။ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း စတဲ့
ပင်လယ်ခရီးစဉ်အတွက် ဒေါက်တာသက်မင်းနဲ့ ကျနော် ညှိနှိုင်းပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူလိုက်ပါသွားပါတယ်။

ကျနော်က ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတ စတဲ့


ဒေါ်အောင်ဆန်းစုကြည် ပင်လယ်က ပြန်လာရင် ပုသိမ်ကနေ ဆက်သွားမယ့်
ကုန်းလမ်းခရီးအတွက် ရှေ့ပြေးစီစဉ်ဖို့ နေရစ်ခဲ့ပါတယ်။ ပင်လယ်ပြင်ခရီးဆိုတာ
အနည်းနဲ့အများတော့ စွန်းစားသွားလာရတဲ့ခရီးပါပဲ။ ပင်လယ်ပြင်ရဲ့ ရာသီဥတုက
ဒေါ်အောင်ဆန်းစုကြည်ကို ညင်သာနွေးထွေးစွာ ကြိုဆိုလိမ့်မယ်လို့တော့ ကျနော်တို့
မျှော်လင့်ထားကြပါတယ်။

Polaris Burmese Library Collections 51


Building of Fifth United Burma
အဲဒီနေ့က သုံးရောင်ခြယ်အဖွဲ့က ကားတစ်စီးယူပြီး ကျနော်နဲ့ တိုင်းရုံးက NLD
လူငယ်တချို့ ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ကျုံပျော်အထိ ရှေ့ပြေးခရီး
ထွက်လာကြပါတယ်။

ကျနော်တို့ ရှေ့ပြေးကား၊ လိုအပ်တာတွေ ဆောင်ရွက်ပြီးလို့ ပုသိမ်ကို


ပြန်လှည့်လာတဲ့ အခါမှာတော့ ကျနော်တို့နောက်ကနေ စစ်ကားကြီးတစီး
ထက်ကြပ်မကွာ လိုက်ပါလာတာကို တွေ့နေရပါတယ်။

အလာခရီးတုန်းက သတိမပြုမိတဲ့ အဲဒီစစ်ကားကြီးဟာ အခု အပြန်ခရီးမှာတော့


ကျောင်းကုန်းတံတားကြီးပေါ်ကိုလည်းရောက်ရော ကျနော်တို့ သုံးရောင်ခြယ်ကားလေးကို
အတင်းကျော်တက်ပြီး ရှေ့ကနေ ကန့်လန့် ပိတ်ရပ်လိုက်ပါတော့တယ်။
စစ်ကားကြီးပေါ်က စစ်သားတွေ သေနတ်ကိုယ်စီကိုင်ကာ ခုန်ဆင်းချလာပြီး
ကျနော်တို့ကားကို ဝိုင်းထားလိုက်ကြပါတော့တယ်။

ကျနောာ်တို့လည်း ရုတ်တရက် အငိုက်မိပြီး ကြောင်သွားကြပါတယ်။ နောက်တော့


ကျနော်တယောက်ပဲ တာဝန်ရှိတဲ့သူနဲ့ စကားပြောဖို့ ကားပေါ်က ဆင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ ကျနော့်ကို ‘မင်း တူးချင်းက ဆရာကြီး အေးမောင်သား မဟုတ်လား’ လို့
ဆီးမေးလိုက်တဲ့ တာဝန်ရှိသူကို ကြည့်လိုက်တော့ သူဟာ ပုသိမ်မြို့ အမှတ် (၂)
ချင်းသေနတ်ကိုင်တပ်ရင်းမှာ ကျနော့်အဖေနဲ့အတူ အမှုထမ်းခဲ့တဲ့ စစ်သားကြီး
ဖြစ်နေပါတော့တယ်။

‘ငါတို့မှာကွာ တနေ့လုံး မင်းနောက်ကို တကောက်ကောက်လိုက်နေရတာ၊


ငါ့ရဲ့ ဘော်တွေ အခုအချိန်အထိ ဘာထမင်းမှ မစားရသေးဘူး’ တဲ့။ ကျနော်
အားနာသွားပါတယ်။ သူတို့ဟာ မြောင်းမြ ခလရ (၉၃)က ရဲဘော်တွေပါ။

ကျနော်က ‘အခု ပုသိမ်ပြန်မှာပါ၊ လမ်းမှာ ဝင်စရာမရှိပါဘူး’ လို့ပြောလိုက်တော့


သူတို့စစ်သားတွေ ကားပေါ်ပြန်တက်သွားကြပါတယ်။

အဲဒီနေ့က ညနေမစောင်းခင် ကျနော်တို့ ရုံးကို ပြန်ရောက်လာကြပါတယ်။


ရုံးစောင့် ကျန်ရစ်တဲ့ ဗိုလ်မှူးကြီးအောင်ဘင
ွ့် နဲ့ ဗိုလ်ကြီးကျော်ရှိန်၊ မြန်မာ့အလင်း
အယ်ဒီတာ ဦးမြရှိန်တို့ကို ကုန်းလမ်းခရီးဘက်က NLD မြို့နယ်စည်းအဖွဲ့တွေ ကြိုတင်ပြင်
ဆင်ထားကြတဲ့ အခြေအနေတွေကို ကျနော်ပြောပြပြီး၊ အဲဒီတညအတွက်တော့
အေးအေးလူလူပ၊ဲ ညစာစား အိပ်ရာဝင်လိုက်ပါတယ်။

ညသန်းခေါင်လောက်မှာတော့ စစ်ထောက်လှန်းရေး (၄) က စစ်ဗိုလ်နဲ့


စစ်သားတွေ တံခါးလာခေါက်ပြီး၊ ကျနော်နဲ့ NLD လူငယ်တသိုက်ကို ‘ခဏလိုက်ခဲ့ပါ’

Polaris Burmese Library Collections 52


Building of Fifth United Burma
ဆိုပြီး ခေါ်ချသွားလိုက်တာ ညတွင်းချင်းပဲ ပုသိမ်အကျဉ်းထောင် သီးခြားတိုက်ထဲ
ပို့လိုက်ပါတော့တယ်။

နောက်တနေ့မိုးလင်းတော့ ထောင်ထုံးစံအတိုင်း မိလ္လာချ မျက်နှာသစ်


တိုက်ခန်းတံခါး ဖွင့်ပေးပါတယ်။ အုတ်ရေကန်လေးဆီ ကျနောာ်ဆင်းလာတော့ လား-
လား- အဲဒီမှာ ဗိုလ်ကြီးအောင်ဘင
ွ့်၊ ဗိုလ်ကြီးကျော်ရှိန်၊ မြန်မာ့အလင်းအယ်ဒီတာ
ဦးမြရှိန်တို့အပြင် ပုသိမ်အနောက်မြို့နယ် NLD တာဝန်ခံ အငြိမ်းစား ဗိုလ်ကြီးထွန်းတင်နဲ့
ပုသိမ်အရှေ့ မြို့နယ် NLD တာဝန်ခံ အငြိမ်းစားရဲအုပ်ဦးဇော်ဝေ တို့ကို
ပါတွေ့လိုက်ရပါတော့တယ်။

ဒီတော့မှပဲ ကျနော်တို့ ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်ရေး ပုဒ်မ ၁၄၄ နဲ့


ဖမ်းတယ်ဆိုတာ ဘွင်းဘွင်းကြီး နားလည်လိုက်ရတော့တာပါပဲ။

ကျနော်တို့ကို ဖမ်းတဲ့နေ့က ၁၉၈၉ခုနှစ် ဇန်နဝါရီလ (၁၇) ရက်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သိရှာလေမှာမဟုတ်ပါဘူး။ ။

(မူရင်း - Radio Free Asia, Burmese Service)

ပဉ္စမမြန်မာနု
ာနိုင်ငံတော်တည်ထောင်ခန်း (၁၈)
၁၈)
အောင်ဝေး
နုဝ
ိ င်ဘာ ၂၉၊ ၂၀၀၈

‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ်ကိစ္စကောင်းဖြစ်တယ်’ပုသိမ်အကျဉ်းထောင်ရဲ့
နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို
အားပေးစကား ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း

Polaris Burmese Library Collections 53


Building of Fifth United Burma
အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ
ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊
ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။

ကျနော်တို့ကို ဖမ်းပြီး နောက်တရက်မှာ ဗိုလ်မှူးကြီးအောင်ဘင


ွ့်၊
ဗိုလ်ကြီးကျော်ရှိန်းနဲ့ ဗိုလ်ကြီးထွန်းတင်တို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။
အကြောင်းပြချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ကနေ
ပုသိမ်ကိုပြန်ရောက်လာရင် NLD တိုင်းရုံးမှာ ကြိုမယ့် ဆိုမယ့်သူ မရှိတော့လို့ပါပဲ တ့။ဲ

