Vous êtes sur la page 1sur 36

၂၀၁၁ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့

iHk‹rcH&zdk‹ wHk‹jyef=updk‹
oH c syf r sm;

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   1 


 
အုပ်ရေ
၂၀၀၀
ထုတ်ဝေခြင်း
၂၀၁၁၊ မတ်လ
တေးသံသွင်း
ချင်းတွင်းစတူဒီယို (DVB)
အစီအစဉ်
ကျောက်မဲကျော်ကြီး
မျက်နှာဖုံး
စိုင်းမေကူး
ကွန်ပျူတာ
ကိုပေါက်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   2 


 
ပါဝင်တင်ဆက်ကြသူများ

ကိုမြတ်သူ၊ ကြယ်သီး၊ ရွှေရည်ယွန်း၊ ထွန်းထွန်း(မုံရွာ)၊ ဝင်းသန်း၊ ဗေဒါ၊ ဇေယျာ၊ အေးမင်း၊


ဇော်ဌေး၊ ထွန်းတောက်၊ ဇာနည်၊ ဆလိုင်း၊ ဖိုးဇော်၊ ပြည့်စုံ၊ ဖိုးသား၊ ဇော်သန်း၊ စည်သူ၊
အသဲလေး၊ မောင်မောင်၊ စစ်ဝေး၊ ပါသဲ၊ သန်းဌေးအောင်၊ သာဓု၊ ကိုကျော်၊ ကိုနန်း၊ ကိုလတ်၊
ကိုပေါက်၊ ထွန်းထွန်းဦး၊ စိုးနန္ဒ၊ ဂိုလ်းဒန်း၊ မင်းကို။

သီချင်းနှင့်သံချပ် ရေးသူများ

မြတ်ထက်၊ ဦးဓမ္မ၊ နိုင်သူထွန်း(ဂျပန်)၊ ဒေါက်တာဇော်ဝင်းအောင်၊


နန္ဒတင့်ဆွေ၊ ထွန်းတောက်၊ မျိုးသိဏ်း(မဇ္ဈိမ)၊ စစ်ဝေး။

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   3 


 
အ ဖွ င့်  ဒိုး ပတ် သံ
စာသား = မြတ် ထ က်
xxx ဒိုး ပတ် သံ စီ စီ ညံ စွာ xxx ရွှ င်ေ ပျာ်ေ ပျာ် ကကြခု န်ြ က xxx
ဒီ အ တာပွဲ မှာ လ (ပျော် စ ရာရွှ င် စ ရာ) ၂ xxx
ကောင်း နိ မိ တ် ထွ န်း ဖြာ xx ဟေ့ အတိ တ်ေ ကာင်း နိ မိ တ် ထွ န်း ဖြာ xxx
(မြန်ြ ပည် တ လွှား၌ ချမ်း မြေ့ေ စရာ xxx သံ ချပ် ထိုး လို့  တောင်း ဆုေ ချွ မှာ ) ၂ xxx
(ဒို့  တို င်း ပြည် ) ၃ မှာ xxx အမှ န် တ ရားလွှ မ်း လို့  xxx စိ တ် ချမ်း xx သာ xxx

ရေး = နန္ဒ တ င့်ေ ဆွ ၊ ဒေါက် တာဇော် ဝ င်း အောင်


မိုးမိုး မိုးလားမောင်တို့ …………………………………………… လေလေ လေလားမောင်တို့
မိုးသက် လေညက် နှစ်ဖက်ဆိုင် ………………………… သကြားကိုယ်တိုင် မတဲဝ့ိုင်းသား
ငုနဲ့ပိတောက်တို့ ပင်တခို ………………………………… ယဉ်သကို ရင်ကို ခိုက်တဲ့တန်ခူး
မြေသင်းရနံ့ ခြေဆင်းဖြန့် …………………………………… ဆွတ်ဆွတ်ပျံ့ပျံ့ သန့်တဲ့တန်ခူး
မြရည်စိမ်းညို မြင်ကွင်းစို …………………………………………… သြကာသကို ညွှတ်နူးပိုခဲ့
ဝန်းကျင်ဆင်းသွင် အလှပိုကဲ ……………………………… ဆွတ်ပျံ့လှိုက်လှဲ ကြည်နူးမဆုံး
ဂိမာန်နွေဦး နှစ်ကူးတာ ……………………………………………… ပရစ်ဖူးညှာ လှစ်ကူးလာခဲ့
သြကာသတခွင် အလှဆင် ……………………………………… ပန်းတို့ပွင့်ရင် အမွှေးဆုံးဒီလ
သတ္တလောက ဒီကမ္ဘာ …………………………………………… မသာမယာ ဘာတွေတုန်းဗျ
● အတာရေနဲ့ ကမ္ဘာမြေ ………………………………… ဘယာတွေကို ဆေးကြောပစ်လိုက်
● အတာရေနဲ့ မြန်မာပြေ ……………………………… ဘယာတွေကို ဆေးကြောပစ်လိုက်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   4 


 
● အတာမိုးနဲ့ မြန်မာဒိုး ………………………………… ဘယာဆိုးတွေ မောင်းထုတ်ပစ်လိုက်
မေတ္တာဓါတ်နဲ့ အတာရေ …………………………………………… ဒို့မြန်မာပြေ အေးချမ်းစေဖို့
နှစ်ဟောင်းကုန်တဲ့ နှစ်သစ်ပါ ……….…………………………… သင်္ကြန်မင်္ဂလာ ခါတော်ဟေ့
အတာကျူးတဲ့ နှစ်ဦးမလေ …………..………………… ကျနော်တို့တတွေ တောင်းဆုချွေရဲ့
မိဘပြည်သူ ဦးထိပ်တင် …………………………………… ကိုယ်စိတ်ဘဝင် လန်းပါစေသား
● ဒီနှစ်ကူးတဲ့ နှစ်ဦမှာ ……………………………………… ပြောင်းလဲတာတွေ ပြောချင်ပါရဲ့
● ဒီနှစ်ကူးတဲ့ နှစ်ဦးမှာ …………………………………… ပြောင်းသင့်တာတွေ ပြောချင်ပါရဲ့
ရင်ဖွင့်ပြီးတော့ နားဆင်ပါ ……………………………………… တို့ပြည်မြန်မာ ကောင်းဖို့ပါပဲ
ဒီမိုကရေစီ မိုးခြိမ်းသံ ………………………………………… အာရပ်ကမ္ဘာမှာ သိမ့်သိမ့်ညံလို့
လူထုဆန္ဒ ဖော်ထုတ်လာ ………………………………… အာဏာရှင်တွ ကျီးလန့်အစာစား
နအဖရဲ့ ကလိမ်ဥာဏ် ………………………………………………… ၂၀၁၀ ရွေးကောက်ပွဲတဲ့
ရွေးကောက်ပွဲမှာ မဲခိုးတာ …………………………………………… အလီဘာဘာ ငိုရပါရော
နအဖ ပစ်တာ အမဲရိုးထင် ……………………………… ပြေးကာဟပ်တော့ ဟိုအတုန်းမိရော
ထွေးမရ မျိုမရ တစ်လို့နေ ……………………… ကိုယ်စားလှယ်လောင်းတွေ သနားမိပါရဲ့
ဆွံ့အရောဂါ စွဲကပ်လာ ………………………………………… အမတ်မင်းတွေ သနားမိပါရဲ့
ပူးသတ်မယ်လို့ ပြောသူတွေ ……………………………………… ထူးခတ်ခံပြီး ခိုင်းတာလုပ်ရ
ပိတ်ဆို့တာတွေ ရပ်လိုက်ပါ ………………………………… သံကုန်သံပြာ ဟစ်ကြွေးလာကြ
ပြည်သူ့အတွက်မို့ ပြောသလိုလို ………………………… တကယ်ကြည့်ရင် ကိုယ်ကျိုးစီးပွား
နအဖဆီက အခွင့်အရေးမျှော် …………………………………… တို့ပါတီနော် ပါမစ်ရမလား
လူထုအတွက် အရေးမျှော် …………………………………… ရွေးကောက်ပွဲနော် ဝင်ခဲ့ဆိုပဲ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   5 


 
ပြောတဲ့စကားနဲ့ အလုပ်ဟာ ………………………………… ခါးတောင်းနဲ့ဖင် တခြားစီပါလား
လှည့်လုံးတွေနဲ့ ကိုယ်ကျိုးရှာ …………………………………… လူထုမျက်နှာ ကြည့်ကြပါဟဲ့
အပြုသဘောနဲ့ ပြောမိတာ ……………………………… ထုတယ်လို့တော့ မထင်လိုက်ပါနဲ့
ငြိမ်းအဖွဲ့တွေလည်း အသံစီ …………………………………… နအဖသဘောမှန် သိပြီထင်ရဲ့
ရွေးကောက်ပွဲနေ့ မနက်မှာ ……………………………… သေနတ်သံတွေ သောသောညံခဲ့
ကျွန်ဇာတ်သွင်းဖို့ လက်မခံ …………………………………… ငါတို့တတွေဟာ သခင်လူမျိုး
တန်းတူရေးနဲ့ အခြေခံ ……………………………………… အညံ့မခံတာ စောလှ ဘွ ယ် တဲ့
ရွပ်ရွပ်ချွန်တဲ့ ဇာနည်တွေ ………… ဝိုင်းတော်သားတွေ (ကျနော်တို့တတွေ) လေးပြုပါရဲ့
ဟိုတယောက်တော့ လုပ်လိမ့်မယ် ……………………… ငါထိုင်ကြည့်မယ် မဖြစ်သင့်ပါဘူး
● လွတ်မြောက်ရေးလမ်း ညွှန်ကာပြ ……………….……………………… ငုံ့မခံရဖို့ တုံ့ပြန်ကြ
● ဒြို့ ပည်ကြမ္မာ ချက်ချင်းထ …………………………………………… ။
● သခင်မျိုးဆို လက်တွေ့ပြ …………………………………………… ။
● တုံ့ပြန်ကြဖို့ ဆက်ပြောမလေ …………………… တိုင်းပြည်အခြေအနေ သွားကြည့်ဦးစို့

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   6 


 
သ ကြ င်္ န် မိုး (အ လို က် )
စာသား = နို င် သူ ထွ န်း (ဂျပန် ) ဆို = သန်း သန်း ခို င်
ဒိ့ခ
ျုစ်တဲ့ အမိမြေ တိုးတက်ဖို့ရာ xxx အားလုံးနဲ့ သက်ဆိုင်တာ xxx တယောက်တလက်နဲ့ ဝိုင်းကာ
ကြိုးပမ်းကြရင် xxx နောက်ဆုံးတနေ့မှာ အောင်မြင်ရမယ်လေ xxx
စည်းလုံးကြပါ xxx နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လေ xxx ဒီမိုကရေစီလူ့အခွင့်အရေးတိုက်ပွဲမှာ
xx ပါဝင်ကာလေ ကြိုးပမ်းကြပါမှ xxx နောင်တချိန်မှာ ငြိမ်းအေးတဲ့ဘဝကို xxx ကိုယ်စီပိုင်ကာ
တိုးတက်ရမှာမို့ xxx ခေတ်သစ်သို့လှမ်းကာ သွားကြရအောင် xxx ရဲရင့်လို့ ချစ်ကြည်စွာ xxx
ပူးပေါင်းလို့လုပ်ဆောင် ရဲရင့်ကြပါ xxx ရဲရဲတောက် ဒို့ဗမာ xxx ဒိ့ခ
ျုစ်တဲ့ ခေါင်းဆောင် xx
လမ်းပြလို့သာ xxx ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ပါ xxx

ဗမာပြည်ကြီး မှောင်နေတာ …………………………………… အက်ဒီဆင် ရှိရင် ထိုင်ငိုမှာပဲ


ရေအားလျှပ်စစ် ဆိုတာတွေ ………………………… ရေများလည်တယ် စက်မလည်ဘူးတဲ့
နွေရာသီမှာ ရေနဲလာ ……………………………………… ရေနဲလာတော့ စက်မလည်ဘူးတဲ့
ဖယောင်းတိုင်ရဲ့ အင်ပါယာ ……………………………………… ဗမာပြည်မှာ အရောင်းရဆုံး
ရွှေလမ်းငွေလမ်း ခင်းကြတာ ……………………………… တရုတ်ပြည်ကြီးကို အဖေခေါ်လို့
လျှပ်စစ်အားတွေ ရတဲ့အခါ ……………………………… တရုတ်ပြည်ဖက်ကို ရောင်းဦးမှာတဲ့
စီမံကိန်းတွေ ပြီးတဲ့အခါ …………………………………………… ရုရှားကြီးကို ပူဇော်မယ်တဲ့
ဓါတ်ငွေေ့  လာင်စာ ပြည်တွင်းမှာ ………………………………… မသုံးရရှာ ပြည်ပရောင်းစား
● ကိုယ့်ပြည်တွင်းတောင် မလောက်တာ ……… ကိုယ်နှမကိုတောင် ရောင်းလိုက်ပါလား

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   7 


 
စာသား = နို င် သူ ထွ န်း (ဂျပန် ) ဆို = ဖိုး ဇော်
(xxx ဗမာပြည်မှာပြောင်ပြီ xxx သစ် ရေနံတွေ ကုန်ပြီ xxx ပြည်သူများတော့ မွဲကုန်ပြီ xxx
Xxx နောင်တချိန်မှာ ဗမာပြည် xxx တရုတ်နိုင်ငံမှာပါမည် xxx ဗမာပြည်မြေပုံ ကမ္ဘာမှာမပါပြီxxx)၂

ဒီဇယ် ဓါတ်ဆီ ဈေးမြှင့်ကာ ……………………………………………… ခံရသူမှာ ပြည်သူပါပဲ


စီမံကိန်းတွေ ရေးဆွဲကာ …………………………………… ဝေစားနေတာ သူတို့အချင်းချင်း
အာဏာရူးတွေ အကုန်လုံးဟာ ……………………… ဟုတ်တိုင်းမှန်ရာ လုပ်မှာမဟုတ်ဘူး
အချင်းချင်းပဲ သတ်ကြတာ ………………………………… ခင်ညွန့်ပြုတ်တာ ဘာဆန်းလို့လဲ
ပျဉ်းမနားနဲ့ နေပြည်တော် ………………………………………… ဟန်းဖုံးဆိုနော် မကိုင်ရဘူး
ရှင်ဘုရင်ရူးတဲ့ မြို့တော်မှာ ……………………………………… ကင်မရာဆိုတာ မကိုင်ရဘူး
မှတ်တမ်းပုံလေး ရိုက်မိတာ ………………………… ထောင်ဆယ်နှစ်တောင် ချလိုက်သတဲ့
ကြောက်ရကန်ရ သူတို့မှာ ……………………… အိမ်သာကိုတောင် တယောက်ထဲမတက်ရဲ
ဗိုလ်ချုပ်ကြီးတွေ မအားတာ ……………………… ကလေးစစ်သားတွေ လိုက်ဖမ်းနေသတဲ့
ကတော်ကြီးတွေ မအားတာ …………………………… ယတြာချေကာ လက်မလည်နိုင်ဘူး
တိုင်းမှူးကြီးတွေ မအားတာ ………………………… ပင်လုံညီလာခံကို ကြောက်ရွံ့နေသတဲ့
ဗိုလ်သန်းရွှေကြီး အဟုတ်ထင် ………………………………… တရုတ်မဖင် ထုံးသုတ်သလိုပဲ
ဗမာပြည်ကြီး အသက်ငင် …………………………… ဖားတွေမရှိတာ ဖုတ်လှိုက် ဖုတ်လှိုက်
သက္ကရာဇ်သုံးထောင် ပြည့်တဲ့အခါ ………………………………… ဗမာတွေမှာ လံကွတ်တီနဲ့
● မတရားတဲ့ နည်းမှန်သမျှ ……………………………………………… ငုံ့မခံကြနဲ့ တုံ့ပြန်ကြ
● မတရားတဲ့ အမိန့်မှန်သမျှ …………………………………………… ။

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   8 


 
● တိုင်းပြည်အခြေအနေ ပိုသိသာ …………………………… လွှတ်တော်ဆိုတာ ဖွင့်ချကြစို့

က န့်  လ န့်  ကာကြီး ရယ် နေပါဦး(အ လို က် )


စာသား = နန္ဒ တ င့်ေ ဆွ ဆို = ကြ ယ် သီး ၊ ရွှေ ရ ည် ယွ န်း
(xx သမ္မတကြီးရယ် နေပါဦး xxx ကန့်ကွက်ပါရစေဦး xx
xx ကိုယ်စားလှယ်ကြီးရယ် ပြုပြင်ပါဦး xxx အခြေခံဥပဒေထုံး xx
xx တိုင်းရင်းကိုယ်စားလှယ် တွယ်ပါဦး xxx ပြည်ထောင်စုမူသုံး xx
xx ကာ/ချုပ်ကြီးရယ် ဆင်းခဲ့ပါဦး xxx ပြည်သူ့ချဉ်ဖတ်အမုန်း xx)၃

ရေး = နန္ဒ တ င့်ေ ဆွ
တရက်တခါ ၁၀ မိနစ်ကြာ …………………………… ဆွေးနွေးကြတာ တိုင်းပြည်အနာဂတ်
ရွေးကောက်ပွဲကြီး ရှော့ခ်ရှိတယ် …………………………… မဝင်နဲ့ကွယ် အတန်တန်တားရဲ့
ရွေးကောက်ပွဲနဲ့ ကျုံးအသွင်းခံ ………………………………… ၂၀၀၈ ခြံ လွှတ်တော်တက်ခဲ့
လွှတ်တော်ဆိုတဲ့ ဒီနေရာ ……………………………………… တိုင်းရေးပြည်ရာ ညှိနှိုင်းကြဖို့
ပြဿနာပေါင်းစုံ ဒီတိုင်းပြည် ………………………… ဆွေးနွေးရမည် ကြေလည်သည်အထိ
လွှတ်တော်မတက်ခင် ဝတ်စုံပြင် …………………………… အနည်းဆုံးကြာရင် နာရီဝက်ကွ
လွှတ်တော်ထဲကို ရောက်တဲ့အခါ …………………………… စည်းဝေးကြတာ ၁၀ မိနစ်ပဲတဲ့
● လွှတ်တော်တက်မယ် သွားထိုင်မယ် ……………… လက်မှတ်ထိုးမယ် ခေါင်းညိတ်မယ်
● လက်ညှိုးထောင်မယ် ထောက်ခံမယ် …………………… လက်ခုပ်တီးမယ် ပြန်ဆင်းမယ်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   9 


 
တက်လိုက် ဆင်းလိုက် အလွန်မြန်ပေ … ကိုယ်စားလှယ်တော်တွေ စာကလေးကြော်စား
အထီးအမ သတ္တိ မတူပါ ……………………………………… သူတို့စားတာ စာကလေး အမ
● ရွေးကောက်ပွဲတွင် မက်လုံးတင် …………………… လွှတ်တော်ထဲတွင် တိုက်ပွဲဝင်မတဲ့

… အခုကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူလူထု လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ


အပြောင်းအလဲအတွက် ဆောင်ရွက်နိုင်မယ့် လမ်းစလို့ ကျနော်တို့ ယူဆပါတယ်။…
…ကျနော်တို့ပါတီအနေနဲ့ လွတ်လပ်မှုကို အခြေခံတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး
ကြိုးပမ်းတာနဲ့အတူ ပြည်သူများရဲ့ စီးပွားရေးကျပ်တည်းမှုနဲ့ လူမှုရေး နာကျင်မှုတွေကိုပါ
ဖြေရှင်းသွားဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။... (N D F တီ ဗီ မဲ ဆွ ယ် တ ရား)

● ကုန်ဈေးနှုန်းတွေ ကျစေ့မယ် ………………………… ဟတ်ထိတယ် ဟတ်ထိတယ်ဟေ့၊


ဟတ်ထိတယ် ဟတ်ထိတယ်ကွ
● လျှပ်စစ်မီးတွေ ရစေ့မယ် …………………………… ။
● နိုင်ငံရေးအကျဉ်းသား လွတ်စေ့မယ် ……………… ။
● တိုင်းရင်းသားအခွင့်အရေး မြင့်စေ့မယ် ……………… ။
● အခြေခံဥပဒေ ပြုပြင်မယ် ……………… ။
ဆင်ကြီးဖမ်းမယ် ကျားဖမ်းမယ် ………………… လွှတ်တော်ကိုယ်စားလှယ် မဲဆွယ်ကြုံးဝါး
တိုက်မယ် ဖိုက်မယ် လွှတ်တော်ထဲ ……………………………………… ရယူခဲ့တယ် ဆန္ဒမဲ
လွှတ်တော်ထဲကို ရောက်တဲခ့ါ ………………………… သူတို့တိုက်တာ လွှတ်တော်ကြမ်းပဲ
ကြမ်းတိုက်အမတ်များ ညည်းညူသံ …………………………… အနည်းစုနာခံ ကြံ့ဖွတဆ် န္ဒ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   10 


 
ကြိုတင်မဲနဲ့ နိုင်ခဲ့တယ် ………………………… ကြံ့ဖွတက
ိုယ်စားလှယ် လွှတ်တော်ကိုလွှမ်း
ကြိုတင်မဲနဲ့ တက်လာသည် …………………………………… ကြံ့ဖွတပ်ါတီ ကြိုတင်ဆုံးဖြတ်
အဆိတု ရပ်ရပ် တင်တဲ့အခါ …………………………………… မဲမခွဲတော့ပါ သေချာပြီးသား
ကြိုတင်မဲလို မဟုတ်ရပါ ………………………………… လွှတ်တော်ထဲမှာ အမှန်အကန်ဒီမဲ
မဲမခွဲပါနဲ့ ဆွေးနွေးမယ် ………………………………………… အကြေအလည် ဖြစ်စေချင်လို့
နာယကကြီးက မိန့်ထားတာ ………………………… လွှတ်တော်တွင်းမှာ စကားမများကြနဲ့
ကြံ့ဖွတတ် င်ပြ အကုန်ထောက်ခံ …………………… မထောက်ခံရင်တော့ သိတဲ့အတိုင်းပဲ
‘စူး စမ်း ’ရှာဖွေ ‘စပေ့ ’အမှန် …………………………………… သရုပ်သကန် ပေါ်နေပြီဟေ့
လွှတ်တော်နှစ်ရပ် ရလဒ်မဟာ ……………………… သမ္မတရွေးတာ နိုင်ငံ့အထွတ်အထိပ်
သမ္မတသစ်ကြီး ရွေးကြမယ် …………………………… တ စ် ပြေးနေတယ် ဗိုလ်ရွှေမန်းကြီး
အပြောကတော့ ရွှေမန်းပါ ……… တကယ်တမ်းထွက်လာ ဗိုလ်သိန်းစိန/် မျောက်ဖိုးစိန်တဲ့
ကုလားဖန်ထိုးပြီး ဘယ်လိုဝေဝေ ………………………………… A K Q ဟာ သူတို့အိမ်ထဲ
သမ္မတ အသစ်လေး လန်းတယ်ကွာ ………………… ချိတ်ထမီ ဝတ်တာ အစိမ်းနုလေးကွ
ဗိုလ်နေဝင်းထက် သူတို့သာ …………………………… ဘောင်းဘီချွတ်ကာ ချိတ်ထမီဝတ်ပြ
ခြောက်ကားစီးမယ့် သမ္မတ ………………………………………………… နိုင်ငံ့အစိုးရ သူချပြ
● ဝန်ကြီးသုံးကျိပ် သူ့အလို ………………………………… ကြံ့ဖွတစ
် စ်ဗိုလ် စစ်ဗိုလ်ကြံ့ဖွတ်
● ဝန်ကြီးဌာန များသဗျို ……………………………………… ။
● တိုင်းနဲ့ပြည်နယ် ဝန်ကြီးဆို ……………………………… ။
● မခန့်ပါဘူး အမျိုးသမီးကို ………………………………… ။
ဘွဲ့ဖြူလက်နက် သူပိုင်ဆိုင် ………………………… အာဏာချုပ်ကိုင် အပိုင်အနိုင်ချည်တုပ်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   11 