ဗိုလ်မှူးကြီးအောင်ဘင
ွ့်ဆိုတာက အရင် မဆလခေတ်တုန်းက ဧရာဝတီတိုင်း
ဒေသပါတီကော်မတီဥက္ကဋ္ဌပါ။ ဗိုလ်ကြီးကျော်ရှိန်းကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊
ဗိုလ်ကြီးဝင်းထိန်တို့ရဲ့ ၁၉၇၆ ဦးနေဝင်းကို လုပ်ကြံဖို့ ကြံစည်တဲ့ ကိစ္စမှာ အမှုတွပ
ဲါ။
ပုသိမ်အနောက်မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဗိုလ်ကြီးထွန်းတင်က
ယခင်အစိုးရလက်ထက်တုန်းက မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌဟောင်းပါ။

သူတို့သုံးဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ပုသိမ်အရှေ့မြို့နယ် NLD


စည်းရုံးရေးတာဝန်ခံ ဦးဇော်ဝေကိုတော့ ပြန်လွှတ်မပေးပါဘူး။ ဦးဇော်ဝေက ယခင်
မြို့နယ်ရဲစခန်းမှူး အငြိမ်းစားရဲအုပ်ဖြစ်ပါတယ်။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့ လူငယ်အများစုက ပုသိမ်မြို့ NLD တိုင်းရုံးကပါ။


ထွန်ဝင်း၊ ဝင်းနိုင်၊ နိုင်လင်း (ခေါ်) ဖြူဖွေး၊ တော်မီစတဲ့ ညီငယ်တွေ ပါပါတယ်။
ဧရာဝတီတိုင်းစည်းထဲက မြန်မာ့အလင်းအယ်ဒီတာ ဦးမြရှိန်လည်း
အဖမ်းခံရတဲ့အထဲပါပါတယ်။

NLD ဟာ အဲဒီအချိန်တုန်းက လူကြီးလူငယ် အင်အားထုနဲ့


စုစည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းပါ။ အဓိကအားဖြင့် NLD မှာ
ဒေါက်ကြီးသုံးဒေါက်ရှိတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးတို့၊ ဦးအောင်ရွှေတို့၊ ဦးလွင်တို့လို
တပ်မှူးဟောင်းကြီးတွေရယ်၊ ဆရာဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်မိုးသူ၊
ဆရာမောင်ဝံသ၊ ဒေါက်တာတင်မျိုးဝင်း စတဲ့ တတ်သိပညာရှင်တွေရယ်၊ ပြီးတော့ တခါ
လူထုလှုပ်ရှားမှုအစဉ်အလာရှိတဲ့ မော်ကျွန်း ဦးလှဖေ၊ မြောင်းမြသခင်စိုးမြင့် စတဲ့
နိုင်ငံရေးသမားကြီးတွေရယ်၊ အဲဒီလို ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာပါ။ အဲဒီအထဲမှာ
လူကြီးတွေပါသလို လူငယ်တွေလည်း ပါဝင်ကြပါတယ်။

NLD မှာ အထူးသဖြင့် ကျနော်တို့ ပုသိမ်တိုင်းရုံးမှာ ကျနော်တို့ရဲ့ လုပ်ဟန်က


လူကြီးတွေရဲ့ စကားကို လူငယ်တွေကနာခံ၊ လူငယ်တွေရဲ့ လှုပ်ရှားမှုကိုလူကြီးတွေက
ထောက်ခံ၊ ဒါပဲဖြစ်ပါတယ်။

Polaris Burmese Library Collections 54


Building of Fifth United Burma
ကျနော်တို့ရဲ့ မူက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးမခဲ့သလိုပါပဲ။
ဆရာကြီးမှိုင်းဟာ သူ့ခေတ်သူ့အခါတုန်းက မညီညွတ်ချင်ကြတဲ့ သူ့တပည့်
ကြီးကြီးငယ်ငယ်တွေကို ဂရုဏာဒေါသောနဲ့ အခုလို ကဗျာဖွဲ့ပြီး ဆန်ရင်းနာနာဖွတ်
ဆုံးမခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ ကဗျာက ‘လူကြီးကြီး နွားကြီးကြီးပုံဆယ
ွ်။ လူငယ်ငယ်၊
နွားငယ်ငယ်နဲ့ပုံထား။ နွားနှစ်ကောင်၊ ချိုထောင်သွေးတော့၊ ဘေးဟုမှတသ
်ား’ တဲ့။

အဖမ်းခံရပြီး လေးငါးရက်လောက်မှာ ကျနော်တို့ အပြင်နဲ့


အဆက်အသွယ်ရလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ဝန်ထမ်းတချို့က
လျှို့ဝှက်ကူညီလို့ပါ။ တပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ခရီးက
ပြန်ရောက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရောက်ချင်းမှာပဲ၊ သင်္ဘောဆိပ်ကနေစောင့်ပြီး


စစ်တပ်က ဒေါက်တာသက်မင်းကို အတင်းအကျပ် ဝင်ဖမ်းဆီးပြီး ကျနော်တို့ရှိတဲ့
ပုသိမ်ထောင်ထဲကို ပို့လိုက်ပါတော့တယ်။

ရန်သူက ကိုယ့်ကို ဆန့်ကျင်လာပြီဆိုရင် ဒါဟာ ကိုယ်က သူ့ကို


ထိခိုက်နစ်နာအောင် လုပ်နိုင်လို့ပ။ဲ ဒါ ကောင်းတဲ့ကိစ္စပေ
ဲ ပါ့။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီး နောက်တနေ့မှာတော့၊


ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီး မဆက်သေးဘဲ အဖမ်းခံထားရတဲ့သူတွေကိစ္စ
အရေးဆိုဖို့ ပုသိမ်မှာ ရက်အကန့်အသတ်မရှိ ဆက်နေဦးမယ် ဆိုတဲ့သတင်း
ကျနော်တို့အထဲကို ရောက်လာပါတော့တယ်။

ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေအားလုံး ပုသိမ်အကျဉ်းထောင် အုတ်ရိုးနဲ့


ကပ်နေတဲ့ သီးခြားတိုက်၊ တိုက်ခန်းတွေထဲကနေပြီး တညီတညာတည်း ပြိုင်တူ
ကြွေးကြော်လိုက်ကြပါတယ်။

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

Polaris Burmese Library Collections 55


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၉)
၁၉)
အောင်ဝေး
ဒီဇင်ဘာ ၆၊ ၂၀၀၈

နဝတ ခေတ်တုန်းက ကလေးတွေပြောကြတဲ့စကားတခွန်း ပြန်အမှတ်ရမိပါတယ်။


အဲဒါကတော့ ‘ကလိန်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်’ ဆိုတဲ့ စကားပါပဲ။

နဝတ စစ်အုပ်စုဟာ ဘယ်လောက်တောင် ကလိမ်စိငြမ်းဆင် လုပ်သလဲဆိုရင်


အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်ကိုသာ
ကြည့်ပါတော့။

နဝတအဖွဲ့ကို တရားဝင်စာတင်ပြီး ထွက်လာတဲ့ ခရီးစဉ်တောင် မပြီးဆုံးသေးဘူး၊


NLD အဖွဲ့ဝင်တွေကို နဝတ စစ်တပ်က ဖမ်းပြီးထောင်ထဲ ထည့်ပစ်လိုက်ပြီ။ မအူပင်က
NLD ရဲဘော်တွေ အရင်ဆုံးအဖမ်းခံရတယ်။ ပြီးတော့ ပုသိမ်မှာ
ကျနော်တို့လူသိုက်အဖမ်းခံရတယ်။

ကျနော်တို့ ဆယ့်လေးငါးယောက်ကို ဒေါ်အောင်ဆန်းစုကြည်


ပင်လယ်ပြင်ဆင်းတဲ့နေ့ ညဘက်မှာ ဖမ်းတယ်။ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်က
ပြန်ရောက်လာတဲ့နေ့ နေ့ခင်းကြောက်တောင်မှာ ဒေါက်တာ သက်မင်းကို ဖမ်းတယ်။

ဒေါက်တာသက်မင်းကို ဖမ်းတဲ့နေ့က သူဟာရဲရင့်တက်ကြွစွာနဲ့ပဲ


ပုသိမ်ထောင်ထဲကို ဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငပုတော၊ ပြင်ခရိုင်၊
ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ခရီးစဉ်အကြောင်း ဒေါက်တာသက်မင်း ပြန်ပြောပြတာကို
နားထောင်ပြီး ကျနော်တို့ ကျေနပ်အားရဖြစ်ခဲ့ကြတယ်။