 
ချည်ပြီးတုပ်ပြီး မလှုပ်နိုင်ပြီ ………………………… တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအထိ
ချင်းပါတီတို့ အချင်းချင်းတွယ် ………………………………… တယောက်ပြုတ်တယ် ရှိစုမဲ့စု
ကိုယ်စားလှယ်ကြီးတို့ လွှတ်တော်မှာ ……………… ထောက်ခံရတာ အလုပ်ရှုတ်နေတုန်း
ဗိုလ်ချုပ်မှူးကြီး ပြဋ္ဌာန်းသည် ……………………… တိတ်တိတ်ကြံစည် နိုင်ငံတော်ပြန်တမ်း
ကျား/မမရွေး အရွယ်ကောင်းမှန် ……………………… စစ်မှုထမ်းရန် အမိန့်ဆင့်ခေါ်သတဲ့
တိုင်းပြည်ဘဏ္ဍာ ခွဲဝေရာ ………………………………… ဘတ်ဂျက်ဆွဲတာ လွှတ်တော်မသိ
ကာ/ချုပ်ကြီးအတွက် အာမခံ ……………………………………… သုံးစွဲဖို့ရန် ငွေဆွဲပြန်သေး
တိုင်းရေးပြည်ရာ အရေးပါ ………………………… ကာ/ချုပ်လုပ်တာ လွှတ်တော်ဘေးချိတ်
ကိုယ့်အဆင့်နေရာ သိကြပါ ………………………………… လွှတ်တော်ဆိုတာ ဖာဖို့ထေးဖို့

အမတ်ကြီး အမတ်ကြီး၊ အလွန်အတဲ့ အမတ်ကြီး


ခေါင်းပေါင်းစကြီး တလူလူ၊ အအကြီးနဲ့တူ
ထူပါသကွဲ့မယုံငြား၊ ဒါကိုကြည့်ပါဗျား …

မေးခွန်းထုတ်ဖို့ အချိန်တန် …………………………………… ပြည်သူ့အသံ နားခံလေမလား


မေးခွန်းတခု ထုတ်မယ်ဆို …………………………………… ဥက္ကဋ္ဌကြီးကို ၁၀ ရက်ကြိုပြော
စည်းကမ်းချက်တွေ အောတိုက်အောတိုက…် ကိုယ်စားလှယ်တွေက အောရိုက်အောရိုက်
မေးခွန်းတခု ဖြေဖို့ရာ ………………………………… ၁၀ ရက်ကြာအောင် အချိန်ယူရသတဲ့
မေးခွန်းထုတ်ခွင့် ကျလာပြီ ……………………………… အတိုက်အခံပါတီ သာဓုခေါ်မဆုံး
မေးရမှာလည်း အားနာပါရဲ့ ……………………………………… ဗိုလ်ဝန်ကြီးရယ် စိတ်မရှိပါနဲ့

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   12 


 
● ကျန်းမာ/ပညာ လျှပ်စစ်မှာ ……………………………… တိုးတက်ဖို့ရာ ဘာလုပ်မှာတုန်း
● တယ်လီဆက်သွယ် ကဏ္ဍမှာ ……………………………… ။
● လမ်းပန်းဆက်သွယ် ချင်းပြည်မှာ ………………………… ။
● ရှေးဟောင်း အမွေနှစ် ရခိုင်ပြည်မှာ …………………… ထိန်းသိမ်းဖို့ရာ ဘာလုပ်မှာတုန်း
● ဂီရိကိစ္စ ကယ်ဆယ်ရာ ………………………………… အဆင်ပြေဖို့ရာ ဘာလုပ်မှာတုန်း
ဗိုလ်ဝန်ကြီးတို့ ၁၀ ရက်ကြာ ……………………………………… စဉ်းစားခဲ့တာ အဖြေပေးဖို့
၁၀ ရက်ကြာသော် အကြံပေါ် ……………………………… အဖြေပေးသနော် အရင်အတိုင်း
တိုးတက်မှုများ လုပ်ပြီးပြီ ………………………………… ခင်ဗျားတို့ပါတီ မသိရကောင်းလား
တိုင်းပြည်တဝှန်း တိုးတက်တာ ……………………… နေ့စဉ်သတင်းစာ မဖတ်ကြဘူးလား
ဂီရိကိစ္စ ဒို့စံပြ ………………………………………………………… နိုင်ငံတကာက နမူနာယူရ
● ဝေ့လည်ကြောင်ပတ် ဖြေလိုက်သည် ……………… အတိုက်အခံပါတီ မေးခွန်းမေ့သွား
● ချော့မော့နှူးနှပ် ဖြေလိုက်သည် ………………… အတိုက်အခံပါတီ ဘွာတေးဘွာတေး
● ကြုံးဝါးသလို ဖြေလိုက်သည် ……………………………… အတိုက်အခံပါတီ ဝပ်လို့ပြားလို့
တခွန်းမေးလို့ တခါဖြေ ………………………………… အာသာပြေပြီ ကိုယ်စားလှယ်ကြီးတို့
မေးခွင့်ရရင် တော်တော့ကွာ …………………………… စောဒကတက်ကာ လေမရှည်နဲ့တဲ့
မေးခွန်းထုတ်လည်း အပိုပါ ……………………………………… ကာ/ချုပ်ကြီးမှာ စီမံပြီးသား
ဘတ်ဂျက်ပြန်တမ်း ထုတ်ပြီးပြီ …………………………… နေပြည်တော်မှာ ပွဲလန့်နေတုန်း
စာသင်ခန်းနဲ့သဏ္ဍာန်တူ ………………………………………… မေးခွန်းထူထူ မေးခွင့်မရှိဘူး
● တပည့် ထ,မေး ဆရာဖြေ …………………………… ဗမာပြေမှာ အောတိုက်အောတိုက်
● အဖြေရတော့ အာသာပြေ ………………………… တပည့်လေးတွေ အောရိုက်အောရိုက်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   13 


 
● နားမလည်သေးရင် နာမယ်လေ ……………… တပည့်လေးတွေ ကျောရိုက်ကျောရိုက်
အမေးနဲ့အဖြေက မဟန်ပါ ……………………………………… တရံတခါ ကန့်ကွက်သံကြား
မကျေနပ်ရင် မဲခွဲမယ် ……………………………………… ကဲဟယ် ကဲဟယ် နင်မှတ်ပြီလား
အနည်းစုတို့ ငိုညည်းသံ …………………………… ကြံ့ဖွတတ
် ခါတရံ သနားတန်ကောင်းရဲ့
● မုဒိမ်းကောင်ဆီက အကြင်နာ ………………………………… မျှော်လင့်နေတာ အံ့ရဲ့အံ့ရဲ့
● မုဒိမ်းကောင်ဆီက အယုအယ ………………………………… ။
အရှိုက်ခက်လို့ အရှက်ပြေ …………………………………………… NLD တွေ ဝင်မပြိုင်လို့တဲ့
ရပ်တည်ချက်က တလက်မ …………………………………………… ရွှေ့လို့မရတာ NLD ဗျ
ရွှေဂုံတိုင်တဲ့ သူ့မူဟာ …………………………………………………… ခါးဝတ်ပုဆိုးပါ မြဲမှမြဲမှ
ရွေးကောက်ပွဲကို ဝင်တဲ့အခါ …………………………………… ပုဆိုးကျွတ်မှာ သူသိပြီးသား
ကိုယ့်လမ်းကိုယ်ရွေး သမိုင်းရေး ……………………… တချို့ဂျောင်းပြေး တချို့မြောင်းဘေး
လွှတ်တော်သစ်ကြီး စိတ်ကထင် ………………… ပြည်သူ့အမြင်မှာ သမိုင်းမြောင်းပုပ်ကြီး
မြောင်းပုပ်ကြီးထဲ ပလုံစွပ် ………………………………………… တပ်ချုပ်ကြီးက အမိန့်မှတ်
ဒိုင်းနားဂျောင်းလို့ ဘိုင်းယားအောင်း …… ကိုယ်စားလှယ်အပေါင်း ညောင်းကြညောင်းကြ
● ပြည်သူထုကို ကိုယ်စားမပြု ………………..…………… ပြည်သူ့လွှတ်တော် အတုအတု
● တိုင်းရင်းသားကို ကိုယ်စားမပြု ……………………… အမျိုးသားလွှတ်တော် အတုအတု
● တနိုင်ငံလုံးကို ကိုယ်စားမပြု ………….…………… ပြည်ထောင်စုလွှတ်တော် အတုအတု
လွှတ်တော် လွှတ်တော် လွှတ်ပြီးတော် ……………… တော်လွန်းလို့နော် တော်တော်တော်
ရွေးကောက်ပွဲမှာ ခံရတာ …………………………… ဂွင်မိသွားတာ ကိုယ်စားလှယ်ကြီးများ
လွှတ်တော်ကြီးထဲ လိုက်လို့ခံ …………………………… သုံးသိန်းတန်အောင် ခံလိုက်ကြဦး

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   14 


 
တခါခံရင် နှံသူအပြစ် …………………………………………………… နှစ်ခါခံရင် ခံသူအပြစ်ဗျ
အထာလည်းသိ ဂွင်လည်းမိ ………………………………………… စစ်အာဏာရှင် ပြုံးစိပြုံးစိ
ခင်ဗျားတို့ခံတာ သုံးသိန်းတန် ……………………………… ပြည်သူ့ဘဏ္ဍာ ပေးလိုက်ရရော
ငါးကြင်းဆီနဲ့ ငါးကြင်းကြော် …………………………… စိတ်နာတယ်နော် ဒီလွှတ်တော်ကြီး
● မဲဆန္ဒရှင် စိတ်တိုင်းကျ ………………………………………………… ငုံ့မခံရဖို့ တုန့်ပြန်ကြ
● နေပြည်တော်က အကုန်ပြန်ကြွ ……………………………………… ။
● လွှတ်တော်ကြီးတော့ ခေါက်ထားမည် …………………… သာသနာရေးဆီ ဆက်ကြဦးစို့

အ သ ည်း နာ က မ္ဘာ မကြေ
ဆို = မာမာအေး
xx သံဃာတော်တွေ သွေးမြေကျပြီတဲ့ xx တကြော်ကြော် ဟစ်ကြွေးတာများ xx မကြားချင်ပေါင်
xx ပူလောင်ခံစား xx ပင်လယ်ဖြစ်သွား xx မျက်ရည်များ xx တနေ့တနေ့နဲ့ အသက်တွေ xx
ပေးဆပ်ခဲ့ရ ကြာရှည် ဗမာပြည်သူဆွေ xxx အဆုံးထိ တိုက်မယ့် ခိုက်မယ့် ဇွဲထက်လေ xx

ရေး = ဦးဓမ္မ
● သိုဟန်ဘွားတောင် သြချရ ………………………………………………… စစ်မိစ္ဆာတို့ အဓမ္မ
● နယ်ချဲ့တွေတောင် သြချရ ………………………………………………… ။
● ဘင်လာဒင်တောင် သြချရ ………………………………………………… ။
စစ်မိစ္ဆာတို့ ဝါဒဖြန့် ………………………………………………… နိုင်ငံရေးမှာ သံဃာမပါရ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   15 


 
နိုင်ငံရေးလုပ်တဲ့ ဘုန်းကြီးများ ………………………………… အတုအယောင် ဆိုလို့ပါလား
အတုအစစ် ခွဲပြဆို …………………………………………… ဟိုလိုဒလီို ယောင်တိယောင်န
မသိရင်တော့ ပြောပြမယ် ……………………………………… မှတ်ထားကြကွယ် ငရဲခွေးတို့
သင်္ကန်းပတ်ပြီး သူလျှိုလုပ် ……………………………………… ခိုင်းသမျှလုပ် ကြွေးသမျှစား
ဖုန်းပေးကားပေး မြှောက်စားတယ် ……………………… စစ်အစိုးရတွက် သတင်းသာပေး
သစ်ပါမစ်တွေ ချပေးမယ် …………………………… ဘိလပ်မြေလည်း ကြိုက်သလောက်ခိုး
ရေနံဆီများ ပေပါပေါင်း …………………………… ထောင်သောင်းမက ထုတ်ယူလိုက်သေး
နအဖဘုန်းကြီး လွန်ကြီးပွား ……………………………… စာမတတ်လည်း အရေးမကြီးဘူး
ဗေဒင် ယတြာ ချဲဂဏန်းပေး ………………………………… စာချဘွဲေ့ တာင် ရလိုက်ပါသေး
စစ်အစိုးရခေတ် ဘွဲတ
ံ့ဆိတ် ……………………………………… လှိုင်လှိုင်ပေါလို့ တန်ဘိုးမရှိ
● ဖောက်ပြန်တရား ဟောတဲ့လူ …………………………………… ဖယ်ရှားရမယ် တို့ရန်သူပဲ
● မိစ္ဆာတရား ပြောတဲ့လူ …………………………………………… ဆန့်ကျင့်ရမယ် တို့ရန်သူပဲ
● မဟုတ်တရားနဲ့ လိုက်ဆွယ်သူ ……………………………… သာသနာဖျက် တို့ရန်ဟူဟေ့
သာသနာဖျက် ရှင်းပစ်မလေ …………………………… သက်ပင်သေသေ တို့မကြောက်ဘူး
သာသနာရဲ့ ရန်သူဟာ ……………………………………………… စစ်မိစ္ဆာနဲ့ ပြည်ခိုင်ဖြိုးဟေ့
နောက်ထပ်ဘယ်သူ ရှိသေးလဲ ………………………… ခေတ်ပျက်သူဌေး မိုးပြာဂိုဏ်းဟေ့
မဟုတ်တရား ရွံရှာဖွယ် ………………………… အော့အန်ချင်စရာ အပုပ်နံ့ထောင်းထောင်း
မိစ္ဆာဝါဒီ အယုတ်တမာလမ်း ………………………………… ငရဲစခန်း ဖြောင့်ဖြောင့်တန်းလို့
သွားချင်ရင်သွား မိစ္ဆာများ …………………………………………… တခြားလူကို ဆွဲမခေါ်ပါနဲ့
မိုးပြာဂိုဏ်းနဲ့ စစ်မိစ္ဆာ ……………………………………………… လိုတူလိုပါ ငရဲသွားဖော်များ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   16 


 
စစ်မိစ္ဆာက မြှောက်ပေးတယ် …………………………………… မိုးပြာဂိုဏ်းနှယ် အမြီးကိုနှံ့လို့
သစ္စာမရှိ သီလပျက် …………………………………………… ကတိမတည် ဆေးဖက်ဝင်ဘူး
ဖိနပ်ကြားက နတ်စကား ……………………………………… ကြားဖူးကြလား သူငယ်ချင်းတို့
ကျွန်ပါးဝတဲ့ ငခင်ရွှေ ……………………………………………… သင်္ဂါယနာ တင်ဖို့အကြံပေး
ပြောတတ်ပလေ သည်စကား ……………………………… ဒီနှစ်ဦးမှာ အကောင်းဆုံးဟာသ
ငပေါများဖြင့် ပြောတတ်တယ် …………………………… ပျက်လုံးကတော့ ပြောင်သကိုးဗျ
● ဒီလူတွေနဲ့ ဒီအာဏာ ……………………………………………… ဖိနပ်ပြတ်နဲ့ ခွေးငတ်လိုပဲ
● ။ ………………………………………………… သင်းကွပ်ကြီးနဲ့ မြုံမလိုပဲ
ယတြာချေလည်း မကြေတယ် ……………………………… သံဃဘေဒက ကံကြီးထိုက်လို့
ကံကြီးထိုက်တဲ့ လူမိုက်တွေ ……………………………………… ငရဲနန်းသာ တခုတည်းဟေ့
မဟာဗောဓိ အောင်မြေနင်း …………………………… သန်းရွှေတသင်း ယောင်တိယောင်န
ဗောဓိပင်နဲ့ ယတြာချေ …………………………………………… ၉ နဝင်းလည်း မကြေပါဘူး
ကောင်းမှုတော်ကြီး သပ္ပါယ်တယ် ………………………… ထုံးဖြူသင်္ကန်း ကပ်ဆင်မြန်းလို့
ထုံးသင်္ကန်းအစား ရွှေအစားထိုး ……………………… စိနအ် စားထိုးလည်း မကြေဘူးဟေ့
● ရှေးထုံးကိုပယ် လက်ကမြင်းရင် ………………… ဟောဒီတဘောင် နားထောင်ကြည့်စို့

တ ဘောင် ရွတ်ဖတ်သူ = ကျော်ြ ကီး


သူခိုး နွားကောင်း၊ မသိရှောင်း၊ အကြောင်းဘယ်သို့ တည်သနည်း။
ဘုရားရွှေသုတ်၊ သန်းရွှေပြုတ်၊ ဥာဏ်နုံ့နည်းသူ လူအကြီး။
ရွှေသုတ်မကြာ၊ လေဖြတ်ကာ၊ သေရွာသွားဖို့ နီးထက် နီး။

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   17 


 
ယဉ်ကျေးတန်ဘိုး၊ မသိနိုး၊ သူခိုး လူလည်ကျတဲ့နည်း။
သားသတ်ခွေးဆိုး၊ အဖေ့ကိုး၊ လွတ်ရိုးပါယ်ရွာ မရှိတည်း။
သန်းရွှေလည်းကင်း၊ မြန်ပြည်တွင်း၊ ငြိမ်းခြင်းသာယာ ရှိမည်တည်း။

နောက်ဆုံးပေါ်တဲ့ ယတြာ …………………………………………… ဖြူနီပြာဝါ ချိတ်ထဘီဝတ်


● အကြံကုန်ပြီလား ငမိုက်သား …………………………… ဂဠုန်ဆားချက် စားလိုက်ပါလား
● ။ ……………………………… ရွင္မးီ အက်ႌ ဝတ္လိုက္ပါလား
● ။ …………………………… ဇာဘော်လီကို ဝတ်ထားပါလား
ဓာတ်ခံဖျင်းတဲ့ လူညံ့တွေ ……………………………………… ပြောသမျှယုံ ခိုင်းတိုင်းလုပ်ကြ
စိတ်ဓာတ်မြှင့်တင် သင်တန်းမှာ …………………………………………… မကမနေရ အဓမ္မပဲ
သင်တန်းဆရာ ဘာဘူကြီး ………………………………… သင်္ကန်းပတ်ပြီး မဟုတ်တာပြော
သာဓုခေါ်တာ မကြိုက်ပါ ………………………………………… လက်ခုပ်ကိုသာ နာနာတီးတဲ့
လုပ်ချင်ရာလုပ် လုပ်နိုင်တယ် ……………………………… အဆိပ်ထုတ်တဲ့ နည်းလမ်းပါတဲ့
မကောင်းမှုရှောင် ကောင်းမှုဆောင် ………………… စိတ်ထားဖြူအောင် သတိဆောင်ကြ
ဘုရားအဆူဆူ မိန့်ကြားတာ ……………………………………… သြဝါဒကို မသိကြဘူးလား
နစ္စဂီတ ရှောင်ကြပါ …………………………………………… ဥပသကာ သူတော်ကောင်းတို့
● ဘာဘူဘုန်းကြီး ပြောစကား ……………………………… တရားနည်းလမ်း ကျသတဲ့လား
● ဘာဘူဘုန်းကြီး ဟောတရား ………………………… ဘုရားလမ်းညွန် ဟုတ်သတဲ့လား
ခြောက်စားဟောက်စား မြှောက်တရား ……………… သူတော်ကောင်းများ မကြိုက်ကြဘူး

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   18 


 
● စစ်စိုးရက မွေးစားထား ………………………………… ကုလားဘုန်းကြီး သာသနာဖျက်
● ခေတ်ပျက်သူဌေး ကျွေးလို့ထား ……………………… ။
● ကြံဖ
ွ့တဂ်ုဏ်ကျား မြှောက်လို့ထား ……………………… ။
ဘယ်လောက်ပျက်ပျက် မမှုတာ ………………………………… မဟ နခေါ် သံဃာ့ဖွဲ့စည်း
တာဝန်ရှိလျက် မလုပ်တာ ……………………………………… စစ်မိစ္ဆာကို ကြောက်လို့ပါကွဲ့
အဂတိတရား ဖယ်ရှားပါ …………………………………… ဘုရားသာသနာ ကာကွယ်ဖို့ရေး
ဦးဝီရသူ ဆရာတော် …………………………………………… နှစ် ၂၀ ကျော် ထောင်ကျခံရ
ဦးဂမ္ဘီရ ဆရာတော် ……………………………………………… နှစ် ၅၀ ကျော် ထောင်ကျခံရ
● ထောင်ကျနေတဲ့ သံဃာပေါင်း ………………… ကယ်ထုတ်ပေးဘို့ တောင်းဆိုပါကြောင်း
● သံတိုင်ကြားက သံဃာပေါင်း …………… ။
● သင်္ကန်းဖြူနဲ့ သံဃာပေါင်း …………… ။
● ထောင်ဝင်စာမဲ့ သံဃာပေါင်း …………… ။
ဆရာတော်ကြီး သီတဂူ ……………………………………… အင်းစိန်ထောင်ကို ချီးမွမ်းပုံများ
နာကြားကြပါ မိန့်စကား ………………………………………… ရီခရီယေးရှင်း စင်တာကြီးတဲ့
ကိုယ့်ရဲ့ဝမ်းနာ ကိုယ်သာသိ ………………………………… ဦးဝင်းတင်ကို မေးကြည့်ပါလား
ကိုယ်တိုင်ရေးတဲ့ ထောင်အတွေ့ကြုံ ……………………………… တင်စားပုံဟာ လူ့ငရဲဘုံတဲ့
ဥသျှောင်ကြီးများ လမ်းမှားရင် ………………………………… ဒုက္ခများမယ် ဗိုလ်လူအပေါင်း
ကြခတ်ဆရာတော် ညွန်ချက်ကြောင့် ……………………… မြတ်သံဃာများ ဒုက္ခရောက်လို့
ဘုရားခေါင်းဖြတ် သံဃာသတ် ……………………… ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ်တပ်လို့
● သွေးအိုင်ထဲက သင်္ကန်းစ ………………………………………… အရိုးတွန်ပြ ပြန်နိုးထလိမ့်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   19 