Polaris Burmese Library Collections 56


Building of Fifth United Burma
ပုသိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်က
ပြန်ရောက်လာပြီးအဖမ်းခံနေရတဲ့ ကျနော်တို့တတွေ လွတ်မြောက်ဖို့
အရေးဆိုနေတဲ့ရက်တွေမှာ၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ဒေါ်အောင်ဆန်းစုကြည်
ကားနဲ့ သွားလို့လာလို့မရအောင် လမ်းတကာလမ်း သံဆူးကြိုးတွေချပြီး
အသေပိတ်ထားလိုက်ပါတယ်။ ဒီလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က
ဘယ်မှုပါ့မလဲ။ ကျနော်တို့ထဲကို အပြင်က သတင်းရေးပို့လိုက်တဲ့စာ လျှို့ဝှက်
ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စက်ဘီးတစီးယူပြီး
ပုသိမ်မြို့အနှံ့ပတ်ပြီးစီးလိုက်တာ ဗိုလ်ချုပ်မြင့်အောင် ဘာမှ မတတ်နိုင်တော့ပါဘူး တဲ့။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေဟာ စက်ဘီးတွေကိုယ်စီနဲ့
ဗိုလ်ချုပ်မြင့်အောင်က ကားသွားလို့မရအောင် ပိတ်ထားတဲ့ နေရာအနှံ့ကို
စက်ဘီးနဲ့ရအောင်သွားခဲ့ကြတာပါပဲ။

ပုသိမ်မြို့လူထုကြီးဟာ ဒေါ်အောင်ဆန်းစုကြည် စက်ဘီးတစီးနဲ့ လူထုကြား


သွားလာနေတာကို ကြည့်ပြီး ရွှင်လန်း တက်ကြွနေကြပါတယ် တဲ့။ အပြင်ကနေ
အထဲကိုရေးပို့လိုက်တဲ့စာကို ကျနောာ်တို့ တိုက်ခန်းတခန်းနဲ့တခန်း
လက်ဆင့်ကမ်းဖတ်ကြပြီး အထဲရောက်နေတဲ့သူတွေအားလုံး တိုင်ပင်လိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီးဆက်ဖို့ ရှိသေးတယ်။ ပုသိမ်မှာ ကျနော်တို့


လွတ်မြှောက်ဖို့က အရေးမကြီးဘူး။ စီစဉ်သတ်မှတ်ထားတဲ့ရက်အတိုင်း
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြမယ့် ကုန်းလမ်းခရီးမြို့နယ်တွေက NLD
အဖွဲ့ဝင်တွေ ပြည်သူတွေက ပို အရေးကြီးတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်
ကျနော်တို့ကို ထားခဲ့ပြီး ရှေ့ခရီး ဆက်စေချင်တယ်။

ပြီးတော့ မိခင်ကြီးဒေါ်ခင်ကြည် ကွယ်လွန်တဲ့ တလပြည့် ဆွမ်းကျွေးကလည်း


အမှီပြန်ရောက်ဖို့ ရှိနေတယ်။ ရက်က သိပ်မလိုတော့ဘူး။ ကျနော်တို့အမှုက
အာမခံရနိုင်တဲ့အမှုပါ။ ယမန်ကြီးနှစ်ပတ်ချုပ်ထားပြီးရင် ကျနော်တို့အားလုံး အာမခံနဲ့
ပြန်ထွက်ရမှာပါပဲ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက်သွားဖို့


တိုက်တွန်းတောင်းပန်ထားတဲ့ ကျနော်တို့သဘောထားကို စာနဲ့ရေးပြီး လျှို့ဝှက်
ဆက်သားနဲ့ အပြင်ကို ပို့လိုက်ပါတယ်။

နဝတ စစ်အုပ်စုကတော့ သူတို့အလုပ် သူတို့ ‘ကလိမ်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်’


လုပ်မှာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ NLD လမ်းစဉ်အတိုင်း ကျနော်တို့
ဒီမိုကရေစီအလုပ်ကို ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။

Polaris Burmese Library Collections 57


Building of Fifth United Burma
စက်ဘီးတစီးနဲ့ ပုသိမ်မြို့ကို လေးငါးရက်လောက် မွေနှောက်ပြီးတဲ့နောက်မှာ
ဒေါ်အောင်ဆန်းစုကြည် ကျောင်းကုန်း၊ အသုတ်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊
ဟင်္သာတ၊ ဇလွန်၊ မြန်အောင်၊ ကြံခင်း ကုန်းလမ်းခရီးဆက်ဖို့ ပုသိမ်မြို့ကနေ
ထွက်ခွာသွားပါတော့တယ်။

ဖိနှိပ်မှုဟာ နေရာရွေ့သွားပါပြီ။ ဗိုလ်ချုပ်မြင့်အောင်ရဲ့ နဝတ စစ်သားတွေဟာ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ခရီးမှာ ဟန့်တားနှောင့်ယှက်ဖို့၊ ပိတ်ပင်တားဆီးဖို့
ကုန်းလမ်းခရီးဘက်ကို ရွှေ့ပြောင်းသွားကြပါပြီ။

ပုသိမ်မြို့ပေါ်မှာ စစ်သားနဲ့ရဲ လုံခြုံရေးတွေ ထူထူတင်းတင်း မရှိတော့တ့အ


ဲ တွက်
ပုသိမ်မြို့သူမြို့သားတွေဟာ သူတို့ချစ်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
လွတ်လွတ်လပ်လပ်ကြီး လွမ်းပြီးကျန်ရစ်ခဲ့ပါတော့တယ်။

မလွတ်လပ်တဲ့ ပုသိမ်အကျဉ်းထောင်၊ သီးခြားတိုက်၊ တိုက်ခန်းတွေထဲက


ကျနော်တို့တတွေလည်း အလွမ်းဓာတ်ခံကြီးကြီးနဲ့ ကြံ့ကြံ့ခံပြီး ကျန်ရစ်ခဲ့တာပဲပေါ့။
အရေးကြီးတာက အခုအချိန်မှာ အလွမ်းတွေကို အင်အားအဖြစ်
ပြောင်းလဲပစ်နိုင်ဖို့ပဲမဟုတ်လားမိတ်ဆွေ။ ။

(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)

Polaris Burmese Library Collections 58


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၀)
၂၀)
အောင်ဝေး

ဒီဇင်ဘာ ၁၃၊ ၂၀၀၈

‘မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ’

ကျနော်တို့ ဧရာဝတီစည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့


အလင်္ကာစကား တခွန်းပါ။ ကျနော်တို့အမှတ်ရနေကြတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာလည်း နဝတရဲ့ မုန်တိုင်းမိုးတိမ်တွေက


ရိုင်းရိုင်းစိုင်းစိုင်း ဆင်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီးဆက်ဖို့ ပုသိမ်ကနေ
ထွက်ခွာသွားပြီလည်းဆိုရော အကျဉ်းထောင်အာဏာပိုင်တွေဘက်က ကျနော်တို့အပေါ်
တင်းကျပ် ချုပ်ချယ်မှုတွေ စလုပ်လာတော့တာပါပဲ။

ပထမဆုံး လူတွေကို နေရာတွေ ခွဲပစ်လိုက်တယ်။ ကျနော်နဲ့


အင်န်အယ်လဒ
်ီ လူငယ်တချို့ကို ကြိုးတိုက်ဘက် ပို့လိုက်တယ်။
သီးခြားတိုက်မှာတချို့ကျန်ခဲ့တယ်။

ကျနော်တို့အုပ်စုကို တနေ့ (၁၅) မိနစ် ရေချိုးဆင်းဖို့


တိုက်ခန်းသံတံခါးဖွင့်ပေးတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကျနော်တို့ချင်း မဆုံရအောင်
ထောင်အာဏာပိုင်တွေက လုပ်ပစ်လိုက်ပါတယ်။

ဘယ်ရမလဲ။ ကြိုးတိုက်နဲ့သီးခြားတိုက် ကြားမှာ ကြိုးစင်တခုပဲခြားတာမို့


အင်န်အယ်လ်ဒီ လူငယ်တွေက ဟိုဘက်နဲ့ဒီဘက် ဆိုက်ဖား - စကားဝှက်နဲ့ သတင်းတွေ
အပြန်အလှန်ပို့ကြတာပေါ့။