 
● ၂၀၀၇ က ဖျက်မရ ………………………………………………… ။
● စက်တင်္ဘာက သက်သေပြ ……………………………………… ။
● ဘုရားသာသနာ ညှိုးမှိန်ပျ ……………………………………………… ငုံ့မခံရဖို့ တုန့်ပြန်ကြ
● ဗုဒၶသာသနာ ညိႇဳးမွိန္ပ် ………………………………………………… ။
● အတုယူၾက ဦးဥတၱမ …………………………………………………… ။
● ဦးဝိစာရ နှလုံးမူကြ ………………………………………………… ။
● အဓမ္မမှုများ ဆန့်ကျင်ကြ …………………………………………… ။
● သာသနာအရေး ရပ်နားမည် ……………………………… ကွန်ယက်ဆီကို ဆက်ကြဦးစို့

သ မို င်း ကြွေး (စဉ်း စားကြ အ လို က် )


စာသား/ဆို = စစ်ေ ဝး
xx လူသားတယောက်ရဲ့ အခွင့်အရေးတွေ ပျောက်ဆုံးခဲ့တာ xx ရာစုနှစ်ထက်ဝက်တောင်
ကြာမြင့်ခဲ့ပြီ xx အနိုင်ကျင့်ဖိနှိပ် သတ်ဖြတ် အုပ်စိုးထားတဲ့ အာဏာရှင်ကြောင့်ပါပဲ xx
xx ငါတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲစမယ် xx ကွန်ယက်ချိတ်ဆက်ကာ လှုပ်ရှားကြစို့ xx
အောင်ပွဲရဖို့ တိုက်ရမယ် xx လူတိုင်းစေ့ဘဲ တာဝန်ကြေဖို့လိုတယ် xx
Cho - တူရာတွေကို စုစည်းလိုက် xx ကွန်ယက်တခုအဖြစ် ဖွဲ့စည်းလိုက် xx
အာဏာရှင် ဖြုတ်ချဖို့အတွက် xx အခုကနေ စလိုက် xx
Cho - လူတွေ လွတ်မြောက်ဖို့ xx လွတ်လပ်ဖို့ တိုက်ကြစို့ xx သင်ဟာ မျိုးဆက်သစ်အတွက်
သမိုင်းကြွေး ထားခဲ့မလား xx လူတွေ လွတ်မြောက်ဖို့ လွတ်လပ်ဖို့ xx တိုက်ကြစို့ သင်ဟာ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   20 


 
မျိုးဆက်သစ်အတွက် သမိုင်းကြွေး ထားခဲ့မလား xx လူထုအားလုံးကို စစ်တပ်ရဲ့ ကျွန်ဇာတ်သွင်းခဲ့
ဒါလည်း အားလုံး သိပြီးသားပဲ xx ဘာမှ မထူးခြားတဲ့ ဘဝမှာ နေလိုက်ကြရင် xx
အခြေအနေ ပိုဆိုးလာမယ် xx လူသားအခွင့်အရေး ကင်းမဲ့ကာ နေရခြင်းထက် xx
xx သေခြင်းကပဲ ပိုလို့ မြတ်ခဲ့ xx ဒါမျိုးစိတ်ဓာတ်ထားပြီးတော့ တိုက်ပွဲစမယ် xx ပီပြင်အောင် xx
လှုပ်ရှားမယ်လေ xx

ရေး = စစ်ေ ဝး
စည်းလုံးညီညာ အောင်ကြောင်းဖြာ …………………………… ပင်လုံစာချုပ် သက်သေပြခဲ့
စည်းလုံးမှုမရှိ ဝါးအစည်းပြေ …………………………… တိုင်းပြည်အာဏာ စစ်တပ်ယူသွား
စစ်အာဏာရှင် အုပ်ချုပ်တယ် …………………………… တိုင်းပြည်မှာတော့ မွဲသထက် မွဲခဲ့
စစ်အုပ်ချုပ်ရေး နှိပ်စက်တယ် ………………………… ပြည်သူတွေမှာ ငတ်သထက် ငတ်ခဲ့
ရွာတွေမီးရှို့ လူတွေသတ် …………………………… စစ်အာဏာရှင် လက်ချက်လက်ချက်
အာဏာရှင်တို့ ခိုင်းကြတယ် ……………………………… အဓမ္မလုပ်အား ကလေးစစ်သား
လူထုအစည်းအဝေး လုပ်အားပေး ………………… တအိမ်တယောက် မလိုက်မနေရဟေ့
လူမမယ်အရွယ် ကျောင်းသားအရွယ် …………………… စစ်တပ်ထဲကို ဆွဲသွင်းတယ်ဟေ့
အာဏာရှင်တို့ ရိုင်းကြတယ် ………………………… အမျိုးသမီးတွေကို မုဒိန်းကျင့်ဖျက်ဆီး
နယ်စပ်ဒေသ ထိုးစစ်ဆင် …………………………………… အိုးအိမ်ပစ်ကာ ထွက်ပြေးကြရ
စားစရာမရှိ နေစရာမရှိ ………………………………………… မျှော်လင့်ချက်တွေ ဗလာနတ္ထိ
ရေကာတာဆောက် အိမ်တွေပြောင်း ………………… အိုးမဲ့အိမ်မဲ့ လူတွေထောင်သောင်း
လယ်တွေသိမ်းကာ စက်ရုံဆောက် ……… တို့လယ်သမားတွေ ဝမ်းဟောင်းလောင်းပေါက်

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   21 


 
ဆန့်ကျင်တော်လှန် အတိုက်အခံများ ………………………… ပုဒ်မမျိုးစုံ တပ်ကာ ဖမ်းထား
သန်းရွှေကြီးရယ် ရက်စက်တယ် ………………………… လူ့အခွင့်အရေးကို မျိုးစုံချိုးဖောက်
လူ့အခွင့်အရေးက အရေးမကြီး …………………… သူ့အတွက် အာဏာ အရေးအကြီးဆုံးပဲ
သန်းရွှေကြီးရယ် ကြိုးကိုင်တယ် ……………………… ရွေးကောက်ပွဲတက် ကြံ့ဖွတ်အစိုးရ
စစ်အာဏာရှင် အလိုမရှိ …………………………………… ကြံ့ဖွတ်အစိုးရ အလိုမရှိဘူးဟေ့
စစ်တပ်ဦးဆောင် ဒီမိုကရေစီ …………………………………… နွားချေးပုံကို နှမ်းဖြူးသလိုပဲ
ဒို့လိုချင်တာ ပြည်သူ့အစိုးရ ………………………………… ရအောင်ယူမယ် စိတ်ချထားဟေ့
၂၀၁၁ ခုနှစ်သည် ……………………………………………… အာဏာရှင်တွေ ကျဆုံးမယ့်နှစ်
အာရပ်ကမ္ဘာမှာ တော်လှန်ပြီ …………………………… အာဏာရှင်တွေ ခွေးပြေးဝက်ပြေး
မြန်မာပြည်က အာဏာရှင် ………………………………………… ကျဆုံးရမည် ဧကန်စင်စစ်
အာဏာရှင်ကို ဖြုတ်ချရေး …………………………………… ကွန်ယက်ဖွဲ့စည်း လှုပ်ရှားကြစို့
အမေစုက ဦးဆောင်တယ် ………………………………… ညီညီညာညာ နောက်ကလိုက်စို့
အလုပ်သမား လယ်သမား ကျောင်းသားများ …………… ကွန်ယက်အစုံပဲ ဖွဲ့စည်းထားကြ
ပညာရှင် ဆရာဝန် ရှေ့နေများ ………………………… ကွန်ယက်ဖွဲ့လို့ အသင့်ပြင်ထားကြ
အဆိုတော် သရုပ်ဆောင် စာရေးဆရာ …………………… ကွန်ယက်ဖွဲ့လို့ ရယ်ဒလီုပ်ထား
ပြည်သူ့ဘက်က ဝန်ထမ်းစစ်သား …………………… တိုးတိုးတိတ်တိတ် ကွန်ယက်ဖွဲ့ထား
ရဟန်း သံဃာ ပြည်သူမကျန် …………………………… ပြည်တွင်းပြည်ပ ချိတ်ဆက်ကြစို့
တယောက်အားနဲ့ ယူသော်မရ ……………………………… တသောင်းအားနဲ့ ယူသော်ရ၏
ထိုင်နေလို့တော့ ဘာမှမထူး …………………………… စစ်ကျွန်ဘဝက လွတ်မှာ မဟုတ်ဘူး
စစ်ကျွန်ဘဝက လွတ်ဖို့ဆို …………………………………… ဟန်ချက်ညီညီ တိုက်ပွဲဝင်ကြ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   22 


 
တပ်မတော်သားတို့ ပါဝင်ပါ ……………………………… မြန်မာ့တပ်မတော် သိက္ခာဆည်ဖို့
ပြည်သူအပေါင်းတို့ ပါဝင်ပါ …………………………… ခေတ်စနစ်ဆိုးက လွတ်မြောက်စေဖို့
ကွန်ယက်ပေါင်းစုံ ဝိုင်းဝန်းတိုက် …………………………… စစ်အာဏာရှင် သန်းရွှေလူမိုက်
● ကွန်ယက်ပေါင်းစုံ စုစည်းကြ …………………………………………… ငုံ့မခံရဖို့ တုံ့ပြန်ကြ
● စစ်အာဏာရှင် နိဂုံးဘဝ ………………………………………………… ။
● ပြည်သ့က
ွူန်ယက် ကျော်လွှားကာ ............. ……… အလုပ်သမားရေးရာ သွားကြဦးစို့

ဂျွ န် ၆ အ လု ပ် သ မားသ ပိ တ်
ဆို = စန်း စန်း မြင့်

(xxx အလု ပ် သ မားတို့  တို က် ပွဲေ ခ်ါသံ သ ည် xxx မြန်ြ ပည် တွ င် မ က


ကမ္ဘာ့ေ မြအနှံ့  ပျံ့  လွ င့် ခဲ့ြ ပီ စစ် ဖိ န ပ်ေ အာက် ဒူး မထောက် ခဲ့ြ ပီ xxx ငတ် ရ င်း
အသေမခံ တို က် ရ င်း သာ အသေခံ မ ည် ဘာမထီ ဇာနည် စိ တ် ဓါတ် ေ မြ း ခဲ ့ ၿ ပီ xxx) ၂
နီ ေ မာင်း တဲ့  အလု ပ် သ မားတို့  သွေး နဲ့ေ ရးကာ xxx ဂု ဏ်ေ ပြာင် တဲ့  သမို င်း စာမျက် နှာ
ဖွ င့် ခဲ့ေ လပြီ xxx ပြည် သူ များ နိုး ကြားခဲ့ြ ပီ ပြည် သူ အားလုံး နိုး ကြားခဲ့ြ ပီ xxx
ဒို့  များတပ် ဦးက xx ဦးဆောင် ပါသည် xx အလု ပ် သ မား၊ လယ် သ မား၊
ကျောင်း သားများ လက် တွဲ ညီ ညီ xxx သွေး ကြွေး ကို သွေး နဲ့  ဆ ပ် မ ည်
အဓိ ဋ္ဌာန် ပါသည် xxx တို က် ပွဲေ အာင် လံ မိုး ယံ လွှ င့်ေ တာ့ မ ည် xxx