ကျနော်တို့ ရရှိတဲ့သတင်းတခုကတော့ ဟင်္သာတအဝင်မှာ ဒေါ်အောင်ဆန်းစုကြည်


လျှောက်လှမ်းလာမယ့် လမ်းတပြည့် နှင်းဆီပန်းတွေ တပြန့်တပြူးခင်းပြီး

Polaris Burmese Library Collections 59


Building of Fifth United Burma
ကြိုဆိုကြပါသတဲ့။ အဲဒီသတင်း ကြားလိုက်ရတဲ့အခိုက်အတန့် အကျဉ်းထောင်ထဲက
ကြိုးစင်တဝိုက်မှာ နှင်းဆီနံ့ရရ
ဲက ထောင်းကနဲ ပျံ့စွသ
ွဲားသလို ခံစားလိုက်ကြရပါတယ်။

အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်လုပ်ထားတော့ ကျနောာ်တို့ကို


လျှို့ဝှက်ကူညီနေတဲ့ ဝန်ထမ်းတွေလည်း အရင်လို ပြည့်ပြည့်ဝဝ မကူညီနိုင်တော့ပါဘူး။

ကျနော်က ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းတုန်းကတုန်းကလည်း


ဒီပုသိမ်ထောင်ကြီးထဲမှာ သုံးလေးနှစ် နေခဲ့ဖူးတာမို့ အပြင်နဲ့ အဆက်အသွယ်ရဖို့
အကြံအဖန် လုပ်ရပါတော့တယ်။

ကျနော်တို့ ကြိုးတိုက်နဲ့သီးခြားတိုက်ထဲကို ထမင်းလာလာပို့ရတဲ့


အကျဉ်းသားတွေထဲမှာ ဒီမိုကရေစီလိုလားတဲ့ ထောင်ကျရဲဝန်ထမ်းတချို့ ပါပါတယ်။
သူတို့ဟာ ကျနော်တို့ရဲ့ အကောင်းဆုံးဆက်သားတွေ ဖြစ်လာပါတယ်။

အဲဒီထောင်ကျနေတဲ့ ရဲဝန်ထမ်းတွေ လျှို့ဝှက်ကူညီလို့ ကျနော်တို့


အဖမ်းခံနေရတဲ့အကြောင်း အင်န်အယ်လ်ဒီ ဌာနချုပ်က
ထုတ်ပြန်တဲ့သတင်းလွှာကိုတောင် ကျနော်တို့ အာမခံနဲ့ ပြန်မလွတ်ခင်
အကျဉ်းထောင်ထဲမှာတင် ဖတ်လိုက်ကြရပါသေးတယ်။

အခု ကျနော်နဲ့ အတူ အဖမ်းခံနေရတဲ့ အင်န်အယ်လ်ဒီ လူငယ်တွေဟာ အဲဒီ


ပုသိမ် ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့
မျိုးဆက်သစ်ကျောင်းသားလူငယ်တွေပါပဲ။

အဲဒီအချိန်မှာ သူတို့အသက်ဟာ ၁၇နှစ် ၁၈နှစ်သာသာတွေပဲ ရှိကြပါသေးတယ်။


သူတို့ဟာ ငယ်ရွယ် နုနယ်ကြသေးပေမဲ့ ခိုင်မာတိုးတက်တဲ့ နိုင်ငံရေးခံယူချက်နဲ့
အကျဉ်းထောင်ထဲကို ရောက်လာကြတာပါ။ သမိုင်းသိစိတ်ရှိတဲ့ သူတို့ကို
လူလတ်ပိုင်းတယောက်အနေနဲ့ ကျနော် အားပေးစကားပြောပါတယ်။

လူငယ်ရဲ့ ဘဝ အဓိပ္ပာယ်ဟာ နှစ်ခုပရ


ှဲိတယ်။ (၁) အမှန်တရားမြတ်နိုးခြင်းနဲ့ (၂)
မတရားမှုကို ခုခံဆန့်ကျင်ခြင်း ဒါပဲဖြစ်တယ်။

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း


စည်းရုံးရေးခရီးစဉ်တလျှောက် ရောက်လေရာမှာ မျိုးဆက်သစ်
ကျောင်းသားလူငယ်တွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံခဲ့ပါတယ်။

အခု ကျနော်တို့ ဧရာဝတီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ


လူ့ဘောင်သစ်ပါတီဌာနချုပ်က ကိုမိုးဟိန်း လိုက်ပါလာပါတယ်။ ကျနော်တို့ ခရီးစဉ်အရင်

Polaris Burmese Library Collections 60


Building of Fifth United Burma
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် ခရီးစဉ်တုန်းကဆိုရင် လူ့ဘောင်သစ်ပါတီက
ကိုမိုးသီးဇွန်ကိုယ်တိုင် လိုက်ပါခဲ့တာပဲ မဟုတ်လား။

အဲဒီအချိန်တုန်းက ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးထုတ်လိုက်တဲ့


ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ တိုးတက်တော်လှန်တဲ့ မျိုးဆက်သစ်
ကျောင်းသားလူငယ်တွေဟာ အင်အားနှစ်မြွှာ နှစ်နေရာ ကွသ
ွဲားခဲ့ရတယ်။
အင်အားတစုက မြေပေါ်မှာ ကျန်ရစ်တယ်။ အင်အားတစုက တောထဲကို
ရောက်သွားကြတယ်။

ဘယ်နေရာကိုပေ
ဲ ရာက်ရောက် လူငယ်တွေဟာ ထူးအိမ်သင်ရေးခဲ့သလို
ခွပ်ဒေါင်းသွေးနဲ့ ရဲရဲ ရှေ့ကိုချီတက်ကြတာပဲမဟုတ်လား။

‘ဘာစိတ်ဓာတ်လ၊ဲ ခွပ်ဒေါင်းစိတ်ဓာတ်၊ ဘာလုပ်ဖို့လ၊ဲ တိုက်ပွဲဝင်ဖို့’


ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ လူငယ်တွေကတော့ အမြဲ ရွှင်လန်း
တက်ကြွနေကြတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဘယ်မြို့ကို ရောက်သွားပြီ၊ နဝတစစ်တပ်က ဘယ်မြို့မှာ


ဘယ်လိုညစ်ပတ်တယ် စသည်ဖြင့် သတင်းတွေလည်း ကျွန်တော်တို့ထောင်ထဲကို
အဆက်မပြတ်ဝင်လာပါတယ်။

ယမန်ကြီးနှစ်ပတ်နဲ့ နောက်ထပ်နှစ်ရက် စုစုပေါင်း ရက်(၃ဝ) တင်းတင်းပြည့်တော့


ကျနော်တို့အားလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ တရားသူကြီးက
နောက်ထပ်ရုံးချိန်းကို ယမန်လေးတပတ် ခုနစ်ရက်ပဲ ခွာပြီး ချိန်းပါတယ်။ ကျနော်တို့ကို
ခြေချုပ်လုပ်လိုက်တဲ့သဘောပါပဲ။

ဘာဖြစ်သလဲ ဒီခုနစ်ရက်အတွင်းမှာ ကျနော်တို့ ရန်ကုန်ဌာနချုပ်ကိုလည်း


သွားနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့နိုင်တာပဲ။ ဆရာဦးဝင်းတင်နဲ့လည်း
တွေ့နိုင်တာပဲ။ မြစ်ဝကျွန်းပေါ် တမြို့နှစ်မြို့ တညအိပ် နှစ်ညအိပ် စည်းရုံးရေးခရီးလည်း
ထွက်နိုင်တာပဲ။

‘လေဆန်မှာ မြားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ငှက်သာ မနက်ဖြန်အတွက်ဖြစ်တယ်’


ဒါပဲမဟုတ်ပါလား။ ။

(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)

Polaris Burmese Library Collections 61


Building of Fifth United Burma

ပဉ္စမမြန်မာနုင်
ိငင်ံတော်တည်ထောင်ခန်း (၂၁)
၂၁)
အောင်ဝေး
ဒီဇင်ဘာ ၂၀၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီး အနောက်ခြမ်းခရီးစဉ်က ၁၉၈၉


ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာပဲ ပြီးဆုံး သွားခဲ့ပါပြီ။ မပြီးဆုံးသေးတာကတော့
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဖမ်းခံရပြီး အာမခံနဲ့လွှတ်ထားတဲ့ ကျနော်တို့အမှုပါပဲ။

ကျွန်တော်တို့ NLD အဖွဲ့ဝင် ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်မှု၊ ပုဒ်မ


၁၄၄နဲ့ ပုသိမ်မြို့ တိုင်းတရားရုံးမှာ တရားစွဆ
ဲိုထားပါတယ်။ တရားသူကြီးက
ကျနောာ်တို့ကို ယမန်လေး တပတ်၊ ခုနစ်ရက်တခါ ရုံချိန်းမှန်မှန်ပေးပြီး အမှုကို
မကြာကြာအောင် အချိန်ဆွဲ စစ်ဆေးနေရတယ်။