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   23 


 
ရေး = ဒေါက် တာဇော် ဝ င်း အောင်
အဓမ္မလုပ်အား ခိုင်းပါငြား တိုင်ကြားနိုင်ပါသည်။
အလုပ်သမားအဖွဲ့များ ပိတ်ပင်ထား တိုင်ကြားနိုင်ပါသည်။
ကျား/မခွဲခြား ဖိနှိပ်ငြား တိုင်ကြားနိုင်ပါသည်။
ကလေးစစ်သား တွေ့ခဲ့ငြား တိုင်းကြားပါဗျို အိုင်အယ်အ…ို ။
မြန်မာပြည်ရဲ့ နာတာရှည် ……………………………………… ရောဂါဆိုးလေ လုပ်အားပေးပဲ
သူတို့ပြောတာ ဒီလိုပါ ……………………………………… လုပ်အားပေးဟာ ကုသိုလ်ရေးတဲ့
ဒင်းတို့ပြောတဲ့ အပြောဟာ ………………………………… အဆိပ်ပေါ်မှာ သကာဖုံးတာပေါ့
အဓမ္မခိုင်းခဲ့ လုပ်အားတွေ ……………………………… တန်ဘိုးတွေက နည်းတာမဟုတ်ဘူး
ပြည်သူတွေရဲ့ လုပ်အားတွေ ………………………… အာဏာရှင်တွေ အမြတ်ထုတ်သွားခဲ့
လုပ်သားတယောက် လုပ်အားဟာ ……………………………… တန်ဘိုးမဲ့နေ ဒို့တိုင်းပြေပဲ
လုပ်သားတယောက် လုပ်အားဟာ ……………………………… အဓမ္မခိုင်းနေ ဒို့တိုင်းပြေပဲ
အစိုးရကိုယ်တိုင် ကျူးလွန်နေ …………………………………… ကမ္ဘာကတောင် ရှုံ့ချလာရ
● ILO က တောင်းဆိုလာ ……………………………………… လုပ်အားခိုင်တာ ရပ်ပစ်ပါတဲ့
● ။ ……………………………… ပေးခိုင်းသူတွေ အရေးယူပါတဲ့
နအဖကြီး မနေသာ ……………………………………………… ကူလီကူမာ လုပ်ကြည့်ပါရော
လုပ်အားပေးစနစ် ငြိမ်းသွားအောင် ………………………… မီးကုန်ယမ်းကုန် လုပ်မယ်ဆိုပဲ
● အမိန့်ကြော်ငြာ ထုတ်ဝေလာ ……………………………… လုပ်အားပေးကို မခိုင်းရဘူးတဲ့
● ။ ………………………………… ပေးခိုင်းသူကို အရေးယူမတဲ့
ပြည်သူအားလုံး ဝမ်းသာနေ …………………………… သူတို့ပြောတာ တကယ်လေလားဟဲ့

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   24 


 
လက်တွေ့ကျတော့ တမျိုးပါ …………………………… ခိုင်းတဲ့ပုံစံ နောက်တမျိုးပြောင်းသွား
ခိုင်းတဲ့သူက ဆက်ခိုင်းနေ ……………………………… တိုင်တဲ့သူတွေ ထောင်ကျတန်းကျ
အဓမ္မလုပ်အား တိုင်သူကို ……………………………………… လက်စားချေကာ ဖိကြဖမ်းကြ
ဖမ်းချင်သလောက် ဖမ်းစမ်းကွာ …………………………… တိုင်ကြားသူတွေ များများလာခဲ့
အများအတွက် အနာခံ ……………………………………… စွမ်းစွမ်းတမံ ရွက်ဆောင်နေကြ
နအဖရဲ့ လှည့်လုံးတွေ ……………………………………… သူတို့တွေကြောင့် ရေစုန်မျောခဲ့
လုပ်သားထုရဲ့ သူရဲကောင်းတွေ ……………………………… သူတို့ကိုလေ အလေးပြုပါရဲ့
လုပ်အားပေးနဲ့ တဆင့်သာ …………………………… နောက်ထပ်လာတာ ကလေးစစ်သား
စစ်တပ်ကြီးထဲ ကြည့်လိုက်ပါ ………………………………… အရာရှိတွေသာ ဖောင်းပွနေရဲ့
အရာရှိများ ကိုယ်ကျိုးရှာ ……………………… တပ်သားတွေမှာ ငတ်တလှည့်ပြတ်တလှည့်
နောက်လိုက်ငယ်သား မရှိရှာ ……………………………… တွေ့တာအကုန် တပ်ထဲဆွဲထည့်
စာသင်ရမယ့် ကလေးတွေ …………………………………… အဓမ္မခေါ်ကာ တပ်ထဲထည့်ကြ
ကလေးစစ်သား ဆိုတာဟာ …………………………………… အဆိုးဆုံးပုံစံ အဓမ္မလုပ်အား
နအဖကြီး နာမည်ကျော် …………………………………………… ILO မှာနော် အမှုတိုးရော
အခုတခါလည်း လာပြန်ပြီ ……………………………………………… ပြည်သူ့အစိုးရ ဖွဲ့ပြီဆိုပဲ
ဒီတခါတော့ တကယ်ပါ …………………………………… သေသေချာချာ စောင့်ကြည့်ပါတဲ့
မယုံမရှိနဲ့ ကြီးဒေါ်ရေ ……………………………………………… ဒီတခါတော့ ထူးသစ်ရှယ်ပဲ
မွဲပြာပုဆိုးနဲ့ ပွဲမတိုးပါ ……………………………………… ဗိုလ်ချုပ်ကြီးတွေ ချိတ်ထမီတွေနဲ့
ချိတ်ထမီနဲ့ အာဏာရှင် …………………………………… မြင်ဖူးချင်ရင် ကြည့်ထားလိုက်ကြ
ဒါထက်ကောင်းတာ လာဦးမယ် ………………………………… သေသေချာချာ နားစွင့်ပါဦး

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   25 


 
အလုပ်သမားရေးရာ ဥပဒေတွေ ………………………………… မကြာခင်မှာ လုပ်မယ်ဆိုပဲ
● အလုပ်သမားတို့ အခွင့်အရေးတွေ ……………………… ကာကွယ်ပေးမယ် စိတ်ချစိတ်ချ
● လယ်သမားတို့ အခွင့်အရေးတွေ ………………………… ။
ILO ကြီး စိတ်မချနိုင် ……………………………………… ဒင်းတို့ပြောတာ အဓိပ္ပါယ်တမျိုးနဲ့
ကာကွယ်ထားတယ် ဆိုတာဟာ …………………… အခွင့်အရေးမရအောင် ကာထားဆိုပဲ
နအဖရဲ့ အောက်လမ်းဥာဏ် …………………………… မျက်လှည့်ဆန်ဆန် ပြမယ်ကြည့်ဦး
● အလုပ်သမားရေးရာ သမဂ္ဂတွေ ……………………………… ဖွဲ့ခွင့်ပေးမယ် စိတ်မပူစမ်းနဲ့
● လယ်သမားရေးရာ သမဂ္ဂတွေ ……………………………… ။
● တခုလေးတော့ ရှိပါတယ် ……………………………………… ဖွဲ့စည်းပုံတော့ မထိကြနဲ့ပေါ့
● ။ ……………………………… တို့အာဏာတော့ မထိကြနဲ့ပေါ
ရှင်းရှင်းလေးပဲ ပြောမယ်ကွာ ……………………………… တို့အကြိုက်ကို ခိုင်း တာလုပ်ကြ
နအဖတို့ လိမ်ဖို့ကြံ ………………………………………………… လူထုအသံ မျက်ကွယ်ပြုခဲ့
နအဖတို့ လိမ်တဲ့ဂွင် ……………………………… ထမီအဆင်လို အကွင်းသား အရှင်းသား
● ကိုယ့်အခွင့်အရေးကို တိုက်ယူကြ ……………………………………… ငုံ့မခံရဖို့ တုံ့ပြန်ကြ
● နင်းပြားဘဝ ရုန်းထွက်ကြ ……………………………………………… ။
● အဓမ္မလုပ်အား မခိုင်းစေရ ……………………………………………… ။
● ကလေးစစ်သား မရှိစေရ ……………………………………………… ။
● အလုပ်သမားကဏ္ဍ ခဏနားကာ ………………………………… မီဒီယာကို လှည့်ကြဦးစို့

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   26 


 
ဖြူနီြ ပာဝါ (အ လို က် )
စာသား/ဆို = မျိုးသိ ဏ်း (မဇ္ဈိ မ )

(xx မီဒီယာအကျိုး xxx ပလီပလာပျိုး xxx မြန်မာပြည် မီဒီယာတွေရယ် ဘဝကဆိုး


ဘယ်လိုလုပ် ဘဝကလှ မလဲ xxx စီစစ်ရေး ဖြတ်ရတာကိုး xxx)၂
CHO - [{ဓားစက်ကြီးထဲ ထည့်သလို xx ပါတာတွေ အကုန်ပိုင်း xx အကြိမ်ကြိမ်အခါခါ ဝန်ခံကတိ
သတင်းလေးတချက်လောက်လွတ်တယ် xx အိမ်တွေလာလာ ခေါ်ပြီး xx ရံဖန်ရံခါ မော်စကိုအထိ}
{xx စစ်အစိုးရလက်ထက် မီဒီယာတွေကို အမှောင်ချ xx ကမ္ဘာမှာပေါ်တင် လိမ်ပါ၏ xx
xx သတင်းလွတ်လပ်ခွင့် ကမ္ဘာ့နောက်ဆုံးတန်းပါ xx မြန်မာပြည် မီဒီယာဟေ့ xxx} ]

ရေး = ထွ န်း တောက်
မြန်မာပြည်က မီဒီယာ ……………………………………… လွတ်လပ်ခွင့်မှာ နောက်ဆုံးကပဲ
ဒေါ်စုသတင်း ရေးမိတယ် ………………………………… အပိတ်ခံရတာ ၇ စောင်တောင်ဗျ
ကျော်ဆန်း ခင်ရီ လိမ်နေသည် ………………………………… ဂျာနယ် တီဗီ အကုန်ဖော်ပြရ
ထောင်တွင်းထဲက သတင်းတွေ  ……………….…… ရေးခိုင်းပါတယ် အကေင်းချည်းပဲတဲ့
NLD သတင်း ရေးမိရင် ………………………………………… ဆုပေးတာက မော်စကို ကိုပဲ
မီဒီယာရဲ့ အသုံးဝင်ပုံ ………………………………………… စက်တင်ဘာက သက်သေပါပဲ
အမှန်တရားကို စစ်တပ်ဖုံး ………………………………………… မီဒီယာက ဖော်ထုတ်တာပဲ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   27 