ကျနော်တို့ဘက်က ရုံးချိန်းကို ယမန်ကြီးနှစ်ပတ်၊ ဆယ့်လေးရက်ခွာပြီး ချိန်းပေးဖို့


တရားရုံးကို တင်ပြတောင်းဆို့ပေမဲ့လည်း တရားသူကြီးက လက်မခံဘဲ
ပယ်ချလိုက်ပါတယ်။

ကျနော်တို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီးရဲ့ နယ်မြေ


စည်းရုံးရေးတာဝန်တွေ ရှိနေပါတယ်။ ဧရာဝတီ တိုင်း (၂၆) မြို့နယ် ကျနော်တို့
စည်းရုံးရေးခရီးတွေ ထွက်နေရပါတယ်။ ပါတီစည်းရုံးရေး လူထု စည်းရုံးရေးဟာ အလွန်
အရေးကြီးနေတဲ့အချိန်ပါ။

အခုလို တပတ်တခါ ရုံးချိန်းရှိရင် ပုသိမ်လာပြီး အမှုရင်ဆိုင်နေရလေတော့


စည်းရုံးရေးလုပ်ငန်းတွေက အရင်လို မတွင်ကျယ်၊ မသွက်လက်ချင်တော့ပါဘူး။
ကျနော်တို့ ခြေချုပ်မိသလို ဖြစ်နေတဲ့အခြေအနေပါ။ အကယ်၍ ကျနော်တို့ဘက်က
ခရီးလွန်ပြီး ရုံးချိန်းပျက်ကွက်ပြန်ရင်လည်း တရားရုံးက အာမခံပြန်ရုပ်သိမ်းပြီး
ထောင်ထဲပြန်ပို့လိုက်မှာကိုလည်း တဖက်က ဂရုစိုက်နေရပါသေးတယ်။

အဲဒီတော့ ကျနော်တို့ရဲ့ စည်းရုံးရေးလုပ်ငန်းပုံသဏ္ဍာန်ကို ပြောင်းလိုက်ပါတယ်။


ကျနော်တို့က အမှုတန်းလန်းနဲ့ ဖြစ်နေတော့ ဦးလှကြည်၊ ဒေးဗစ်လှမြင့်၊ ကိုသက်နိုင်စတဲ့
တိုင်းစည်း တချို့က ဧရာဝတီတိုင်းအနောက်ခြမ်းမှာပဲ စည်းရုံးလှုပ်ရှားဖို့
ကိုသောင်းအေးတို့၊ ကိုမြင့်နိုင်တို့ တာဝန်ယူဖို့ ကျနော် တိုင်ပင် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဌာနချုပ်ကလည်း ကျနော်တို့ရဲ့ ဧရာဝတီလုပ်ဟန်ကို လက်ခံ


အတည်ပြုပေးပါတယ်။

Polaris Burmese Library Collections 62


Building of Fifth United Burma
အဲဒီအချိန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အခြေအနေနဲ့
အချိန်အခါပေးရင်ပေးသလို လူထုကြားကို ဆင်းပြီး လူထုရင်ခုန်သံနဲ့ NLD ရင်ခုန်သံ
တထပ်တည်းကျအောင် ကြိုးပမ်းနေတဲ့အချိန်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့
ဒီမိုကရေစီအရေးတော်ပုံအတွက် ပြည်သူလူထုကြီးရဲ့ ယုံကြည်မျှော်လင့်ချက်တွေ
ထက်သန်ခိုင်မာလာအောင် မောင်းနှင်နေတဲ့အချိန်။ ဌာနချုပ်က ဆရာဦးဝင်တင်တို့၊
မင်းသားကြီးဦးအောင်လင
ွ်တို့လို တာဝန်ရှိတဲ့ လူကြီးပိုင်းကလည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးစဉ်တွေကို တခုပြီးတခု
စနစ်တကျ ပြင်ဆင် ရေးဆွဲထားတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ဧပြီ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းအရှေ့


စည်းရုံးရေးခရီးစဉ် ထွက်ပါတယ်။ ဒီခရီးစဉ်မှာတော့ မအူပင်နဲ့ဖျာပုံခရိုင်တွေထဲက ဒေးဒရဲ၊
ကျိုက်လတ်၊ ဘိုကလေး၊ မော်ကျွန်း၊ ဓနုဖြူ၊ ညောင်တုန်း စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

အရှေ့ခြမ်း ခရီးစဉ်မထွက်ခင်မှာ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ကိုခေါ်တွေ့ပြီး


တိုင်ပင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာက အမှုတန်းလန်း ရုံးချိန်းတန်းလန်းနဲ့ ဆိုတော့
ဒီတခါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မလိုက်နိုင်ကြတော့ပါဘူး။

ဒီလိုမလို်က်နိုင်တဲ့အတွက် ဓနုဖြူမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်လိုက်ရတဲ့


သည်းထိပ်ရင်ဖိုဖြစ်ရပ်ကို ကျနော် ကိုယ်တိုင် ကိုယ်တွေ့မျက်မြင် ကြုံဆုံခင
ွ့်
ဆုံးရှုံးခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူမြို့ကိုရောက်တဲ့အချိန်မှာ နဝတ စစ်တပ်က


ထုံးစံအတိုင်း ပိတ်ပင် ဟန့်တား နှောင့်ယှက်မှု အမျိုးမျိုးပေးပါတယ်။ နိုင်ငံတော်
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို တရားဝင် စာတင်ပြီးထွက်တဲ့ခရီးမှာ
နယ်က နဝတစစ်တပ်တွေ၊ ခဝတ၊ မဝတ စစ်ဗိုလ်တွေက
နည်းမျိုးစုံနဲ့ပိတ်ဆို့တားဆီးနေတာဟာ ဘယ်လိုမှနားလည်းနိုင်စရာမရှိပါဘူး။

ဓနုဖြူမှာက ပိုဆိုးသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သင်္ဘောဆိပ်ကနေ


တက်လာတဲ့ လမ်းခုလတ်မှာ ဓနုဖြူ နဝတ အတွင်းရေးမှူး ဗိုလ်ကြီးမြင့်ဦးဆိုသူက
ခြိမ်းခြောက်ဟန့်တားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့လမ်းကို
သူဆက်လျှောက်နေပါတယ်။ အဲဒီမှာ ဗိုလ်ကြီးမြင့်ဦးက သူ့ပစ္စတိုသေနတ်ကို ဆွဲထုတြ် ပီး
ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ရွယ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မရပ်ဘဲ ရှေ့ဆက်လျှောက်လာရင် သူ့လက်ထဲက


သေနတ်နဲ့ ပစ်ချလိုက်တော့မယ့် အနေအထားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က

Polaris Burmese Library Collections 63


Building of Fifth United Burma
မကြောက်မရွံ့ဘဲ ရှေ့ ကို ဆက်လျှောက်သွားပါတယ်။ အားလုံးလည်း ထိတ်လန့် တုန်လှုပ်
ပျာဝေကုန်ကြပါပြီ။

အဲဒီအချိန်ကလေးမှာပဲ ဓနုဖြူမဝတ ဥက္ကဌဖြစ်သူ ဗိုလ်မှူး အတင်းပြေးဝင်လာပြီး၊


သူ့လူရဲ့ လက်ထဲက သေနတ်ကိုပုတ်ချ၊ ကြားဝင်လိုက်လို့၊ ဗိုလ်ကြီးမြင့်ဦးနဲ့
မုန်ယိုနေမှုလည်း ဒီနေရာမှာပဲ အဆုံးသတ် ကျရှုံးသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်က ကျနော်တို့ ကျုံမငေးမှာ ကြုံခဲ့ရတဲ့ ‘ကျည်ထိုး၊ အသင့်ပြင်’


ဆိုတဲ့ အဖြစ်ထက် ပိုပြီး ဆိုးပါတယ်။ ပိုပြီးအန္တရာယ်ကြီးပါတယ်။ နောင် ဒိထက်
အများကြီး ပိုဆိုးတဲ့အဖြစ်တွေကို ဒေါ်အောင်ဆန်းစုကြည် တလျှောက်လုံး
ကြုံခဲ့ရပါတယ်။ အဆိုးတကာ့ အဆိုးဆုံးကတော့ ၂ဝဝ၃ မေ ၃ဝ ဒီပဲရင်း လုပ်ကြံမှုကြီးပဲ
မဟုတ်လား။

ပုသိမ်မှာ ကျနော်တို့အမှုကလည်း တဖြည်းဖြည်းနဲ့ ရက်ရှည်လာပါတယ်။ ဒီလိုနဲ့


မိုးဦးကျလာပါတယ်။ မိုးဦးလေဦးမှာ ကျနော်နဲ့ ဒေးဗစ်လှမြင့်၊ တိုင်းစဉ်းနှစ်ယောက်
ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ဘက်စည်းရုံးရေးဆင်းတာ
ကျနော်တို့စီးလာတဲ့ တထပ်သင်္ဘောက တောင်လေရေကျနဲ့ စီးပြီး ကျနော်တို့ရဲ့
အသက်တွေကို ဖက်နဲ့ ထုပ်ကာခဲ့ရပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီဘက်တော်သားအားလုံးဟာ ဒီလိုပဲ


စွန်းစားခန်းတွေ ကိုယ်စီနဲ့ ကိုယ်ယုံကြည်တဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကို တစိုက်မတ်မတ်
တည်ထောင်နေကြတာပါလားလို့ ကျနော် ယုံကြည် အားတက်နေမိပါတော့တယ်။ ။

(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)

Polaris Burmese Library Collections 64


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၂)
၂၂)
အောင်ဝေး
ဒီဇင်ဘာ ၂၈၊ ၂၀၀၈

‘မည်သို့ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့၊ တိုက်ပွဲထဲက


ပြည်သူတွေ’ ကွယ်လွန်သူ ကဗျာဆရာ မောင်လေးအောင်ရဲ့ ‘အချစ်ဖြင့် စီးဆင်းနေသော
နှလုံးအိမ’် ကဗျာကို ကျနော် အမြဲ ရွတ်ဆိုတတ်တယ်။

ပြည်သူတွေထဲမှာ လူငယ်တွေလည်း ပါတယ်။ ‘လူငယ်တွေဟာ ပြည်သူတွေပဲ’


ဆိုတဲ့ ရုရှား ကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ ကဗျာကိုလည်း ကျနော်သတိရနေတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ တိုးတက်တော်လှန်တဲ့ မျိုးဆက်သစ်


ကျောင်းသားလူငယ်တွေရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထုကြီးတရပ်လုံးဟာ
တခဲနက်လိုက်ပါ တိုက်ပွဲဝင်ခဲ့ကြတယ်။

နဝတစစ်အုပ်စုက အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်း ဗကသ၊ တကသ၊


လူ့ဘောင်သစ်၊ NLD လူငယ် စတဲ့ ရှစဆ
် ယ့်ရှစ်မျိုးဆက် ကျောင်းသားလူငယ်တွေဟာ
အစုအစည်းမပျက် ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့
လူ့အခွင့်အရေးရရှိရေး၊ စစ်မှန်တဲ့ လူထုအစိုးရ ပေါ်ထွန်းရေးတွေကို
လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။

အဲဒီလို ခွပ်ဒေါင်းအလံတော်အောက်မှာ ရှစ်ဆယ့်ရှစ်မျိုးဆက်


ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တသားတည်း တသွေးတည်း
လက်ချင်းဆုပ်ပြီး ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်းပေါ် လျှောက်လှမ်းလာတဲ့အချိန်။

Polaris Burmese Library Collections 65


Building of Fifth United Burma
ဒီအချိန်မှာ နဝတစစ်အုပ်စုက ၁၉၈၉ခုနှစ် မတ်လထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဥက္ကဌဖြစ်တဲ့ ကိုမင်းကိုနိုင်
ဒုတိယဥက္ကဌဖြစ်သူ ကိုကိုကြီး တို့ အပါအဝင် ဗကသ၊ တကသ ကျောင်းသား
ခေါင်းဆောင်တွေကို မတရားဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်ပါတော့တယ်။

နဝတ စစ်အုပ်စုဟာ တဖက်မှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ


ကျင်းပပေးမယ်၊ ပါတီတွေ တရားဝင် မှတ်ပုံတင်ကြလို့ ဆိုပေမဲ့ တဖက်မှာကျတော့
နိုင်ငံရေးပါတီတွေကို မတရား ဖိနှိပ် ချုပ်ခဲ့ပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှာ ကြီးစွာသော အနှောင့်အယှက်


အဟန့်အတားတွေ လုပ်လာသလို၊ ဒုတိယ အင်အားအကြီးဆုံးပါတီ လို့ ဆိုနိုင်တဲ့
လူ့ဘောင်သစ်ပါတီကိုလည်း ဖိအား အမျိုးမျိုး ပေးလာပါတယ်။

ဒီလို ကျဉ်းထဲကျပ်ထဲမှာပဲ ဗကသ အထွေထွေအတွင်းရေးမှူးလည်းဖြစ်


လူ့ဘောင်သစ်ပါတီကို ထူထောင်သူလည်း ဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်
၁၉၈၉၊ ဧပြီလ (၂၁) ရက်နေ့မှာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲဖို့
တောခိုသွားခဲ့ပါတော့တယ်။

ဒီလို နိုင်ငံရေးရာသီဥတုကြားမှာပဲ မုတ်သုန်မိုးနဲ့အတူ ကျနော်တို့ ပုသိမ်မြို့ NLD


တိုင်းရုံးကို အဆိုတော် ထူးအိမ်သင် ရောက်ရှိလာခဲ့ပါတယ်။ ထူးအိမ်သင်ဟာ အခြား
နယ်စပ်ရောက် ကျောင်းသားလူငယ်တွေလိုပဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က
ပြန်လည်ဖိတ်ခေါ်လို့ တောထဲက ပြန်ရောက်လာခါစအချိန်ပါ။

အဲဒီတုန်းက ထူးအိမ်သင်ဟာ လူငယ်လေးတယောက်ပါပဲ။ သူဟာပုသိမ်မြို့က


ကျောင်းသားလူငယ်တွေကို သူ တောထဲမှာ ရေးစပ်ခဲ့တဲ့ သီချင်းတပုဒ် သင်ပေးပါတယ်။
သူ့သီချင်းက အဆိုတော်မွန်းအောင် သီဆိုနေတဲ့ ‘အဆုံးသတ်တိုက်ပွဲ’ သီချင်း။
‘အရေးကြီးပြီ ညီနောင်အပေါင်းတို့ ၊ သွေးစည်းကာ ညီစေညီကြစို့’ ဆိုတဲ့သီချင်းပါ။

၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဟာ ၄၂နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အတွက်ကတော့ ပထမဆုံး အနေနဲ့ ကျင်းပဖို့
စီစဉ်တဲ့ အာဇာနည်နေ့ပါပဲ။

ကျနော်တို့တွေ တပတ်တခါ ပုသိမ်မြို့ တိုင်းတရားရုံးမှာ ပုဒ်မ ၁၄၄


အာဏာဖီဆန်မှု ရုံးချိန်းသွားလိုက်၊ ရုံးချိန်းတခုနဲ့တခုကြားမှာ စည်းရုံးရေးအတွက်
နယ်တွေကိုဆင်းလိုက်၊ တခါတခါ ဆရာဦးဝင်းတင်တို့က လှမ်းခေါ်ရင်လည်း ရန်ကုန်ကို
တက်လာလိုက်၊ အဲဒီလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီ မေလ၊ ဇွန်လ

Polaris Burmese Library Collections 66


Building of Fifth United Burma
မိုးထဲလေထဲမှာ ပြည်နယ်နဲ့တိုင်း စည်းရုံးရေးခရီးတွေ ထွက်လိုက်၊ ရန်ကုန်ဌာနချုပ်ကို
ပြန်ဝင်လာလိုက် လုပ်နေတဲ့အချိန်ပါ။

ပုသိမ်မှာ တိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်က ကျနော်တို့ကို ရုံးတင်တရားစွဲ


ခြေချုပ်သဘောမျိုး လုပ်ထားပြီးတာတောင်မှ သူက ကျနော်တို့ရဲ့ ခြေတွေလက်တွေကိုပါ
ချုပ်နှောင်ထားချင်ပုံရပါတယ်။ ဗိုလ်ချုပ်မြင့်အောင်နဲ့ ဘယ်လိုမှ ညှိနှိုင်းယူလို့မရတဲ့
တချို့ကိစ္စတွေကို သူ့အောက်က တ-ဝ-တ အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့
တစုံတရာ ဆွေးနွေးလို့ ရတတ်ပါတယ်။

ဒါပေမဲ့ တချိန်မှာတော့ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက်


ရင်ဆိုင်ရတဲ့အဖြစ် ကြုံရပါတော့တယ်။ အဲဒါကတော့ (၄၂)နှစ်မြောက် အာဇာနည်နေ့
အခမ်းအနားကိစ္စပါ။