 
နာဂစ်တုန်းက ပြည်သူတွေ ………………………………… မီဒီယာဖော်လို့ လူသိတာဟေ့
ရွေးကောက်ပွဲမှာ သတင်းယူ ………………………….. ထိန်းချုပ်ထားတာ အလွန်အမင်းပဲ
စစ်တပ်အလိုကျ ဖော်ပြရ ……………………………………… ပြည်တွင်းထဲက ဂျာနယ်ဘဝ
မီဒီယာဟန် ပြည်သူ့အသံ …………………………………… ထုတ်ဖော်ရေးပါ သတင်းမှန်တို့
● မှန်တာရေးလို့ ထောင်ကျရင် ………………………………… ဦးစိန်ဝင်းကို အတုယူလော့
● ဟုတ်တာရေးလို့ ထောင်ကျရင် …………………………… ဦးလှကိုလည်း အတုယူလော့
● စစ်တပ်အကြောင်း အမှန်ပြောဆို  …………………………… ဦးဝင်းတင်ကို အတုယူလော့
မီဒီယာရဲ့ နေရာဟာ ………………….………………………………… စတုတ္ထမဏ္ဍိုင် မမေ့ပါနဲ့
ပြည်တွင်းပြည်ပ မီဒီယာ …………………………………… ပူးပေါင်းကြပါ အမှန်တရားဖော်ဖို့
အမှန်တရားဖော်လို့ ထောင်ချရင် ……………………… ၀င်ကြမယ်ဟေ့ ထောင်တွင်းဆီသို့
တွစ်တာ ဖော့ဘုတ် အသုံးချကာ ……………………… တိုက်ပွဲဝင်ကြ လွတ်လပ်ခွင့်တွက်
နည်းပညာတွေ ထွန်းကားလာ …………………………………… စစ်အစိုးရကို တိုက်ဖို့ ခိုက်ဖို့
ငွေမမတ်ပါ တို့မီဒီယာ ……………………………………… ပြည်သူ့ဘက်သား စစ်စစ်တဲ့ဟေ့
ငွေမက်နေတဲ့ မီဒီယာ ………………………………… ကန်ထုတ်ပစ်ကွာ လူ့ဘောင်တွင်းက
မီဒီယာတွင်းက လောက်ကောင်တွေ …………………. အရေခြုံတွေ သတိထားကြလော့
မီဒီယာသမား အစစ်အမှန် တကယ့်ဟန် ………… ပြည်သူ့အတွက်သာ ကြည့်ကြမယ်ဟေ့
အာဏာရှင်ကို ထိုးနှက်မှာ ………………………………………… မီဒယီာက ထိပ်ဆုံးကဘဲ
အာဏာရှင်ကြောက်တဲ့ မီဒီယာ ………………………… ပြည်တွင်းပြည်ပ ဖော်ဆောင်ကြစို့
● မီဒီယာကို အမှောင်ဖုံးချ ………………………………………………… ငုံ့မခံကြနဲ့ တုံ့ပြန်ကြ
● မီဒီယာက ပြောင်မြောက်လှ …………………………………………… ။

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   28 


 
● မီဒီယာတွေ ပြတ်သားကြ ……………...……………………………… ။
● မီဒီယာကို ပြောအပြီးမှာ ………….………………………… ပြတ်သားခိုင်မာ တိုက်ပွဲခေါ်စို့

ရွှေ တိ ဂုံ သ ပိ တ်
ဆို = ကိုြ မတ် သူ
(xxx မိုးမြေချိမ့်ချိမ့် သိမ့်သိမ့်တုန်ခဲ့ပြီ xxx သွေးနီစိမ့်စိမ့် သိမ့်သိမ့်တုန်ခဲ့ပြီ xxx လာချေပြီ
လက်ရုန်းဆန့်တန်း xx အောင်သံလွှမ်းလို့ xxx စီတန်းလှည့်ထွက် ချီတက်ခဲ့ကြပြီ xxx)၂
သပိတ် သပိတ် ... မှောက် မှောက်
မီးဒုတ် မီးဒုတ် ... ရှို့ရှို့
သခင်မျိုးဟေ့ ... ဒို့ဗမာ
(အရေးတော်ပုံ ... အောင်ရမည်)၃
xxx ဘာမထီ xx ဖက်ဆစ် စနစ်ဆိုး အုပ်စိုးမှုကို xx တွန်းလှန်ဖြိုဖျက် တိုက်ပွဲဆက်ခဲ့ပြီ xx

ရေး = နန္ဒ တ င့်ေ ဆွ
ကျုပ်တို့ခေတ်သမိုင်း မရိုင်းစေလို …………………… ကိုယ့်တာဝန်ကိုယ် ကျေဖို့ကောင်းရဲ့
စနစ်ရိုင်းစိုင်း ခေတ်ရိုင်းစိုင်း ……………………………………… ငါတို့သမိုင်း မရိုင်းကြစေနဲ့
လူတိုင်းလူတိုင်း ကိုယ့်သမိုင်းကို ……………………………… ကြိုက်သလိုရေးပါ ရွေးခွင့်ရှိရဲ့
● တပ်ချုပ်ကြီးလည်း ရွေးနိုငသ် ည် …………………………… အမေစုလည်း ရွေးနိုင်သည်
● သမ္မတကြီးလည်း ရွေးနိုင်သည် …………………………… NLD လည်း ရွေးနိုင်သည်ဗျ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   29 


 
အမေစုရွေးတဲ့ လမ်းကြောင်းသာ ……………………… ဆွေးနွေးဖို့ပါ တိုင်းပြည်အနာဂတ်
အာဏာရှင်တို့ လမ်းကြောင်းရွေး ……………………… တိုင်းပြည်အလုံးစုံ ပျက်သုဉ်းရေးပဲ
အနာဂတ်ပုံကြမ်း ဒီနှစ်လမ်း …………………………… ရွေးလိုက်စမ်းပါ ပြတ်ပြတ်သားသား
ပျက်သုဉ်းရေးလမ်း မလိုက်လို …………………………… စစ်အာဏာကို ငြင်းပယ်ကြလော့
ပြည်သူ့သမိုင်းတော့ မရိုင်းခဲ့ပါ …………………………… ပြောင်မြောက်ခဲ့တာ ကမ္ဘာတုန်ခဲ့
ဖက်ဆစ်တော်လှန် အောင်ပွဲခံ ………………………………… ပြည်ပရန်ကို တွန်းလှန်နိုင်ခဲ့
ကိုယ့်ပြည်တွင်းဖြစ် ဒီဖက်ဆစ် ……………………………… စစ်အာဏာသစ် အမြစ်ကဖြိုလှဲ
ဖွဲ့စည်းပုံနဲ့ စစ်အာဏာ ………………………………… ချုပ်ကိုင်တော့မှာ သားစဉ်မြေးဆက်
ဒို့ဗိုလ်ချုပ်က(ဗိုလ်ချုပ်အောင်ဆန်း) ပြောဖူးတာ …………… ဥပဒေဆိုတာ လူကရေးသတဲ့
ဟုတ်သေးဘူးဗျ ဗိုလ်ချုပ်ရေ ………………………………… ဟောဒီဥပဒေ ဖွ တ် ရေးတာဗျ
● စစ်ဗိုလ်တမတ်သား ကြံကြံဖန် …………………………………… မြန်မာနိုင်ငံ ဖွဲ့စည်းပုံတဲ့
● စစ်ဗိုလ်ဝန်ကြီး သုံးဦးစံ …………………………………………… ။
● သမ္မတ လုပ်သမျှ ကုန်းလို့ခံ ……………………………………… ။
● အာဏာသိမ်းဖို့ ခွင့်ပြုပြန် ………………………………………… ။
ဖွဲ့စည်းပုံမှာ မွေးရာပါ …………………………………………… ပြဿနာရှိတာ သိဖို့ကောင်းရဲ့
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ………………………………… ကာ/ချုပ်ကြီးက နာခံပါ့မလား
● ကာ/ချုပ်ကြီးနဲ့ သမ္မတ ……………………………………………… အားပြိုင်ရမည် မုချမုချ
● သူ့အာဏာနဲ့ ငါ့ပါဝါ ……………………………………………… တကွေ့ကွေ့တွေ့မှာ မုချမုချ
● ခင်ခင်ဝင်းနဲ့ မိရွှေကြိုင် ………………………………………………… မာယာပြိုင်မှာ မုချမုချ
● အထက်လမ်း အောက်လမ်း ဘိုးတော်တိုင် ……………………… ယတြာပြိုင်မှာ မုချမုချ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   30 


 
ဖက်စ်လေဒီတို့ မစ္ဆရိယ ………………………………………… မုချတွေ့မှာ ကြည့်နေကြဟေ့
အမျိုးသမီးဝန်ကြီး ဗြောင်မခန့်ပါ ……………………………… ရှဲဒိုးအာဏာ ပေးထားပြီးသား
မီးဖိုချောင်က ကဲဘိနက် ………………………………… လက်ဝါးစောင်းထက် အာဏာစက်
အကွဲတွေ ဟမှာ စောင့်မနေပါ …………………………………………… ထိုးခွဲရမှာ ဒို့တာဝန်ပဲ
တော်လှန်ရေးကြီး နှစ် ၂၀ ကျော် ……………………… ကြာလိုက်တာနော် ညည်းသံကြားရ
အပျိုကြီးတယောက် လင်ရလို ……………………………… ဗေဒင်ဆရာကို မေးကြည့်သတဲ့
ဗေဒင်ဆရာက တွက်ချက်ကာ ………………………………… ၆ လအတွင်းမှာ လင်ရမှာတဲ့
အပျိုကြီးမမ အလွန်ပျော်စွာ ……………………………… ပိုက်ဆံစုကာ ကုတင်သံ ပြန်ရိုက်
၆ လပြည့်လို့ လင်ရမလာ …………………………………… ဗေဒင်ဆရာကို ရန်တွေ့ပါသတဲ့
ဗေဒင်ဆရာကြီး ဒေါပွကာ ……………………………… ပြန်ဖြေလိုက်တာ အပျိုကြီးတရားရ
ကုတင်ခိုင်ဖို့ အရေးမကြီးပါ …………………………………………… အဓိကဟာ အဓိကပါပဲ
လင်လိုချင်ရင် ခပ်ကျော့ကျော့ ………………………… ဆတ်ကော့လက်ကော့ နေဦးမှပေါ့
ထိုင်နေမှိုင်တွေ မလှုပ်ရှားပေ ………………………… ဆံဖြူသွားကြွေ ပါးရေတွန့်လိပ(် လိမ့်)
ဒီမိုကရေစီ အလားတူ …………………………………………… ဒို့တိုင်းပြည်သူ လှုပ်ရှားထကြွ
လှုပ်ရှားမှုများ ရှိတဲ့အခါ …………………………………… ကျဆုံးမသွားတာ သေချာတယ်ဗျ
လှိုင်သာယာက အလုပ်သမားတွေ ………………………… ကိုယ်စားပြုပေ သခင်ဖိုးလှကြီး
တိုင်ရီစက်ရုံ စက်မှုဇုန် ……………………………… တိုက်ပွဲအရှိန်အဟုန် မြှင့်တင်ကြလော့
ဂျွန် ၆ စိတ်ဓါတ် ခိုင်ခိုင်ချည် …………………………………… တိုက်ပွဲဝင်မည် ဗမာပြည်ဟေ့
စက်မှုနိုင်ငံ မဖြစ်သေးပါ ………………………………………… ဒို့နိုင်ငံဟာ လယ်ယာအဓိက
မြေယာပြဿနာ မဖြေရှင်းရင် ……………………………… လယ်သမားကျောပြင် မွဲနေမှာပဲ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   31 