ဇူလှိုင်လဆန်းမှာ ရန်ကုန်ဌာနချုပ်က ကျနော်တို့ကို အရေးပေါ် လှမ်းခေါ်ပါတယ်။


အဲဒီအချိန်က ဌာနချုပ်မှာ ‘အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ
တာဝန်အရ ဖီဆန်ကြ’ ဆိုတဲ့ Confrontation လမ်းကြောင်း ပေါ်နေပါပြီ။

ဌာနချုပ်က ပြည်နယ်နဲ့တိုင်း မြို့နယ် စည်းရုံးရေး ကော်မတီ အသီးသီးကို


(၄၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့
ညွှန်ကြားလာပါတယ်။

ကျနော်တို့လည်း ပုသိမ်မှာ NLDရဲ့ အာဇာနည်နေ့ အခမ်းအနား အစီအစဉ်ကို တ-ဝ-တ


မှာ တရားဝင် စာတင်လိုက်ပါတယ်။

အာဇာနည်နေ့ ရောက်တော့ နံနက် (၈)နာရီလောက်မှာ ကျနော်တို့ NLD


အဖွဲ့ဝင်တွေ စနစ်တကျ တန်းစီပြီး၊ လွမ်းသူ့ပန်းခွေတွေကိုင်လို့ ဓနိတန်းလမ်းထိပ်ကနေ
ပုသိမ်၊ မုံရွာ၊ ရေဦး၊ မင်းလမ်းမကြီး အတိုင်း ကမ်းနာလမ်းထောင့်မှာရှိတဲ့
အာဇာနည်ကျောက်တိုင်ပန်းခြံကို ချီတက်ကြပါတယ်။

တ-ဝ-တ က လူအင်အား (၂ဝ)ပဲ ခွင့်ပြုတာမို့ ကျန်တဲ့အဖွဲ့ဝင်တွေ


လိုက်ပါအလေးပြုခွင့် မရတော့ပါဘူး။ အာဇာနည်ကျောက်တိုင်ကို ရောက်လို့ ပန်းခွေချ
အလေးပြုနေတဲ့ အချိန်မှာတောင် တ-ဝ-တ နဲ့ စစ်ထောက်လှမ်းရေး (၄) က
စစ်ဗိုလ်စစ်သားတွေဟာ အကန့်အသတ်၊ အချုပ်အချယ်တွေ အမျိုးမျိုး
လုပ်နေပါတော့တယ်။

ကျနော်တို့အားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည်


ခေါင်းဆောင်ကြီးတွေကို ရည်စူး အမျှအတန်း ဝေပြီးလို့ အာဇာနည်ကျောက်တိုင်ပန်းခြံက

Polaris Burmese Library Collections 67


Building of Fifth United Burma
စနစ်တကျ ပြန်ထွက်လာတဲ့အချိန်မှာတော့ ကျနော်တို့ NLD လူငယ်တွေထဲက
မခိုင်သက်ဖြိုးဟာ မခံမရပ်နိုင်တော့ဘဲ အော်ဟစ် ပေါက်ကွဲပါတော့တယ်။

အဲဒီနေ့ညနေမှာပဲ မခိုင်သက်ဖြိုးကို စစ်ထောက်လှမ်းနဲ့ရေ


ဲ တွက သူ့အိမ်ကနေ
ဖမ်းဆီး ခေါ်ဆောင်သွားပါတော့တယ်။ မခိုင်သက်ဖြိုး ပြန်လွှတ်ရေးအတွက် အရေးဆိုဖို့
ကျနော်တို့ တ-ဝ-တ ကို ချက်ချင်း လိုက်သွားကြပါတယ်။

တိုင်းမှူးဗိုလ်ချုပ်မြင့်အောင်က သလပ်ခွာဘက်ကို ရှောင်ထွက်သွားပါပြီ။ တ-ဝ-တ


အတွင်းရေးမှူး ဗိုလ်မှူးကြီးမောင်ညိုနဲ့ တွေ့ဖို့ ကျနော်တို့ သူ့ရုံးခန်းရှေ့မှာ
(၄)နာရီလောက် မတ်တတ်ရပ် စောင့်ခဲ့ရပါတယ်။

အဲဒီမှာ ဗိုလ်မှူးကြီးမောင်ညိုနဲ့ ကျနော်တို့ ထိပ်တိုက် တွေ့ခဲ့ရတော့တာပါပဲ။


ဘယ်လိုမှကို ညှိနှိုင်းလို့ မရတော့ပါဘူး။ မခိုင်သက်ဖြိုးကို အသည်ကြီးရဲစခန်းမှာ
ချုပ်ထားပါတယ်။

နောက်တနေ့ ဇူလိုင်(၂ဝ)မှာတော့ ကျနော်အဖမ်းခံရပြီး ပုသိမ်ထောင်ထဲ


ထပ်ရောက်သွားရပါတော့တယ်။ ကျနော်နဲ့အတူ NLDအဖွဲ့ဝင်တွေ
တော်တော်များများလည်း အဖမ်းခံကြရပါတယ်။

‘အာဇာနည်မျိုး သေရိုးမရှ’ိ ။ ။

(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန http://www.rfa.org/burmese )

Polaris Burmese Library Collections 68


Building of Fifth United Burma

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၃)
၂၃)
(နိဂုံးပိုင်း)
အောင်ဝေး
ဇန်န၀ါရီ ၃၊ ၂၀၀၉

(photo: REUTERS - Apichart Weerawong, Dec 5 1996)

အာဇာနည်မျိုး၊ သေရိုးမရှိ။

၁၉၈၉ခုနှစ်၊ ၄၂ နှစ်မြောက် အဇာနည်နေ့အရေးအခင်းမှာပဲ ကျနော်တို့


ပုသိမ်ထောင်ထဲ ပြန်ရောက်သွားကြပါတယ်။ ပုသိမ်မှာ ကျနော်တို့ကိုဖမ်းတဲ့ ဇူလိုင်လ ၂ဝ
ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို
နဝတစစ်တပ်က အလုံးအရင်းနဲ့ ဝင်စီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်
ခြံထဲမှာနေကြတဲ့ သုံးရောင်ခြယ်ကျောင်းသားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ထဲ
ပို့လိုက်ပါပြီ။ ဒီသတင်းကို ကျနော်တို့ ပုသိမ်ထောင်ထဲပြန်ရောက်ပြီး
တပတ်လောက်နေတော့မှ သိခဲ့ရတာပါ။

ကျနော့်ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းမှူး ရဲအုပ်ဦးအောင်သာဦးက


တရားလိုပြုလုပ်ပြီး ပုဒ်မ ၅(ည)နဲ့ တရားစွဲပါတယ်။ ကျနော့်ကို ဖမ်းတဲ့အချိန်မှာ
လက်ဝယ်တွေ့ရှိတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့

Polaris Burmese Library Collections 69


Building of Fifth United Burma
လက်ရွေးစင်လေးချိုးတရာစာအုပ်ကို တရားရုံးမှာ “တရားမဝင် စာရွက်စာတမ်း” ဆိုပြီး
ရှာဖွေပုံစံထဲ ထည့်ရေးတာ ခံရပါတယ်။

ဒီအမှုနဲ့ ကျနော့်ကို ပုသိမ်အနောက်မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ်


အမိန့်ချလိုက်ပါတယ်။ စိတ်မကောင်းဖြစ်ရတာက ကျနော့်ကိုထောင် ၁ နှစ်ပဲ ချလိုက်တဲ့
တရားသူကြီးကို တိုင်းမှူး ဗိုလခ
်ျုပ်မြင့်အောင်က အလုပ်ကနေ ရပ်စဲပစ်လိုက်တဲ့ ကိစ္စပါပဲ။

အချိန် သိပ်မကြာလိုက်ပါဘူး။ အသည်ကြီးရဲစခန်းမှူး ဦးအောင်သာဦးလည်း


ရာဇာဝတ်မှုတခုနဲ့ ငြိပြီး ပုသိမ်ထောင်ထဲကို အကျဉ်းသားအဖြစ်နဲ့
ရောက်လာပါတော့တယ်။ ထောင်ထဲမှာ သူနဲ့ ကျနော် အမှတ်မထင်ဆုံရတဲ့အခါ သူက
ကျနော့်အမှုမှာ အထက်က (ဗိုလ်ချုပ်မြင့်အောင်က) မတရား ဖိအားပေးခဲ့ပုံတွေ
ပြန်ပြောပြပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးက ခွင့်ပြုချက်နဲ့


တရားဝင်ထုတ်ဝေထားတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
လက်ရွေးစင်လေးချိုးတရာစာအုပ် နဝတ ခေတ်ကျမှ တရားမဝင် စာရွက်စာတမ်း
ဖြစ်ရတာဟာ အဲဒီဖိအားကြောင့်ပါပဲ။

နောင် နှစ်ပေါင်းများစွာကြာလို့ ချင်းတွင်းမြစ်ဝှမ်း ယင်းမာပင်၊ ပုလ၊ဲ မင်းတိုင်ပင်


စာပေဟောပြောပွဲမှာ ကျနော့်ကို ထောင်ဒဏ် ၁ နှစ်ပဲ အပြစ်ပေးခဲ့တဲ့ တရားသူကြီးနဲ့
မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ခဲ့ရပါတယ်။ သူကလည်း ကျနော့်အမှုမှာ
တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် အတင်း အဓမ္မ ဖိအားပေးခဲ့ပုံတွေ၊ သူ့ကို
အလုပ်ထုတ်ပစ်ခဲ့ပုံတွေ ပြန်ပြောခဲ့ပါသေးတယ်။

ကျနော် ပုဒ်မ ၅(ည)နဲ့ ထောင် ၁ နှစ် ကျသွားတဲ့အချိန်မှာ ပုဒ် ၁၄၄


အာဏာဖီဆန်မှုက ကျန်နေပါသေးတယ်။ ဒီတော့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း
နောက်အမှု ရုံးထွက်တဲ့ အကျဉ်းသားတွေ သံခြေကျင်း ခတ်ပြီးမှ တရားရုံးထွက်ရသလို
ကျနော်လည်း သံခြေကျင်း တန်းလန်းနဲ့ တရားရုံးထွက်ခဲ့ရပါတယ်။

ရုံးထွက်ရက်တရက် ပုသိမ်မြို့ တိုင်းတရားရုံးကို လာတွေတဲ့


အဘဦးတင်ထွတ်ဟာ ကျနော့်ကို သံခြေကျင်း ခတ်လျက်ကြီးနဲ့လည်း မြင်ရော
စိတ်မကောင်းဖြစ်ပြီး ငိုပါတော့တယ်၊

အဲဒီအချိန်ဟာ NLD အဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။


အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုတိယ ဥက္ကဌဖြစ်တဲ့
ဦးတင်ဦးလည်း အထိန်းသိမ်းခံနေရပါတယ်။ ဆရာဦးဝင်းတင်တော့

Polaris Burmese Library Collections 70


Building of Fifth United Burma
ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရခင် ဇူလိုင်လဆန်းပိုင်းကတည်းကတင်
အဖမ်းခံခဲ့ရပါပြီ။

ဒီလိုနဲ့ ရုံးချိန်းရက် တရက်မှာတော့ တိုင်းတရားရုံးက ကျနော်တို့


အာဏာဖီဆန်မှုကို အမိန့်ချပါတယ်။ အမိန့်ချမယ့်နေ့ဖြစ်လို့ တိုင်းတရားရုံးမှာ
ပုသိမ်မြို့ပေါ်က NLD အဖွဲ့ဝင်တွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ အများအပြား
ရောက်ရှိနေကြပါတယ်။

တရားသူကြီးက ‘အမိန့်’ ဆိုပြီး ဖတ်ပြပါတယ်။ ‘ဒေါ်အောင်ဆန်းစုကြည်


ကျန်းမာပါစေ’ လို့ ကြွေးကြော်တာ မြန်မာ့ယဉ်ကျေးမှုအရ ခွင့်လွှတ်နိုင်သော်ငြားလည်း
ဆိုပြီး တရားကြီးက ကျနော့်ကဗျာ နှစ်ပိုဒ်ကို ရွတ်ဆိုပြပါတယ်။

‘မဆလ တခေတ်မှာ

ရွတတဖြစ်သူတွေ

နေရစ်ခဲ့ကြတော့။

ငြိမ်ပိတခေတ်မှာ

ငြိမ်ကြည့်ဖြစ်နေတဲ့သူတွေ

နေရစ်ခဲ့ကြတော့။

ရွေးကောက်ပဆ
ွဲိုတာလည်း

ခွေးခလောက်ဆသ
ွဲ လိုပါပဲ’

ရွေမုဌော ဘုရားခြေရင်းမှာ ဖြန့်ဝေခဲ့တဲ့ ကဗျာစာအုပ်ထက



အဲဒီစာသားတွေကတော့ အများပြည်သူ ထိတ်လန့် တုန်လှုပ် ခြောက်ခြားစေရုံသာမက
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကိုပါ ထိပါး နှောင့်ယှက်တဲ့အတွက် ဆိုပြီး ကျနော်တို့ကို
အဲဒီပုဒ်မရဲ့ ဌာန်ကုန် ထောင် ၆ လ အမိန့် ချလိုက်ပါတယ်။

အမိန့်ချပြီးလို့ ကျနော်တို့ကို ပုသိမ်ထောင်ထဲ ပို့ဖို့ စစ်ထောက်လှမ်းရေးနဲ့ ရဲတွေက


အချုပ်ကားပေါ် အတင်း တွန်းတင်နေတဲ့ အချိန်မှာ အမိန့်လာနားထောင်တဲ့
ပြည်သူလူထုကြီးက

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ”

Polaris Burmese Library Collections 71


Building of Fifth United Burma
“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ”

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ … ” ဆိုပြီး ထပ်ခါ ထပ်ခါ


ကြွေးကြော်နေကြပါတော့တယ်။

ရဲအချုပ်ကားလည်း တိုင်းတရားရုံးဝင်းထဲကနေ အတင်း


မောင်းပြေးရပါတော့တယ်။ ပုသိမ်ထောင်ဗူးဝကို ရောက်တအ
ဲ့ ချိန်မှာတော့
အကျဉ်းထောင်ဝန်ထမ်းတွေက သေနတ်တွေကိုင်ပြီး အသင့်စောင့်နေတာ
တွေ့ကြရပါတယ်။

ထောင်ထဲမှာက ကြိုးတိုက်နဲ့ သီးခြားတိုက်တွေမှာ ဗကသ၊ တကသ၊


လူ့ဘောင်သစ်၊ ၄၈၂၈ ဗကပ ယူဂျီ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။
သူတို့အားလုံးက ထောင် ၆ လ ကျလာတဲ့ NLD အဖွဲ့ဝင်တွေကို ဂုဏ်ပြုကြိုဆိုကြပါတယ်။

ညဘက်ရောက်တော့ ကျနော့် ကြိုးတိုက်အခန်းနဲ့ ကပ်နေတဲ့


ထောင်အုတ်ရိုးပေါ်က ဗူးတာဝန်ကျ ထောင်ဝန်ထမ်းတယောက်က ကျနော့်ကို “ဗျို့
ကဗျာဆရာ၊ ကဗျာရွတ်ပါဦးဗျို့” လို့ ခါတိုင်းညတွေလိုပဲ လှမ်းအော်
တောင်းဆိုနေပါတော့တယ်။

အမိန့်ချတ့ေ
ဲ န့မို့ ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေတဲ့ ကျနော်လည်း ထောင်ထဲမှာ
ရေးထားတဲ့ “ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း” ကဗျာရှည်ကြီးကို စိတ်ပါလက်ပါ
ရွတ်ဆိုပြလိုက်ပါတော့တယ်။

“… အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ

သင်သည် စီးဆင်း၊ တို့ရင်တင


ွ်းမှာ

မြင်းခွာဖြောင်းဖြောင်း၊ ဖုန်ထောင်းထောင်းနှင့်

စစ်မောင်းဟီးမည်၊ တပ်ကြီးချီလော့

နီနီရရ
ဲ ၊ဲ သင့်အသည်းကို

မခွဲတုံလော … ခွဲတုံလော။

အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ

သင်သည် စီးဆင်း၊ တို့ရင်တင


ွ်းမှာ

Polaris Burmese Library Collections 72


Building of Fifth United Burma
နှင်းဆီပင
ွ့်တွေ၊ သည်းသည်းကြွေပြီ

ကြွေလည်းရဲရ၊ဲ ဝေရဲရဲမို့

နီနီရရ
ဲ ၊ဲ သင့်အသည်းကို

မခွဲတုံလော … ခွဲတုံလော။

အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ

‘အောင်ဆန်းစုကြည်’
ကြယ်နီဆင်သ
ပဉ္စမမြန်မာနိုင်ငံတော် တည်စေသော် …”

(ပြီးပါပြီ)

အောင်ဝေး

၁၁-၁၂-၂၀၀၈

[ မူရင်း - Radio Free Asia, Burmese Service http://www.rfa.org


http://www.rfa.org/burmese
/burmese ]

Polaris Burmese Library Collections 73

Vous aimerez peut-être aussi