 
ကချင် ပဲခူး မော်လမြိုင်မှာ ……………………………………… တိုက်ပွဲဝင်တာ မြေယာပိုင်ခွင့်
● တောင်ဒဂုန်ဆိပ်ကမ်း လူထုမှာ ……………… မြေယာပြဿနာ အချက်အချာအကျဆုံး
● လယ်ယာတိုင်းပြေ ဖွံ့ဖြိုးရာ ……………………… ။
● စပါးကျီ အတိတ်လွမ်း စိတ်ဝေဒနာ ……………… ။
● တိုက်ပွဲဝင်လို့ ဖြေရှင်းပါ …………………………… ။
ခွပ်ဒေါင်းအလံတော် ကိုင်စွဲသနော် ……………………… တိုက်ပွဲဖော်မှာ ဒို့ကျောင်းသားကွ
မော်လမြိုင်နဲ့ ကလေးမြို့ …………………………………………… နမူနာယူစို့ သူငယ်ချင်းတို့
စစ်တွေကျောင်းသား လက်ခမောင်း ……… ဝန်ကြီးသောင်းသောင်း လာရောက်ဖြောင်းဖျ
လိုချင်တာကို ရအောင်တိုက် ……………………………… ဖြောင်းဖျမှုများ လက်မခံလိုက်နဲ့
ဒီမိုကရေစီ ပညာရေး ………………………………………………… သွေးနဲ့ချရေး သမိုင်းပေး
တကသနဲ့ ဗကသ ……………………………………………………… မဆလကို ဖြုတ်ချခဲ့ကြ
သမဂ္ဂသမိုင်း မရိုင်းစေလို ………………………………… စစ်အာဏာကို ဆက်ကာဖြိုတော့
စစ်အာဏာရှင် ချုပ်ကိုင်နေ …………………………… တပ်မတော်ကြီးလေ နာမည်ပျက်လှ
ပြည်သူ့စစ်သား အမြင်ရှင်းရင် ……………………………………… ပြည်သူ့ရင်ခွင် ခိုလှုံလှဲ့ကြ
သေနတ်ပြောင်းတို့ ဘက်ပြောင်းလှည့် …………………… မောင်းကိုရဲရဲ ဖြုတ်ဆွဲလိုက်ကြ
အလုပ်သမား၊ လယ်သမား၊ ကျောင်းသားညီ ………………… စစ်သားပါမည် ပူးပေါင်းကြစို့
တူတံစဉ်နဲ့ ခွပ်ဒေါင်းနီ ……………………………………… သေနတ်ပေါင်းပြီ အတူတွဲတိုက်စို့
တော်လှန်သတိ ရှိကြပါ ………………………………… သဘောထားမှန်တာ ရွေးချယ်ကြစို့
● ဖွဲ့စည်းပုံပေါ် သဘောထားတွေ ……………………………… ရန်သူမိတ်ဆွေ ခွဲခြားနိုင်ရဲ့
● ရွေးကောက်ပွဲပေါ် သဘောထားတွေ ……………………… ။

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   32 


 
● လွှတ်တော်ကြီးပေါ် သဘောထားတွေ ……………………… ။
ဘက်နှစ်ဖက်လို့ ရှင်းရှင်းမြင် …………………………… သဘောထားမှန်ရင် မိတ်ဆွေပဲဟေ့
ရန်/ငါသတ်မှတ် စည်းပြတ်ပြတ် ……………………… ပြည်သူ့ဘက်ကို ရပ်လှည့်ကြလော့
ငုံ့မခံ တုန့်ပြန် ရာဇသံ ………………………………………… သူပုန်သကန် တော်လှန်ထကြွ
သူပုန်ထမှ အကုန်ရ ……………………………………………… အုံကြွတော်လှန် အောင်ပွဲခံစို့
သွေးနီစိမ့်စိမ့် သိမ့်သိမ့်တုန် …………………………… တော်လှန်ရေးအဟုန် မြှင့်တင်ကြစို့
မီးလျံရဲရဲ မီးခဲနီ ……………………………………………………… ပျဉ်းမနားနေပြည် ပြာပုံချစို့
လူထုစိန်ဝင်း အကြံပြုသလို ………………………… ကောင်းဘွိုင်တွေကို စကားချိုမပြောနဲ့
နွားကျောင်းသားနဲ့ ဘုရားအလောင်း ……………………… စကားကောင်းဖို့ မတန်တော့ဘူး
သေနတ်ပြောင်းဝက ဒီအာဏာ ……………………………………… ဒို့ဆီမှာလည်း ရှိဖို့လိုရဲ့
တော်လှန်ရေးအတွက် အာမခံ ………………………………… လက်နက်ကိုင်ရန် အမြဲမှန်ခဲ့
နှစ် ၆၀ ကျော် တိုက်ခဲ့တာ ………………………………… အမျိုးဂုဏ်သိက္ခာ မြင့်တက်စေဖို့
နယ်ခြားစောင့်တပ် အမိန့်မှတ် ………………………………… ရန်သူ့လုပ်ရပ် လက်မခံကြနဲ့
အသွင်းပြောင်းရုံတင် မဟုတ်ရပါ ………………………… အနှစ်သာရပါ ပြောင်းသွားနိုင်ရဲ့
ကိုယ့်သေနတ်ကို မြဲမြဲဆုပ် ………………………………… ခုခံကတုတ် နောက်မဆုတ်ကြနဲ့
တိုက်ပွဲဝင်များ ပေါင်းစည်းမည် ……………………………… ဖွဲ့စည်းကြမည် တပ်ပေါင်းစုကြီး
တယောက်တကွဲ သောက်တလွဲ ………………………… စစ်အာဏာရှင် ကလိထိုးသလိုပဲ
တခုညောင်းတော့ တခုပြောင်း …………………………… တပ်ပေါင်းစုများ ဖောင်းပွဖောင်းပွ
ဖိဖိစီးစီး လုပ်ကြပါ ……………………………………… တပ်ပေါင်းစုဟာ ကစားစရာမဟုတ်
● ပြည်သူလူထု ယုံကြည်မှု ……………………………………… အကျယ်ပြန့်ဆုံး တပ်ပေါင်းစု

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   33 


 
● တော်လှန်ရေးကို အစဉ်ရှေးရှု ………………………………… ။
● တိုက်ပွဲထဲက လိုအပ်မှု ………………………………………… ။
ဘုံရန်သူကြီး ရှိနေရင် ………………………………………………… ဘုံလုပ်ငန်းစဉ် ရှိဖို့လိုရဲ့
ဘုံလုပ်ငန်းစဉ် ရှိမှသာ ……………………………………… တပ်ပေါင်းစုဟာ အရာထင်လိမ့်
● အပြောင်းအလဲတွေ ဖြစ်ဖို့ရာ ……………………………… တွန်းတင်နိုင်တာ လူထုအားနဲ့
● တွေ့ဆုံဆွေးနွေး လုပ်ဖို့ရာ ………………………………… ။
နိုင်ငံတကာ ဖိအားအစုံ …………………………………… ‘စိုး ရိ မ် ’နေရုံ အလုပ်မဖြစ်နိုင်ဘူး
ခေတ်စနစ်တို့ ပြောင်းဖို့ရာ ……………………… ညှစ်အားသည်သာ လက်သည်ဖြစ်သတဲ့
ကြက်ဥ အပူပေး အကောင်ပေါက်ပေ …………………… ကျောက်ခဲဖြစ်နေ ဘာမှမထူးခြား
ပဋိပက္ခတို့ ဖြေရှင်းရာ ………………………………………… တိုက်ပွဲဆိုတာ ရှောင်လို့မရဘူး
လက်နက်ကိုင်စွဲ တိုက်ပွဲဖော် …………………………………… မြို့ထဲမှာနော် လူထုတိုက်ပွဲ
တိုက်ပွဲသဏ္ဍာန် ဟန်ချက်ညီ ……………………………………… ဒီမိုကရေစီ ငါတိ့ေု အာင်ပွဲ
လူမှုဒုက္ခ မှန်သမျှ …………………………………………………… တိုက်ပွဲဝင်ရင်း ဖြေရှင်းကြ
● လူထုတိုက်ပွဲ ဖော်ထုတ်ကြ …………………………………………… ငုံ့မခံရဖို့ တုန့်ပြန်ကြ
● လူ့အခွင့်အရေးတွေ တိုက်ယူကြ ……………………………………… ။
● အဖိနှိပ်ခံတို့ ညီညွတ်ကြ ………………………………………………… ။
● စစ်ကျွန်ဘဝက လွတ်အောင်ထ ………………………………………… ။
ရွှေဝါရောင်က သင်္ခန်းစာ ……………………………………… မေတ္တာပို့တာ လိပ်စာမရောက်
● လိပ်စာစီစစ် ရွေးချယ်မည် ……………………………………… ဒို့များမှန်းရည် မေတ္တာပို့စို့

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   34 


 
မေတ္တာ ပို့ 
ရေး = နန္ဒ တ င့်ေ ဆွ
ဂျပန်ြ ပည် ၌ရှိေ သာ အနန္တသတ္တဝါတို့ …….
… ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
အာဖရိ က ၌ရှိေ သာ ဂဒါဖီမပါ အနန္တသတ္တဝါတို့ …….
… ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
ဘ ယ်ေ နထို င် မှ န်း မသိေ သာ …..ဘင်လာဒင်မပါ အနန္တသတ္တဝါတို့ ……
… ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။
အ မိေ မြ၌ ရှိြ က ကု န်ေ သာ …..ကြံ့ဖွံ့မပါ သတ္တဝါတို့ …….
… ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ။

● မာဃဒေဝါ ဆင်းအလာ ……….………………………………… ဖြောင့်မတ်လိမ္မာ ကြပါစေ


● ဒို့နိုင်ငံမှာ မြန်မကြာ …………….……………………………… တောင့်တလိုရာ ပြည့်ပါစေ
● ဒို့နိုင်ငံမှာ ကုံလုံစွာ …………..……………………………………… ဆန်ရေရိက္ခာ ပြည့်ပါစေ
● ၂၄ နာရီ မီးတွေလာ …………….……………………………… မီးလောင်ခြင်းမှ ကင်းပါစေ
● နေရာကွက်ပြီး မိုးတွေရွာ ………………………………………… ဥဒကတောဝါ ကင်းပါစေ

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   35 


 
● မိုးခေါင် သောင်ထွန်း အရပ်တကာ…………………………… ရေရှားတာတွေ ကင်းပါစေ
● နာဂစ်ဂီရိ ဆူနာမီ …………………………………………………… ဒို့မြန်မာပြည် ကင်းပါစေ
● ဘောလုံးပွဲမှာ ဒို့ဗမာ ……………..…………………………… ရိုင်းပျဆော်တာ ကင်းပါစေ
● တခြမ်းခင်းတဲ့ လမ်းတွေမှာ ……………………………………… အပြည့်ညီညာ ခင်းပါစေ
● လွှတ်တော်တွင်းမှာ သတ္တ၀ါ ……………………………………… ဆွံ့အဝေဒနာ ကင်းပါစေ
● ဒို့နိုင်ငံမှာ စစ်အာဏာ ………..………………………………… မြန်စွာချုပ်ငြိမ်း သိမ်းပါစေ

ကျေးဇူး တ င် လွှာ …

ဤသံချပ်ခွေနှင့်စာအုပ် ဖြစ်မြောက်ရေးအတွက်
ရေးသားသီဆိုပေးကြသော အနုပညာရောင်းရင်းများနှင့်
အဘက်ဘက်မှ ပံ့ပိုးကူညီကြသော အဖွဲ့အစည်းအသီးသီးနှင့် ရဟန်းရှင်လူ
ပုဂ္ဂိုလ်အသီးသီးအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း………

၊သံ ချပ် ဝို င်း တော် သားများ၊

ငုံ့မခံရဖို့ တုံ့ပြန်ကြစို့   36 


 

Vous aimerez peut-être aussi